မာဒူရိုအနေဖြင့် ဗင်နီဇွဲလားသမ္မတရာထူးအား အတိုက်အခံခေါင်းဆောင်ထံ လွှဲပြောင်းပေးမည်ဆိုပါက လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု အမေရိကန် ကမ်းလှမ်း

 859

ALynn (NP News) - ဩဂုတ် ၁၂

ဗင်နီဇွဲလားသမ္မတသည် ၎င်း၏နိုင်ငံရေးပြိုင်ဘက်များထံ အာဏာလွှဲပြောင်းပေးမည်ဆိုပါက အမေရိကန်တာဝန်ရှိသူများက နီကိုလက်စ်မာဒူရိုအား “မူးယစ်ဆေးဝါး အကြမ်းဖက်မှု” စွဲချက်များဖြင့် တရားစွဲဆိုထားခြင်းကို ဖယ်ရှားပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းထားသည်ကို Wall Street Journal က တနင်္ဂနွေနေ့ (ဩဂုတ်လ ၁၁ ရက်) တွင် ဖော်ပြခဲ့သည်။

မာဒူရိုသည် ပြီးခဲ့သည့်လက သမ္မတရွေးကောက်ပွဲတွင် ၄၄ ဒသမ ၂ ရာခိုင်နှုန်း မဲရရှိသော အနောက်တိုင်းကျောထောက်နောက်ခံပြု အတိုက်အခံခေါင်းဆောင် ဂွန်ဇာလက်ဇ်ကို ၅၁ ဒသမ ၂ ရာခိုင်နှုန်းအသာဖြင့် အနိုင်ရခဲ့ပြီး တတိယသက်တမ်းကို စတင်ခဲ့သည်။ သို့သော် ဂွန်ဇာလက်ဇ်ကို ထောက်ခံသူများက မဲမသမာမှုများရှိသည်ဟု ဆိုကြပြီး ယခုလအစောပိုင်းတွင် အမေရိကန်မှ ဂွန်ဇာလက်ဇ်အား ဗင်နီဇွဲလားသမ္မတအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့သည်။

Wall Street Journal ၏ သတင်းရင်းမြစ်များအရ ယခုအခါ ဝါရှင်တန်သည် ဂွန်ဇာလက်ဇ်အား အာဏာလွှဲအပ်ရန် မာဒူရိုကို ဆွဲဆောင်ဖို့ ကြိုးပမ်းလျက်ရှိနေကြောင်း ဖော်ပြခဲ့သည်။ မာဒူရို၏ လူယုံများနှင့် လျှို့ဝှက်ဆွေးနွေးမှုတွင် အမေရိကန်က ဗင်နီဇွဲလားသမ္မတနှင့် ၎င်း၏ မဟာမိတ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကမ်းလှမ်းခဲ့ပြီး လက်ရှိတွင် မာဒူရိုသည် အမေရိကန်တွင် မူးယစ်ဆေးစွဲချက်များဖြင့် အလိုရှိစာရင်းဝင်ဖြစ်နေသည်။
ဗင်နီဇွဲလားကို စာနာနားလည်သည့် ဘရာဇီး၊ မက္ကဆီကိုနှင့် ကိုလံဘီယာတို့မှ လက်ဝဲအစိုးရများ ကိုလည်း မာဒူရို လက်ခံလာအောင် စည်းရုံးပေးဖို့ အမေရိကန်က အကူအညီတောင်းနေသည်ဟု ဖော်ပြထားသည်။ ထိုအတောအတွင်း ဂွန်ဇာလက်ဇ်၏ မဟာမိတ်များက မာဒူရို ရာထူးမှ နုတ်ထွက်ပါက လုံခြုံရေး အာမခံချက်ပေးဖို့လည်း ကမ်းလှမ်းထားသည်။
အမေရိကန်တရားရေးဌာနသည် မာဒူရိုအပါအဝင် ဗင်နီဇွဲလားနိုင်ငံရေးနှင့် စစ်ဘက်ခေါင်းဆောင် တစ်ဒါဇင်ကျော်ကို "မူးယစ်အကြမ်းဖက်မှု" ဖြင့် ၂၀၂၀ ခုနှစ်တွင် အမေရိကန်တရားရေးဌာနက စွဲချက်တင်ခဲ့သည်။ ဗင်နီဇွဲလားခေါင်းဆောင်ကို ဖမ်းဆီးပေးနိုင်ပါက ဒေါ်လာ ၁၅ သန်း ဆုချီးမြှင့်မည်ဖြစ်ကြောင်းနှင့် ၎င်းနှင့် အပေါင်းအပါ တရားခံများအတွက်မူ ဒေါ်လာ ၁၀ သန်း အထိ ဆုကြေးငွေ ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

