ရုရှားသမ္မတပူတင်ကို ဖမ်းဆီးပေးရန် မက္ကဆီကိုအစိုးရကို ယူကရိန်း တောင်းဆို

 1034

Pika (NP News) - ဩဂုတ် ၁၂

မက္ကဆီကိုနိုင်ငံသမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ သို့ ရုရှားသမ္မတပူတင်တက်ရောက်ခဲ့မည်ဆိုပါက ဖမ်းဆီးပေးရန် မက္ကဆီကိုအစိုးရကို ယူကရိန်းအစိုးရ က တောင်းဆိုခဲ့ကြောင်း သိရသည်။ မက္ကဆီကိုအစိုးရသည် လာမည့်အောက်တိုဘာလတွင်ကျင်းပမည့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့တက်ရောက်ရန် ပူတင်ကို ဖိတ်ကြားထားကြောင်းလည်း သိရသည်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ရုရှား သမ္မတပူတင်အတွက် ဖမ်းဝရမ်းကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က (၂၀၂၃) ခုနှစ်တွင် ထုတ် ပြန်ခဲ့ဖူးသည်။ ထို့ပြင် မက္ကဆီကိုနိုင်ငံကလည်း ပူတင် အတွက် ဖမ်းဝရမ်းထုတ်ခဲ့သော နိုင်ငံတကာရာဇဝတ် တရားရုံး၏ တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုခဲ့ ကြောင်း သိရသည်။

မက္ကဆီကို အစိုးရအနေဖြင့် ICC ၏ အမိန့်များကိုလိုက်နာပြီး ပူတင်ကိုဖမ်းဆီးကာ နိုင်ငံတကာ တရားရုံးသို့ လွှဲပြောင်းပေးမည်ဟု ယုံကြည်ကြောင်း မက္ကဆီကိုရှိ ယူကရိန်းသံရုံးက ပြောကြားခဲ့သည်။ မက္ကဆီကိုအစိုးရသည် လာမည့်အောက်တိုဘာလ (၁)ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ခံသမ္မတ Claudia Sheinbaum ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် ပူတင်ကို ဖိတ်ကြားထားကြောင်း Izvestia သတင်းစာ၏ ဖော်ပြချက်အရသိရသည်။ အဆိုပါကျမ်းသစ္စာကျိန်ဆိုပွဲသို့ ကိုယ်တိုင်တက် ရောက်ရန် သို့မဟုတ် ၄င်း၏ကိုယ်စားအဆင့်မြင့် ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်ရန်အတွက် ပူတင်က ဆုံးဖြတ်သွားလိမ့်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံရှိ မက္ကဆီကို သံရုံးက ထုတ်ပြန်ပြောကြားခဲ့သည်။

ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန်အတွက် မက္ကဆီကိုအစိုးရ၏ ဖိတ်ကြားမှုကို လက်ခံရရှိခဲ့ကြောင်း မက္ကဆီကိုမြို့ရှိ ရုရှားသံရုံးက အတည် ပြုခဲ့သည်။ ယူကရိန်းပဋိပက္ခဖြစ်ပွားချိန်မှစတင်ပြီး ICC သည် ပူတင်အပါအဝင် ရုရှားစစ်ဘက်အရာရှိ အများ အပြားကို ဖမ်းဝရမ်းထုတ်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း အဆိုပါဖမ်းဝရမ်းမှာ တရားမဝင်ကြောင်း နှင့် အနောက်အုပ်စု၏ပေါင်းစပ်စစ်ပွဲ အစိတ်အပိုင်း တစ်ခုသာဖြစ်ကြောင်း ရုရှားဘက်က ပြန်လည်စွပ်စွဲ ပြောဆိုခဲ့ဖူးသည်။

zawgyi version
႐ုရွားသမၼတပူတင္ကို ဖမ္းဆီးေပးရန္ မကၠဆီကိုအစိုးရကို ယူကရိန္း ေတာင္းဆို
Pika (NP News) - ဩဂုတ္ ၁၂

