မြန်မာ့သမိုင်းအယူအဆများကို ကျောင်းသုံးစာအုပ်များတွင် ပြန်လည်ထည့်သွင်းကာ အသစ်ပြင်ဆင်နေ
850
ယွန်း (NP News) - ဩဂုတ် ၁၅
မြန်မာ့သမိုင်းအယူအဆများကို ကျောင်းသုံးစာအုပ်များတွင် ပြန်လည်ထည့်သွင်းကာ အသစ်ပြင်ဆင်နေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ယခုရက်ပိုင်းတွင် အမျိုးသားပြတိုက်(ရန်ကုန်)၌ ကျင်းပခဲ့သည့် ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။
ကျောင်းသားလူငယ်များအနေဖြင့် အစဉ်အလာကောင်းသည့် မြန်မာ့သမိုင်းကို ပြည့်စုံစွာအမှန်အတိုင်း သိရှိနိုင်ရေးအတွက် ကျောင်းသုံးစာအုပ်များ၌ မပြည့်စုံသေးသော မြန်မာ့သမိုင်းဆိုင်ရာအမှားများ၊ လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်ဖြည့်စွက်ပေးရန် ပြည် ထောင်စုဝန်ကြီးက အသိပေးပြောကြားသည်။
ထို့ပြင် မြန်မာ့သမိုင်း၌ ယခင်ကတည်းကရှိခဲ့သော မြန်မာအစတကောင်းကဆိုသော အယူအဆ၊ ပျူခေတ်နှင့်ပုဂံခေတ် တစ်ဆက်တည်းရှိခဲ့သည်ဟူ သော အယူအဆကဲ့သို့ စစ်မှန်သည့် မြန်မာ့သမိုင်းအယူအဆများကို ကျောင်းသုံးစာအုပ်များတွင် ပြန်လည်ထည့်သွင်းကာ အသစ်ပြင်ဆင်သွားရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြင်ဆင်မှုများကို ဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် မြန်မာ့သမိုင်းအဖွဲ့ ဖွဲ့စည်း၍ သမိုင်းကြောင်းဆိုင်ရာများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
‘အခုက ပညာရေးကာလက ကျောင်းတက်ရာသီ အသစ်မဟုတ်သေးတော့ ပြင်ဆင်လို့မရသေးဘူး။ ပြင်ဆင်ပြီး တော့ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးဆောင်ရွက်မယ်။ သမိုင်းဆိုင်ရာအချက်အလက်တွေ ကိုပြုစုမယ်။ ကျောင်း သား၊ ကျောင်းသူတွေကနေပြီးတော့ မြန်မာ့သမိုင်းနဲ့ပတ်သက်ပြီး မျိုးချစ်စိတ်ဓာတ်တွေ၊ မြန်မာအစတွေကိုသိအောင် ပြဋ္ဌာန်းပြီးတော့ အဆင့်ဆင့်ဆောင်ရွက်သွားမှာပေါ့။ ယဉ်ကျေးမှုဝန်ကြီးဌာနမှာ သမိုင်းသုတေသနနဲ့ အမျိုးသားစာ ကြည့်တိုက် ဦးစီးဌာနဆိုတာရှိတယ်။ သမိုင်းကြောင်းနဲ့ပတ်သက်ပြီး အဲဒီဦးစီးဌာနကနေ လုပ်ငန်းတာဝန် တစ်ရပ် အနေနဲ့ ဆောင်ရွက်နေတာတွေရှိတယ်။ ပညာရေးဆိုင်ရာ ကိစ္စဖြစ်တဲ့အတွက် မြန်မာ့သမိုင်းဆိုင်ရာအချက်အလက်တွေကို ပညာရေးဝန်ကြီးဌာနတွေက ကျောင်းသုံးစာအုပ်တွေကို အတည်ပြုတာလေ။ ပူးပေါင်းဆောင်ရွက်ရမယ့် အပိုင်းတွေရှိတယ်။ ပြင်ဆင်လျက်ရှိပါတယ်’ ဟု သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအာကာကျော်က NP News ကို ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မြန်မာသမိုင်းအဖွဲ့က ရေးသားပြုစုလျက်ရှိရာ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ဆက်စပ်လျက်ရှိသည့် လူဆင့်ကဲဖြစ်စဉ်ကာလ သမိုင်းစဉ်၊ ကျောက်ခေတ်ကာလ သမိုင်းစဉ်၊ ကြေးခေတ်၊ သံခေတ်ကာလသမိုင်းစဉ်၊ သမိုင်းတင်ခေတ် ဦးပိုင်း၊ပျူခေတ်ကာလသမိုင်းစဉ်တို့နှင့်ပတ်သက်၍ မူကြမ်းပြုစုရေးသားပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
zawgyi version
ျမန္မာ့သမိုင္းအယူအဆမ်ားကို ေက်ာင္းသုံးစာအုပ္မ်ားတြင္ ျပန္လည္ထည့္သြင္းကာ အသစ္ျပင္ဆင္ေန
ယြန္း (NP News) - ဩဂုတ္ ၁၅
