အမေရိကန်သမ္မတလောင်းနှစ်ဦး စက်တင်ဘာလ(၁၀)ရက်တွင် စကား စစ်ထိုးပွဲ ပြုလုပ်မည်
534
ဂျန်ဇက် (NP News) - ဩဂုတ် ၁၂
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် အမေရိကန် လက်ရှိ ဒုတိယသမ္မတဖြစ်သူ ကာမာလာဟာရစ်တို့သည် လာမည့် စက်တင်ဘာ (၁၀)ရက်နေ့တွင် အေဘီစီရုပ်သံလိုင်း အစီအစဉ်မှ တစ်ဆင့် မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲစတင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဒေါ်နယ်ထရမ့်သည် လာမည့်အမေရိကန် သမ္မတရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ရန် ရီပတ်ဘလီ ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထား ရသကဲ့သို့ ကာမာလာဟာရစ်ကလည်း ဒီမိုကရက်တစ် ပါတီ၏ သမ္မတလောင်းအဖြစ်ရွေးချယ်ခံထားရ ကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်သည် ကာမာလာ ဟာရစ်နှင့် Fox and NBC ရုပ်သံလှိုင်းတို့၏ လေ လှိုင်းပေါ်မှတစ်ဆင့် စကားစစ်ထိုးပွဲ ပြုလုပ်ရန် လိုလားနေခဲ့ကြောင်း သိရသည်။ ကာမာလာဟာရစ်ကလည်း စကားစစ်ထိုးပွဲများပိုမိုလုပ်ဆောင်ရန် ဆွေးနွေးသွား မည်ဖြစ်ကြောင်း၊ စက်တင်ဘာ (၁၀)ရက်နေ့တွင်ပြုလုပ်မည့် စကားစစ်ထိုးပွဲသည် ဒေါ်နယ်ထရမ့်နှင့် ကာမာလာဟာရစ်ကြား အနာဂတ်တွင်စကားစစ်ထိုးပွဲများထပ်မံလုပ်ဆောင်ရန်အတွက် အဓိက အရေးပါ သည့် စကားစစ်ထိုးပွဲများဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သော ဇွန်လ (၂၇)ရက်နေ့တွင် လက်ရှိအမေရိကန်သမ္မတဖြစ်သလို ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန်နှင့် စကားစစ်ထိုးပွဲလုပ်ဆောင်ခဲ့ရာ အသာစီး ရယူနိုင်ခဲ့ ကြောင်းသိရသည်။
မကြာသေးမီကပြုလုပ်ခဲ့သော စစ်တမ်းများတွင် ကာမာလာဟာရစ်သည် ဒေါ်နယ် ထရမ့်အပေါ် လူကြိုက်များမှုထက်ပိုမိုများပြားလာနေ ကြောင်း ဖော်ပြထားသည်။ Ipsos အဖွဲ့က နောက် ဆုံးပြုလုပ်ခဲ့သောစစ်တမ်းတွင် ကာမာလာဟာရစ် သည် လူကြိုက်များမှု (၄၂)ရာခိုင်နှုန်းရှိခဲ့ပြီး ဒေါ်နယ် ထရမ့်က လူကြိုက်များမှု (၃၇)ရာခိုင်နှုန်းရှိနေခဲ့ကြောင်း ဖော်ပြထားသည်။ ပြီးခဲ့သော ဇူလိုင်လအတွင်း ပြု လုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုတွင်လည်း ကာမာလာဟာ ရစ်က (၃၇) ရာခိုင်နှုန်း ရှိခဲ့ပြီး ဒေါ်နယ်ထရမ့်က လူကြိုက်များမှု (၃၄) ရာခိုင်နှုန်း ရှိခဲ့ကြောင်းသိရသည်။
