အမျိုးသမီးများအိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး(crushed family)
498
ဒေါက်တာလွင်သန့် (NP News) - ဩဂုတ် ၁၅
အိမ်ထောင်ရေးမှာရက်စက်မှုဆိုတာ အိမ်ထောင်ရေးပြစ်မှုဖြစ်ပါတယ်။ရက်စက်မှုဆိုတာ ကိုယ်ဆင်းရဲခြင်းသာမက၊ စိတ်ဆင်းရဲခြင်းလည်းပါပါတယ်။ စိတ်ဒုက္ခရမှုတွေဟာ ကိုယ်ထိလက်ရောက်ရိုက်နှက်တာထက်ပိုပြီးဆိုးဝါးလှပါတယ်၊ ကိုယ်ခန္ဓာ၊ ကျန်းမာရေး၊ အသက်အန္တရာယ်ကို ထိခိုက်စေတာဟာ ရက်စက်မှုများဖြစ်တယ်။ လင်နဲ့မယား၊ လျှာနဲ့သွားဆိုသလိုတစ်ခါတစ်ရံဇနီးဖြစ်သူကို ရိုက်နှက်ဆုံးမခြင်းမျိုးကို ရက်စက်မှုလို့မခေါ်ပါဘူး။ လက်ဖွဲ့ငွေက ဆယ်သိန်းကျော်ကျော်၊ လင်ယောကျာ်းက မယားကိုအသိမပေးဘဲ သုံးပစ်လိုက်တာမျိုး၊ မယားဖြစ်သူက စိတ်ဒုက္ခရောက်စေတဲ့ကြီးမားတဲ့ရက်စက်မှုဖြစ်တယ်။ မယားဖြစ်သူကို လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ ကန်ခြင်းမျိုးက ရက်စက်မှုပဲဖြစ်တယ်။ လင်ဖြစ်သူက ရက်စက်မှုတစ်ကြိမ်ကျူးလွန်ရင်ပင် ကွာရှင်းခွင့်တောင်းနိုင်ပါတယ်။အမျိုးသမီးအပေါ်အကြမ်းဖက်မှုများပပျောက်ဖို့ စုပေါင်းဆောင်ရွက်သင့်ပါတယ်။
အမျိုးသမီးအပေါ်အကြမ်းဖက်မှုအမျိုးအစားနှစ်မျိုးမှာ အိမ်တွင်းမိသားစုအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာစော်ကာမှုပဲဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပြင် လိင်ပိုင်းဆိုင်ရာနဲ့ငွေကြေးဆိုင်ရာအလွဲသုံးစားမှုများပါဝင်ပါတယ်။ အမျိုးသမီးအပေါ်အကြမ်းဖက်မှုဝေါဟာရကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်းမှာ "အမျိုးသမီးများကိုခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း (သို့မဟုတ်) လွတ်လပ်ခွင့်များ မတရာဆုံးရှုံးခြင်း အပါအဝင် ရုပ်ပိုင်းဆိုင်ရာ၊လိင်ပိုင်းဆိုင်ရာ(သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာထိခိုက်ဖွယ်ရှိတဲ့(သို့မဟုတ်)ဖြစ်ပေါ်လာနိုင်တဲ့ ကျားမကွဲပြားမှုကို အရင်းခံတဲ့အကြမ်းဖက်မှုကို