မန္တလေး-လားရှိုးအဆင်းလမ်းတွင် Express ကားနှင့် ဝက်တင်ကားတို့ တိုက်မိရာ ယာဉ်နောက်လိုက်ပွဲချင်းပြီး သေဆုံးကာ (၄)ဦးဒဏ်ရာရ
8668
NP News - ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် မန္တလေး-လားရှိုးအဆင်းလမ်းတွင် ခရီးသည်တင် Express ကားနှင့် ဝက်တင်ကားတို့ တိုက် မိခဲ့ရာ ယာဉ်နေက်လိုက်ပွဲချင်းပြီးသေဆုံး၍ (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သန္တိသုခလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဩဂုတ်လ ၁၁ ရက်)၊ ညနေ ၅နာရီ ၁၅မိနစ်အချိန်က ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးအဆင်းလမ်း၊ မိုင်တိုင်အမှတ် (၁၉)တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “Express ကားနဲ့ ဝက်တင်တဲ့ကားတိုက်မိတာ။ စလစ်ဖြစ်ပြီးဝင်တိုက်တာလို့ သိရတယ်”ဟု သန္တိသုခလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ခရီးသည်တင် Express ကားပေါ်မှ ယာဉ်နောက်လိုက်ဖြစ်သူ အမျိုးသားတစ်ဦးမှာ ကားအတွင်းညပ်၍ အခင်းဖြစ် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“Express က စပယ်ယာသေသွားတယ်။ Express က ခရီးသည်(၂)ဦးလည်း ထိခိုက်ဒဏ်ရာအနည်းငယ်ရတယ်။ ဝက်ကားက(၂)ယောက်နဲ့ Express က(၂)ယောက်နဲ့ဆိုတော့ စုစုပေါင်း(၄)ယောက်ဝန်းကျင်လောက်ထိခိုက်တာပေါ့။ သေဆုံးသွားတဲ့ ကားစပယ်ယာက ကားခေါင်းထဲမှာ ညပ်ပြီးဆုံးသွားတာ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများကို သန္တိသုခလူမှုကူညီရေးအသင်းက ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့၊ ညနေ ၆နာရီ ၁၅မိနစ်အချိန်ခန့်ကလည်းပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း၊ မိုင်တိုင်အမှတ်(၂၂)တွင် ခရီး သည်တင် Express ကားတစ်စီး စလစ်ဖြစ်တိမ်းမှောက်မှုဖြစ်ပွားကာ ခရီးသည်(၇)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ "သူလည်း မိုးရွာလို့ဖြစ်တာ။ EXPRESS ပါပဲ။ စလစ်ဖြစ်သွားတာ။ အဲဒီကားက ပြင်ဦးလွင်ကနေ ရန်ကုန်ဆင်းတဲ့ကားပါ။ ထိခိုက်ဒဏ်ရာ ရတဲ့သူကတော့ (၃၅)ယောက်ဆိုတော့ (၃၅)ယောက်ထဲက ထိခိုက်ဒဏ်ရာရသူ အနည်းအကျဉ်းတော့ ပါတာပေါ့။ ခန်မှန်းခြေ(၇)ယောက် လောက်ပါတာပေါ့”ဟု အထက်ပါ သတင်း အရင်းမြစ်က ဆိုသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို သန္တိသုခလူမှုကူညီရေးအသင်းက ပြင်ဦးလွင်မြိုနယ်ပြည်သူ့ဆေးရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
zawgyi version
မႏၲေလး-လားရႈိးအဆင္းလမ္းတြင္ Express ကားႏွင့္ ဝက္တင္ကားတို႔ တိုက္မိရာ ယာဥ္ေနာက္လိုက္ပြဲခ်င္းၿပီး ေသဆုံးကာ (၄)ဦးဒဏ္ရာရ
NP News - ဩဂုတ္ ၁၂
မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္ မႏၲေလး-လားရႈိးအဆင္းလမ္းတြင္ ခရီးသည္တင္ Express ကားႏွင့္ ဝက္တင္ကားတို႔ တိုက္ မိခဲ့ရာ ယာဥ္ေနက္လိုက္ပြဲခ်င္းၿပီးေသဆုံး၍ (၄)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သႏၲိသုခလူမႈကူညီေရးအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဩဂုတ္လ ၁၁ ရက္)၊ ညေန ၅နာရီ ၁၅မိနစ္အခ်ိန္က ျပင္ဦးလြင္ၿမိဳ႕နယ္၊ မႏၲေလး-လားရႈိးအဆင္းလမ္း၊ မိုင္တိုင္အမွတ္ (၁၉)တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “Express ကားနဲ႔ ဝက္တင္တဲ့ကားတိုက္မိတာ။ စလစ္ျဖစ္ၿပီးဝင္တိုက္တာလို႔ သိရတယ္”ဟု သႏၲိသုခလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ခရီးသည္တင္ Express ကားေပၚမွ ယာဥ္ေနာက္လိုက္ျဖစ္သူ အမ်ိဳးသားတစ္ဦးမွာ ကားအတြင္းညပ္၍ အခင္းျဖစ္ ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“Express က စပယ္ယာေသသြားတယ္။ Express က ခရီးသည္(၂)ဦးလည္း ထိခိုက္ဒဏ္ရာအနည္းငယ္ရတယ္။ ဝက္ကားက(၂)ေယာက္နဲ႔ Express က(၂)ေယာက္နဲ႔ဆိုေတာ့ စုစုေပါင္း(၄)ေယာက္ဝန္းက်င္ေလာက္ထိခိုက္တာေပါ့။ ေသဆုံးသြားတဲ့ ကားစပယ္ယာက ကားေခါင္းထဲမွာ ညပ္ၿပီးဆုံးသြားတာ”ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေနာက္ ေသဆုံး၊ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို သႏၲိသုခလူမႈကူညီေရးအသင္းက ျပင္ဦးလြင္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အလားတူ ယမန္ေန႔၊ ညေန ၆နာရီ ၁၅မိနစ္အခ်ိန္ခန္႔ကလည္းျပင္ဦးလြင္ၿမိဳ႕နယ္၊ ျပင္ဦးလြင္-မႏၲေလးအဆင္းလမ္း၊ မိုင္တိုင္အမွတ္(၂၂)တြင္ ခရီး သည္တင္ Express ကားတစ္စီး စလစ္ျဖစ္တိမ္းေမွာက္မႈျဖစ္ပြားကာ ခရီးသည္(၇)ဦးခန္႔ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။ "သူလည္း မိုး႐ြာလို႔ျဖစ္တာ။ EXPRESS ပါပဲ။ စလစ္ျဖစ္သြားတာ။ အဲဒီကားက ျပင္ဦးလြင္ကေန ရန္ကုန္ဆင္းတဲ့ကားပါ။ ထိခိုက္ဒဏ္ရာ ရတဲ့သူကေတာ့ (၃၅)ေယာက္ဆိုေတာ့ (၃၅)ေယာက္ထဲက ထိခိုက္ဒဏ္ရာရသူ အနည္းအက်ဥ္းေတာ့ ပါတာေပါ့။ ခန္မွန္းေျခ(၇)ေယာက္ ေလာက္ပါတာေပါ့”ဟု အထက္ပါ သတင္း အရင္းျမစ္က ဆိုသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို သႏၲိသုခလူမႈကူညီေရးအသင္းက ျပင္ဦးလြင္ၿမိဳနယ္ျပည္သူ႔ေဆး႐ုံသို႔ ထပ္မံပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။