အစ္စရေး၏ တောင်ပိုင်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံသား ၁ဝ ဦး သေဆုံးသွားကြောင်း လက်ဘနွန်အစိုးရ ထုတ်ပြန်

 729

ALynn (NP News) - သြဂုတ် ၁၈

သြဂုတ်လ ၁၇ ရက် (စနေနေ့) တွင် နိုင်ငံ၏တောင်ဘက်၌ အစ္စရေးလေကြောင်း တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့သည့် အတွက် ဆီးရီးယားနိုင်ငံသား ၁ဝ ဦး သေဆုံးသွားကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော် လည်း အစ္စရေး စစ်တပ်ကမူ ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့၏ လက်နက်သိုလှောင်ရုံများကိုသာ ပျက်စီးစေခဲ့ကြောင်း ဖော်ပြခဲ့သည်။

Nabatieh ၏ Wadi al-Kafur ဧရိယာတွင် တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေသည် ပြီးခဲ့သည့် အောက်တိုဘာလ က ဖြစ်ပွားခဲ့သော ဂါဇာစစ်ပွဲအပြီးတွင် အစ္စရေးတပ်ဖွဲ့များနှင့် ဟစ်ဇ်ဘိုလာအဖွဲ့တို့၏ နေ့စဉ်နီးပါး နယ်စပ်ဖြတ် ကျော် ပစ်ခတ်မှု စတင်ပြီးနောက် အများဆုံး အရေအတွက်တစ်ခုဖြစ်သည်။

အီဂျစ်၊ ကာတာ နှင့် အမေရိကန်တို့မှ ကြားဝင်စေ့စပ်သူများသည် အစ္စရေးနှင့် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့၊ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်းနေကြပြီး ယင်းမှာ လက်ဘနွန် ရှေ့တန်းတွင် ဖြစ်လာနိုင်သည့် ပိုမိုကျယ်ပြန့်သော စစ်ပွဲကို ဟန့်တားရာရောက်နိုင်မည်ဟု သံတမန်များက ဆိုသည်။ နောက်ဆုံး တိုက်ခိုက်မှုတွင် သေဆုံးသူများထဲ၌ အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦး ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Nabatieh ဒေသရှိ ဟစ်ဇ်ဘိုလာနှင့် နီးစပ်သူ တစ်ဦးက သေဆုံးသူအားလုံးမှာ အရပ်သားများဖြစ်ကြောင်း AFP သို့ ပြောကြားခဲ့သည်။ အစ္စရေးနယ်စပ်မှ ၁၂ ကီလိုမီတာ (ခုနစ်မိုင်ခွဲ) ခန့်အကွာ Nabatieh ဒေသရှိ ဟစ်ဇ်ဘိုလာ လက်နက်သိုလှောင်ရုံကို ညတွင်းချင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ သည်။

အစ္စရေးမြောက်ပိုင်းရှိ Ayelet HaShahar ကို Katyusha ဒုံးကျည်များဖြင့် ပစ်ခတ်၍ တုံ့ပြန်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာ က ပြောကြားခဲ့သည်။ သို့သော် အစ္စရေးစစ်တပ်က အသေအပျောက်စာရင်းမရှိဟု ပြောကြားခဲ့ပြီး ဒုံးကျည် ၅၅ စင်းကြောင့် မီးလောင်မှုသာဖြစ်ပွားခဲ့သည်ဟု သိရသည်။
လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ် မီကာတီက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီအား တောင်ပိုင်းမြို့များနှင့် ကျေးရွာများကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကို ရပ်တန့်ရန် အစ္စရေးကို ဖိအားပေးဖို့ လိုအပ်ကြောင်း တောင်းဆိုခဲ့သည်။ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါလေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး လက်ဘနွန်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုအပေါ် ပြောင်ပြောင်တင်းတင်း ရာဇ၀တ်မှုများ ကျူးလွန်ခြင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဇူလိုင်လနှောင်းပိုင်းတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာအကြီးတန်း တပ်မှူး Fuad Shukr သေဆုံးခဲ့ရသလို ဟားမတ်စ်နိုင်ငံရေးအကြီးအကဲ Ismail Haniyeh လုပ်ကြံခံရခြင်း၏နောက်ကွယ်တွင် အစ္စရေး ရှိနေကြောင်း အီရန်က စွပ်စွဲအပြီးတွင် ဒေသတွင်း၌ စစ်ပွဲအရှိန်အဟုန်များ လျင်မြန်စွာ တိုးတက်လာခဲ့သည်။

