TNLA လက်အောက်တွင် မနေလိုသဖြင့် ကျောက်မဲမြို့ခံများ မွေးရပ်မြေကိုအပြီးတိုင် စွန့်ခွာပြောင်းရွှေ့နေထိုင်မှုများ ရှိ
4310
သုတကျော် (NP News) - ဩဂုတ် ၁၂
TNLA လက်အောက်တွင်မနေလိုသည့် ကျောက်မဲမြို့ခံများက မွေးရပ်မြေကို အပြီးတိုင်စွန့် ခွာကာ အခြားအရပ်ဒေသများသို့ ပြောင်းရွှေ့နေထိုင်မှုများရှိနေကြောင်း လက်ရှိတွင် အဆိုပါမြို့မှ စွန့်လာခဲ့သူတစ်ဦးက NP News ကိုပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို ရရှိစေရန်အတွက် TNLA နှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရန်ကြိုးစားစဉ်ကာလအတွင်းကလည်း အရပ်သားနေအိမ်များကို အကာအကွယ်ယူကာ တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး လက်ရှိတွင်မြို့ကို ၄င်းတို့ကထိန်းချုပ်ထားရာ မြို့ခံအများအပြားက စစ်ဘေး တိမ်းရှောင်နေကြသည်။
“မြို့ထဲကို စစ်ရှောင်စခန်းကပြန်ဝင်တဲ့သူ ရှိတော့ရှိတယ်။ ပြီးတော့ ပစ္စည်းတွေကို ပြန်သိမ်း၊ အိမ်ကိုရောင်းပြီးတော့ တခြားနေရာကို လုံးဝပြောင်း သွားတာမျိုးရှိတယ်။ TNLA အောက် မနေရဲတာပေါ့။ အများစုကတော့ တောင်ကြီးကို ပြောင်းတယ်၊ ကျေးသီး၊ နမ့်လန်၊ ရပ်စောက်ကို ပြောင်းတယ်။ အများစုကတော့ ပစ္စည်းလာသယ်ပြီးတော့ ပြောင်း သွားတာများတယ်။ မွေးရပ်မြေကို စွန့်သွားတာပေါ့။ လုပ်ငန်းရှင်တွေဆို လုပ်ငန်းခွင့်ကိုပါ စွန့်သွားတာပေါ့” ဟု ၎င်းကဆိုသည်။ ထို့ပြင် ကျောက်မဲမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်ပြည်သူအချို့၏အိမ်များ တွင် တစ်လအတွင်း စွန့်ခွာသူများ ပြန်လာရန်နှင့် မလာပါက နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်းမည်ဟု ဆိုကာ စာထုတ်ခြင်းများလည်းရှိကြောင်း ၄င်းကဆို သည်။ “ခံစားချက်ပေါ့။ နံပါတ်တစ်ပေါ့။ ကျွန်တော်တို့က မြေကျန်ရင်တော်ပြီ ဆိုပြီးထားခဲ့တယ်။ ပြန်ကို မသွားတော့ဘူး။ ဒီကောင်တွေအုပ်ချုပ်နေသရွေ့ ပြန် လည်းမသွားဘူး။ ရှမ်းတိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေပေါ့ ရှမ်းအမျိုးသားရေးလုပ်တဲ့သူတွေ ကိုလည်း ဓာတ်ပုံပြပြီးတော့ရှာတယ်။ ရှာပြီးတော့ အရေးယူတာတွေလုပ်မယ်လို့ ပြောထားတာရှိတယ်။ တပ်မတော်ကို ထောက်ခံတဲ့အဖွဲ့အစည်းတွေ၊ လူ ပုဂ္ဂိုလ်တွေကို မှတ်တယ်ပေါ့” ဟု ၄င်းကဆိုသည်။
လက်ရှိတွင် ကျောက်မဲမြို့အတွင်း ဒလန်ဟုဆိုကာ မြို့ခံအချို့၏ အိမ်များကို ချိပ်ပိတ်ခြင်း၊ ဝင်ရောက်နေရာယူခြင်းများ ဆောင်ရွက်နေကာ ကျောက် မဲမြို့က ၄င်းတို့လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ သတင်းအမှောင်ချခြင်းများလည်းရှိနေကြောင်း ၄င်းက ဆိုသည်။
