၂ဝ၂၄ ခုနှစ်ရဲ့ပထမဆုံး စူပါမွန်း သြဂုတ် ၁၉ ရက်မှာ ဖြစ်ပေါ်မည်

 6839

ရောင်နီ (NP News) သြဂုတ် ၁၇

၂၀၂၄ ခုနှစ်ရဲ့ပထမဆုံးပေါ်ပေါက်လာမယ့် စူပါမွန်းဟာ လာမယ့် သြဂုတ်လ ၁၉ ရက်မှာ ဖြစ်ပေါ်လာမယ်လို့ သိရပါတယ်။

ခါတိုင်း လပြည့်ညတွေထက် ပိုကြီးမားတဲ့ လပြည့်ဝန်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Science Center Observatory ရဲ့အဆိုအရတော့ ဩဂုတ် ၁၉ ရက်၊ စင်္ကာပူစံတော်ချိန် ည ၇ နာရီလောက်မှာ စပြီးတွေ့ရတော့မှာဖြစ်ပြီး သြဂုတ်လ ၂၀ ရက် မနက် ၁ နာရီဝန်းကျင်မှာ သူ့ရဲ့အမြင့်ဆုံး အမှတ်ကို ရောက်ရှိမှာဖြစ်ပါတယ်။ အဲဒီနေ့မှာ လပတ် လမ်းကြောင်းဟာ ကမ္ဘာနဲ့ အနီးဆုံးမှာ ရှိမှာဖြစ်လို့ လဟာ ပုံမှန်ဆိုဒ်ထက် ၆ ဆ၊ ၇ ဆလောက်ကြီးမားနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

စူပါမွန်းကို ကြည့်ဖို့ အထူးကိရိယာတွေ မလိုအပ်ပေမယ့် လေထုအခြေအနေ ဆိုးရွားနေရင်၊ တိမ်တွေ ထူထပ်စွာ ရှိနေရင်တော့ ထင်ထင်ရှားရှားမြင်နိုင်မှာ မဟုတ်ပါဘူး။ နောက်ထပ် စူပါမွန်းတွေကို စက်တင်ဘာ ၁၈၊ အောက်တိုဘာ ၁၇ နဲ့ နိုဝင်ဘာ ၁၅ ရက်တွေမှာလည်း တွေ့ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

Zawgyi Version;
၂ဝ၂၄ ခုႏွစ္ရဲ႕ပထမဆုံး စူပါမြန္း ၾသဂုတ္ ၁၉ ရက္မွာ ျဖစ္ေပၚမည္
ေရာင္နီ (NP News) ၾသဂုတ္ ၁၇

၂၀၂၄ ခုႏွစ္ရဲ႕ပထမဆုံးေပၚေပါက္လာမယ့္ စူပါမြန္းဟာ လာမယ့္ ၾသဂုတ္လ ၁၉ ရက္မွာ ျဖစ္ေပၚလာမယ္လို႔ သိရပါတယ္။

ခါတိုင္း လျပည့္ညေတြထက္ ပိုႀကီးမားတဲ့ လျပည့္ဝန္းကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ Science Center Observatory ရဲ႕အဆိုအရေတာ့ ဩဂုတ္ ၁၉ ရက္၊ စကၤာပူစံေတာ္ခ်ိန္ ည ၇ နာရီေလာက္မွာ စၿပီးေတြ႕ရေတာ့မွာျဖစ္ၿပီး ၾသဂုတ္လ ၂၀ ရက္ မနက္ ၁ နာရီဝန္းက်င္မွာ သူ႔ရဲ႕အျမင့္ဆုံး အမွတ္ကို ေရာက္ရွိမွာျဖစ္ပါတယ္။ အဲဒီေန႔မွာ လပတ္ လမ္းေၾကာင္းဟာ ကမာၻနဲ႔ အနီးဆုံးမွာ ရွိမွာျဖစ္လို႔ လဟာ ပုံမွန္ဆိုဒ္ထက္ ၆ ဆ၊ ၇ ဆေလာက္ႀကီးမားေနတာကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

စူပါမြန္းကို ၾကည့္ဖို႔ အထူးကိရိယာေတြ မလိုအပ္ေပမယ့္ ေလထုအေျခအေန ဆိုး႐ြားေနရင္၊ တိမ္ေတြ ထူထပ္စြာ ရွိေနရင္ေတာ့ ထင္ထင္ရွားရွားျမင္ႏိုင္မွာ မဟုတ္ပါဘူး။ ေနာက္ထပ္ စူပါမြန္းေတြကို စက္တင္ဘာ ၁၈၊ ေအာက္တိုဘာ ၁၇ နဲ႔ ႏိုဝင္ဘာ ၁၅ ရက္ေတြမွာလည္း ေတြ႕ရႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုထားပါတယ္။

Related news

© 2021. All rights reserved.