ကုန်ပစ္စည်းအမျိုးပေါင်း(၃၀ဝ၀)ကျော်အတွက် သွင်းကုန်ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထားပြီး သွင်းကုန်လိုင်စင်များကို ရည်ညွှန်း ဈေးနှုန်းအတွင်းသာ ဆောင်ရွက်ရမည်ဟုဆို
2107
ယွန်း (NP News) - ဩဂုတ် ၁၃
ကုန်ပစ္စည်းအမျိုးပေါင်း (၃၀ဝဝ) ကျော်အတွက် သွင်းကုန်ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထားပြီး သွင်းကုန်လိုင်စင်များကို ရည်ညွှန်းဈေးနှုန်းအတွင်း သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာနက ဩဂုတ်လ(၆)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအတွင်း တင်သွင်းလာသည့် သွင်း ကုန်ပစ္စည်းတန်ဖိုးများ ဈေးနှုန်းမှန်ကန်မှုရှိစေရန် ရည်ရွယ်၍ အထက်ပါကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အကောက်ခွန်ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ ပါဝင်ဖွဲ့စည်းထားသည့် သွင်းကုန်တန်ဖိုးစိ စစ်ရေးအဖွဲ့က သွင်းကုန်ပစ္စည်းများ HS Code လိုင်း (၃၇၃) လိုင်း၊ ကုန်ပစ္စည်းအမျိုးအမည် (၃၂၇၉) မျိုးအတွက် သွင်းကုန်ရည်ညွှန်းဈေးနှုန်းများ စိစစ်ပြုစုခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန် လိုင်စင်များကို အဆိုပါရည်ညွှန်းဈေးနှုန်းအတိုင်း သာဆောင်ရွက်ရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက လိုင်စင်ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
'သွင်းကုန်လိုင်စင်ကို အဲဒီဈေးနှုန်းအတိုင်း လျှောက်ရမယ်လို့ပြောထားတာပါ။ အဲဒီဈေးနှုန်းအတိုင်းမလျှောက်ထားဘူးဆိုရင်တော့ လုပ်ငန်းရှင်က ပြန်တင်ရမှာပေါ့။ ကုန်ပစ္စည်းအမျိုးအစားအလိုက်ကို ဈေးနှုန်းသတ်မှတ်တာက စီမံဘဏ္ဍာရယ်၊ စီးပွားကူး သန်းရယ် ညှိနှိုင်းပြီးတော့ သတ်မှတ်ထားတဲ့ ဈေးနှုန်း ပေါ့။ လိုင်စင်မှာလည်း ဒီဈေးနှုန်းနဲ့လျှောက်ရမယ်ဆို တာပါသလို အကောက်ခွန်မှာ ID ရှင်းတဲ့ အချိန်မှာလည်း ဒီဈေးနှုန်းနဲ့ပဲ ဆောင်ရွက်ရမှာပါ'ဟု ကုန်သွယ်ရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အထက်ဖော်ပြပါကုန်ပစ္စည်းများအတွက် သွင်း ကုန်လိုင်စင်လျှောက်ထားရာတွင်လည်းကောင်း၊သွင်း ကုန်ကြေညာလွှာဖွင့်လှစ်ရာတွင်လည်းကောင်း လာမည့် ဩဂုတ်လ (၁၂)ရက်နေ့မှစ၍ ကုန်စည်အလိုက် သတ်မှတ်ထားသည့် သွင်းကုန်ရည်ညွှန်းဈေးနှုန်းအတွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ သွင်းကုန်ရည်ညွှန်းဈေးနှုန်းများကိုလည်း အခါအားလျော်စွာ ပြန်လည်သုံးသပ်၍ ပြင် ဆင်ထုတ်ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနက ဆိုထားသည်။
