အီရန်နိုင်ငံက ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုအဖွဲ့ရဲ့အီမေးလ်ကို ခိုးယူဖို့ ကြိုးပမ်းနေဟုဆို

 465

ဂျန်ဇက် (NP News) - သြဂုတ် ၁၁

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးမှုလှုပ်ရှားရေးအဖွဲ့က အီရန်နိုင်ငံဟာ ဒေါ်နယ်ထရမ့် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုအဖွဲ့နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေ၊ အီမေးလ်တွေကို ခိုးယူဖို့၊ ဟတ်ကာလုပ်ယူဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုအဖွဲ့က အီရန်နိုင်ငံဟာ အီမေးလ်တွေကို ခိုးယူဖို့ ကြိုးပမ်းတယ်လို့ စွပ်စွဲခဲ့ပေမယ့် တိကျတဲ့သက်သေပြသနိုင်တာမျိုးတော့ မရှိခဲ့ပါဘူး။ မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ၂၀၂၄ ခုနှစ်မှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲကို ပြည်ပနိုင်ငံတွေရဲ့အေးဂျင့်အချို့ ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းဖွယ် ရှိတယ်လို့ ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုအဖွဲ့က "ဇွန်လအစောပိုင်းတုန်းက အီရန်ထောက်လှမ်းရေးအဖွဲ့တွေ ဟာ မဲဆွယ်စည်းရုံးရေးဆိုင်ရာအကြံပေးရဲ့အီမေးလ်အကောင့်တွေကို ခိုးယူဖို့ ကြိုးပမ်းခဲ့တယ်" လို့ ပြောပါတယ်။
အဲဒီလိုမျိုးလုပ်ဆောင်ခြင်းဟာ အမေရိကန်နိုင်ငံအပေါ်ရန်လိုမှုတွေ ပြသတာမျိုးဖြစ်ကြောင်း ဒေါ်နယ်ထရမ့် အတွက် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အမေရိကန်အမျိုးသား လုံခြုံရေး ကောင်စီကတော့ အဲဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး တစ်စုံတရာ တုံ့ပြန်တာမျိုးမရှိသေးပါဘူး။ ဒေါ်နယ်ထရမ့်ဟာ ၎င်းရဲ့ကိုယ်ပိုင်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Truth Social app ကနေပြီး ပိုစ့်တင်ခဲ့ရာ အီရန်အစိုးရဟာ ၎င်းတို့ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုအဖွဲ့ဝက်ဆိုက်ကိုတိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြောပါတယ်။ အီရန်နိုင်ငံရဲ့ကုလသမဂ္ဂဆိုင်ရာသံတမန်အဖွဲ့က အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဆိုင်ဘာတိုက်ခိုက်မှု (သို့မဟုတ်) ကြားဝင်စွက်ဖက်တာမျိုး မရှိခဲ့ကြောင်း ပြောပါတယ်။ ဒါပေမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်သာ ထပ်မံအနိုင်ရခဲ့မယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ အကြမ်းဖက်အဖွဲ့တွေကို ဖြိုခွင်းခံရဖွယ်ရှိနေတာကို အီရန်နိုင်ငံက ကြိုတင်သိနေတဲ့အတွက် အခုလိုမျိုးလုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ထင်ကြေးပေးမှုများလည်း ထွက်ပေါ်နေပါတယ်။

Zawgyi Version;
အီရန္ႏိုင္ငံက ေဒၚနယ္ထရမ့္ရဲ႕ မဲဆြယ္စည္း႐ုံးေရးလႈပ္ရွားမႈအဖြဲ႕ရဲ႕အီေမးလ္ကို ခိုးယူဖို႔ ႀကိဳးပမ္းေနဟုဆို
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၁

အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္ရဲ႕ မဲဆြယ္စည္း႐ုံးမႈလႈပ္ရွားေရးအဖြဲ႕က အီရန္ႏိုင္ငံဟာ ေဒၚနယ္ထရမ့္ မဲဆြယ္စည္း႐ုံးေရးလႈပ္ရွားမႈအဖြဲ႕နဲ႔ပတ္သက္တဲ့စာ႐ြက္စာတမ္းေတြ၊ အီေမးလ္ေတြကို ခိုးယူဖို႔၊ ဟတ္ကာလုပ္ယူဖို႔ ႀကိဳးပမ္းေနတယ္လို႔ စြပ္စြဲေျပာဆိုလိုက္ပါတယ္။

