အလုံမြို့နယ်တွင် အိမ်စီးကားတစ်စီးက YBS စောင့်နေများကို ဝင်တိုက်မိရာ (၇)ဦးဒဏ်ရာရရှိခဲ့ပြီး တချို့မှာ ဒဏ်ရာပြင်းထန်
5917
သန့်ဇင်၊ ခါရာဦး (NP News) – ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် အိမ်စီးကားတစ်စီးက ကားမှတ်တိုင်ကို ဝင်တိုက်ရာမှ ကားစောင့်နေသူ (၇)ဦး ထိခိုက်ဒဏ်ရာရပြီး တချို့မှာဒဏ်ရာပြင်းထန်ကြောင်း သံဝေဂလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ယနေ့ (ဩဂုတ်လ ၁၃ ရက်)၊ နံနက်ပိုင်း ၆ နာရီခွဲအချိန်ခန့်က ကရင်ခြံရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ ဆင်မင်းကားမှတ်တိုင်အရှေ့တွင် Caldina အမျိုးအစား အိမ်စီးကားက ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
“အလုံလမ်းဘက်က အိမ်စီးကားက လာတာ။ ရပ်နေတဲ့လူတွေကိုဝင်တိုက်တာ။ ပြီးတော့ ရပ်ထားတဲ့ Light Truck ကို ဝင်တိုက်တာ။ ဘယ်လိုဖြစ်ပြီးဝင်တိုက်တာလဲမသိဘူး။ ခြေထောက်ကျိုးသွားတဲ့လူနာကို ကျွန်တော်တို့အသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးပို့တာပါ”ဟု ၎င်းက ဆိုသည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ (၇)ဦးအနက် (၂)ဦးမှာ စိုးရိမ်ရပြီး တိုက်မိသည့် Light Truck ယာဉ်မှာလည်း ဘေးစောင်း တိမ်းမှောက်သွားကြောင်း သိရသည်။
“စုစုပေါင်း(၇)ယောက်ဒဏ်ရာရတယ်။ စိုးရိမ်ရတဲ့လူနာလည်းပါတယ်။ လူတွေတိုက်ပြီးရှောင်လိုက်တဲ့အချိန်မှာ Light Truck ကို တိုက်မိတာပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
zawgyi version
အလုံၿမိဳ႕နယ္တြင္ အိမ္စီးကားတစ္စီးက YBS ေစာင့္ေနမ်ားကို ဝင္တိုက္မိရာ (၇)ဦးဒဏ္ရာရရွိခဲ့ၿပီး တခ်ိဳ႕မွာ ဒဏ္ရာျပင္းထန္
သန႔္ဇင္၊ ခါရာဦး (NP News) – ဩဂုတ္ ၁၃
ရန္ကုန္တိုင္းေဒသႀကီး၊ အလုံၿမိဳ႕နယ္တြင္ အိမ္စီးကားတစ္စီးက ကားမွတ္တိုင္ကို ဝင္တိုက္ရာမွ ကားေစာင့္ေနသူ (၇)ဦး ထိခိုက္ဒဏ္ရာရၿပီး တခ်ိဳ႕မွာဒဏ္ရာျပင္းထန္ေၾကာင္း သံေဝဂလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ျဖစ္စဥ္မွာ ယေန႔ (ဩဂုတ္လ ၁၃ ရက္)၊ နံနက္ပိုင္း ၆ နာရီခြဲအခ်ိန္ခန႔္က ကရင္ၿခံရပ္ကြက္၊ ေအာက္ၾကည့္ျမင္တိုင္လမ္း၊ ဆင္မင္းကားမွတ္တိုင္အေရွ႕တြင္ Caldina အမ်ိဳးအစား အိမ္စီးကားက ဝင္တိုက္မိခဲ့ျခင္းျဖစ္သည္။
“အလုံလမ္းဘက္က အိမ္စီးကားက လာတာ။ ရပ္ေနတဲ့လူေတြကိုဝင္တိုက္တာ။ ၿပီးေတာ့ ရပ္ထားတဲ့ Light Truck ကို ဝင္တိုက္တာ။ ဘယ္လိုျဖစ္ၿပီးဝင္တိုက္တာလဲမသိဘူး။ ေျခေထာက္က်ိဳးသြားတဲ့လူနာကို ကြၽန္ေတာ္တို႔အသင္းက ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးပို႔တာပါ”ဟု ၎က ဆိုသည္။
အဆိုပါ ယာဥ္တိုက္မႈ ျဖစ္စဥ္တြင္ ဒဏ္ရာရရွိသူ (၇)ဦးအနက္ (၂)ဦးမွာ စိုးရိမ္ရၿပီး တိုက္မိသည့္ Light Truck ယာဥ္မွာလည္း ေဘးေစာင္း တိမ္းေမွာက္သြားေၾကာင္း သိရသည္။
“စုစုေပါင္း(၇)ေယာက္ဒဏ္ရာရတယ္။ စိုးရိမ္ရတဲ့လူနာလည္းပါတယ္။ လူေတြတိုက္ၿပီးေရွာင္လိုက္တဲ့အခ်ိန္မွာ Light Truck ကို တိုက္မိတာပါ” ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။