လေပိုင်နက်ချိုးဖောက်သည့်လုပ်ရပ်များကြောင့် ယူကရိန်းသံရုံးကို ပိတ်ပစ်နိုင်ကြောင်း ဘယ်လာရုစ်အစိုးရ သတိပေး

 1699

ALynn (NP News) - သြဂုတ် ၁၂

ယူကရိန်းသည် ဘယ်လာရုစ်အပေါ်မဆင်မခြင်မူဝါဒကို ဆက်လက်လုပ်ဆောင်ပါက ဘယ်လာရုစ်တွင် ယူကရိန်း၏ သံတမန်တည်ရှိမှုသည် အန္တရာယ်ရှိလိမ့်မည်ဟု ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့ (ဩဂုတ်လ ၁ဝ ရက်) တွင် သတိပေးခဲ့သည်။
ဘီလာရုစ်လေပိုင်နက်ကို ယူကရိန်းလေယာဉ်များ ဖောက်ဖျက်ဝင်ရောက်ခဲ့သည့်အတွက် တုံ့ပြန်သည့်အနေဖြင့် ယခုလိုကြေညာချက်ထုတ်ပြန်လာခြင်းဖြစ်သည်။ ဘယ်လာရုစ်သည် ၎င်း၏ လေပိုင်နက်အား ချိုးဖောက်မှုနှင့် ပတ်သက်၍ ကိယက်ဗ်၏ ယာယီတာဝန်ခံ Olga Timush အား ဆင့်ခေါ်ခဲ့သည်။

ယူကရိန်း၏ ထိုကဲ့သို့သောလုပ်ရပ်များသည် ဒေသအတွင်း တင်းမာမှုများကို ပိုမိုပြင်းထန်လာနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးခဲ့ပြီး နောင်တွင် ယင်းကဲ့သို့သောဖြစ်ရပ်များကို တားဆီးပေးဖို့ ကိယက်ဗ်အား သတိပေးခဲ့သည်။
ယူကရိန်းစစ်တပ်သည် “ကျင့်ဝတ်စည်းကမ်းများကိုမလိုက်နာဘဲ ဘီလာရုစ် ဝေဟင်ပိုင်နက်ကို ချိုးဖောက် ဝင်ရောက်ခဲ့ခြင်းကြောင့် သောကြာနေ့ ညနေပိုင်းတွင် နိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များကို ပြင်းထန်စွာ သတိပေးထားကြောင်း” စနေနေ့အစောပိုင်းတွင် ဘီလာရုစ်သမ္မတလူကာရှန်ကိုက ပြောကြားခဲ့သည်။
သမ္မတ၏ အဆိုအရ တိုက်ခိုက်ရေးသုံး ဒရုန်း များဟုထင်ရသည့် အရာများကို ဘယ်လာရုစ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ ဒရုန်းအချို့ကို ပစ်ချလိုက်နိုင်လိုက်သော်လည်း အချို့မှာ ရုရှားနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားခဲ့ ကြောင်း ဖော်ပြခဲ့သည်။

ရုရှားစစ်တပ်သည် မော်စကိုမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၃၀၀ ခန့်အကွာ Yaroslavl မြို့အနီးရှိ ယူကရိန်း ဒရုန်းအများအပြားကို ပစ်ချခဲ့ကြောင်း သိရသည်။ အဆိုပါ ရန်စသည့်လုပ်ရပ်များကို ဆက်လက် လုပ်ဆောင် နေပါက ဘီလာရုစ်သည် ၎င်း၏ နယ်မြေကို ကာကွယ်ဖို့ လိုအပ်သည်ဟု ယူဆသည့် အရာမှန်သမျှကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့သော အဖြစ်အပျက်များသည် အိမ်နီးချင်းဆက်ဆံရေးကို ထိခိုက်စေနိုင်သည်ဟု ဘယ်လာရုစ်က သတိပေးထားသည်။