မာဒူရို၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို လာမည့်ဇန်နဝါရီလတွင် ပြုလုပ်ရန် စီစဉ်ထားသည်။ လျှို့ဝှက်ဆွေးနွေးပွဲများတွင်ပါ၀င်သည့် အမေရိကန်တာဝန်ရှိသူများက ၎င်းတို့သည် ယင်းမတိုင်မီက သဘောတူညီချက်တစ်ခုရရှိရန် မျှော်လင့်ထားကြောင်း WSJ သို့ ပြောကြားခဲ့ပြီး သတင်းစာတွင် ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခြင်းက မာဒူရိုအား ပြန်လည်ထိန်းချုပ်နိုင်သည့်အချက်တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထရမ့်လက်ထက်တွင် ဗင်နီဇွဲလားရေနံလုပ်ငန်းအပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သော်လည်း သမ္မတ ဂျိုးဘိုင်ဒန်သည် ယမန်နှစ်က အဆိုပါပြစ်ဒဏ်များကို ယာယီ ရုတ်သိမ်းခဲ့သည်။

ယခုလအစောပိုင်းတွင် မာဒူရိုက အမေရိကန်နှင့် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးရေးနှင့် အကျဉ်းသားလဲလှယ်ရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သလို ဝါရှင်တန်အနေဖြင့် ဗင်နီဇွဲလား၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်လည်း သတိပေးခဲ့သည်။

zawgyi version
မာဒူ႐ိုအေနျဖင့္ ဗင္နီဇြဲလားသမၼတရာထူးအား အတိုက္အခံေခါင္းေဆာင္ထံ လႊဲေျပာင္းေပးမည္ဆိုပါက လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးမည္ဟု အေမရိကန္ ကမ္းလွမ္း
ALynn (NP News) - ဩဂုတ္ ၁၂

ဗင္နီဇြဲလားသမၼတသည္ ၎၏ႏိုင္ငံေရးၿပိဳင္ဘက္မ်ားထံ အာဏာလႊဲေျပာင္းေပးမည္ဆိုပါက အေမရိကန္တာဝန္ရွိသူမ်ားက နီကိုလက္စ္မာဒူ႐ိုအား “မူးယစ္ေဆးဝါး အၾကမ္းဖက္မႈ” စြဲခ်က္မ်ားျဖင့္ တရားစြဲဆိုထားျခင္းကို ဖယ္ရွားေပးမည္ျဖစ္ေၾကာင္း ကမ္းလွမ္းထားသည္ကို Wall Street Journal က တနဂၤေႏြေန႔ (ဩဂုတ္လ ၁၁ ရက္) တြင္ ေဖာ္ျပခဲ့သည္။

မာဒူ႐ိုသည္ ၿပီးခဲ့သည့္လက သမၼတေ႐ြးေကာက္ပြဲတြင္ ၄၄ ဒသမ ၂ ရာခိုင္ႏႈန္း မဲရရွိေသာ အေနာက္တိုင္းေက်ာေထာက္ေနာက္ခံျပဳ အတိုက္အခံေခါင္းေဆာင္ ဂြန္ဇာလက္ဇ္ကို ၅၁ ဒသမ ၂ ရာခိုင္ႏႈန္းအသာျဖင့္ အႏိုင္ရခဲ့ၿပီး တတိယသက္တမ္းကို စတင္ခဲ့သည္။ သို႔ေသာ္ ဂြန္ဇာလက္ဇ္ကို ေထာက္ခံသူမ်ားက မဲမသမာမႈမ်ားရွိသည္ဟု ဆိုၾကၿပီး ယခုလအေစာပိုင္းတြင္ အေမရိကန္မွ ဂြန္ဇာလက္ဇ္အား ဗင္နီဇြဲလားသမၼတအျဖစ္ တရားဝင္အသိအမွတ္ျပဳခဲ့သည္။