ေဒၚနယ္ထရမ့္ရဲ႕မဲဆြယ္စည္း႐ုံးေရးလႈပ္ရွားမႈအဖြဲ႕က အီရန္ႏိုင္ငံဟာ အီေမးလ္ေတြကို ခိုးယူဖို႔ ႀကိဳးပမ္းတယ္လို႔ စြပ္စြဲခဲ့ေပမယ့္ တိက်တဲ့သက္ေသျပသႏိုင္တာမ်ိဳးေတာ့ မရွိခဲ့ပါဘူး။ မိုက္ခ႐ိုေဆာ့ဖ္ကုမၸဏီက ၂၀၂၄ ခုႏွစ္မွာ က်င္းပမယ့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲကို ျပည္ပႏိုင္ငံေတြရဲ႕ေအးဂ်င့္အခ်ိဳ႕ ၾကားဝင္စြက္ဖက္ဖို႔ ႀကိဳးပမ္းဖြယ္ ရွိတယ္လို႔ ဆိုပါတယ္။

ေဒၚနယ္ထရမ့္ရဲ႕မဲဆြယ္စည္း႐ုံးေရးလႈပ္ရွားမႈအဖြဲ႕က "ဇြန္လအေစာပိုင္းတုန္းက အီရန္ေထာက္လွမ္းေရးအဖြဲ႕ေတြ ဟာ မဲဆြယ္စည္း႐ုံးေရးဆိုင္ရာအႀကံေပးရဲ႕အီေမးလ္အေကာင့္ေတြကို ခိုးယူဖို႔ ႀကိဳးပမ္းခဲ့တယ္" လို႔ ေျပာပါတယ္။
အဲဒီလိုမ်ိဳးလုပ္ေဆာင္ျခင္းဟာ အေမရိကန္ႏိုင္ငံအေပၚရန္လိုမႈေတြ ျပသတာမ်ိဳးျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္ အတြက္ မဲဆြယ္စည္း႐ုံးေရးလႈပ္ရွားမႈအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ အေမရိကန္အမ်ိဳးသား လုံၿခဳံေရး ေကာင္စီကေတာ့ အဲဒီစြပ္စြဲခ်က္ေတြနဲ႔ပတ္သက္ၿပီး တစ္စုံတရာ တုံ႔ျပန္တာမ်ိဳးမရွိေသးပါဘူး။ ေဒၚနယ္ထရမ့္ဟာ ၎ရဲ႕ကိုယ္ပိုင္လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ Truth Social app ကေနၿပီး ပိုစ့္တင္ခဲ့ရာ အီရန္အစိုးရဟာ ၎တို႔ မဲဆြယ္စည္း႐ုံးေရးလႈပ္ရွားမႈအဖြဲ႕ဝက္ဆိုက္ကိုတိုက္ခိုက္ဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ ေျပာပါတယ္။ အီရန္ႏိုင္ငံရဲ႕ကုလသမဂၢဆိုင္ရာသံတမန္အဖြဲ႕က အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ဆိုင္ဘာတိုက္ခိုက္မႈ (သို႔မဟုတ္) ၾကားဝင္စြက္ဖက္တာမ်ိဳး မရွိခဲ့ေၾကာင္း ေျပာပါတယ္။ ဒါေပမယ့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္သာ ထပ္မံအႏိုင္ရခဲ့မယ္ဆိုရင္ အေရွ႕အလယ္ပိုင္းေဒသအတြင္းမွာ အၾကမ္းဖက္အဖြဲ႕ေတြကို ၿဖိဳခြင္းခံရဖြယ္ရွိေနတာကို အီရန္ႏိုင္ငံက ႀကိဳတင္သိေနတဲ့အတြက္ အခုလိုမ်ိဳးလုပ္ေဆာင္တာျဖစ္ႏိုင္တယ္လို႔ ထင္ေၾကးေပးမႈမ်ားလည္း ထြက္ေပၚေနပါတယ္။

Related news

© 2021. All rights reserved.