မကၠဆီကိုႏိုင္ငံသမၼတသစ္ က်မ္းသစၥာက်ိန္ဆိုပြဲ သို႔ ႐ုရွားသမၼတပူတင္တက္ေရာက္ခဲ့မည္ဆိုပါက ဖမ္းဆီးေပးရန္ မကၠဆီကိုအစိုးရကို ယူကရိန္းအစိုးရ က ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ မကၠဆီကိုအစိုးရသည္ လာမည့္ေအာက္တိုဘာလတြင္က်င္းပမည့္ က်မ္းသစၥာက်ိန္ဆိုပြဲသို႔တက္ေရာက္ရန္ ပူတင္ကို ဖိတ္ၾကားထားေၾကာင္းလည္း သိရသည္။ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားႏွင့္ပတ္သက္ၿပီး ႐ုရွား သမၼတပူတင္အတြက္ ဖမ္းဝရမ္းကို ႏိုင္ငံတကာရာဇဝတ္တရား႐ုံး (ICC) က (၂၀၂၃) ခုႏွစ္တြင္ ထုတ္ ျပန္ခဲ့ဖူးသည္။ ထို႔ျပင္ မကၠဆီကိုႏိုင္ငံကလည္း ပူတင္ အတြက္ ဖမ္းဝရမ္းထုတ္ခဲ့ေသာ ႏိုင္ငံတကာရာဇဝတ္ တရား႐ုံး၏ တရားစီရင္ပိုင္ခြင့္ကို အသိအမွတ္ျပဳခဲ့ ေၾကာင္း သိရသည္။

မကၠဆီကို အစိုးရအေနျဖင့္ ICC ၏ အမိန႔္မ်ားကိုလိုက္နာၿပီး ပူတင္ကိုဖမ္းဆီးကာ ႏိုင္ငံတကာ တရား႐ုံးသို႔ လႊဲေျပာင္းေပးမည္ဟု ယုံၾကည္ေၾကာင္း မကၠဆီကိုရွိ ယူကရိန္းသံ႐ုံးက ေျပာၾကားခဲ့သည္။ မကၠဆီကိုအစိုးရသည္ လာမည့္ေအာက္တိုဘာလ (၁)ရက္ေန႔တြင္က်င္းပမည့္ ေ႐ြးေကာက္ခံသမၼတ Claudia Sheinbaum ၏ က်မ္းသစၥာက်ိန္ဆိုပြဲသို႔ တက္ေရာက္ရန္ ပူတင္ကို ဖိတ္ၾကားထားေၾကာင္း Izvestia သတင္းစာ၏ ေဖာ္ျပခ်က္အရသိရသည္။ အဆိုပါက်မ္းသစၥာက်ိန္ဆိုပြဲသို႔ ကိုယ္တိုင္တက္ ေရာက္ရန္ သို႔မဟုတ္ ၄င္း၏ကိုယ္စားအဆင့္ျမင့္ ကိုယ္စားလွယ္တစ္ဦးကို ေစလႊတ္ရန္အတြက္ ပူတင္က ဆုံးျဖတ္သြားလိမ့္မည္ျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံရွိ မကၠဆီကို သံ႐ုံးက ထုတ္ျပန္ေျပာၾကားခဲ့သည္။

က်မ္းသစၥာက်ိန္ဆိုပြဲကို တက္ေရာက္ရန္အတြက္ မကၠဆီကိုအစိုးရ၏ ဖိတ္ၾကားမႈကို လက္ခံရရွိခဲ့ေၾကာင္း မကၠဆီကိုၿမိဳ႕ရွိ ႐ုရွားသံ႐ုံးက အတည္ ျပဳခဲ့သည္။ ယူကရိန္းပဋိပကၡျဖစ္ပြားခ်ိန္မွစတင္ၿပီး ICC သည္ ပူတင္အပါအဝင္ ႐ုရွားစစ္ဘက္အရာရွိ အမ်ား အျပားကို ဖမ္းဝရမ္းထုတ္ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း အဆိုပါဖမ္းဝရမ္းမွာ တရားမဝင္ေၾကာင္း ႏွင့္ အေနာက္အုပ္စု၏ေပါင္းစပ္စစ္ပြဲ အစိတ္အပိုင္း တစ္ခုသာျဖစ္ေၾကာင္း ႐ုရွားဘက္က ျပန္လည္စြပ္စြဲ ေျပာဆိုခဲ့ဖူးသည္။

Related news

© 2021. All rights reserved.