တိုးမြင့်လာသောတင်းမာမှုများကို ရှောင်ရှားရန် အနောက်နိုင်ငံနှင့် အာရပ်သံတမန်များက ဂါဇာကမ်းမြောင်ဒေသ တွင် အပစ်အခတ်ရပ်စဲရေးအတွက် ပြင်းပြင်းထန်ထန် ကြိုးပမ်းခဲ့ကြသော်လည်း လာမည့်သီတင်းပတ်တွင် ကိုင်ရို၌ ဆွေးနွေးပွဲအသစ်မပြုလုပ်မီ သဘောတူညီချက်က ခက်ခဲနေဆဲဖြစ်နေသည်။ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှု များကြောင့် လက်ဘနွန်တွင် လူပေါင်း ၅၈၁ ဦး သေဆုံးခဲ့ပြီး အများစုမှာ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများ ဖြစ်သော်လည်း အရပ်သား ၁၂၈ ဦးထက်မနည်း အပါအဝင် ဖြစ်ကြောင်း AFP စာရင်းအရ သိရသည်။

Zawgyi Version;
အစၥေရး၏ ေတာင္ပိုင္းသို႔ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ဆီးရီးယားႏိုင္ငံသား ၁ဝ ဦး ေသဆုံးသြားေၾကာင္း လက္ဘႏြန္အစိုးရ ထုတ္ျပန္
ALynn (NP News) - ၾသဂုတ္ ၁၈

ၾသဂုတ္လ ၁၇ ရက္ (စေနေန႔) တြင္ ႏိုင္ငံ၏ေတာင္ဘက္၌ အစၥေရးေလေၾကာင္း တိုက္ခိုက္မႈတစ္ခု ျပဳလုပ္ခဲ့သည့္ အတြက္ ဆီးရီးယားႏိုင္ငံသား ၁ဝ ဦး ေသဆုံးသြားေၾကာင္း လက္ဘႏြန္က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ေသာ္ လည္း အစၥေရး စစ္တပ္ကမူ ၎တို႔၏ တိုက္ခိုက္မႈေၾကာင့္ အီရန္ေက်ာေထာက္ေနာက္ခံျပဳ ဟစ္ဇ္ဘိုလာအဖြဲ႕၏ လက္နက္သိုေလွာင္႐ုံမ်ားကိုသာ ပ်က္စီးေစခဲ့ေၾကာင္း ေဖာ္ျပခဲ့သည္။

Nabatieh ၏ Wadi al-Kafur ဧရိယာတြင္ တိုက္ခိုက္မႈေၾကာင့္ ေသဆုံးသူဦးေရသည္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ က ျဖစ္ပြားခဲ့ေသာ ဂါဇာစစ္ပြဲအၿပီးတြင္ အစၥေရးတပ္ဖြဲ႕မ်ားႏွင့္ ဟစ္ဇ္ဘိုလာအဖြဲ႕တို႔၏ ေန႔စဥ္နီးပါး နယ္စပ္ျဖတ္ ေက်ာ္ ပစ္ခတ္မႈ စတင္ၿပီးေနာက္ အမ်ားဆုံး အေရအတြက္တစ္ခုျဖစ္သည္။

အီဂ်စ္၊ ကာတာ ႏွင့္ အေမရိကန္တို႔မွ ၾကားဝင္ေစ့စပ္သူမ်ားသည္ အစၥေရးႏွင့္ ပါလက္စတိုင္းစစ္ေသြးႂကြအဖြဲ႕၊ ဟားမတ္စ္တို႔ၾကား အပစ္အခတ္ရပ္စဲေရးကို ၾကားဝင္ေစ့စပ္ေပးရန္ ႀကိဳးပမ္းေနၾကၿပီး ယင္းမွာ လက္ဘႏြန္ ေရွ႕တန္းတြင္ ျဖစ္လာႏိုင္သည့္ ပိုမိုက်ယ္ျပန႔္ေသာ စစ္ပြဲကို ဟန႔္တားရာေရာက္ႏိုင္မည္ဟု သံတမန္မ်ားက ဆိုသည္။ ေနာက္ဆုံး တိုက္ခိုက္မႈတြင္ ေသဆုံးသူမ်ားထဲ၌ အမ်ိဳးသမီးတစ္ဦးႏွင့္ ကေလးႏွစ္ဦး ပါဝင္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
Nabatieh ေဒသရွိ ဟစ္ဇ္ဘိုလာႏွင့္ နီးစပ္သူ တစ္ဦးက ေသဆုံးသူအားလုံးမွာ အရပ္သားမ်ားျဖစ္ေၾကာင္း AFP သို႔ ေျပာၾကားခဲ့သည္။ အစၥေရးနယ္စပ္မွ ၁၂ ကီလိုမီတာ (ခုနစ္မိုင္ခြဲ) ခန႔္အကြာ Nabatieh ေဒသရွိ ဟစ္ဇ္ဘိုလာ လက္နက္သိုေလွာင္႐ုံကို ညတြင္းခ်င္း ေလေၾကာင္းတိုက္ခိုက္မႈျပဳလုပ္ခဲ့သည္ဟု အစၥေရးစစ္တပ္က ေျပာၾကားခဲ့ သည္။

