ဂျာမနီနိုင်ငံ၊ ဂီတပွဲတော်တစ်ခုမှာ ချားရဟတ် မီးလောင်မှုကြောင့် လူ ၂၀ ကျော် ဒဏ်ရာရ

 207

ရောင်နီ (NP News) - သြဂုတ်လ ၁၈

ဂျာမနီနိုင်ငံ၊ လစ်ပ်ဇစ်မြို့အနီးမှာ ပြုလုပ်တဲ့ Highfield Festival ဂီတပွဲတော်တစ်ခုမှာ သြဂုတ်လ ၁၈ ရက် က ချားရဟတ်တစ်စီး မီးလောင်ခဲ့ပြီး လူအယောက် ၂ဝ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။

အဖြစ်အပျက်ဟာ ဩဂုတ်လ ၁၈ ရက် ည ၉ နာရီခန့်အချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အချိန်တိုအတွင်း အမြန်ထိန်းချုပ် နိုင်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် လူလေးဦး မီးလောင်ဒဏ်ရာရခဲ့ပြီး တစ်ဦး ပြုတ်ကျ ဒဏ်ရာရရှိခဲ့ ကာ နောက်ထပ် လူ ၁၈ ဦး မီးခိုးငွေ့တွေကြောင့် အသက်ရူကြပ်တာမျိူး ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်သမားတွေလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ၄င်းက ပြောပါတယ်။ ဂျာမနီသတင်းမီဒီယာတစ်ခုက ပြသတဲ့ဓာတ်ပုံတွေမှာ ချားရဟတ်ရဲ့အပေါ်ပိုင်းအခြမ်း မီးလောင်နေပြီး အနက်ရောင်မီးခိုးတွေ အူထွက်နေတာတွေ့ရပါတယ်။ မီးလောင်မှု ဘာကြောင့်ဖြစ်ရတယ်ဆိုတာတော့ မသိရသေး ပါဘူး။
Highfield ပွဲဟာ ဂျာမနီအရှေ့ပိုင်းရဲ့အကြီးဆုံးပွဲတော်အဖြစ် သတ်မှတ်ခံထားရတဲ့ပွဲတော်တစ်ခုဖြစ်ပြီး နွေရာသီ တိုင်း လာရောက်လည်ပတ်သူ ထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ပါတယ်။

Zawgyi Version;
ဂ်ာမနီႏိုင္ငံ၊ ဂီတပြဲေတာ္တစ္ခုမွာ ခ်ားရဟတ္ မီးေလာင္မႈေၾကာင့္ လူ ၂၀ ေက်ာ္ ဒဏ္ရာရ
ေရာင္နီ (NP News) - ၾသဂုတ္လ ၁၈

ဂ်ာမနီႏိုင္ငံ၊ လစ္ပ္ဇစ္ၿမိဳ႕အနီးမွာ ျပဳလုပ္တဲ့ Highfield Festival ဂီတပြဲေတာ္တစ္ခုမွာ ၾသဂုတ္လ ၁၈ ရက္ က ခ်ားရဟတ္တစ္စီး မီးေလာင္ခဲ့ၿပီး လူအေယာက္ ၂ဝ ေက်ာ္ ဒဏ္ရာရခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦး က ေအအက္ဖ္ပီကို ေျပာၾကားခဲ့ပါတယ္။

အျဖစ္အပ်က္ဟာ ဩဂုတ္လ ၁၈ ရက္ ည ၉ နာရီခန႔္အခ်ိန္မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး အခ်ိန္တိုအတြင္း အျမန္ထိန္းခ်ဳပ္ ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ မီးေလာင္မႈေၾကာင့္ လူေလးဦး မီးေလာင္ဒဏ္ရာရခဲ့ၿပီး တစ္ဦး ျပဳတ္က် ဒဏ္ရာရရွိခဲ့ ကာ ေနာက္ထပ္ လူ ၁၈ ဦး မီးခိုးေငြ႕ေတြေၾကာင့္ အသက္႐ူၾကပ္တာမ်ိဴး ရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ မီးသတ္သမားေတြလည္း ဒဏ္ရာရရွိခဲ့တယ္လို႔ ၄င္းက ေျပာပါတယ္။ ဂ်ာမနီသတင္းမီဒီယာတစ္ခုက ျပသတဲ့ဓာတ္ပုံေတြမွာ ခ်ားရဟတ္ရဲ႕အေပၚပိုင္းအျခမ္း မီးေလာင္ေနၿပီး အနက္ေရာင္မီးခိုးေတြ အူထြက္ေနတာေတြ႕ရပါတယ္။ မီးေလာင္မႈ ဘာေၾကာင့္ျဖစ္ရတယ္ဆိုတာေတာ့ မသိရေသး ပါဘူး။
Highfield ပြဲဟာ ဂ်ာမနီအေရွ႕ပိုင္းရဲ႕အႀကီးဆုံးပြဲေတာ္အျဖစ္ သတ္မွတ္ခံထားရတဲ့ပြဲေတာ္တစ္ခုျဖစ္ၿပီး ေႏြရာသီ တိုင္း လာေရာက္လည္ပတ္သူ ေထာင္ေပါင္းမ်ားစြာကို ဆြဲေဆာင္ႏိုင္ပါတယ္။

Related news

© 2021. All rights reserved.