အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာ စပါးအုံးမြွေဖမ်းပြိုင်ပွဲ ကျင်းပဖို့ စီစဉ်နေ

 1199

ရောင်နီ (NP News) - သြဂုတ် ၁၁

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် အဲဗားဂလက်မှာနေထိုင်တဲ့ ရှားပါးတိရစ္ဆာန်တွေ၊ အပင်တွေကို ဖျက်စီးနေတဲ့ မြန်မာ့စပါးအုံးမြွေလို ကျူးကျော်မျိုးစိတ်တွေကို ဖယ်ရှားဖို့အတွက် နှစ်စဉ်ကျင်းပလေ့ရှိတဲ့ စပါးအုံးမြွေဖမ်းပြိုင်ပွဲ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဖလော်ရီဒါငါးနဲ့ တောရိုင်းတိရိစ္ဆာန်ဖောင်ဒေးရှင်းရဲ့အဆိုအရ ၁၉၇၉ ခုနှစ်ကစ ဖလော်ရီဒါနယ်မြေမှာ ပထမဆုံး မြန်မာ့စပါးအုံးမြွေကို တွေ့ရှိလာရပြီး ၎င်းတို့ဟာ ဒေသခံသဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒီ Challenge မှာ ပါဝင်ဖို့ စပါးအုံးမြွေကို ခွဲခြားသတ်မှတ်ပုံနဲ့ အသက်သာဆုံးနာကျင်မှုပုံစံတဲ့ သတ်ဖြတ်နည်းတွေကို အွန်လိုင်းလေ့ကျင့်ရေးသင်တန်းတစ်ခုမှာ တက်ရောက်ပြီး သင်ကြားရဦးမှာဖြစ်ပြီး သင်တန်းပြီးရင်တော့ ၂၅ ဒေါ်လာ ပေးသွင်းပြီး ပြိုင်ပွဲဝင်လို့ရမှာဖြစ်ပါတယ်။
ပြိုင်ပွဲကတော့ သောကြာနေ့(ဩဂုတ်လ ၁၆ ရက်) သန်းခေါင်ယံမှာ စတင်မှာဖြစ်ပြီး သြဂုတ် ၁၈ ရက် ညနေ ၅ နာရီ မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ ယခုသီတင်းပတ်ကုန်ထိအတွင်း ပြိုင်ပွဲအတွက် စာရင်းသွင်းထားတဲ့ ပြိုင်ဖက် ၇၂၉ ဦး ရှိတယ်လို့ ပြောရေးဆိုခွင့်ရှိသူ လီဆာသန်ပ်ဆန်က ပြောကြားခဲ့ပါတယ်။ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေကို "ပရော်ဖက်ရှင်နယ်"၊ "အတွေ့အကြုံမရှိသေးသူ" နဲ့ "တပ်မတော်" ဆိုတဲ့ အမျိုးအစားသုံးမျိုး ခွဲခြားထားပြီး ပြိုင်ပွဲ တစ်ခုလုံးမှာ စပါးအုံးမြွေ အများဆုံး ဖမ်းမိတဲ့ယှဉ်ပြိုင်သူဟာ ဒေါ်လာတစ်သောင်း ရရှိမှာဖြစ်ပါတယ်။ ပြိုင်ပွဲ အသေးစိတ်အချက်အလက်တွေကိုလည်း ဖလော်ရီဒါပြည်နယ်တာဝန်ရှိသူတွေက ၂၀၂၄ ခုနှစ်၊ မေလက ကြေညာခဲ့ ပြီးဖြစ်ပါတယ်။
ဖလော်ရီဒါ ငါးနဲ့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးကော်မရှင်မှ ဖော်ပြချက်အရ ဒီလို စပါးအုံးမြွေဖမ်းပြိုင်ပွဲ စတင်ချိန် ၂၀၁၃ ခုနှစ်ကစ ယနေ့ထိအတွင်း စပါးအုံးမြွေ ၉၁၇ ကောင် ဖယ်ရှားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါမွာ စပါးအုံးေႁမြဖမ္းၿပိဳင္ပြဲ က်င္းပဖို႔ စီစဥ္ေန
ေရာင္နီ (NP News) - ၾသဂုတ္ ၁၁

အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါျပည္နယ္ အဲဗားဂလက္မွာေနထိုင္တဲ့ ရွားပါးတိရစာၦန္ေတြ၊ အပင္ေတြကို ဖ်က္စီးေနတဲ့ ျမန္မာ့စပါးအုံးေႁမြလို က်ဴးေက်ာ္မ်ိဳးစိတ္ေတြကို ဖယ္ရွားဖို႔အတြက္ ႏွစ္စဥ္က်င္းပေလ့ရွိတဲ့ စပါးအုံးေႁမြဖမ္းၿပိဳင္ပြဲ က်င္းပျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

ဖေလာ္ရီဒါငါးနဲ႔ ေတာ႐ိုင္းတိရိစာၦန္ေဖာင္ေဒးရွင္းရဲ႕အဆိုအရ ၁၉၇၉ ခုႏွစ္ကစ ဖေလာ္ရီဒါနယ္ေျမမွာ ပထမဆုံး ျမန္မာ့စပါးအုံးေႁမြကို ေတြ႕ရွိလာရၿပီး ၎တို႔ဟာ ေဒသခံသဘာဝပတ္ဝန္းက်င္ကို ၿခိမ္းေျခာက္လာခဲ့တယ္လို႔ ဆိုပါတယ္။

ဒီ Challenge မွာ ပါဝင္ဖို႔ စပါးအုံးေႁမြကို ခြဲျခားသတ္မွတ္ပုံနဲ႔ အသက္သာဆုံးနာက်င္မႈပုံစံတဲ့ သတ္ျဖတ္နည္းေတြကို အြန္လိုင္းေလ့က်င့္ေရးသင္တန္းတစ္ခုမွာ တက္ေရာက္ၿပီး သင္ၾကားရဦးမွာျဖစ္ၿပီး သင္တန္းၿပီးရင္ေတာ့ ၂၅ ေဒၚလာ ေပးသြင္းၿပီး ၿပိဳင္ပြဲဝင္လို႔ရမွာျဖစ္ပါတယ္။
ၿပိဳင္ပြဲကေတာ့ ေသာၾကာေန႔(ဩဂုတ္လ ၁၆ ရက္) သန္းေခါင္ယံမွာ စတင္မွာျဖစ္ၿပီး ၾသဂုတ္ ၁၈ ရက္ ညေန ၅ နာရီ မွာ ၿပီးဆုံးမွာျဖစ္ပါတယ္။ ယခုသီတင္းပတ္ကုန္ထိအတြင္း ၿပိဳင္ပြဲအတြက္ စာရင္းသြင္းထားတဲ့ ၿပိဳင္ဖက္ ၇၂၉ ဦး ရွိတယ္လို႔ ေျပာေရးဆိုခြင့္ရွိသူ လီဆာသန္ပ္ဆန္က ေျပာၾကားခဲ့ပါတယ္။ ၿပိဳင္ပြဲမွာ ၿပိဳင္ပြဲဝင္ေတြကို "ပေရာ္ဖက္ရွင္နယ္"၊ "အေတြ႕အႀကဳံမရွိေသးသူ" နဲ႔ "တပ္မေတာ္" ဆိုတဲ့ အမ်ိဳးအစားသုံးမ်ိဳး ခြဲျခားထားၿပီး ၿပိဳင္ပြဲ တစ္ခုလုံးမွာ စပါးအုံးေႁမြ အမ်ားဆုံး ဖမ္းမိတဲ့ယွဥ္ၿပိဳင္သူဟာ ေဒၚလာတစ္ေသာင္း ရရွိမွာျဖစ္ပါတယ္။ ၿပိဳင္ပြဲ အေသးစိတ္အခ်က္အလက္ေတြကိုလည္း ဖေလာ္ရီဒါျပည္နယ္တာဝန္ရွိသူေတြက ၂၀၂၄ ခုႏွစ္၊ ေမလက ေၾကညာခဲ့ ၿပီးျဖစ္ပါတယ္။
ဖေလာ္ရီဒါ ငါးနဲ႔ ေတာ႐ိုင္းတိရစာၦန္ထိန္းသိမ္းေရးေကာ္မရွင္မွ ေဖာ္ျပခ်က္အရ ဒီလို စပါးအုံးေႁမြဖမ္းၿပိဳင္ပြဲ စတင္ခ်ိန္ ၂၀၁၃ ခုႏွစ္ကစ ယေန႔ထိအတြင္း စပါးအုံးေႁမြ ၉၁၇ ေကာင္ ဖယ္ရွားခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.