ဆိုသည်"လို့ဖော်ပြပါရှိပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုအဓိကအချက်များရှိပါတယ်။အိမ်တွင်းအကြမ်းဖက်မှုရဲ့အဓိကအချက်များမှာရင်းနှီးတဲ့ဆက်ဆံရေးရှိသူများ(သို့)ရှိဖူးသူများကြားမှာဖြစ်ပွါးတဲ့အကြမ်းဖက်မှုများအကြောက်တရားများနဲ့လက်တွဲဖော်ကိုထိန်းချုပ်ဖို့ရည်ရွယ်တဲ့အပြုအမှုများပါဝင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုရာမှာ ပါးရိုက်ခြင်း၊ တွန်းထိုးခြင်း၊ တစ်စုံတစ်ခုနဲ့ထိခိုက်စေခြင်း၊ ဖိထားခြင်း၊ တစ်စုံတစ်ခုနဲ့ထိခိုက်စေခြင်း၊ လက်သီးနဲ့ထိုးခြင်း၊ လှေကားပေါ်မှတွန်းချခြင်း၊ ကန်ကျောက်ခြင်း၊ လက်ကိုလိမ်ခြင်း၊လည်ပင်းညှစ်ခြင်း၊ မီးလောင်ဒဏ်ရာရစေခြင်း၊ အရိုးကွဲအောင်ရိုက်ခြင်းနဲ့အခြားထိခိုက်ဒဏ်ရာပါဝင်တယ်။
စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှာ ငွေကြေးထိန်းချုပ်မှု၊ မိသားစု၊အပေါင်းအသင်း၊ မိတ်ဆွေများနဲ့ကင်းကွာခြင်း၊ အထီးကျန်စေခြင်း၊ စဉ်ဆက်မပြတ်အရှက်ရစေခြင်း၊ ကလေးများကို ခြိမ်းခြောက်ခြင်း (သို့မဟုတ်) ဒဏ်ရာရရှိစေဖို့ (သို့မဟုတ်) သေဆုံးဖို့အထိခြိမ်းခြောက်ခြင်းစတဲ့ အပြုအမှုများစွာပါဝင်ပါတယ်။ ငွေကြေး (သို့မဟုတ်) စီးပွါးရေးအလွဲသုံးစားမှုများအခြားသူတစ်ဦးရဲ့ငွေကြေး (သို့မဟုတ်) အခြားပိုင်ဆိုင်မှုများကို အတင်း အကျပ်ထိန်းချုပ်ခြင်း ပါဝင်တယ်။ ငွေသားခိုးယူခြင်းပါဝင်ပြီး ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်များမှာပါဝင်ခွင့်မပြုခြင်း၊ အလုပ်မလုပ်ဖို့ပိတ်ပင်တားဆီးခြင်းပါဝင်ပါတယ်။
လင်မယားကြားမှာ မုဒိန်းမှုဆိုတာရှိတယ်။ တရားဝင်ဇနီးဖြစ်ပေမယ့်ဇနီးမယားကလင်ယောကျာ်းနဲ့အတူပေါင်းသင်းဖို့အတူနေဖို့ငြင်းဆန်တာကိုလင်ယောကျာ်းကအတင်းအဓမ္မပေါင်းသင်းရင်မုဒိန်းမှုကျူးလွန်ရာရောက်ပါတယ်။ ဇနီးမယားကို မုဒိန်းမှုကျူးလွန်ရင် ထောင်ဒဏ်(၂)နှစ်ထိချမှတ်နိုင်ပါတယ်။ အရွယ်မရောက်သေးသူကို သားမယားအဖြစ်ပြုကျင့်ရင် မုဒိန်းမှုကျူးလွန်ရာဖြစ်လို့ ထောင်ဒဏ်အနှစ်(၂၀) (သို့မဟုတ်) ထောင်ဒဏ်တစ် သက်(သို့မဟုတ်) ထောင်ဒဏ်အနှစ်(၂၀)ချမှတ်နိုင်ပါတယ်။ အသက်(၁၆) နှစ်မိန်းကလေးအလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ပေါင်းသင်းရင်မုဒိန်းမှုကျူးလွန်ရာရောက်ပါတယ်။ အမျိုးသမီးတစ်ယောက်အပေါ်လက်ထပ် ထိမ်းမြားပါမယ်ပြောပြီး ကာမလိမ်လည်ပေါင်းသင်းရင် ရာဇဝတ်မှုမြောက်ပြီး ဥပဒေပုဒ်မ(၄၁၇)အရ၊ (၃)နှစ်အထိထောင်ဒဏ်ချမှတ်ခြင်းခံရနိုင်ပါတယ်။