ျမန္မာ့သမိုင္းအယူအဆမ်ားကို ေက်ာင္းသုံးစာအုပ္မ်ားတြင္ ျပန္လည္ထည့္သြင္းကာ အသစ္ျပင္ဆင္ေနေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈ ဝန္ႀကီးဌာနထံမွ သိရသည္။
သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ဦးလြင္က ယခုရက္ပိုင္းတြင္ အမ်ိဳးသားျပတိုက္(ရန္ကုန္)၌ က်င္းပခဲ့သည့္ ပ်ဴေခတ္ဆိုင္ရာ အေထာက္အထားအခ်က္အလက္ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ေျပာဆိုထားျခင္းျဖစ္သည္။
ေက်ာင္းသားလူငယ္မ်ားအေနျဖင့္ အစဥ္အလာေကာင္းသည့္ ျမန္မာ့သမိုင္းကို ျပည့္စုံစြာအမွန္အတိုင္း သိရွိႏိုင္ေရးအတြက္ ေက်ာင္းသုံးစာအုပ္မ်ား၌ မျပည့္စုံေသးေသာ ျမန္မာ့သမိုင္းဆိုင္ရာအမွားမ်ား၊ လိုအပ္ခ်က္မ်ားကို ျပန္လည္ျပင္ဆင္ျဖည့္စြက္ေပးရန္ ျပည္ ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားသည္။
ထို႔ျပင္ ျမန္မာ့သမိုင္း၌ ယခင္ကတည္းကရွိခဲ့ေသာ ျမန္မာအစတေကာင္းကဆိုေသာ အယူအဆ၊ ပ်ဴေခတ္ႏွင့္ပုဂံေခတ္ တစ္ဆက္တည္းရွိခဲ့သည္ဟူ ေသာ အယူအဆကဲ့သို႔ စစ္မွန္သည့္ ျမန္မာ့သမိုင္းအယူအဆမ်ားကို ေက်ာင္းသုံးစာအုပ္မ်ားတြင္ ျပန္လည္ထည့္သြင္းကာ အသစ္ျပင္ဆင္သြားရမည္ ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ျပင္ဆင္မႈမ်ားကို ဝန္ႀကီးဌာနအေနျဖင့္ ပညာေရးဝန္ႀကီးဌာနႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ၿပီး လက္ရွိတြင္ ျမန္မာ့သမိုင္းအဖြဲ႕ ဖြဲ႕စည္း၍ သမိုင္းေၾကာင္းဆိုင္ရာမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
‘အခုက ပညာေရးကာလက ေက်ာင္းတက္ရာသီ အသစ္မဟုတ္ေသးေတာ့ ျပင္ဆင္လို႔မရေသးဘူး။ ျပင္ဆင္ၿပီး ေတာ့ ပညာေရးဝန္ႀကီးဌာနနဲ႔ ပူးေပါင္းၿပီးေဆာင္႐ြက္မယ္။ သမိုင္းဆိုင္ရာအခ်က္အလက္ေတြ ကိုျပဳစုမယ္။ ေက်ာင္း သား၊ ေက်ာင္းသူေတြကေနၿပီးေတာ့ ျမန္မာ့သမိုင္းနဲ႔ပတ္သက္ၿပီး မ်ိဳးခ်စ္စိတ္ဓာတ္ေတြ၊ ျမန္မာအစေတြကိုသိေအာင္ ျပ႒ာန္းၿပီးေတာ့ အဆင့္ဆင့္ေဆာင္႐ြက္သြားမွာေပါ့။ ယဥ္ေက်းမႈဝန္ႀကီးဌာနမွာ သမိုင္းသုေတသနနဲ႔ အမ်ိဳးသားစာ ၾကည့္တိုက္ ဦးစီးဌာနဆိုတာရွိတယ္။ သမိုင္းေၾကာင္းနဲ႔ပတ္သက္ၿပီး အဲဒီဦးစီးဌာနကေန လုပ္ငန္းတာဝန္ တစ္ရပ္ အေနနဲ႔ ေဆာင္႐ြက္ေနတာေတြရွိတယ္။ ပညာေရးဆိုင္ရာ ကိစၥျဖစ္တဲ့အတြက္ ျမန္မာ့သမိုင္းဆိုင္ရာအခ်က္အလက္ေတြကို ပညာေရးဝန္ႀကီးဌာနေတြက ေက်ာင္းသုံးစာအုပ္ေတြကို အတည္ျပဳတာေလ။ ပူးေပါင္းေဆာင္႐ြက္ရမယ့္ အပိုင္းေတြရွိတယ္။ ျပင္ဆင္လ်က္ရွိပါတယ္’ ဟု သာသနာေရးႏွင့္ယဥ္ ေက်းမႈဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးအာကာေက်ာ္က NP News ကို ေျပာသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံ၏ တစ္ဆက္တစ္စပ္တည္းေသာ ျမန္မာ့သမိုင္းစဥ္ကို သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ျမန္မာသမိုင္းအဖြဲ႕က ေရးသားျပဳစုလ်က္ရွိရာ ပ႐ိုင္းမိတ္ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ားႏွင့္ ဆက္စပ္လ်က္ရွိသည့္ လူဆင့္ကဲျဖစ္စဥ္ကာလ သမိုင္းစဥ္၊ ေက်ာက္ေခတ္ကာလ သမိုင္းစဥ္၊ ေၾကးေခတ္၊ သံေခတ္ကာလသမိုင္းစဥ္၊ သမိုင္းတင္ေခတ္ ဦးပိုင္း၊ပ်ဴေခတ္ကာလသမိုင္းစဥ္တို႔ႏွင့္ပတ္သက္၍ မူၾကမ္းျပဳစုေရးသားၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။