PV Passport အလည်အပတ်ခရီးဖြင့် ပြည်ပ၌ အလုပ်အကိုင်ရှာဖွေသူများ အခက်တွေ့နေ

 4230

NP News - ဩဂုတ် (၁၈)

သက်ဆိုင်ရာက ဩဂုတ်လဆန်းမှစ၍ PV Passport အလည်အပတ်ခရီးဆိုင်ရာ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာကာ အလုပ်အကိုင်ရှာဖွေသူများကို ပိတ်ပင်လိုက်ရာ ပြည်ပရောက်မြန်မာနိုင်ငံသားများအကြား အခက် တွေ့နေကြောင်းသိရသည်။

“တချို့က PJ မလုပ်တော့ဘူး။ ပတ်စပို့တ်မှာလည်း အခက်အခဲရှိတော့ PV နဲ့ပဲ သွားကြတယ်။ Visit နဲ့ သွားရင် ချက်ချင်းထွက်သွားနိုင်တဲ့အခြေအနေရှိတယ်။ စင်ကာပူတို့ ဂျပန်တို့က အဓိကပေါ့။ ထိုင်းနဲ့ မလေးရှားကိုလည်း သွားကြတယ်။ အပြင်ထွက်တာချင်းအတူတူ visit နဲ့ သွားတာ ပိုများတော့ ထိန်းချုပ်တာပေါ့” ဟု မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်နိုင်ရန်အတွက် လျှောက်ထားရမည့် နိုင်ငံကူးလက်မှတ် အမျိုးအစားများမှာ အလည် (PV)၊ အလုပ် (PJ)၊ ပညာသင် (PE)၊ စီးပွားရေး (PB)၊ ဘာသာရေး (PR)၊ မှီခို (PT) နှင့် သင်္ဘောသား(PS) ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထည့်သွင်းထုတ်ပြန်ထားသည်။
“စင်ကာပူကိုရောက်နေတာကြာပြီ PVကနေ PJ ကို မပြောင်းရသေးဘူး။ တကယ်လို့ အလုပ်ရပြီး ပတ်စပို့စ် မပြောင်းဘူးဆိုရင် ဘယ်လို အခက်အခဲတွေရှိမလဲ။ ဘာကန့်သတ်ချက်တွေလာမလဲ တိတိကျကျမထုတ်ပြန်တော့ အလုပ်လုပ်တာ စိတ်မဖြောင့်ဘူးပေါ့” ဟု စင်ကာပူရောက် မအိရွှေစင်က ပြောသည်။
ပြည်ပသို့ထွက်ခွာရာတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နယ်စပ်ဂိတ်များမှ စိစစ်တားမြစ်ခြင်းများခံရပါက မလိုလားအပ်သည့် ဆုံးရှုံးမှုများမဖြစ်စေရန်အတွက် ပြည်ပသို့သွားရောက်ရန် ရည်ရွယ်ထားပါက နိုင်ငံကူး လက်မှတ်စတင်လျှောက်ထားရာတွင် PJ အမျိုးအစားကို လျှောက်ထားရယူရန် အလုပ်သမားဝန်ကြီးဌာနတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ပြီး OWIC လျှောက်ထားရယူကာ တရားဝင် သွားရောက်လုပ်ကိုင်ရန် ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version;
PV Passport အလည္အပတ္ခရီးျဖင့္ ျပည္ပ၌ အလုပ္အကိုင္ရွာေဖြသူမ်ား အခက္ေတြ႕ေန
NP News - ဩဂုတ္ (၁၈)

သက္ဆိုင္ရာက ဩဂုတ္လဆန္းမွစ၍ PV Passport အလည္အပတ္ခရီးဆိုင္ရာ ႏိုင္ငံကူးလက္မွတ္ျဖင့္ ျပည္ပသို႔ ထြက္ခြာကာ အလုပ္အကိုင္ရွာေဖြသူမ်ားကို ပိတ္ပင္လိုက္ရာ ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ားအၾကား အခက္ ေတြ႕ေနေၾကာင္းသိရသည္။

“တခ်ိဳ႕က PJ မလုပ္ေတာ့ဘူး။ ပတ္စပို႔တ္မွာလည္း အခက္အခဲရွိေတာ့ PV နဲ႔ပဲ သြားၾကတယ္။ Visit နဲ႔ သြားရင္ ခ်က္ခ်င္းထြက္သြားႏိုင္တဲ့အေျခအေနရွိတယ္။ စင္ကာပူတို႔ ဂ်ပန္တို႔က အဓိကေပါ့။ ထိုင္းနဲ႔ မေလးရွားကိုလည္း သြားၾကတယ္။ အျပင္ထြက္တာခ်င္းအတူတူ visit နဲ႔ သြားတာ ပိုမ်ားေတာ့ ထိန္းခ်ဳပ္တာေပါ့” ဟု ျမန္မာျပည္ပ အလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ျပည္ပႏိုင္ငံမ်ားသို႔ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ သြားေရာက္ႏိုင္ရန္အတြက္ ေလွ်ာက္ထားရမည့္ ႏိုင္ငံကူးလက္မွတ္ အမ်ိဳးအစားမ်ားမွာ အလည္ (PV)၊ အလုပ္ (PJ)၊ ပညာသင္ (PE)၊ စီးပြားေရး (PB)၊ ဘာသာေရး (PR)၊ မွီခို (PT) ႏွင့္ သေဘၤာသား(PS) ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ထည့္သြင္းထုတ္ျပန္ထားသည္။
“စင္ကာပူကိုေရာက္ေနတာၾကာၿပီ PVကေန PJ ကို မေျပာင္းရေသးဘူး။ တကယ္လို႔ အလုပ္ရၿပီး ပတ္စပို႔စ္ မေျပာင္းဘူးဆိုရင္ ဘယ္လို အခက္အခဲေတြရွိမလဲ။ ဘာကန႔္သတ္ခ်က္ေတြလာမလဲ တိတိက်က်မထုတ္ျပန္ေတာ့ အလုပ္လုပ္တာ စိတ္မေျဖာင့္ဘူးေပါ့” ဟု စင္ကာပူေရာက္ မအိေ႐ႊစင္က ေျပာသည္။
ျပည္ပသို႔ထြက္ခြာရာတြင္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္၊ နယ္စပ္ဂိတ္မ်ားမွ စိစစ္တားျမစ္ျခင္းမ်ားခံရပါက မလိုလားအပ္သည့္ ဆုံးရႈံးမႈမ်ားမျဖစ္ေစရန္အတြက္ ျပည္ပသို႔သြားေရာက္ရန္ ရည္႐ြယ္ထားပါက ႏိုင္ငံကူး လက္မွတ္စတင္ေလွ်ာက္ထားရာတြင္ PJ အမ်ိဳးအစားကို ေလွ်ာက္ထားရယူရန္ အလုပ္သမားဝန္ႀကီးဌာနတြင္ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ျပည္ပအလုပ္သမားအျဖစ္ မွတ္ပုံတင္ၿပီး OWIC ေလွ်ာက္ထားရယူကာ တရားဝင္ သြားေရာက္လုပ္ကိုင္ရန္ ဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.