အင်ဒိုနီးရှားမှာ စပါးအုံးမြွေ ကိုက်ခံရခြင်းကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံး

 14018

ရောင်နီ (NP News) - သြဂုတ်လ ၁၈

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း၊ ပါဒန်လန်ဘီခရိုင်မှာ စပါးအုံးမြွေ အကိုက်ခံရခြင်းကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာတာဝန်ရှိသူတွေက သြဂုတ်လ ၁၆ ရက်မှာ ပြောကြား ခဲ့ပါတယ်။

ဒါဟာ လ အနည်းငယ် အတွင်း အဲဒီပြည်နယ်မှာ တတိယမြောက် သေဆုံးမှုဖြစ်ပါတယ်။ အသက် ၇၄ နှစ် အရွယ် မာဂါ အမည်ရှိ အမျိုးသမီးဟာ သြဂုတ် ၁၄ ရက်က အိမ်ပြန်မလာတာကြောင့် ဆွေမျိုးတွေက ရှာဖွေခဲ့ကြပြီးနောက် သူမကို အိမ်အနီးက လယ်ကွင်းထဲမှာ ခေါင်းနဲ့ ခြေထောက်တွေ မြွေကိုက်ခံထားရတဲ့အနေအထားနဲ့တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားရဲ့ကျေးလက်ဒေသတွေမှာ မကြာခဏ ဆိုသလို မြွေကိုက်ခံရခြင်းကြောင့် လူသေဆုံးမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း တောင်ဆူလာဝေစီပြည်နယ်၊ စီတာဘာကျေးရွာမှာ အမျိုးသမီးတစ်ဦးတစ်ကိုယ်လုံး မြွေမြိုခံထားရတဲ့အနေအထားနဲ့သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဇွန်လအတွင်းကလည်း တောင်စီလာဝေစီ မှာပဲ အမျိုးသမီးတစ်ဦး မြွေမြိုခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားမွာ စပါးအုံးေႁမြ ကိုက္ခံရျခင္းေၾကာင့္ သက္ႀကီး႐ြယ္အို အမ်ိဳးသမီးတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ၾသဂုတ္လ ၁၈

အင္ဒိုနီးရွားႏိုင္ငံ အလယ္ပိုင္း၊ ပါဒန္လန္ဘီခ႐ိုင္မွာ စပါးအုံးေႁမြ အကိုက္ခံရျခင္းေၾကာင့္ သက္ႀကီး႐ြယ္အို အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕နဲ႔ ေဒသဆိုင္ရာတာဝန္ရွိသူေတြက ၾသဂုတ္လ ၁၆ ရက္မွာ ေျပာၾကား ခဲ့ပါတယ္။

ဒါဟာ လ အနည္းငယ္ အတြင္း အဲဒီျပည္နယ္မွာ တတိယေျမာက္ ေသဆုံးမႈျဖစ္ပါတယ္။ အသက္ ၇၄ ႏွစ္ အ႐ြယ္ မာဂါ အမည္ရွိ အမ်ိဳးသမီးဟာ ၾသဂုတ္ ၁၄ ရက္က အိမ္ျပန္မလာတာေၾကာင့္ ေဆြမ်ိဳးေတြက ရွာေဖြခဲ့ၾကၿပီးေနာက္ သူမကို အိမ္အနီးက လယ္ကြင္းထဲမွာ ေခါင္းနဲ႔ ေျခေထာက္ေတြ ေႁမြကိုက္ခံထားရတဲ့အေနအထားနဲ႔ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ အင္ဒိုနီးရွားရဲ႕ေက်းလက္ေဒသေတြမွာ မၾကာခဏ ဆိုသလို ေႁမြကိုက္ခံရျခင္းေၾကာင့္ လူေသဆုံးမႈေတြ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လကလည္း ေတာင္ဆူလာေဝစီျပည္နယ္၊ စီတာဘာေက်း႐ြာမွာ အမ်ိဳးသမီးတစ္ဦးတစ္ကိုယ္လုံး ေႁမြၿမိဳခံထားရတဲ့အေနအထားနဲ႔ေသဆုံးေနတာကို ေတြ႕ရွိခဲ့ရပါတယ္။ ဇြန္လအတြင္းကလည္း ေတာင္စီလာေဝစီ မွာပဲ အမ်ိဳးသမီးတစ္ဦး ေႁမြၿမိဳခံရၿပီး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.