မြန်မာနိုင်ငံ၏လက်နက်ကိုင်ပဋိပက္ခများအတွင်း လက်နက်ကိုင်အဖွဲ့အချို့ ရာဇဝတ်မှုများကျူးလွန်နေဟု ဆို
5673
ဂျန်ဇက် (NP News) - ဩဂုတ် ၁၇
မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အချို့သည် ရာဇဝတ်မှုများကျူးလွန်နေကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏အစီအရင်ခံစာထဲတွင် ဖော်ပြထားသည်။
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ၏ (၅၇)ကြိမ်မြောက်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့၏ အစီရင်ခံစာထဲတွင် မြန်မာစစ်တပ်ကို လက်နက်ကိုင်ဆန့်ကျင်တိုက် ခိုက်နေသည့် မြန်မာလက်နက်ကိုင်အဖွဲ့အချို့၏ ရာဇဝတ်မှုများနှင့်ပတ် သက်သော ခိုင်လုံသောအချက်အလက်များကိုလည်း လက်ခံရရှိထားကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အစီရင်ခံစာထဲတွင် ၂၀၂၃ ခုနှစ် ဇူလိုင် ၁ရက်နေ့မှ ၂၀၂၄ ခုနှစ်ဇူလိုင် ၃၀ရက်နေ့အထိ စုံစမ်းစစ်ဆေးမှုအခြေအနေများကိုအလေးထားဖော်ပြထားကြောင်း သိရသည်။
လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားသည် အစဖျောက်မှုများနှင့်ပတ် သက်သော အချက်အလက်များအပြင် သတင်းပေးသူ သို့မဟုတ် စစ်တပ် နှင့် ပူးပေါင်းဆောင်ရွက်သူအဖြစ် သံသယရှိခံရသောအရပ်သားများကိုသေဒဏ်ပေးခြင်း နှင့် တစ်ခါတစ်ရံ ရက်ရက်စက်စက် ကွပ်မျက်သော အချက်အလက်များကိုလည်း စုဆောင်းနေကြောင်း ဖော်ပြထားသည်။။လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားသည် မုဒိန်းမှုအပါအဝင် လက်နက် ကိုင်အဖွဲ့အစည်းများက ဖမ်းဆီးခံထားရသူများကို လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုကျူးလွန်သည်ဆိုသော သတင်းပေးပို့ခြင်းများကိုလည်း လက်ခံရရှိခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် NUG အဖွဲ့ကကြေညာထားပြီး အချို့လက်နက်ကိုင်များကလည်း နိုင်ငံတ ကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေများကို လေးစားလိုက်နာမည်ဟု ကတိပြုထားသည်ကို တွေ့ရှိကြောင်း၊ ယန္တရား၏ ဦးစားပေးစုံစမ်းစစ်ဆေးမှုများတွင် အဆိုပါလက်နက်ကိုင်အဖွဲ့များ ကျူးလွန်ခဲ့သောရာဇဝတ်မှုများနှင့်ပတ်သက်ပြီး ပြင်းအားနှင့်အတိုင်းအဆကို ဆက်လက်အကဲဖြတ်မည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်ပျံ့နှံ့နေသည့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် နှင့် ပြည်သူများအတွက်တရားမျှတမှုရရှိရေး ဆောင်ရွက်ရာတွင် အာရှ-ပစိဖိတ်ဒေသများ၏ ပူးပေါင်းဆောင်ရွက်မှုများက အရေးကြီးကြောင်း ဖော်ပြထား သည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားသည် မြန်မာနိုင်ငံတွင် ကျူးလွန်နေသော ကြီးလေးသည့် နိုင်ငံတကာရာဇဝတ်မှု၊များအတွက် တာဝန်ခံမှုလိုလားပြီး တရားစွဲနိုင်သော နိုင်ငံအတွင်း၊ ဒေသအတွင်း သို့မဟုတ် နိုင်ငံတကာတရားရုံးများနှင့် ခုံရုံးများရှိ သက်ဆိုင်ရာအာဏာပိုင်များကို ပံ့ပိုးကူညီပေးရန် အဆင့်သင့်ရှိနေကြောင်း ထပ်မံဖော်ပြထားသည်။
zawgyi version
ျမန္မာႏိုင္ငံ၏လက္နက္ကိုင္ပဋိပကၡမ်ားအတြင္း လက္နက္ကိုင္အဖြဲ႕အခ်ိဳ႕ ရာဇဝတ္မႈမ်ားက်ဴးလြန္ေနဟု ဆို
