နျူကလီးယားဓာတ်ပေါင်းဖိုနှင့်ပတ်သက်သည့် အသိပညာပေးသရုပ်ဖော်ပွဲ အခမ်းအနားကို နျူကလီးယားစင်တာ၌ ကျင်းပ

 1724

စော (NP News) - ဩဂုတ် ၁၇

နျူကလီးယားဓာတ်ပေါင်းဖိုနှင့်ပတ်သက်သည့် နျူကလီးယား အသိပညာပေးသရုပ်ဖော်ပွဲ( New Video Presentation )အခမ်းအနားကို နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို ဩဂုတ်လ ၁၆ ရက်က ရန်ကုန်မြို့၊လှိုင်မြို့နယ်၊ ပါရမီလမ်းရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

"အဓိက အကြောင်းအရာကတော့ အင်တာနက်စာမျက်နှာပေါ်မှာ အင်တာနက် Website ပေါ်မှာ နျူကလီးယားနဲ့ပတ်သက်ပြီးတော့ အမေးအများဆုံးဖြစ်တဲ့ မေးခွန်း (၁၀)ခုကို ထုတ်နုတ်တင်ပြတာ ဖြစ်ပါတယ်" ဟု နျူကလီး ယားနည်းပညာသတင်းအချက်အလက်စင်တာ အဏုမြူစွမ်းအင်ဦးစီးဌာနမှဒေါက်တာ ဇော်လင်းဦးက ပြောသည်။

နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာသို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်မှ ယနေ့(ဩဂုတ်လ ၁၆ ရက်)အထိ နျူကလီးယားနှင့်ပတ်သက်သော ဗဟုသုတများကို လာရောက်လေ့လာသည့် ကျောင်းသား၊ကျောင်းသူပေါင်း (၇၈၀၀)ခန့်ရှိကြောင်း သိရသည်။

zawgyi version
န်ဴကလီးယားဓာတ္ေပါင္းဖိုႏွင့္ပတ္သက္သည့္ အသိပညာေပးသ႐ုပ္ေဖာ္ပြဲ အခမ္းအနားကို န်ဴကလီးယားစင္တာ၌ က်င္းပ

ေစာ (NP News) - ဩဂုတ္ ၁၇

န်ဴကလီးယားဓာတ္ေပါင္းဖိုႏွင့္ပတ္သက္သည့္ န်ဴကလီးယား အသိပညာေပးသ႐ုပ္ေဖာ္ပြဲ( New Video Presentation )အခမ္းအနားကို န်ဴကလီးယားနည္းပညာသတင္းအခ်က္အလက္စင္တာတြင္ က်င္းပခဲ့သည္။

အဆိုပါအခမ္းအနားကို ဩဂုတ္လ ၁၆ ရက္က ရန္ကုန္ၿမိဳ႕၊လႈိင္ၿမိဳ႕နယ္၊ ပါရမီလမ္းရွိ န်ဴကလီးယားနည္းပညာသတင္းအခ်က္အလက္စင္တာတြင္ က်င္းပခဲ့ျခင္းျဖစ္သည္။

"အဓိက အေၾကာင္းအရာကေတာ့ အင္တာနက္စာမ်က္ႏွာေပၚမွာ အင္တာနက္ Website ေပၚမွာ န်ဴကလီးယားနဲ႔ပတ္သက္ၿပီးေတာ့ အေမးအမ်ားဆုံးျဖစ္တဲ့ ေမးခြန္း (၁၀)ခုကို ထုတ္ႏုတ္တင္ျပတာ ျဖစ္ပါတယ္" ဟု န်ဴကလီး ယားနည္းပညာသတင္းအခ်က္အလက္စင္တာ အဏုျမဴစြမ္းအင္ဦးစီးဌာနမွေဒါက္တာ ေဇာ္လင္းဦးက ေျပာသည္။

န်ဴကလီးယားနည္းပညာသတင္းအခ်က္အလက္စင္တာသို႔ ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၆ ရက္မွ ယေန႔(ဩဂုတ္လ ၁၆ ရက္)အထိ န်ဴကလီးယားႏွင့္ပတ္သက္ေသာ ဗဟုသုတမ်ားကို လာေရာက္ေလ့လာသည့္ ေက်ာင္းသား၊ေက်ာင္းသူေပါင္း (၇၈၀၀)ခန္႔ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.