လင်မယားရန်ဖြစ်ပြီး ကိုယ်ထိလက်ရောက်ရိုက်နှက်ရင် သာမန်ဒဏ်ရာကို ထောင်ဒဏ်(၁)နှစ်ချမှတ်နိုင်ပါတယ်။ ချွန်ထက်တဲ့လက်နက်နဲ့ကျူးလွန်တယ်ဆိုရင် ထောင်ဒဏ်(၃)နှစ်ချမှတ်တယ်။ အပြင်းအထန်နာကျင်စေမှုများ ထောင်ဒဏ်(၇)နှစ်အထိချမှတ်နိုင်ပါတယ်။ အသုံးပြုတဲ့လက်နက်ကချွန်ထက်ရင် ထောင်ဒဏ်နှစ်(၂၀)ထိချမှတ်နိုင်ပါတယ်။ မိသား စုအကြမ်းဖက်မှုဆိုတာ မိသားစုများကြားမှာအကြမ်းဖက်မှုနဲ့ရင်းနှီးတဲ့လက်တွဲဖော်ကြားမှ အကြမ်းဖက်မှုကို ရည်ညွှန်းတဲ့ပိုမိုကျယ်ပြန်တဲ့အသုံးအနူန်းဖြစ်တယ်။ မိသားစုအကြမ်းဖက်မှုနဲ့အသွင်ပြင်က အိမ်တွင်းအကြမ်းဖက်မှုလိုပဲ ပြစ်မှုကျူးလွန်တယ်။ မိသားစုအကြမ်းဖက်ခြင်းဟာ အကြမ်းဖက်မှု ဖြစ်ပွါးနိုင်တဲ့အိမ်ထောင်ရေးအပြင် ဆွေမျိုးသားချင်းဆက်ဆံရေးထိကျယ် ပြန့်စွာပါဝင်ပါတယ်။
အကြမ်းဖက်မှုဖြစ်ပွါးရတဲ့အကြောင်းရင်းမှာ အရက်မူးယစ်ဆေးဝါးကအခြေခံပါတယ်။ လူသားတို့ရဲ့ဆင့်ကဲဖြစ်စဉ်အရ ယောကျာ်းက ခွန်အားကြီးပြီး ဝင်ငွေရှာသူ(အိမ်ထောင်ဦးစီး)ဖြစ်ပြီး ဇနီးလုပ်သူများ(မှီခို)ဖြစ်တယ်။အရက်ဟာ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုများရဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်။ အရက်အလွန်အကျွံသောက်သုံးခြင်းရဲ့အကြမ်းဖက်ဆက်နွှယ်မှုဟာ ဇီဝကမ္မ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ လူမှုယဉ်ကျေးမှုဆိုင်ရာအချက်တွေပါဝင်တဲ့ရှုပ်ထွေးမှုတစ်ခုဖြစ်တယ်။ အရက်မသောက်ထားပေးမယ့် လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်ပွားတတ်တယ်။ အရက်အလွန်အကျွံသောက်သုံးပါကပြင်းထန်တဲ့အပြုအမူများဖြစ်ပွားခြင်း၊ ရင်နှီးတဲ့အဖော်တို့နဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ပွားလေ့ရှိပါတယ်။