zawgyi version
အေမရိကန္သမၼတေလာင္းႏွစ္ဦး စက္တင္ဘာလ(၁၀)ရက္တြင္ စကား စစ္ ထိုးပြဲ ျပဳလုပ္မည္
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၂
အေမရိကန္ သမၼတေဟာင္း ေဒၚနယ္ထရမ့္ႏွင့္ အေမရိကန္ လက္ရွိ ဒုတိယသမၼတျဖစ္သူ ကာမာလာဟာရစ္တို႔သည္ လာမည့္ စက္တင္ဘာ (၁၀)ရက္ေန႔တြင္ ေအဘီစီ႐ုပ္သံလိုင္း အစီအစဥ္မွ တစ္ဆင့္ မ်က္ႏွာခ်င္းဆိုင္ စကားစစ္ထိုးပြဲစတင္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။
ေဒၚနယ္ထရမ့္သည္ လာမည့္အေမရိကန္ သမၼတေ႐ြးေကာက္ပြဲပါဝင္ယွဥ္ၿပိဳင္ရန္ ရီပတ္ဘလီ ကန္ပါတီ၏ သမၼတေလာင္းအျဖစ္ ေ႐ြးခ်ယ္ခံထား ရသကဲ့သို႔ ကာမာလာဟာရစ္ကလည္း ဒီမိုကရက္တစ္ ပါတီ၏ သမၼတေလာင္းအျဖစ္ေ႐ြးခ်ယ္ခံထားရ ေၾကာင္းသိရသည္။ ေဒၚနယ္ထရမ့္သည္ ကာမာလာ ဟာရစ္ႏွင့္ Fox and NBC ႐ုပ္သံလႈိင္းတို႔၏ ေလ လႈိင္းေပၚမွတစ္ဆင့္ စကားစစ္ထိုးပြဲ ျပဳလုပ္ရန္ လိုလားေနခဲ့ေၾကာင္း သိရသည္။ ကာမာလာဟာရစ္ကလည္း စကားစစ္ထိုးပြဲမ်ားပိုမိုလုပ္ေဆာင္ရန္ ေဆြးေႏြးသြား မည္ျဖစ္ေၾကာင္း၊ စက္တင္ဘာ (၁၀)ရက္ေန႔တြင္ျပဳလုပ္မည့္ စကားစစ္ထိုးပြဲသည္ ေဒၚနယ္ထရမ့္ႏွင့္ ကာမာလာဟာရစ္ၾကား အနာဂတ္တြင္စကားစစ္ထိုးပြဲမ်ားထပ္မံလုပ္ေဆာင္ရန္အတြက္ အဓိက အေရးပါ သည့္ စကားစစ္ထိုးပြဲမ်ားျဖစ္လာဖြယ္ရွိေနေၾကာင္းသိရသည္။ ေဒၚနယ္ထရမ့္သည္ ၿပီးခဲ့ေသာ ဇြန္လ (၂၇)ရက္ေန႔တြင္ လက္ရွိအေမရိကန္သမၼတျဖစ္သလို ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း ဂ်ိဳးဘိုင္ဒန္ႏွင့္ စကားစစ္ထိုးပြဲလုပ္ေဆာင္ခဲ့ရာ အသာစီး ရယူႏိုင္ခဲ့ ေၾကာင္းသိရသည္။
မၾကာေသးမီကျပဳလုပ္ခဲ့ေသာ စစ္တမ္းမ်ားတြင္ ကာမာလာဟာရစ္သည္ ေဒၚနယ္ ထရမ့္အေပၚ လူႀကိဳက္မ်ားမႈထက္ပိုမိုမ်ားျပားလာေန ေၾကာင္း ေဖာ္ျပထားသည္။ Ipsos အဖြဲ႕က ေနာက္ ဆုံးျပဳလုပ္ခဲ့ေသာစစ္တမ္းတြင္ ကာမာလာဟာရစ္ သည္ လူႀကိဳက္မ်ားမႈ (၄၂)ရာခိုင္ႏႈန္းရွိခဲ့ၿပီး ေဒၚနယ္ ထရမ့္က လူႀကိဳက္မ်ားမႈ (၃၇)ရာခိုင္ႏႈန္းရွိေနခဲ့ေၾကာင္း ေဖာ္ျပထားသည္။ ၿပီးခဲ့ေသာ ဇူလိုင္လအတြင္း ျပဳ လုပ္ခဲ့တဲ့ စစ္တမ္းတစ္ခုတြင္လည္း ကာမာလာဟာ ရစ္က (၃၇) ရာခိုင္ႏႈန္း ရွိခဲ့ၿပီး ေဒၚနယ္ထရမ့္က လူႀကိဳက္မ်ားမႈ (၃၄) ရာခိုင္ႏႈန္း ရွိခဲ့ေၾကာင္းသိရသည္။