“ဘီလာရုစ်ရှိ ယူကရိန်း၏ သံတမန်ရုံးသည် ယင်းကဲ့သို့သော ရန်စမှုများကို ဟန့်တားနိုင်ခြင်းမရှိပါက ၎င်းအား ဆက်လက်ထားရှိရန် သင့်/မသင့်ကို စဉ်းစားရမည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ ယူကရိန်းနယ်စပ်တွင် ၎င်း၏စစ်အင်အားကို ဖြန့်ကျက်သွားမည်ဟု ဘီလာရုစ် ကာကွယ်ရေးဝန်ကြီး Viktor Khrenin က စနေနေ့တွင် ပြောကြားခဲ့သည်။
ဘယ်လာရုစ်သည် မော်စကိုနှင့် ကိယက်ဗ်တို့ကြား ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်ခဲ့ဖူးခြင်း မရှိပါ။ သို့သော် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ၊ ရုရှား၏ စစ်ရေးလှုပ်ရှားမှုအစတွင် ကိယက်ဗ်ကို ထိုးစစ်ဆင်ရန် ရုရှားစစ်တပ်အား ၎င်း၏ နယ်မြေကို အသုံးပြုခွင့်ပေးခဲ့သည်။
ဘီလာရုစ်နှင့် ယူကရိန်းအကြား ဆက်ဆံရေးသည် ယခင်ကထက် ပိုမိုတင်းမာလာခဲ့သည်။ ဇူလိုင်လတွင် ဘယ်လာရုစ်ထောက်လှမ်းရေးသည် အမေရိကန်လုပ် M777 ဟော့ဗစ်ဇာများ၊ HIMARS အများအပြားပစ်လွှတ်သည့် ဒုံးပျံစနစ်များ နှင့် Bradley တိုက်ခိုက်ရေးယာဉ်များ အပါအဝင် နယ်စပ်အနီးရှိ ယူကရိန်းတပ်ဖွဲ့ဝင်များ၏ စုဖွဲ့မှုကို တွေ့ရှိခဲ့သည်။ ဘယ်လာရုစ်သည် အထူးစစ်ဆင်ရေးတပ်ဖွဲ့များ အပါအဝင် ၎င်း၏ ကိုယ်ပိုင်တပ်ဖွဲ့များကို နယ်စပ်သို့ ထပ်လောင်း တပ်ဖြန့်ကျက်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ ထို့နောက် ယူကရိန်းတပ်များ နယ်စပ်ဒေသမှ ပြန်လည်ဆုတ်ခွာသွားသောအခါ အခြေအနေမှာ ပြေလည်သွားခဲ့သည်။

Zawgyi Version;
ေလပိုင္နက္ခ်ိဳးေဖာက္သည့္လုပ္ရပ္မ်ားေၾကာင့္ ယူကရိန္းသံ႐ုံးကို ပိတ္ပစ္ႏိုင္ေၾကာင္း ဘယ္လာ႐ုစ္အစိုးရ သတိေပး
ALynn (NP News) - ၾသဂုတ္ ၁၂

ယူကရိန္းသည္ ဘယ္လာ႐ုစ္အေပၚမဆင္မျခင္မူဝါဒကို ဆက္လက္လုပ္ေဆာင္ပါက ဘယ္လာ႐ုစ္တြင္ ယူကရိန္း၏ သံတမန္တည္ရွိမႈသည္ အႏၲရာယ္ရွိလိမ့္မည္ဟု ဘီလာ႐ုစ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက စေနေန႔ (ဩဂုတ္လ ၁ဝ ရက္) တြင္ သတိေပးခဲ့သည္။
ဘီလာ႐ုစ္ေလပိုင္နက္ကို ယူကရိန္းေလယာဥ္မ်ား ေဖာက္ဖ်က္ဝင္ေရာက္ခဲ့သည့္အတြက္ တုံ႔ျပန္သည့္အေနျဖင့္ ယခုလိုေၾကညာခ်က္ထုတ္ျပန္လာျခင္းျဖစ္သည္။ ဘယ္လာ႐ုစ္သည္ ၎၏ ေလပိုင္နက္အား ခ်ိဳးေဖာက္မႈႏွင့္ ပတ္သက္၍ ကိယက္ဗ္၏ ယာယီတာဝန္ခံ Olga Timush အား ဆင့္ေခၚခဲ့သည္။

ယူကရိန္း၏ ထိုကဲ့သို႔ေသာလုပ္ရပ္မ်ားသည္ ေဒသအတြင္း တင္းမာမႈမ်ားကို ပိုမိုျပင္းထန္လာႏိုင္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတိေပးခဲ့ၿပီး ေနာင္တြင္ ယင္းကဲ့သို႔ေသာျဖစ္ရပ္မ်ားကို တားဆီးေပးဖို႔ ကိယက္ဗ္အား သတိေပးခဲ့သည္။
ယူကရိန္းစစ္တပ္သည္ “က်င့္ဝတ္စည္းကမ္းမ်ားကိုမလိုက္နာဘဲ ဘီလာ႐ုစ္ ေဝဟင္ပိုင္နက္ကို ခ်ိဳးေဖာက္ ဝင္ေရာက္ခဲ့ျခင္းေၾကာင့္ ေသာၾကာေန႔ ညေနပိုင္းတြင္ ႏိုင္ငံ၏ ေလေၾကာင္းရန္ ကာကြယ္ေရးတပ္ဖြဲ႕မ်ားကို ျပင္းထန္စြာ သတိေပးထားေၾကာင္း” စေနေန႔အေစာပိုင္းတြင္ ဘီလာ႐ုစ္သမၼတလူကာရွန္ကိုက ေျပာၾကားခဲ့သည္။
သမၼတ၏ အဆိုအရ တိုက္ခိုက္ေရးသုံး ဒ႐ုန္း မ်ားဟုထင္ရသည့္ အရာမ်ားကို ဘယ္လာ႐ုစ္တြင္ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ ဒ႐ုန္းအခ်ိဳ႕ကို ပစ္ခ်လိုက္ႏိုင္လိုက္ေသာ္လည္း အခ်ိဳ႕မွာ ႐ုရွားႏိုင္ငံသို႔ ဆက္လက္ထြက္ခြာသြားခဲ့ ေၾကာင္း ေဖာ္ျပခဲ့သည္။