တစ်လင်တစ်မယားဥပဒေပေါ်လာပြီး အပြစ်မရှိတဲ့ယောကျာ်းအချို့ထောင်နန်းစံကြရပါတယ်။ ယခင်က ယောကျာ်းကောင်း၊ မောင်မတစ်ထောင်စကားဟာ တစ်လင်တစ်မယားဥပဒေကြားမှာကွယ်ပျောက်သွားရတယ်။ မယားတွေကမတိုင်ပဲ ဆွေမျိုးတွေကတိုင်တယ်ဆိုရင်လည်း တစ်လင်တစ်မယားဥပဒေအရ အရေးယူခံရပါတယ်။ အမျိုးသားနဲ့အမျိုးသမီးဆရာဝန်စုံတွဲရှိရာအမျိုးသမီးက(US)ထွက် ပညာရှာတယ်။ အမျိုးသားကိုဆေးကုမ္ပဏီအရောက်စာရေးမက အတည်ကြံစည်တယ်။ စာချုပ်နဲ့ပေါင်း သင်းခြင်းမျိုးမရှိပဲ အမျိုးသမီးကိုယ်တိုင်ခွင့်လွှတ်ထားပေမယ့် အမျိုးသမီးဆွေမျိုးတို့မှ တစ်လင်တစ်မယားဥပဒေနဲ့ရင်ဆိုင်ကြရပါတယ်။ နှစ်ယောက် လုံးထောင်ကျပါတယ်။
အမျိုးသားနဲ့အမျိုးသမီးက နှစ်ဦးသဘောတူလမ်းခွဲသွားတယ်။ စာချုပ်မရှိဘူး။ အမျိုးသားဖြစ်သူကနောက်အိမ်တောင်ပြုမယ်ဆိုတဲ့အခါ ယခင်မယားကြီးက လက်မှတ်မထိုးပေးပါဘူး။ ဒါဆိုလည်း ရှေ့ဆက်တိုးရင် တစ်လင်တစ်မယားဥပဒေနဲ့အရေးယူခံရနိုင်လို့ လက်မထပ်ပဲအတူနေ(Living together)တွေ၊ သီခြားနေ(Seperated)ပေါ်လာပါတယ်။ မြန်မာထုံးထမ်းစဉ်လာဥပဒေထဲအကျုံးဝင်နေပါတယ်။ လက်ထပ်စာချုပ်မရှိပေမယ့်၊ပုဆိုးတန်းတင်အကြင်လင်မယား(သို့မဟုတ်) အရပ်ကလင်မယားလို့သတ်မှတ်ခံရရင် အိမ်ထောင်ကျတယ်လို့ဆိုရမှာဖြစ်တယ်။
မြန်မာနိုင်ငံမှာအမျိုးသမီးများခွဲခြားဆက်ဆံမှုမရှိစေရေး၊ ကျားမတန်း တူညီမျှခြင်းမှာအထောက်ကူပြုစေဖို့၊ အမျိုးသမီးကိုစွမ်းဆောင်ရည်မြှင့်တင်ပေးရေး၊ ကျားမဆိုင်ရာအခြေပြုအကြမ်းဖက်မှုများကာကွယ်တဲ့ ဥပဒေများကို မူဝါဒများချမှတ်အကောင်ထည်ဖော်ရေး၊ ကိုယ်ဝန်ဆောင်အပါဝင်အမျိုးသမီးဆိုင်ရာအခွင့်အရေများအတွက်ဥပဒေများပြဋ္ဌာန်းပေးရေးစတာတို့နဲ့ပတ်သက်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဟာ မူဝါဒများ၊ လုပ်ငန်းစီမံကိန်းများချမှတ်ဆောင်ရွက်လျက်ရှိတယ်။ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ဖို့အတွက် ပြည်သူလူထုဗဟိုပြုကာ အမှန်တကယ်အကျိုးဖြစ်ထွန်းစေမယ့်လုပ်ငန်းများကို ဖော်ဆောင်လျက်ရှိပါတယ်။
အိမ်ထောင်ပြုတယ်ဆိုတာ ဆွေမျိုးမတော်၊ သွေးမတော်၊ သားမစပ်တဲ့လူနှစ်ယောက်တစ်သက်လုံးလက်တွဲဖြေရှင်းဖို့ မိသားစုတစ်ခုတည်ထောင်တာဖြစ်လို့ အကြောင်းဆက်လို့ ပေါင်းဖက်ကြတာဖြစ်တယ်။ မောင်တစ်ထမ်းမယ်တစ်ရွက်စီးပွားရှာကြတယ်။ ဆိုးတူကောင်းဖက်လက်တွဲလုပ်မယ်ရည်ရွယ်ပြီး မျိုးရိုးကိုအခြေခံအမွေစားအမွေခံသားသမီးများ မွေးဖွားလာစေဖို့ ဖြစ်တယ်။ မေတ္တာတရားနဲ့ပေါင်စည်းထားတဲ့ အိမ်ထောင်တွေသာ ရေရှည်တည်မြဲကြပါတယ်။ အဲဒီလိုမိသားစုမှထူးချွန်တဲ့သားသမီးတွေခေါင်းဆောင်ကောင်းတွေပေါ်ထွန်းလာတတ်ပါတယ်။
