ငွေပင်လယ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ မီးလောင်မှုကို တစ်နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရ

 1745

NP News - သြဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ မီးလောင် မှုကို တစ်နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း မေတ္တာပါရမီလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့(သြဂုတ် ၁၈ ရက်) နံနက်(၁)နာရီအချိန့်ခန့်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ငွေပင်လယ် စက်မှုဇုန်၊ ငွေပင်လယ်(၂)လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၁ နာရီကျော်ကျော်လောက်မှာဖြစ်သွားတာ။ ဘယ်ကနေစပြီး လောင်သွားတာလဲတော့ မသိဘူး။ မီးက တော်တော် များတယ်။ တစ်နာရီကျော်လောက် မီးငြှိမ်းလိုက်ရတယ်။ မီးလောင်တာကတော့ ငွေပင်လယ်စက်မှုဇုန် ဝင်ပေါက် ကနေ တည့်တည့်ဝင်သွားရင် ညာဘက်ခြမ်းမှာ လောင်နေတာ။ အထည်ချုပ်စက်ရုံလို့တော့ သိရတယ်။ စက်ရုံ နာမည်တော့ မသိဘူး။ ကူညီကယ်ဆယ်ရေးအသင်းတွေလည်း တော်တော်များတယ်။ ပျက်စီးမှုလည်း တော်တော် များတယ်။ ကျွန်တော်သိရသလောက်တော့ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိပါဘူး” ဟု အထက်ပါ လူမှုကယ်ဆယ်ရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဥ်ကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက Level 2 အဆင့်သတ်မှတ်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် (၂၀)နီးပါးဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက်(၂)နာရီခွဲအချိန်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိကြောင်း သိရပြီး မီးလောင်မှုဖြစ်စဥ် အပါအဝင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများ နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

Zawgyi Version;
ေငြပင္လယ္စက္မႈဇုန္ရွိ အထည္ခ်ဳပ္စက္႐ုံ မီးေလာင္မႈကို တစ္နာရီေက်ာ္ၾကာ မီးျငႇိမ္းသတ္ခဲ့ရ
NP News - ၾသဂုတ္ ၁၈

ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ ေငြပင္လယ္စက္မႈဇုန္ရွိ အထည္ခ်ဳပ္စက္႐ုံ မီးေလာင္ မႈကို တစ္နာရီေက်ာ္ၾကာ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း ေမတၱာပါရမီလူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ၾသဂုတ္ ၁၈ ရက္) နံနက္(၁)နာရီအခ်ိန႔္ခန႔္တြင္ လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ ေငြပင္လယ္ စက္မႈဇုန္၊ ေငြပင္လယ္(၂)လမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“၁ နာရီေက်ာ္ေက်ာ္ေလာက္မွာျဖစ္သြားတာ။ ဘယ္ကေနစၿပီး ေလာင္သြားတာလဲေတာ့ မသိဘူး။ မီးက ေတာ္ေတာ္ မ်ားတယ္။ တစ္နာရီေက်ာ္ေလာက္ မီးျငႇိမ္းလိုက္ရတယ္။ မီးေလာင္တာကေတာ့ ေငြပင္လယ္စက္မႈဇုန္ ဝင္ေပါက္ ကေန တည့္တည့္ဝင္သြားရင္ ညာဘက္ျခမ္းမွာ ေလာင္ေနတာ။ အထည္ခ်ဳပ္စက္႐ုံလို႔ေတာ့ သိရတယ္။ စက္႐ုံ နာမည္ေတာ့ မသိဘူး။ ကူညီကယ္ဆယ္ေရးအသင္းေတြလည္း ေတာ္ေတာ္မ်ားတယ္။ ပ်က္စီးမႈလည္း ေတာ္ေတာ္ မ်ားတယ္။ ကြၽန္ေတာ္သိရသေလာက္ေတာ့ ထိခိုက္ဒဏ္ရာရတဲ့သူ မရွိပါဘူး” ဟု အထက္ပါ လူမႈကယ္ဆယ္ေရး အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ မီးေလာင္မႈျဖစ္စဥ္ကို ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနက Level 2 အဆင့္သတ္မွတ္ခဲ့ၿပီး မီးျငႇိမ္းသတ္ယာဥ္ (၂၀)နီးပါးျဖင့္ ျငႇိမ္းသတ္ခဲ့ရာ နံနက္(၂)နာရီခြဲအခ်ိန္ခန႔္တြင္ မီးၿငိမ္းခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူမရွိေၾကာင္း သိရၿပီး မီးေလာင္မႈျဖစ္စဥ္ အပါအဝင္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးမ်ား ႏွင့္ပတ္သက္၍ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ဆက္လက္စုံစမ္းေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.