တစ်ရက်ထဲ၌ မန္တလေးမြို့၊ ကျောက်ဆည်မြို့နှင့် လွိုင်လင်မြို့တို့တွင် အပူချိန် စံချိန်သစ်တင်

 5575

စော (NP News) - ဩဂုတ် ၁၁

ဩဂုတ်လ ၁၀ ရက်တွင် မန္တလေးမြို့၊ ကျောက်ဆည်မြို့နှင့် လွိုင်လင်မြို့တို့တွင် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မိုးဇလက ယနေ့ (ဩဂုတ်လ ၁၁ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မိုးဇလ၏ ထုတ်ပြန်ချက်အရ ယမန်နေ့ (ဩဂုတ်လ ၁၀ ရက်) က မန္တလေးတိုင်း၊ မန္တလေးမြို့တွင် အမြင့်ဆုံးအပူချိန် (၄၀ ဒသမ ၅) ဒီဂရီဆဲလ်စီးယပ်ဖြင့် လွန်ခဲ့သောနှစ်ပေါင်း (၇၇)နှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအပူချိန် စံချိန်‌ ဟောင်း (၄၀ ဒသမ ၁) ဒီဂရီဆဲလ်စီးယပ်ထက်ကျော်လွန်ကာ အပူချိန်စံချိန်သစ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့(လွန်ကျော်)တွင်လည်း အမြင့်ဆုံးအပူချိန် (၃၈ ဒသမ ၄)ဆဲလ်စီးယပ်ဖြင့် လွန်ခဲ့သောနှစ်ပေါင်း (၅၁)နှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း (၃၈ ဒသမ ၃) ဆဲလ်စီးယပ် ထက်ကျော်လွန်ကာ အပူချိန်စံချိန်သစ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့တွင် အမြင့်ဆုံးအပူချိန် (၃၁ ဒသမ ၅) ဒီဂရီဆဲလ်စီးယပ်ဖြင့် လွန်ခဲ့သောနှစ်ပေါင်း (၅၈)နှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း (၃၀ ဒသမ ၈) ဒီဂရီဆဲလ်စီးယပ် ထက်‌ကျော်လွန်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
တစ္ရက္ထဲ၌ မႏၲေလးၿမိဳ႕၊ ေက်ာက္ဆည္ၿမိဳ႕ႏွင့္ လြိဳင္လင္ၿမိဳ႕တို႔တြင္ အပူခ်ိန္ စံခ်ိန္သစ္တင္
ေစာ (NP News) - ဩဂုတ္ ၁၁

ဩဂုတ္လ ၁၀ ရက္တြင္ မႏၲေလးၿမိဳ႕၊ ေက်ာက္ဆည္ၿမိဳ႕ႏွင့္ လြိဳင္လင္ၿမိဳ႕တို႔တြင္ အျမင့္ဆုံးအပူခ်ိန္ စံခ်ိန္သစ္တင္ခဲ့ ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
မိုးဇလက ယေန႔ (ဩဂုတ္လ ၁၁ ရက္) တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

မိုးဇလ၏ ထုတ္ျပန္ခ်က္အရ ယမန္ေန႔ (ဩဂုတ္လ ၁၀ ရက္) က မႏၲေလးတိုင္း၊ မႏၲေလးၿမိဳ႕တြင္ အျမင့္ဆုံးအပူခ်ိန္ (၄၀ ဒသမ ၅) ဒီဂရီဆဲလ္စီးယပ္ျဖင့္ လြန္ခဲ့ေသာႏွစ္ေပါင္း (၇၇)ႏွစ္အတြင္းျဖစ္ေပၚခဲ့သည့္ အျမင့္ဆုံးအပူခ်ိန္ စံခ်ိန္‌ ေဟာင္း (၄၀ ဒသမ ၁) ဒီဂရီဆဲလ္စီးယပ္ထက္ေက်ာ္လြန္ကာ အပူခ်ိန္စံခ်ိန္သစ္ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ မႏၲေလးတိုင္း၊ ေက်ာက္ဆည္ၿမိဳ႕(လြန္ေက်ာ္)တြင္လည္း အျမင့္ဆုံးအပူခ်ိန္ (၃၈ ဒသမ ၄)ဆဲလ္စီးယပ္ျဖင့္ လြန္ခဲ့ေသာႏွစ္ေပါင္း (၅၁)ႏွစ္အတြင္းျဖစ္ေပၚခဲ့သည့္ အျမင့္ဆုံးအပူခ်ိန္စံခ်ိန္ေဟာင္း (၃၈ ဒသမ ၃) ဆဲလ္စီးယပ္ ထက္ေက်ာ္လြန္ကာ အပူခ်ိန္စံခ်ိန္သစ္ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

အလားတူ ရွမ္းျပည္နယ္၊ လြိဳင္လင္ၿမိဳ႕တြင္ အျမင့္ဆုံးအပူခ်ိန္ (၃၁ ဒသမ ၅) ဒီဂရီဆဲလ္စီးယပ္ျဖင့္ လြန္ခဲ့ေသာႏွစ္ေပါင္း (၅၈)ႏွစ္အတြင္း ျဖစ္ေပၚခဲ့သည့္ အျမင့္ဆုံးအပူခ်ိန္စံခ်ိန္ေဟာင္း (၃၀ ဒသမ ၈) ဒီဂရီဆဲလ္စီးယပ္ ထက္‌ေက်ာ္လြန္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.