zawgyi version
အမ်ိဳးသမီးမ်ားအိမ္တြင္းအၾကမ္းဖက္မႈပေပ်ာက္ေရး(crushed family)
ေဒါက္တာလြင္သန႔္ (NP News) - ဩဂုတ္ ၁၅
အိမ္ေထာင္ေရးမွာရက္စက္မႈဆိုတာ အိမ္ေထာင္ေရးျပစ္မႈျဖစ္ပါတယ္။ရက္စက္မႈဆိုတာ ကိုယ္ဆင္းရဲျခင္းသာမက၊ စိတ္ဆင္းရဲျခင္းလည္းပါပါတယ္။ စိတ္ဒုကၡရမႈေတြဟာ ကိုယ္ထိလက္ေရာက္႐ိုက္ႏွက္တာထက္ပိုၿပီးဆိုးဝါးလွပါတယ္၊ ကိုယ္ခႏၶာ၊ က်န္းမာေရး၊ အသက္အႏၲရာယ္ကို ထိခိုက္ေစတာဟာ ရက္စက္မႈမ်ားျဖစ္တယ္။ လင္နဲ႔မယား၊ လွ်ာနဲ႔သြားဆိုသလိုတစ္ခါတစ္ရံဇနီးျဖစ္သူကို ႐ိုက္ႏွက္ဆုံးမျခင္းမ်ိဳးကို ရက္စက္မႈလို႔မေခၚပါဘူး။ လက္ဖြဲ႕ေငြက ဆယ္သိန္းေက်ာ္ေက်ာ္၊ လင္ေယာက်ာ္းက မယားကိုအသိမေပးဘဲ သုံးပစ္လိုက္တာမ်ိဳး၊ မယားျဖစ္သူက စိတ္ဒုကၡေရာက္ေစတဲ့ႀကီးမားတဲ့ရက္စက္မႈျဖစ္တယ္။ မယားျဖစ္သူကို လက္သီးနဲ႔ထိုး၊ ေျခေထာက္နဲ႔ ကန္ျခင္းမ်ိဳးက ရက္စက္မႈပဲျဖစ္တယ္။ လင္ျဖစ္သူက ရက္စက္မႈတစ္ႀကိမ္က်ဴးလြန္ရင္ပင္ ကြာရွင္းခြင့္ေတာင္းႏိုင္ပါတယ္။အမ်ိဳးသမီးအေပၚအၾကမ္းဖက္မႈမ်ားပေပ်ာက္ဖို႔ စုေပါင္းေဆာင္႐ြက္သင့္ပါတယ္။
အမ်ိဳးသမီးအေပၚအၾကမ္းဖက္မႈအမ်ိဳးအစားႏွစ္မ်ိဳးမွာ အိမ္တြင္းမိသားစုအၾကမ္းဖက္မႈနဲ႔ လိင္ပိုင္းဆိုင္ရာေစာ္ကာမႈပဲျဖစ္တယ္။ ႐ုပ္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈအျပင္ လိင္ပိုင္းဆိုင္ရာနဲ႔ေငြေၾကးဆိုင္ရာအလြဲသုံးစားမႈမ်ားပါဝင္ပါတယ္။ အမ်ိဳးသမီးအေပၚအၾကမ္းဖက္မႈေဝါဟာရကို အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈပေပ်ာက္ေရးဆိုင္ရာ ကုလသမဂၢေၾကညာစာတမ္းမွာ "အမ်ိဳးသမီးမ်ားကိုၿခိမ္းေျခာက္ျခင္း၊ အက်ပ္ကိုင္ျခင္း (သို႔မဟုတ္) လြတ္လပ္ခြင့္မ်ား မတရာဆုံးရႈံးျခင္း အပါအဝင္ ႐ုပ္ပိုင္းဆိုင္ရာ၊လိင္ပိုင္းဆိုင္ရာ(သို႔မဟုတ္) စိတ္ပိုင္းဆိုင္ရာထိခိုက္ဖြယ္ရွိတဲ့(သို႔မဟုတ္)ျဖစ္ေပၚလာႏိုင္တဲ့ က်ားမကြဲျပားမႈကို အရင္းခံတဲ့အၾကမ္းဖက္မႈကို ဆိုသည္"လို႔ေဖာ္ျပပါရွိပါတယ္။