zawgyi version
ကုန္ပစၥည္းအမ်ိဳးေပါင္း(၃၀ဝ၀)ေက်ာ္အတြက္ သြင္းကုန္ရည္ၫႊန္းေဈးႏႈန္းမ်ား သတ္မွတ္ထားၿပီး သြင္းကုန္လိုင္စင္မ်ားကို ရည္ၫႊန္း ေဈးႏႈန္းအတြင္းသာ ေဆာင္႐ြက္ရမည္ဟုဆို
ယြန္း (NP News) - ဩဂုတ္ ၁၃
ကုန္ပစၥည္းအမ်ိဳးေပါင္း (၃၀ဝဝ) ေက်ာ္အတြက္ သြင္းကုန္ရည္ၫႊန္းေဈးႏႈန္းမ်ား သတ္မွတ္ထားၿပီး သြင္းကုန္လိုင္စင္မ်ားကို ရည္ၫႊန္းေဈးႏႈန္းအတြင္း သာ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီး ဌာနက ဩဂုတ္လ(၆)ရက္ေန႔တြင္ အသိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံအတြင္း တင္သြင္းလာသည့္ သြင္း ကုန္ပစၥည္းတန္ဖိုးမ်ား ေဈးႏႈန္းမွန္ကန္မႈရွိေစရန္ ရည္႐ြယ္၍ အထက္ပါကဲ့သို႔ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။ အေကာက္ခြန္ဦးစီးဌာနႏွင့္ ကုန္သြယ္ေရးဦးစီးဌာနတို႔ ပါဝင္ဖြဲ႕စည္းထားသည့္ သြင္းကုန္တန္ဖိုးစိ စစ္ေရးအဖြဲ႕က သြင္းကုန္ပစၥည္းမ်ား HS Code လိုင္း (၃၇၃) လိုင္း၊ ကုန္ပစၥည္းအမ်ိဳးအမည္ (၃၂၇၉) မ်ိဳးအတြက္ သြင္းကုန္ရည္ၫႊန္းေဈးႏႈန္းမ်ား စိစစ္ျပဳစုခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ သြင္းကုန္ လိုင္စင္မ်ားကို အဆိုပါရည္ၫႊန္းေဈးႏႈန္းအတိုင္း သာေဆာင္႐ြက္ရမည္ျဖစ္ၿပီး လိုက္နာမႈမရွိပါက လိုင္စင္ျပန္လည္ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။
'သြင္းကုန္လိုင္စင္ကို အဲဒီေဈးႏႈန္းအတိုင္း ေလွ်ာက္ရမယ္လို႔ေျပာထားတာပါ။ အဲဒီေဈးႏႈန္းအတိုင္းမေလွ်ာက္ထားဘူးဆိုရင္ေတာ့ လုပ္ငန္းရွင္က ျပန္တင္ရမွာေပါ့။ ကုန္ပစၥည္းအမ်ိဳးအစားအလိုက္ကို ေဈးႏႈန္းသတ္မွတ္တာက စီမံဘ႑ာရယ္၊ စီးပြားကူး သန္းရယ္ ညႇိႏႈိင္းၿပီးေတာ့ သတ္မွတ္ထားတဲ့ ေဈးႏႈန္း ေပါ့။ လိုင္စင္မွာလည္း ဒီေဈးႏႈန္းနဲ႔ေလွ်ာက္ရမယ္ဆို တာပါသလို အေကာက္ခြန္မွာ ID ရွင္းတဲ့ အခ်ိန္မွာလည္း ဒီေဈးႏႈန္းနဲ႔ပဲ ေဆာင္႐ြက္ရမွာပါ'ဟု ကုန္သြယ္ေရးဦးစီးဌာန မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အထက္ေဖာ္ျပပါကုန္ပစၥည္းမ်ားအတြက္ သြင္း ကုန္လိုင္စင္ေလွ်ာက္ထားရာတြင္လည္းေကာင္း၊သြင္း ကုန္ေၾကညာလႊာဖြင့္လွစ္ရာတြင္လည္းေကာင္း လာမည့္ ဩဂုတ္လ (၁၂)ရက္ေန႔မွစ၍ ကုန္စည္အလိုက္ သတ္မွတ္ထားသည့္ သြင္းကုန္ရည္ၫႊန္းေဈးႏႈန္းအတြင္း ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါ သြင္းကုန္ရည္ၫႊန္းေဈးႏႈန္းမ်ားကိုလည္း အခါအားေလ်ာ္စြာ ျပန္လည္သုံးသပ္၍ ျပင္ ဆင္ထုတ္ျပန္မႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ကုန္သြယ္ေရး ဦးစီးဌာနက ဆိုထားသည္။