႐ုရွားစစ္တပ္သည္ ေမာ္စကိုၿမိဳ႕ အေရွ႕ေျမာက္ဘက္ ကီလိုမီတာ ၃၀၀ ခန႔္အကြာ Yaroslavl ၿမိဳ႕အနီးရွိ ယူကရိန္း ဒ႐ုန္းအမ်ားအျပားကို ပစ္ခ်ခဲ့ေၾကာင္း သိရသည္။ အဆိုပါ ရန္စသည့္လုပ္ရပ္မ်ားကို ဆက္လက္ လုပ္ေဆာင္ ေနပါက ဘီလာ႐ုစ္သည္ ၎၏ နယ္ေျမကို ကာကြယ္ဖို႔ လိုအပ္သည္ဟု ယူဆသည့္ အရာမွန္သမွ်ကို လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္းႏွင့္ ထိုသို႔ေသာ အျဖစ္အပ်က္မ်ားသည္ အိမ္နီးခ်င္းဆက္ဆံေရးကို ထိခိုက္ေစႏိုင္သည္ဟု ဘယ္လာ႐ုစ္က သတိေပးထားသည္။

“ဘီလာ႐ုစ္ရွိ ယူကရိန္း၏ သံတမန္႐ုံးသည္ ယင္းကဲ့သို႔ေသာ ရန္စမႈမ်ားကို ဟန႔္တားႏိုင္ျခင္းမရွိပါက ၎အား ဆက္လက္ထားရွိရန္ သင့္/မသင့္ကို စဥ္းစားရမည္” ဟု ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ ထားသည္။ ယူကရိန္းနယ္စပ္တြင္ ၎၏စစ္အင္အားကို ျဖန႔္က်က္သြားမည္ဟု ဘီလာ႐ုစ္ ကာကြယ္ေရးဝန္ႀကီး Viktor Khrenin က စေနေန႔တြင္ ေျပာၾကားခဲ့သည္။
ဘယ္လာ႐ုစ္သည္ ေမာ္စကိုႏွင့္ ကိယက္ဗ္တို႔ၾကား ပဋိပကၡတြင္ တိုက္႐ိုက္ပါဝင္ခဲ့ဖူးျခင္း မရွိပါ။ သို႔ေသာ္ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ၊ ႐ုရွား၏ စစ္ေရးလႈပ္ရွားမႈအစတြင္ ကိယက္ဗ္ကို ထိုးစစ္ဆင္ရန္ ႐ုရွားစစ္တပ္အား ၎၏ နယ္ေျမကို အသုံးျပဳခြင့္ေပးခဲ့သည္။
ဘီလာ႐ုစ္ႏွင့္ ယူကရိန္းအၾကား ဆက္ဆံေရးသည္ ယခင္ကထက္ ပိုမိုတင္းမာလာခဲ့သည္။ ဇူလိုင္လတြင္ ဘယ္လာ႐ုစ္ေထာက္လွမ္းေရးသည္ အေမရိကန္လုပ္ M777 ေဟာ့ဗစ္ဇာမ်ား၊ HIMARS အမ်ားအျပားပစ္လႊတ္သည့္ ဒုံးပ်ံစနစ္မ်ား ႏွင့္ Bradley တိုက္ခိုက္ေရးယာဥ္မ်ား အပါအဝင္ နယ္စပ္အနီးရွိ ယူကရိန္းတပ္ဖြဲ႕ဝင္မ်ား၏ စုဖြဲ႕မႈကို ေတြ႕ရွိခဲ့သည္။ ဘယ္လာ႐ုစ္သည္ အထူးစစ္ဆင္ေရးတပ္ဖြဲ႕မ်ား အပါအဝင္ ၎၏ ကိုယ္ပိုင္တပ္ဖြဲ႕မ်ားကို နယ္စပ္သို႔ ထပ္ေလာင္း တပ္ျဖန႔္က်က္ျခင္းျဖင့္ တုံ႔ျပန္ခဲ့သည္။ ထို႔ေနာက္ ယူကရိန္းတပ္မ်ား နယ္စပ္ေဒသမွ ျပန္လည္ဆုတ္ခြာသြားေသာအခါ အေျခအေနမွာ ေျပလည္သြားခဲ့သည္။

Related news

© 2021. All rights reserved.