Wall Street Journal ၏ သတင္းရင္းျမစ္မ်ားအရ ယခုအခါ ဝါရွင္တန္သည္ ဂြန္ဇာလက္ဇ္အား အာဏာလႊဲအပ္ရန္ မာဒူ႐ိုကို ဆြဲေဆာင္ဖို႔ ႀကိဳးပမ္းလ်က္ရွိေနေၾကာင္း ေဖာ္ျပခဲ့သည္။ မာဒူ႐ို၏ လူယုံမ်ားႏွင့္ လွ်ိဳ႕ဝွက္ေဆြးေႏြးမႈတြင္ အေမရိကန္က ဗင္နီဇြဲလားသမၼတႏွင့္ ၎၏ မဟာမိတ္မ်ားကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးရန္ ကမ္းလွမ္းခဲ့ၿပီး လက္ရွိတြင္ မာဒူ႐ိုသည္ အေမရိကန္တြင္ မူးယစ္ေဆးစြဲခ်က္မ်ားျဖင့္ အလိုရွိစာရင္းဝင္ျဖစ္ေနသည္။
ဗင္နီဇြဲလားကို စာနာနားလည္သည့္ ဘရာဇီး၊ မကၠဆီကိုႏွင့္ ကိုလံဘီယာတို႔မွ လက္ဝဲအစိုးရမ်ား ကိုလည္း မာဒူ႐ို လက္ခံလာေအာင္ စည္း႐ုံးေပးဖို႔ အေမရိကန္က အကူအညီေတာင္းေနသည္ဟု ေဖာ္ျပထားသည္။ ထိုအေတာအတြင္း ဂြန္ဇာလက္ဇ္၏ မဟာမိတ္မ်ားက မာဒူ႐ို ရာထူးမွ ႏုတ္ထြက္ပါက လုံၿခဳံေရး အာမခံခ်က္ေပးဖို႔လည္း ကမ္းလွမ္းထားသည္။
အေမရိကန္တရားေရးဌာနသည္ မာဒူ႐ိုအပါအဝင္ ဗင္နီဇြဲလားႏိုင္ငံေရးႏွင့္ စစ္ဘက္ေခါင္းေဆာင္ တစ္ဒါဇင္ေက်ာ္ကို "မူးယစ္အၾကမ္းဖက္မႈ" ျဖင့္ ၂၀၂၀ ခုႏွစ္တြင္ အေမရိကန္တရားေရးဌာနက စြဲခ်က္တင္ခဲ့သည္။ ဗင္နီဇြဲလားေခါင္းေဆာင္ကို ဖမ္းဆီးေပးႏိုင္ပါက ေဒၚလာ ၁၅ သန္း ဆုခ်ီးျမႇင့္မည္ျဖစ္ေၾကာင္းႏွင့္ ၎ႏွင့္ အေပါင္းအပါ တရားခံမ်ားအတြက္မူ ေဒၚလာ ၁၀ သန္း အထိ ဆုေၾကးေငြ ေပးသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခဲ့သည္။

မာဒူ႐ို၏ က်မ္းသစၥာက်ိန္ဆိုပြဲကို လာမည့္ဇန္နဝါရီလတြင္ ျပဳလုပ္ရန္ စီစဥ္ထားသည္။ လွ်ိဳ႕ဝွက္ေဆြးေႏြးပြဲမ်ားတြင္ပါ၀င္သည့္ အေမရိကန္တာဝန္ရွိသူမ်ားက ၎တို႔သည္ ယင္းမတိုင္မီက သေဘာတူညီခ်က္တစ္ခုရရွိရန္ ေမွ်ာ္လင့္ထားေၾကာင္း WSJ သို႔ ေျပာၾကားခဲ့ၿပီး သတင္းစာတြင္ ေဒၚနယ္ထရမ့္ အိမ္ျဖဴေတာ္သို႔ ျပန္လည္ေရာက္ရွိလာျခင္းက မာဒူ႐ိုအား ျပန္လည္ထိန္းခ်ဳပ္ႏိုင္သည့္အခ်က္တစ္ခုျဖစ္ေၾကာင္း ေဖာ္ျပခဲ့သည္။ ထရမ့္လက္ထက္တြင္ ဗင္နီဇြဲလားေရနံလုပ္ငန္းအေပၚ ျပင္းထန္ေသာ ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္ခဲ့ေသာ္လည္း သမၼတ ဂ်ိဳးဘိုင္ဒန္သည္ ယမန္ႏွစ္က အဆိုပါျပစ္ဒဏ္မ်ားကို ယာယီ ႐ုတ္သိမ္းခဲ့သည္။

ယခုလအေစာပိုင္းတြင္ မာဒူ႐ိုက အေမရိကန္ႏွင့္ ပိတ္ဆို႔အေရးယူမႈမ်ား ေျဖေလွ်ာ့ေပးေရးႏွင့္ အက်ဥ္းသားလဲလွယ္ေရး ေဆြးေႏြးပြဲမ်ား ျပန္လည္စတင္ရန္ ဆႏၵရွိေၾကာင္း ေဖာ္ျပခဲ့သလို ဝါရွင္တန္အေနျဖင့္ ဗင္နီဇြဲလား၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ျခင္းမျပဳရန္လည္း သတိေပးခဲ့သည္။

Related news

© 2021. All rights reserved.