အိမ္တြင္းအၾကမ္းဖက္မႈအဓိကအခ်က္မ်ားရွိပါတယ္။အိမ္တြင္းအၾကမ္းဖက္မႈရဲ႕အဓိကအခ်က္မ်ားမွာရင္းႏွီးတဲ့ဆက္ဆံေရးရွိသူမ်ား(သို႔)ရွိဖူးသူမ်ားၾကားမွာျဖစ္ပြါးတဲ့အၾကမ္းဖက္မႈမ်ားအေၾကာက္တရားမ်ားနဲ႔လက္တြဲေဖာ္ကိုထိန္းခ်ဳပ္ဖို႔ရည္႐ြယ္တဲ့အျပဳအမႈမ်ားပါဝင္ပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈဆိုရာမွာ ပါး႐ိုက္ျခင္း၊ တြန္းထိုးျခင္း၊ တစ္စုံတစ္ခုနဲ႔ထိခိုက္ေစျခင္း၊ ဖိထားျခင္း၊ တစ္စုံတစ္ခုနဲ႔ထိခိုက္ေစျခင္း၊ လက္သီးနဲ႔ထိုးျခင္း၊ ေလွကားေပၚမွတြန္းခ်ျခင္း၊ ကန္ေက်ာက္ျခင္း၊ လက္ကိုလိမ္ျခင္း၊လည္ပင္းညႇစ္ျခင္း၊ မီးေလာင္ဒဏ္ရာရေစျခင္း၊ အ႐ိုးကြဲေအာင္႐ိုက္ျခင္းနဲ႔အျခားထိခိုက္ဒဏ္ရာပါဝင္တယ္။
စိတ္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈမွာ ေငြေၾကးထိန္းခ်ဳပ္မႈ၊ မိသားစု၊အေပါင္းအသင္း၊ မိတ္ေဆြမ်ားနဲ႔ကင္းကြာျခင္း၊ အထီးက်န္ေစျခင္း၊ စဥ္ဆက္မျပတ္အရွက္ရေစျခင္း၊ ကေလးမ်ားကို ၿခိမ္းေျခာက္ျခင္း (သို႔မဟုတ္) ဒဏ္ရာရရွိေစဖို႔ (သို႔မဟုတ္) ေသဆုံးဖို႔အထိၿခိမ္းေျခာက္ျခင္းစတဲ့ အျပဳအမႈမ်ားစြာပါဝင္ပါတယ္။ ေငြေၾကး (သို႔မဟုတ္) စီးပြါးေရးအလြဲသုံးစားမႈမ်ားအျခားသူတစ္ဦးရဲ႕ေငြေၾကး (သို႔မဟုတ္) အျခားပိုင္ဆိုင္မႈမ်ားကို အတင္း အက်ပ္ထိန္းခ်ဳပ္ျခင္း ပါဝင္တယ္။ ေငြသားခိုးယူျခင္းပါဝင္ၿပီး ေငြေၾကးဆိုင္ရာဆုံးျဖတ္ခ်က္မ်ားမွာပါဝင္ခြင့္မျပဳျခင္း၊ အလုပ္မလုပ္ဖို႔ပိတ္ပင္တားဆီးျခင္းပါဝင္ပါတယ္။
လင္မယားၾကားမွာ မုဒိန္းမႈဆိုတာရွိတယ္။ တရားဝင္ဇနီးျဖစ္ေပမယ့္ဇနီးမယားကလင္ေယာက်ာ္းနဲ႔အတူေပါင္းသင္းဖို႔အတူေနဖို႔ျငင္းဆန္တာကိုလင္ေယာက်ာ္းကအတင္းအဓမၼေပါင္းသင္းရင္မုဒိန္းမႈက်ဴးလြန္ရာေရာက္ပါတယ္။ ဇနီးမယားကို မုဒိန္းမႈက်ဴးလြန္ရင္ ေထာင္ဒဏ္(၂)ႏွစ္ထိခ်မွတ္ႏိုင္ပါတယ္။ အ႐ြယ္မေရာက္ေသးသူကို သားမယားအျဖစ္ျပဳက်င့္ရင္ မုဒိန္းမႈက်ဴးလြန္ရာျဖစ္လို႔ ေထာင္ဒဏ္အႏွစ္(၂၀) (သို႔မဟုတ္) ေထာင္ဒဏ္တစ္ သက္(သို႔မဟုတ္) ေထာင္ဒဏ္အႏွစ္(၂၀)ခ်မွတ္ႏိုင္ပါတယ္။ အသက္(၁၆) ႏွစ္မိန္းကေလးအလိုတူသည္ျဖစ္ေစ၊ မတူသည္ျဖစ္ေစ၊ ေပါင္းသင္းရင္မုဒိန္းမႈက်ဴးလြန္ရာေရာက္ပါတယ္။ အမ်ိဳးသမီးတစ္ေယာက္အေပၚလက္ထပ္ ထိမ္းျမားပါမယ္ေျပာၿပီး ကာမလိမ္လည္ေပါင္းသင္းရင္ ရာဇဝတ္မႈေျမာက္ၿပီး ဥပေဒပုဒ္မ(၄၁၇)အရ၊ (၃)ႏွစ္အထိေထာင္ဒဏ္ခ်မွတ္ျခင္းခံရႏိုင္ပါတယ္။