zawgyi version
TNLA လက္ေအာက္တြင္ မေနလိုသျဖင့္ ေက်ာက္မဲၿမိဳ႕ခံမ်ား ေမြးရပ္ေျမကိုအၿပီးတိုင္ စြန႔္ခြာေျပာင္းေ႐ႊ႕ေနထိုင္မႈမ်ား ရွိ
သုတေက်ာ္ (NP News) - ဩဂုတ္ ၁၂
TNLA လက္ေအာက္တြင္မေနလိုသည့္ ေက်ာက္မဲၿမိဳ႕ခံမ်ားက ေမြးရပ္ေျမကို အၿပီးတိုင္စြန႔္ ခြာကာ အျခားအရပ္ေဒသမ်ားသို႔ ေျပာင္းေ႐ႊ႕ေနထိုင္မႈမ်ားရွိေနေၾကာင္း လက္ရွိတြင္ အဆိုပါၿမိဳ႕မွ စြန႔္လာခဲ့သူတစ္ဦးက NP News ကိုေျပာသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ကို ရရွိေစရန္အတြက္ TNLA ႏွင့္ ပူးေပါင္းအဖြဲ႕က သိမ္းပိုက္ရန္ႀကိဳးစားစဥ္ကာလအတြင္းကလည္း အရပ္သားေနအိမ္မ်ားကို အကာအကြယ္ယူကာ တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ၿပီး လက္ရွိတြင္ၿမိဳ႕ကို ၄င္းတို႔ကထိန္းခ်ဳပ္ထားရာ ၿမိဳ႕ခံအမ်ားအျပားက စစ္ေဘး တိမ္းေရွာင္ေနၾကသည္။
“ၿမိဳ႕ထဲကို စစ္ေရွာင္စခန္းကျပန္ဝင္တဲ့သူ ရွိေတာ့ရွိတယ္။ ၿပီးေတာ့ ပစၥည္းေတြကို ျပန္သိမ္း၊ အိမ္ကိုေရာင္းၿပီးေတာ့ တျခားေနရာကို လုံးဝေျပာင္း သြားတာမ်ိဳးရွိတယ္။ TNLA ေအာက္ မေနရဲတာေပါ့။ အမ်ားစုကေတာ့ ေတာင္ႀကီးကို ေျပာင္းတယ္၊ ေက်းသီး၊ နမ့္လန္၊ ရပ္ေစာက္ကို ေျပာင္းတယ္။ အမ်ားစုကေတာ့ ပစၥည္းလာသယ္ၿပီးေတာ့ ေျပာင္း သြားတာမ်ားတယ္။ ေမြးရပ္ေျမကို စြန႔္သြားတာေပါ့။ လုပ္ငန္းရွင္ေတြဆို လုပ္ငန္းခြင့္ကိုပါ စြန႔္သြားတာေပါ့” ဟု ၎ကဆိုသည္။ ထို႔ျပင္ ေက်ာက္မဲၿမိဳ႕နယ္ အတြင္းရွိ စစ္ေဘးေရွာင္ျပည္သူအခ်ိဳ႕၏အိမ္မ်ား တြင္ တစ္လအတြင္း စြန႔္ခြာသူမ်ား ျပန္လာရန္ႏွင့္ မလာပါက ေနအိမ္ကို ခ်ိပ္ပိတ္သိမ္းဆည္းမည္ဟု ဆိုကာ စာထုတ္ျခင္းမ်ားလည္းရွိေၾကာင္း ၄င္းကဆို သည္။ “ခံစားခ်က္ေပါ့။ နံပါတ္တစ္ေပါ့။ ကြၽန္ေတာ္တို႔က ေျမက်န္ရင္ေတာ္ၿပီ ဆိုၿပီးထားခဲ့တယ္။ ျပန္ကို မသြားေတာ့ဘူး။ ဒီေကာင္ေတြအုပ္ခ်ဳပ္ေနသေ႐ြ႕ ျပန္ လည္းမသြားဘူး။ ရွမ္းတိုင္းရင္းသားအေရး တက္ႂကြလႈပ္ရွားသူေတြေပါ့ ရွမ္းအမ်ိဳးသားေရးလုပ္တဲ့သူေတြ ကိုလည္း ဓာတ္ပုံျပၿပီးေတာ့ရွာတယ္။ ရွာၿပီးေတာ့ အေရးယူတာေတြလုပ္မယ္လို႔ ေျပာထားတာရွိတယ္။ တပ္မေတာ္ကို ေထာက္ခံတဲ့အဖြဲ႕အစည္းေတြ၊ လူ ပုဂၢိဳလ္ေတြကို မွတ္တယ္ေပါ့” ဟု ၄င္းကဆိုသည္။
လက္ရွိတြင္ ေက်ာက္မဲၿမိဳ႕အတြင္း ဒလန္ဟုဆိုကာ ၿမိဳ႕ခံအခ်ိဳ႕၏ အိမ္မ်ားကို ခ်ိပ္ပိတ္ျခင္း၊ ဝင္ေရာက္ေနရာယူျခင္းမ်ား ေဆာင္႐ြက္ေနကာ ေက်ာက္ မဲၿမိဳ႕က ၄င္းတို႔လုပ္ေဆာင္ခ်က္မ်ားႏွင့္ပတ္သက္၍ သတင္းအေမွာင္ခ်ျခင္းမ်ားလည္းရွိေနေၾကာင္း ၄င္းက ဆိုသည္။