မုံရွာမြို့တွင် အမျိုးသမီးများပါဝင်သော PDF အဖွဲ့က အကြောင်းမဲ့ သေနတ်ဖြင့်ပစ်သတ်သည့်အတွက် ကလေးငယ်(၂)ဦးနှင့် ဖခင်အပါအဝင် လူ(၅)ဦးသေဆုံး
11206
NP News - ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အမျိုးသမီးများပါဝင်သော PDF အဖွဲ့က အကြောင်းမဲ့ သေနတ်ဖြင့်ပစ်သတ်သည့်အတွက် ကလေးငယ်(၂)ဦးနှင့် ဖခင်အပါအဝင် လူ(၅)ဦးသေဆုံးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၁၈ ရက်)၊ ညနေ ၃နာရီ ၂၀မိနစ်အချိန်ခန့်က မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ ညောင်ရိပ်သာရပ်၊ ကမ်းနားလမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းတွင်နေထိုင်သော မအေးမွန် နှင့် သမီးဖြစ်သူ မအိမ်ဂျယ်မိုးအပါအဝင် (၃)ဦးသည် နေအိမ်အတွင်းရှိနေစဉ် အိမ်ရှေ့၌ ၎င်း၏ခင်ပွန်း ဖြစ်သူ ကိုဇော်ညွန့်က ဒိုဇာယာဉ်မောင်းလုပ်သားများဖြစ်သည့် ဦးကျော်ဇေယျ၊ ဦးကျော်ဇင်မင်းတို့အတူစကား ပြောနေခဲ့ကြောင်း သိရသည်။
ထို့နောက် သားဖြစ်သူ ဇွဲသီဟမန် နှင့် သီဟအောင်တို့ (၂)ဦးသည် အပြင်မှနေအိမ်သို့ပြန်လာစဉ် ၎င်းတို့နောက်မှ လိုက်ပါလာသော PDF အဖွဲ့ဝင် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၃)ဦးတို့က တစ်စုံတစ်ရာပြောဆိုမေးမြန်းခြင်းမရှိဘဲ ဆိုင်ကယ်ပေါ်မှဆင်းကာ သေနတ်ရှည်(၂) လက်ဖြင့် အကြောင်း မဲ့ပစ်ခတ်သတ်ဖြတ်ကာ ကမ်းနားလမ်းအတိုင်း နက်လူထိပ်ပန်ရပ်ကွက် ဘက်သို့ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် အသက်(၄)နှစ်အရွယ် မောင်ဇွဲသီဟမန်၊ အသက်(၉)နှစ်အရွယ် အိမ်ဂျယ်မိုး၊ ဒိုဇာမောင်းသူ ကိုကျော်ဇေယျ၊ ကိုဇော်ညွန့်နှင့် ကိုကျော်ဇင်မင်းတို့ (၅)ဦးမှာ သေဆုံးသွားခဲ့ပြီး မောင်သီဟအောင်တွင်လည်း လက်မောင်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးထိခိုက်ဒဏ်ရာရှိသူများကို မုံရွာမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
zawgyi version
မုံ႐ြာၿမိဳ႕တြင္ အမ်ိဳးသမီးမ်ားပါဝင္ေသာ PDF အဖြဲ႕က အေၾကာင္းမဲ့ ေသနတ္ျဖင့္ပစ္သတ္သည့္အတြက္ ကေလးငယ္(၂)ဦးႏွင့္ ဖခင္အပါအဝင္ လူ(၅)ဦးေသဆုံး
NP News - ဩဂုတ္ ၁၉
စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕တြင္ အမ်ိဳးသမီးမ်ားပါဝင္ေသာ PDF အဖြဲ႕က အေၾကာင္းမဲ့ ေသနတ္ျဖင့္ပစ္သတ္သည့္အတြက္ ကေလးငယ္(၂)ဦးႏွင့္ ဖခင္အပါအဝင္ လူ(၅)ဦးေသဆုံးခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဩဂုတ္လ ၁၈ ရက္)၊ ညေန ၃နာရီ ၂၀မိနစ္အခ်ိန္ခန႔္က မုံ႐ြာၿမိဳ႕၊ မုံ႐ြာေတာင္ရပ္ကြက္၊ ေညာင္ရိပ္သာရပ္၊ ကမ္းနားလမ္းတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါလမ္းတြင္ေနထိုင္ေသာ မေအးမြန္ ႏွင့္ သမီးျဖစ္သူ မအိမ္ဂ်ယ္မိုးအပါအဝင္ (၃)ဦးသည္ ေနအိမ္အတြင္းရွိေနစဥ္ အိမ္ေရွ႕၌ ၎၏ခင္ပြန္း ျဖစ္သူ ကိုေဇာ္ၫြန္႔က ဒိုဇာယာဥ္ေမာင္းလုပ္သားမ်ားျဖစ္သည့္ ဦးေက်ာ္ေဇယ်၊ ဦးေက်ာ္ဇင္မင္းတို႔အတူစကား ေျပာေနခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ သားျဖစ္သူ ဇြဲသီဟမန္ ႏွင့္ သီဟေအာင္တို႔ (၂)ဦးသည္ အျပင္မွေနအိမ္သို႔ျပန္လာစဥ္ ၎တို႔ေနာက္မွ လိုက္ပါလာေသာ PDF အဖြဲ႕ဝင္ အမ်ိဳးသား(၃)ဦးႏွင့္ အမ်ိဳးသမီး(၃)ဦးတို႔က တစ္စုံတစ္ရာေျပာဆိုေမးျမန္းျခင္းမရွိဘဲ ဆိုင္ကယ္ေပၚမွဆင္းကာ ေသနတ္ရွည္(၂) လက္ျဖင့္ အေၾကာင္း မဲ့ပစ္ခတ္သတ္ျဖတ္ကာ ကမ္းနားလမ္းအတိုင္း နက္လူထိပ္ပန္ရပ္ကြက္ ဘက္သို႔ ေမာင္းႏွင္ထြက္ေျပးခဲ့ေၾကာင္း သိရသည္။
ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ အသက္(၄)ႏွစ္အ႐ြယ္ ေမာင္ဇြဲသီဟမန္၊ အသက္(၉)ႏွစ္အ႐ြယ္ အိမ္ဂ်ယ္မိုး၊ ဒိုဇာေမာင္းသူ ကိုေက်ာ္ေဇယ်၊ ကိုေဇာ္ၫြန႔္ႏွင့္ ကိုေက်ာ္ဇင္မင္းတို႔ (၅)ဦးမွာ ေသဆုံးသြားခဲ့ၿပီး ေမာင္သီဟေအာင္တြင္လည္း လက္ေမာင္း ထိခိုက္ဒဏ္ရာ ရခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေသဆုံးထိခိုက္ဒဏ္ရာရွိသူမ်ားကို မုံ႐ြာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၿပီး က်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ပိတ္ဆို႔ရွာေဖြမႈမ်ား ဆက္လက္ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။