ထိုင်းနိုင်ငံ၊ ခေါက်ရိုင်မှာ SUV ကားကို ပတ်လက်လှန်လိုက်တဲ့ ဆင်မကြီးရဲ့ဗီဒီယိုဖိုင် အွန်လိုင်းမှာ လူကြည့်များနေ
14285
ရောင်နီ (NP News) - သြဂုတ် ၁၅
ထိုင်းနိုင်ငံ၊ နမ့်ခွန်းရက်ချက်စီမာရှိ ခေါက်ရိုင်အမျိုးသားဥယျာဉ်မှာ သြဂုတ် ၁၂ ရက်က ရပ်ထားတဲ့ SUV ကားတစ်စီး ကို တောဆင်ရိုင်းတစ်ကောင်က နှာမောင်းနဲ့ ဆွဲမှောက်လိုက်တဲ့ဗီဒီယို အွန်လိုင်းမှာ လူကြည့်များနေပါတယ်။
အဲဒီအဖြစ်အပျက်ဟာ အများသူငှာ အပန်းဖြေစခန်းချ နေရာများစွာရှိတဲ့ ခရီးသွားနေရာ Thanarat Zone မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတတယ်။ TikTok အသုံးပြုသူ pinunkoi ဆိုတဲ့အကောင့်က အဲဒီဗီဒီယိုဖိုင်ကို တင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဖိုင်ထဲမှာ "ဆင်တစ်အုပ် အနီးနားရှိ တောအုပ်မှ ထွက်လာပြီး ကားရပ်နားရာနေရာကို ချဉ်းကပ်လာပုံ၊ နောက်တော့ ပျော်တတ်ပုံရတဲ့ ဆင်တစ်ကောင်က SUV ကားတစ်စီးကို နှာမောင်းကို အသုံးပြုပြီး နှစ်ကြိမ်တိုင်တိုင် လှန်ချ" ခဲ့တာကို မြင်တွေ့ရပါတယ်။
အဆိုပါ ဗီဒီယိုဖိုင်ဟာ ကြည့်ရှုမှု တစ်သန်းကျော် ရရှိခဲ့ပြီး ကြိုက်နှစ်သက်မှု ၃၁,၈၀၀ ကျော်၊ share ၁၀၀၀ ကျော်ထိ ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆင်မေမေနဲ့ ဆင်အုပ်လည်း အဆိုပါနေရာမှာ ထွက်ခွာသွားခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
Zawgyi Version;
ထိုင္းႏိုင္ငံ၊ ေခါက္႐ိုင္မွာ SUV ကားကို ပတ္လက္လွန္လိုက္တဲ့ ဆင္မႀကီးရဲ႕ဗီဒီယိုဖိုင္ အြန္လိုင္းမွာ လူၾကည့္မ်ားေန
ေရာင္နီ (NP News) - ၾသဂုတ္ ၁၅
ထိုင္းႏိုင္ငံ၊ နမ့္ခြန္းရက္ခ်က္စီမာရွိ ေခါက္႐ိုင္အမ်ိဳးသားဥယ်ာဥ္မွာ ၾသဂုတ္ ၁၂ ရက္က ရပ္ထားတဲ့ SUV ကားတစ္စီး ကို ေတာဆင္႐ိုင္းတစ္ေကာင္က ႏွာေမာင္းနဲ႔ ဆြဲေမွာက္လိုက္တဲ့ဗီဒီယို အြန္လိုင္းမွာ လူၾကည့္မ်ားေနပါတယ္။
အဲဒီအျဖစ္အပ်က္ဟာ အမ်ားသူငွာ အပန္းေျဖစခန္းခ် ေနရာမ်ားစြာရွိတဲ့ ခရီးသြားေနရာ Thanarat Zone မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတတယ္။ TikTok အသုံးျပဳသူ pinunkoi ဆိုတဲ့အေကာင့္က အဲဒီဗီဒီယိုဖိုင္ကို တင္ခဲ့တာျဖစ္ၿပီး ဗီဒီယိုဖိုင္ထဲမွာ "ဆင္တစ္အုပ္ အနီးနားရွိ ေတာအုပ္မွ ထြက္လာၿပီး ကားရပ္နားရာေနရာကို ခ်ဥ္းကပ္လာပုံ၊ ေနာက္ေတာ့ ေပ်ာ္တတ္ပုံရတဲ့ ဆင္တစ္ေကာင္က SUV ကားတစ္စီးကို ႏွာေမာင္းကို အသုံးျပဳၿပီး ႏွစ္ႀကိမ္တိုင္တိုင္ လွန္ခ်" ခဲ့တာကို ျမင္ေတြ႕ရပါတယ္။
အဆိုပါ ဗီဒီယိုဖိုင္ဟာ ၾကည့္ရႈမႈ တစ္သန္းေက်ာ္ ရရွိခဲ့ၿပီး ႀကိဳက္ႏွစ္သက္မႈ ၃၁,၈၀၀ ေက်ာ္၊ share ၁၀၀၀ ေက်ာ္ထိ ရရွိခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဆင္ေမေမနဲ႔ ဆင္အုပ္လည္း အဆိုပါေနရာမွာ ထြက္ခြာသြားခဲ့ၾကပါတယ္။ ဒီအျဖစ္အပ်က္ေၾကာင့္ ထိခိုက္ဒဏ္ရာရသူေတာ့ မရွိခဲ့ဘူးလို႔ သိရပါတယ္။