ဟစ်ဇ်ဘိုလာအုပ်စုက အစ္စရေးကို ကြိုတင်သတိပေးချက်မရှိဘဲ ရက်ပိုင်းအတွင်း တိုက်ခိုက်ဖွယ်ရှိနေဟု အမေရိကန်သတင်းဌာနဖော်ပြ

 1538

ဂျန်ဇက် (NP News) - ဩဂုတ် ၁၂

လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့သည် လာမည့်ရက်ပိုင်းအတွင်း အစ္စရေးနိုင်ငံကို တိုက်ခိုက်လာဖွယ်ရှိနေကြောင်း အမေရိကန်အခြေစိုက် ဃြ သတင်းဌာနက ဖော်ပြထားသည်။

ဟစ်ဇ်ဘိုလာအုပ်စုသည် အစ္စရေး၏တိုက် ခိုက်မှုများကြောင့် ゞင်းတို့၏ စစ်ရေးခေါင်းဆောင်များ သေဆုံးခဲ့ခြင်းကို လက်တုံ့ပြန်ရန်အတွက် အစ္စရေး နိုင်ငံကို အီရန်နိုင်ငံထက်စောစီးစွာ တိုက်ခိုက်ဖွယ်ရှိ နေသည်ဟု ဖော်ပြထားသည်။ ဟစ်ဇ်ဘိုလာအုပ်စု နှင့်နီးစပ်သောသတင်းအရင်းမြစ်က ဟစ်ဇ်ဘိုလာ အုပ်စသည် အီရန်နိုင်ငံထက်စောစွာ အစ္စရေးနိုင်ငံကို တိုက်ခိုက်ရန် စီစဉ်နေပြီး လာမည့်ရက်ပိုင်းအတွင်း တိုက်ခိုက်ဖွယ်ရှိနေကြောင်းပြောသည်။ ပြီးခဲ့သော သီတင်းပတ်အတွင်း ဟစ်ဇ်ဘိုလာအုပ်စု၏စစ်ရေး ခေါင်းဆောင်များသေဆုံးခြင်းအပြင် ဟားမတ်စ်လက် နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးသေဆုံးခဲ့ခြင်း ကြောင့် အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှု အရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဟစ်ဇ်ဘိုလာသည် အစ္စရေးနိုင်ငံကို တိုက် ခိုက်ရာတွင် ကြိုတင်သတိပေးချက်မရှိသောပုံစံမျိုး ဖြင့်တိုက်ခိုက်ဖွယ်ရှိနေကြောင်း အဆိုပါအရင်းမြစ် ကပြောသည်။ အစ္စရေးအစိုးရက လက်ဘနွန် နိုင်ငံအခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုသည် အစ္စရေး ပြည်သူများကိုထိခိုက်စေရန် တိုက်ခိုက်မည်ဆိုလျှင် အချိုးအစားမညီမျှသော ပုံစံမျိုးဖြင့် တိုက်ခိုက်သွား မည်ဖြစ်ကြောင်းသတိပေးထားသည်။ လက်ရှိအချိန် တွင် အစ္စရေးနိုင်ငံကို တိုက်ခိုက်ရန်လိုလားနေသည့် အီရန်နိုင်ငံသည် ၄င်း၏အစီအစဉ်များကို ပြန် လည်စဉ်းစားဖွယ်ရှိနေကြောင်း ဏသူငအငခသ သတင်းဌာနက ဖော်ပြထားသည်။ အမေရိကန်အစိုးရသည် အစ္စရေးနိုင်ငံကို မတိုက်ခိုက်ရန် အီရန်နိုင်ငံကိုသံတ မန်ရေး လမ်းကြောင်းများဖြင့် ချဉ်းကပ်စည်းရုံး ခဲ့ရာအီရန်ဘက်က ၄င်းတို့အစီအစဉ်များကို ပြန် လည်စဉ်းစားဖွယ်ရှိနေကြောင်းသိရသည်။ အီရန် သည် ၄င်းတို့နိုင်ငံအတွင်းတွင် ဟားမတ်စ် ခေါင်းဆောင်အသတ်ခံရမှုကို လက်တုံ့ပြန်ရန်အ တွက် အစ္စရေးနိုင်ငံကို ဩဂုတ် ၁၂ရက်နေ့တွင် တိုက်ခိုက်ဖွယ်ရှိနေသည်ဟု အစောပိုင်းကသတင်း များထွက်ပေါ်ခဲ့ဖူးသည်။

ဟစ်ဇ်ဘိုလာအုပ်စုသည် အစ္စရေးနှင့်ဟား မတ်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက ပါလက်စတိုင်းလူမျိုးများကို အားပေးထောက်ခံမှုပြသမှုအဖြစ် အစ္စရေးနိုင်ငံဘက် ခြမ်းကို ရော့ကတ်ဒုံးကျည်များ၊ ဒရုန်းများဖြင့်တိုက် ခိုက်ခဲ့ရာ နှစ်နိုင်ငံကြားတင်းမာမှုများ ဖြစ်ပွားစေခဲ့ ကြောင်းသိရသည်။

zawgyi version
ဟစ္ဇ္ဘိုလာအုပ္စုက အစၥေရးကို ႀကိဳတင္သတိေပးခ်က္မရွိဘဲ ရက္ပိုင္းအတြင္း တိုက္ခိုက္ဖြယ္ရွိေနဟု အေမရိကန္သတင္းဌာနေဖာ္ျပ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၂