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၇
ျမန္မာႏိုင္ငံတြင္ျဖစ္ပြားလ်က္ရွိေနသည့္ လက္နက္ကိုင္ပဋိပကၡမ်ားအတြင္း ျမန္မာစစ္တပ္ကို ဆန႔္က်င္တိုက္ခိုက္ေနသည့္ လက္နက္ကိုင္အဖြဲ႕အခ်ိဳ႕သည္ ရာဇဝတ္မႈမ်ားက်ဴးလြန္ေနေၾကာင္း၊ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈယႏၲရား၏အစီအရင္ခံစာထဲတြင္ ေဖာ္ျပထားသည္။
ကမာၻ႔ကုလသမဂၢ လူ႔အခြင့္ေရးေကာင္စီ၏ (၅၇)ႀကိမ္ေျမာက္အစည္းအေဝးကာလအတြင္း ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈယႏၲရားအဖြဲ႕၏ အစီရင္ခံစာထဲတြင္ ျမန္မာစစ္တပ္ကို လက္နက္ကိုင္ဆန႔္က်င္တိုက္ ခိုက္ေနသည့္ ျမန္မာလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕၏ ရာဇဝတ္မႈမ်ားႏွင့္ပတ္ သက္ေသာ ခိုင္လုံေသာအခ်က္အလက္မ်ားကိုလည္း လက္ခံရရွိထားေၾကာင္း ေဖာ္ျပထားသည္။ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈယႏၲရား၏ အစီရင္ခံစာထဲတြင္ ၂၀၂၃ ခုႏွစ္ ဇူလိုင္ ၁ရက္ေန႔မွ ၂၀၂၄ ခုႏွစ္ဇူလိုင္ ၃၀ရက္ေန႔အထိ စုံစမ္းစစ္ေဆးမႈအေျခအေနမ်ားကိုအေလးထားေဖာ္ျပထားေၾကာင္း သိရသည္။
လြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈယႏၲရားသည္ အစေဖ်ာက္မႈမ်ားႏွင့္ပတ္ သက္ေသာ အခ်က္အလက္မ်ားအျပင္ သတင္းေပးသူ သို႔မဟုတ္ စစ္တပ္ ႏွင့္ ပူးေပါင္းေဆာင္႐ြက္သူအျဖစ္ သံသယရွိခံရေသာအရပ္သားမ်ားကိုေသဒဏ္ေပးျခင္း ႏွင့္ တစ္ခါတစ္ရံ ရက္ရက္စက္စက္ ကြပ္မ်က္ေသာ အခ်က္အလက္မ်ားကိုလည္း စုေဆာင္းေနေၾကာင္း ေဖာ္ျပထားသည္။။လြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈယႏၲရားသည္ မုဒိန္းမႈအပါအဝင္ လက္နက္ ကိုင္အဖြဲ႕အစည္းမ်ားက ဖမ္းဆီးခံထားရသူမ်ားကို လိင္ပိုင္းဆိုင္ရာအၾကမ္း ဖက္မႈက်ဴးလြန္သည္ဆိုေသာ သတင္းေပးပို႔ျခင္းမ်ားကိုလည္း လက္ခံရရွိခဲ့ေၾကာင္း ေဖာ္ျပထားသည္။ အဆိုပါ ရာဇဝတ္မႈမ်ားကို စုံစမ္းစစ္ေဆးရန္ NUG အဖြဲ႕ကေၾကညာထားၿပီး အခ်ိဳ႕လက္နက္ကိုင္မ်ားကလည္း ႏိုင္ငံတ ကာလူသားခ်င္းစာနာမႈဆိုင္ရာဥပေဒမ်ားကို ေလးစားလိုက္နာမည္ဟု ကတိျပဳထားသည္ကို ေတြ႕ရွိေၾကာင္း၊ ယႏၲရား၏ ဦးစားေပးစုံစမ္းစစ္ေဆးမႈမ်ားတြင္ အဆိုပါလက္နက္ကိုင္အဖြဲ႕မ်ား က်ဴးလြန္ခဲ့ေသာရာဇဝတ္မႈမ်ားႏွင့္ပတ္သက္ၿပီး ျပင္းအားႏွင့္အတိုင္းအဆကို ဆက္လက္အကဲျဖတ္မည္ဟု ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံတြင္ပ်ံ႕ႏွံ႔ေနသည့္ အၾကမ္းဖက္မႈမ်ားကို အဆုံးသတ္ရန္ ႏွင့္ ျပည္သူမ်ားအတြက္တရားမွ်တမႈရရွိေရး ေဆာင္႐ြက္ရာတြင္ အာရွ-ပစိဖိတ္ေဒသမ်ား၏ ပူးေပါင္းေဆာင္႐ြက္မႈမ်ားက အေရးႀကီးေၾကာင္း ေဖာ္ျပထား သည္။ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈယႏၲရားသည္ ျမန္မာႏိုင္ငံတြင္ က်ဴးလြန္ေနေသာ ႀကီးေလးသည့္ ႏိုင္ငံတကာရာဇဝတ္မႈ၊မ်ားအတြက္ တာဝန္ခံမႈလိုလားၿပီး တရားစြဲႏိုင္ေသာ ႏိုင္ငံအတြင္း၊ ေဒသအတြင္း သို႔မဟုတ္ ႏိုင္ငံတကာတရား႐ုံးမ်ားႏွင့္ ခုံ႐ုံးမ်ားရွိ သက္ဆိုင္ရာအာဏာပိုင္မ်ားကို ပံ့ပိုးကူညီေပးရန္ အဆင့္သင့္ရွိေနေၾကာင္း ထပ္မံေဖာ္ျပထားသည္။