လင္မယားရန္ျဖစ္ၿပီး ကိုယ္ထိလက္ေရာက္႐ိုက္ႏွက္ရင္ သာမန္ဒဏ္ရာကို ေထာင္ဒဏ္(၁)ႏွစ္ခ်မွတ္ႏိုင္ပါတယ္။ ခြၽန္ထက္တဲ့လက္နက္နဲ႔က်ဴးလြန္တယ္ဆိုရင္ ေထာင္ဒဏ္(၃)ႏွစ္ခ်မွတ္တယ္။ အျပင္းအထန္နာက်င္ေစမႈမ်ား ေထာင္ဒဏ္(၇)ႏွစ္အထိခ်မွတ္ႏိုင္ပါတယ္။ အသုံးျပဳတဲ့လက္နက္ကခြၽန္ထက္ရင္ ေထာင္ဒဏ္ႏွစ္(၂၀)ထိခ်မွတ္ႏိုင္ပါတယ္။ မိသား စုအၾကမ္းဖက္မႈဆိုတာ မိသားစုမ်ားၾကားမွာအၾကမ္းဖက္မႈနဲ႔ရင္းႏွီးတဲ့လက္တြဲေဖာ္ၾကားမွ အၾကမ္းဖက္မႈကို ရည္ၫႊန္းတဲ့ပိုမိုက်ယ္ျပန္တဲ့အသုံးအႏူန္းျဖစ္တယ္။ မိသားစုအၾကမ္းဖက္မႈနဲ႔အသြင္ျပင္က အိမ္တြင္းအၾကမ္းဖက္မႈလိုပဲ ျပစ္မႈက်ဴးလြန္တယ္။ မိသားစုအၾကမ္းဖက္ျခင္းဟာ အၾကမ္းဖက္မႈ ျဖစ္ပြါးႏိုင္တဲ့အိမ္ေထာင္ေရးအျပင္ ေဆြမ်ိဳးသားခ်င္းဆက္ဆံေရးထိက်ယ္ ျပန႔္စြာပါဝင္ပါတယ္။
အၾကမ္းဖက္မႈျဖစ္ပြါးရတဲ့အေၾကာင္းရင္းမွာ အရက္မူးယစ္ေဆးဝါးကအေျခခံပါတယ္။ လူသားတို႔ရဲ႕ဆင့္ကဲျဖစ္စဥ္အရ ေယာက်ာ္းက ခြန္အားႀကီးၿပီး ဝင္ေငြရွာသူ(အိမ္ေထာင္ဦးစီး)ျဖစ္ၿပီး ဇနီးလုပ္သူမ်ား(မွီခို)ျဖစ္တယ္။အရက္ဟာ အမ်ိဳးသမီးေတြအေပၚအၾကမ္းဖက္မႈမ်ားရဲ႕အေၾကာင္းရင္းတစ္ခုျဖစ္တယ္။ အရက္အလြန္အကြၽံေသာက္သုံးျခင္းရဲ႕အၾကမ္းဖက္ဆက္ႏႊယ္မႈဟာ ဇီဝကမၼ၊ စိတ္ပိုင္းဆိုင္ရာ နဲ႔ လူမႈယဥ္ေက်းမႈဆိုင္ရာအခ်က္ေတြပါဝင္တဲ့ရႈပ္ေထြးမႈတစ္ခုျဖစ္တယ္။ အရက္မေသာက္ထားေပးမယ့္ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈျဖစ္ပြားတတ္တယ္။ အရက္အလြန္အကြၽံေသာက္သုံးပါကျပင္းထန္တဲ့အျပဳအမူမ်ားျဖစ္ပြားျခင္း၊ ရင္ႏွီးတဲ့အေဖာ္တို႔နဲ႔လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈျဖစ္ပြားေလ့ရွိပါတယ္။
တစ္လင္တစ္မယားဥပေဒေပၚလာၿပီး အျပစ္မရွိတဲ့ေယာက်ာ္းအခ်ိဳ႕ေထာင္နန္းစံၾကရပါတယ္။ ယခင္က ေယာက်ာ္းေကာင္း၊ ေမာင္မတစ္ေထာင္စကားဟာ တစ္လင္တစ္မယားဥပေဒၾကားမွာကြယ္ေပ်ာက္သြားရတယ္။ မယားေတြကမတိုင္ပဲ ေဆြမ်ိဳးေတြကတိုင္တယ္ဆိုရင္လည္း တစ္လင္တစ္မယားဥပေဒအရ အေရးယူခံရပါတယ္။ အမ်ိဳးသားနဲ႔အမ်ိဳးသမီးဆရာဝန္စုံတြဲရွိရာအမ်ိဳးသမီးက(US)ထြက္ ပညာရွာတယ္။ အမ်ိဳးသားကိုေဆးကုမၸဏီအေရာက္စာေရးမက အတည္ႀကံစည္တယ္။ စာခ်ဳပ္နဲ႔ေပါင္း သင္းျခင္းမ်ိဳးမရွိပဲ အမ်ိဳးသမီးကိုယ္တိုင္ခြင့္လႊတ္ထားေပမယ့္ အမ်ိဳးသမီးေဆြမ်ိဳးတို႔မွ တစ္လင္တစ္မယားဥပေဒနဲ႔ရင္ဆိုင္ၾကရပါတယ္။ ႏွစ္ေယာက္ လုံးေထာင္က်ပါတယ္။