လက္ဘႏြန္ႏိုင္ငံအေျခစိုက္ ဟစ္ဇ္ဘိုလာ လက္နက္ကိုင္အဖြဲ႕သည္ လာမည့္ရက္ပိုင္းအတြင္း အစၥေရးႏိုင္ငံကို တိုက္ခိုက္လာဖြယ္ရွိေနေၾကာင္း အေမရိကန္အေျခစိုက္ ၾဃ သတင္းဌာနက ေဖာ္ျပထားသည္။

ဟစ္ဇ္ဘိုလာအုပ္စုသည္ အစၥေရး၏တိုက္ ခိုက္မႈမ်ားေၾကာင့္ ゞင္းတို႔၏ စစ္ေရးေခါင္းေဆာင္မ်ား ေသဆုံးခဲ့ျခင္းကို လက္တုံ႔ျပန္ရန္အတြက္ အစၥေရး ႏိုင္ငံကို အီရန္ႏိုင္ငံထက္ေစာစီးစြာ တိုက္ခိုက္ဖြယ္ရွိ ေနသည္ဟု ေဖာ္ျပထားသည္။ ဟစ္ဇ္ဘိုလာအုပ္စု ႏွင့္နီးစပ္ေသာသတင္းအရင္းျမစ္က ဟစ္ဇ္ဘိုလာ အုပ္စသည္ အီရန္ႏိုင္ငံထက္ေစာစြာ အစၥေရးႏိုင္ငံကို တိုက္ခိုက္ရန္ စီစဥ္ေနၿပီး လာမည့္ရက္ပိုင္းအတြင္း တိုက္ခိုက္ဖြယ္ရွိေနေၾကာင္းေျပာသည္။ ၿပီးခဲ့ေသာ သီတင္းပတ္အတြင္း ဟစ္ဇ္ဘိုလာအုပ္စု၏စစ္ေရး ေခါင္းေဆာင္မ်ားေသဆုံးျခင္းအျပင္ ဟားမတ္စ္လက္ နက္ကိုင္အဖြဲ႕ေခါင္းေဆာင္တစ္ဦးေသဆုံးခဲ့ျခင္း ေၾကာင့္ အေရွ႕အလယ္ပိုင္းေဒသအတြင္း တင္းမာမႈ အရွိန္ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။

ဟစ္ဇ္ဘိုလာသည္ အစၥေရးႏိုင္ငံကို တိုက္ ခိုက္ရာတြင္ ႀကိဳတင္သတိေပးခ်က္မရွိေသာပုံစံမ်ိဳး ျဖင့္တိုက္ခိုက္ဖြယ္ရွိေနေၾကာင္း အဆိုပါအရင္းျမစ္ ကေျပာသည္။ အစၥေရးအစိုးရက လက္ဘႏြန္ ႏိုင္ငံအေျခစိုက္ ဟစ္ဇ္ဘိုလာအုပ္စုသည္ အစၥေရး ျပည္သူမ်ားကိုထိခိုက္ေစရန္ တိုက္ခိုက္မည္ဆိုလွ်င္ အခ်ိဳးအစားမညီမွ်ေသာ ပုံစံမ်ိဳးျဖင့္ တိုက္ခိုက္သြား မည္ျဖစ္ေၾကာင္းသတိေပးထားသည္။ လက္ရွိအခ်ိန္ တြင္ အစၥေရးႏိုင္ငံကို တိုက္ခိုက္ရန္လိုလားေနသည့္ အီရန္ႏိုင္ငံသည္ ၄င္း၏အစီအစဥ္မ်ားကို ျပန္ လည္စဥ္းစားဖြယ္ရွိေနေၾကာင္း ဏသူငအငခသ သတင္းဌာနက ေဖာ္ျပထားသည္။ အေမရိကန္အစိုးရသည္ အစၥေရးႏိုင္ငံကို မတိုက္ခိုက္ရန္ အီရန္ႏိုင္ငံကိုသံတ မန္ေရး လမ္းေၾကာင္းမ်ားျဖင့္ ခ်ဥ္းကပ္စည္း႐ုံး ခဲ့ရာအီရန္ဘက္က ၄င္းတို႔အစီအစဥ္မ်ားကို ျပန္ လည္စဥ္းစားဖြယ္ရွိေနေၾကာင္းသိရသည္။ အီရန္ သည္ ၄င္းတို႔ႏိုင္ငံအတြင္းတြင္ ဟားမတ္စ္ ေခါင္းေဆာင္အသတ္ခံရမႈကို လက္တုံ႔ျပန္ရန္အ တြက္ အစၥေရးႏိုင္ငံကို ဩဂုတ္ ၁၂ရက္ေန႔တြင္ တိုက္ခိုက္ဖြယ္ရွိေနသည္ဟု အေစာပိုင္းကသတင္း မ်ားထြက္ေပၚခဲ့ဖူးသည္။

ဟစ္ဇ္ဘိုလာအုပ္စုသည္ အစၥေရးႏွင့္ဟား မတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား ဂါဇာစစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္းတည္းက ပါလက္စတိုင္းလူမ်ိဳးမ်ားကို အားေပးေထာက္ခံမႈျပသမႈအျဖစ္ အစၥေရးႏိုင္ငံဘက္ ျခမ္းကို ေရာ့ကတ္ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားျဖင့္တိုက္ ခိုက္ခဲ့ရာ ႏွစ္ႏိုင္ငံၾကားတင္းမာမႈမ်ား ျဖစ္ပြားေစခဲ့ ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.