အစၥေရးေျမာက္ပိုင္းရွိ Ayelet HaShahar ကို Katyusha ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္၍ တုံ႔ျပန္ခဲ့ေၾကာင္း ဟစ္ဇ္ဘိုလာ က ေျပာၾကားခဲ့သည္။ သို႔ေသာ္ အစၥေရးစစ္တပ္က အေသအေပ်ာက္စာရင္းမရွိဟု ေျပာၾကားခဲ့ၿပီး ဒုံးက်ည္ ၅၅ စင္းေၾကာင့္ မီးေလာင္မႈသာျဖစ္ပြားခဲ့သည္ဟု သိရသည္။
လက္ဘႏြန္ဝန္ႀကီးခ်ဳပ္ နာဂ်စ္ မီကာတီက ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး ေဒးဗစ္လမ္မီအား ေတာင္ပိုင္းၿမိဳ႕မ်ားႏွင့္ ေက်း႐ြာမ်ားကို တိုက္႐ိုက္ပစ္မွတ္ထား တိုက္ခိုက္ေနျခင္းကို ရပ္တန႔္ရန္ အစၥေရးကို ဖိအားေပးဖို႔ လိုအပ္ေၾကာင္း ေတာင္းဆိုခဲ့သည္။ ဆီးရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက အဆိုပါေလေၾကာင္းတိုက္ခိုက္မႈကို ရႈတ္ခ်ခဲ့ၿပီး လက္ဘႏြန္၏ အခ်ဳပ္အျခာအာဏာႏွင့္ နယ္ေျမပိုင္ဆိုင္မႈအေပၚ ေျပာင္ေျပာင္တင္းတင္း ရာဇ၀တ္မႈမ်ား က်ဴးလြန္ျခင္း၊ ေဒသတြင္း ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးကို ၿခိမ္းေျခာက္မႈျဖစ္သည္ဟု ေျပာၾကားခဲ့သည္။

ဇူလိုင္လေႏွာင္းပိုင္းတြင္ အစၥေရးေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ဟစ္ဇ္ဘိုလာအႀကီးတန္း တပ္မႉး Fuad Shukr ေသဆုံးခဲ့ရသလို ဟားမတ္စ္ႏိုင္ငံေရးအႀကီးအကဲ Ismail Haniyeh လုပ္ႀကံခံရျခင္း၏ေနာက္ကြယ္တြင္ အစၥေရး ရွိေနေၾကာင္း အီရန္က စြပ္စြဲအၿပီးတြင္ ေဒသတြင္း၌ စစ္ပြဲအရွိန္အဟုန္မ်ား လ်င္ျမန္စြာ တိုးတက္လာခဲ့သည္။

တိုးျမင့္လာေသာတင္းမာမႈမ်ားကို ေရွာင္ရွားရန္ အေနာက္ႏိုင္ငံႏွင့္ အာရပ္သံတမန္မ်ားက ဂါဇာကမ္းေျမာင္ေဒသ တြင္ အပစ္အခတ္ရပ္စဲေရးအတြက္ ျပင္းျပင္းထန္ထန္ ႀကိဳးပမ္းခဲ့ၾကေသာ္လည္း လာမည့္သီတင္းပတ္တြင္ ကိုင္႐ို၌ ေဆြးေႏြးပြဲအသစ္မျပဳလုပ္မီ သေဘာတူညီခ်က္က ခက္ခဲေနဆဲျဖစ္ေနသည္။ နယ္စပ္ျဖတ္ေက်ာ္ အၾကမ္းဖက္မႈ မ်ားေၾကာင့္ လက္ဘႏြန္တြင္ လူေပါင္း ၅၈၁ ဦး ေသဆုံးခဲ့ၿပီး အမ်ားစုမွာ ဟစ္ဇ္ဘိုလာတိုက္ခိုက္ေရးသမားမ်ား ျဖစ္ေသာ္လည္း အရပ္သား ၁၂၈ ဦးထက္မနည္း အပါအဝင္ ျဖစ္ေၾကာင္း AFP စာရင္းအရ သိရသည္။

Related news

© 2021. All rights reserved.