မြင်းခြံရှိသဘာဝဓာတ်‌ငွေ့သုံးစက်ရုံ(၂)ခု အရေးပေါ်ရပ်တန့်ခဲ့ရသည့်အတွက် ရန်ကုန်ရှိ မြို့နယ်အချို့၌ ဝန်အားလျှော့ချ၍ ဓာတ်အားဖြန့်ဖြူးနေ

 6956

NP News - သြဂုတ် ၁၃

မြင်းခြံရှိသဘာဝဓာတ်‌ငွေ့သုံးစက်ရုံ(၂)ခု အရေးပေါ်ရပ်တန့်ခဲ့ရသည့်အတွက် ရန်ကုန်ရှိ မြို့နယ်အချို့၌ ဝန်အားလျော့ချ၍ ဓာတ်အားဖြန့်ဖြူးနေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း(YESC) က ယနေ့(သြဂုတ် ၁၃ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ပို့လွှတ်နေသော V- Power သဘာဝ ဓာတ်ငွေ့သုံးစက်ရုံ(မြင်းခြံ)သည် သြဂုတ်(၁၂)ရက်နေ့ ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် စက်များအရေးပေါ်ရပ်တန့်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ Sembcorp သဘာဝ ဓာတ်အားသုံးစက်ရုံ(မြင်းခြံ)မှာလည်း သြဂုတ်(၁၂)ရက်နေ့ ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် စက်များအရေးပေါ်ရပ်တန့်ခဲ့ရသည့်အတွက် အဆိုပါဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်ပို့လွှတ်မှု(၄၉၂၀)မဂ္ဂါဝပ် နာရီခန့်လျော့နည်းလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်နိုင်မှု မရှိချိန်ကာလအတွင်း ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန်အတွက် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားဖြည့်တင်းခြင်း၊ အရေး‌ပေါ်ဝန်အားထိန်းညှိမှုများကို ဆောင်ရွက်နေကြောင်း YESC က ဆိုထားသည်။

သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် သုံးစွဲဝန်အားထက် လျှော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်းနှင့် စက်မှုဇုန်များကို ညပိုင်းတွင် လျှော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။ ထို့ကြောင့် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ျမင္းၿခံရွိသဘာဝဓာတ္‌ေငြ႕သုံးစက္႐ုံ(၂)ခု အေရးေပၚရပ္တန႔္ခဲ့ရသည့္အတြက္ ရန္ကုန္ရွိ ၿမိဳ႕နယ္အခ်ိဳ႕၌ ဝန္အားေလွ်ာ့ခ်၍ ဓာတ္အားျဖန္႔ျဖဴးေန

NP News - ၾသဂုတ္ ၁၃

ျမင္းၿခံရွိသဘာဝဓာတ္‌ေငြ႕သုံးစက္႐ုံ(၂)ခု အေရးေပၚရပ္တန႔္ခဲ့ရသည့္အတြက္ ရန္ကုန္ရွိ ၿမိဳ႕နယ္အခ်ိဳ႕၌ ဝန္အားေလ်ာ့ခ်၍ ဓာတ္အားျဖန္႔ျဖဴးေနေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေကာ္ပိုေရးရွင္း(YESC) က ယေန႔(ၾသဂုတ္ ၁၃ ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။

ႏိုင္ငံေတာ္ဓာတ္အားစနစ္အတြင္း လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ပို႔လႊတ္ေနေသာ V- Power သဘာဝ ဓာတ္ေငြ႕သုံးစက္႐ုံ(ျမင္းၿခံ)သည္ ၾသဂုတ္(၁၂)ရက္ေန႔ ၁၁ နာရီ ၂၀ မိနစ္အခ်ိန္ခန႔္တြင္ စက္မ်ားအေရးေပၚရပ္တန႔္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အလားတူ Sembcorp သဘာဝ ဓာတ္အားသုံးစက္႐ုံ(ျမင္းၿခံ)မွာလည္း ၾသဂုတ္(၁၂)ရက္ေန႔ ၁၁ နာရီ ၄၀ မိနစ္အခ်ိန္ခန႔္တြင္ စက္မ်ားအေရးေပၚရပ္တန႔္ခဲ့ရသည့္အတြက္ အဆိုပါဓာတ္အားေပးစက္မ်ားမွ ဓာတ္အားစနစ္သို႔ ထုတ္လုပ္ပို႔လႊတ္မႈ(၄၉၂၀)မဂၢါဝပ္ နာရီခန႔္ေလ်ာ့နည္းလ်က္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အဆိုပါဓာတ္အားေပးစက္မ်ားမွ ဓာတ္အားစနစ္သို႔ ထုတ္လုပ္ႏိုင္မႈ မရွိခ်ိန္ကာလအတြင္း ဓာတ္အားစနစ္တည္ၿငိမ္မႈရွိေစရန္အတြက္ ေရအားလွ်ပ္စစ္စက္႐ုံမ်ားမွ ဓာတ္အားျဖည့္တင္းျခင္း၊ အေရး‌ေပၚဝန္အားထိန္းညႇိမႈမ်ားကို ေဆာင္႐ြက္ေနေၾကာင္း YESC က ဆိုထားသည္။

သို႔ျဖစ္၍ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ သုံးစြဲဝန္အားထက္ ေလွ်ာ့ခ်၍ ဓာတ္အားျဖန႔္ျဖဴးေပးျခင္းႏွင့္ စက္မႈဇုန္မ်ားကို ညပိုင္းတြင္ ေလွ်ာ့ခ်၍ ဓာတ္အားျဖန႔္ျဖဴးေပးျခင္းမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ယာယီဓာတ္အားျပတ္ေတာက္မႈမ်ား ရွိႏိုင္မည္ျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေကာ္ပိုေရးရွင္းက အသိေပးထုတ္ျပန္ထားသည္။

Picture

Soe Moe Kyaw

14/08/2024 09:12

ffujhyjhgfgh

Related news

© 2021. All rights reserved.