အမ်ိဳးသားနဲ႔အမ်ိဳးသမီးက ႏွစ္ဦးသေဘာတူလမ္းခြဲသြားတယ္။ စာခ်ဳပ္မရွိဘူး။ အမ်ိဳးသားျဖစ္သူကေနာက္အိမ္ေတာင္ျပဳမယ္ဆိုတဲ့အခါ ယခင္မယားႀကီးက လက္မွတ္မထိုးေပးပါဘူး။ ဒါဆိုလည္း ေရွ႕ဆက္တိုးရင္ တစ္လင္တစ္မယားဥပေဒနဲ႔အေရးယူခံရႏိုင္လို႔ လက္မထပ္ပဲအတူေန(Living together)ေတြ၊ သီျခားေန(Seperated)ေပၚလာပါတယ္။ ျမန္မာထုံးထမ္းစဥ္လာဥပေဒထဲအက်ဳံးဝင္ေနပါတယ္။ လက္ထပ္စာခ်ဳပ္မရွိေပမယ့္၊ပုဆိုးတန္းတင္အၾကင္လင္မယား(သို႔မဟုတ္) အရပ္ကလင္မယားလို႔သတ္မွတ္ခံရရင္ အိမ္ေထာင္က်တယ္လို႔ဆိုရမွာျဖစ္တယ္။
ျမန္မာႏိုင္ငံမွာအမ်ိဳးသမီးမ်ားခြဲျခားဆက္ဆံမႈမရွိေစေရး၊ က်ားမတန္း တူညီမွ်ျခင္းမွာအေထာက္ကူျပဳေစဖို႔၊ အမ်ိဳးသမီးကိုစြမ္းေဆာင္ရည္ျမႇင့္တင္ေပးေရး၊ က်ားမဆိုင္ရာအေျချပဳအၾကမ္းဖက္မႈမ်ားကာကြယ္တဲ့ ဥပေဒမ်ားကို မူဝါဒမ်ားခ်မွတ္အေကာင္ထည္ေဖာ္ေရး၊ ကိုယ္ဝန္ေဆာင္အပါဝင္အမ်ိဳးသမီးဆိုင္ရာအခြင့္အေရမ်ားအတြက္ဥပေဒမ်ားျပ႒ာန္းေပးေရးစတာတို႔နဲ႔ပတ္သက္လို႔ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရး ႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနဟာ မူဝါဒမ်ား၊ လုပ္ငန္းစီမံကိန္းမ်ားခ်မွတ္ေဆာင္႐ြက္လ်က္ရွိတယ္။ အမ်ိဳးသမီးမ်ားအေပၚအၾကမ္းဖက္မႈမ်ားမွ တားဆီးကာကြယ္ဖို႔အတြက္ ျပည္သူလူထုဗဟိုျပဳကာ အမွန္တကယ္အက်ိဳးျဖစ္ထြန္းေစမယ့္လုပ္ငန္းမ်ားကို ေဖာ္ေဆာင္လ်က္ရွိပါတယ္။
အိမ္ေထာင္ျပဳတယ္ဆိုတာ ေဆြမ်ိဳးမေတာ္၊ ေသြးမေတာ္၊ သားမစပ္တဲ့လူႏွစ္ေယာက္တစ္သက္လုံးလက္တြဲေျဖရွင္းဖို႔ မိသားစုတစ္ခုတည္ေထာင္တာျဖစ္လို႔ အေၾကာင္းဆက္လို႔ ေပါင္းဖက္ၾကတာျဖစ္တယ္။ ေမာင္တစ္ထမ္းမယ္တစ္႐ြက္စီးပြားရွာၾကတယ္။ ဆိုးတူေကာင္းဖက္လက္တြဲလုပ္မယ္ရည္႐ြယ္ၿပီး မ်ိဳး႐ိုးကိုအေျခခံအေမြစားအေမြခံသားသမီးမ်ား ေမြးဖြားလာေစဖို႔ ျဖစ္တယ္။ ေမတၱာတရားနဲ႔ေပါင္စည္းထားတဲ့ အိမ္ေထာင္ေတြသာ ေရရွည္တည္ၿမဲၾကပါတယ္။ အဲဒီလိုမိသားစုမွထူးခြၽန္တဲ့သားသမီးေတြေခါင္းေဆာင္ေကာင္းေတြေပၚထြန္းလာတတ္ပါတယ္။