ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များပင်လျှင် ယခင်ထက်ပိုမိုကာ ဆီတန်းစီ ဝယ်ယူနေရပြီး နေရာရောင်းချခြင်းနှင့် မှောင်ခိုရောင်းသည့် ဈေးကွက်လည်းဖြစ်နေ

 2207

ယွန်း (NP News) - ဩဂုတ် ၁၉

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ယခင်ထက်ပိုမိုကာ ဆီတန်းစီဝယ်ယူနေရပြီး နေရာရောင်းချခြင်းနှင့် မှောင်ခိုရောင်းသည့်ဈေးကွက်လည်း ဖြစ်နေကြောင်း NP News က ဆီတန်းစီဝယ်ယူခဲ့ရသူများနှင့် မေးမြန်းစုံစမ်းအချက်အလက်များအရ သိရသည်။

ယခုရက်ပိုင်းတွင် ပုံမှန်ကာလများထက် စက်သုံးဆီများကို ပိုမိုဝယ်ယူမှုများရှိနေပြီး နေပြည် တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအဝင် မြန်မာနိုင်ငံရှိ မြို့အချို့က စက်သုံးဆီအရောင်းဆိုင်များတွင် တန်းစီဝယ်ယူမှုများပြားနေကာ ဆီသယ်ယာဉ် မရောက်မီ ကာလအတွင်း စက်သုံးဆီအမယ်အချို့ ပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါ စက်သုံးဆီတန်းစီဝယ်ယူမှုသည် ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ ပိုမိုဆိုးရွာလာခဲ့ပြီး လက်ရှိ တွင် တက္ကစီများ အပါအဝင် ကျောင်းကားဖယ်ရီများတွင်လည်း စက်သုံးဆီမရရှိသည့်အတွက် အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။

“အခုတစ်ခေါက်ဆီတန်းစီရတာ အရင်ထက် ပိုဆိုးတယ်။ အရင်က တစ်ပတ်၊ နှစ်ပတ် ဆီ တန်းစီ ရတယ်ဆို အခုက သုံးလေးပတ်လောက်ထိ ဆီတန်းစီရတာ။ ကျွန်တော် အချိန်အကြာကြီး နှစ် ရက် လောက် ဆီတန်းစီပြီးတဲ့နောက်မှာ (၅၀ဝဝဝ)ဖိုးပဲရတယ်။ ဆီကို မှောင်ခိုရောင်းတာလည်း ရှိနေတယ်။ အကြမ်းဖျင်းပေါ့နော် တစ်လီတာကို ကျပ် (၇၅၀ဝ)(၈၀ဝဝ)လောက်အထိ အမြင့်ဆုံးပေါက်ဈေး ဖြစ်နေ တယ်။ ယုဇနဘက်မှာဆိုရင်တော့ (၆၅၀ဝ)လောက်နဲ့ ရတယ်။ တွံတေး ဘက်မှာတော့ (၆၀ဝဝ)လောက် တော့ရှိတယ်” ဟု ဆီတန်းစီဝယ်ယူခဲ့သူ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။ ထို့ပြင် ဆီတန်းစီသည့် အခါ နေရာရောင်းစားမှုအချို့လည်းရှိနေကြောင်း လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာ ထက်တွင် NP News က မြင်တွေ့ရသည်။

“စက်သုံးဆီကလုံးဝအဆင်မပြေဘူး။ တစ်ပတ်ကျော်ပြီ အဆင်မပြေတာ။ ပထမဆုံး စဖြစ်တုန်း ကတော့ ဒီလောက်မဆိုးသေးဘူး။ ပထမ တစ်ခေါက်က သွားစီတော့ ၄၅ မိနစ်လောက်ပဲကြာတယ်။ ဟိုနေ့က တန်းစီတာ မနက်(၅)နာရီခွဲလောက်ထဲကသွားတာ (၂)နာရီကျော်ကြာတယ်။ အခုနောက်ပိုင်း ဆို ဆီတစ်ခါ ရဖို့(၄)နာရီလောက်အထိကို ကြာတယ်။ ဆီမရတဲ့အတွက် အခုဒုက္ခရောက်နေတာက ကျောင်းကားတွေ။ ဖယ်ရီကားတွေက နှစ်ကြောင်းဆွဲရတယ်။ တစ်ကြောင်းတည်းဆွဲရင် သူတို့အတွက် အဆင်မပြေဘူး။ အရင်တုန်းကလိုသာ ၂၄ နာရီပေးလိုက်မယ်ဆိုရင် ညဘက်တွေပါ တန်းစီလို့ရတယ်။ အခုက ညဘက်တွေ တန်းစီလို့မရတော့ မနက်မှလာထည့်ရတယ်။ ၄ နာရီလောက်တန်းစီရတော့ ကျောင်းပို့ချိန်မမှီဘူး။ ၁၂ နာရီထည့်ရင်လည်း (၂)နာရီခွဲဆိုကားထိုးရပြီ ကျောင်းမမီတော့ပြန်ဘူး။ အဲဒီမှာအကုန်လုံး ဒုက္ခရောက်တယ်” ဟု စက်သုံးဆီတန်းစီဝယ်ယူသူ တစ်ဦးက ဆိုသည်။

စက်သုံးဆီပြဿနာကြောင့် ကျောင်း ဖယ်ရီကား အချို့လည်း ယာယီ ရပ်ဆိုင်းမှုများရှိနေကာ လူမှုကူညီရေးအသင်းအဖွဲ့အချို့လည်း အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။ “ ပရဟိတကားတွေကို တန်းမစီရဘူး ဦးစားပေးတယ်ဆိုပေမယ့် ဆီဆိုင်မှာ ဆီမရှိဘူးဆိုရင် ဦးစားပေးလည်းထည့်လို့ မရပါ ဘူး။ ရှိတဲ့ဆီနဲ့ လူနာကို အဆင့်တွေ ခွဲလိုက်ပါတယ်။ အနက်ရောင်အဆင့်နဲ့ အနီရောင်အဆင့်ဆိုမှ ကား လွှတ်ပါတယ်။ ဆီဆိုင်မှာလည်းဆီမရှိတော့ ဆီ ထည့်လို့ကလည်းမလွယ်ဘူး။ အဲဒီတော့ ရှိတဲ့ဆီနဲ့ လိုအပ်တဲ့ လူတွေကို အတတ်နိုင်ဆုံးကယ်မယ်။ ဆီဆိုင်တွေက ဦးစားပေးပြီးထည့်ပေးချင်ပေမယ့်လည်း တန်းစီနေတဲ့ ကားတန်းတွေက အမြင်တစ်မျိုးရှိပါတယ်။ လူ့ အခွင့်အရေးသမားတွေ၊ အခွင့်ထူးခံ လူတန်း စားတွေ ဆိုပြီး ပြဿနာရှာတာတွေရှိတယ်” ဟု လူမှုကူညီရေး အသင်းတစ်သင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီ လုပ်ငန်းရှင် များကို အမေရိကန်ဒေါ်လာ သန်း(၁၀ဝ) ပံ့ပိုး ပေးရန် စီစဉ်ထားကြောင်း ပြီးခဲ့သည့် ဩဂုတ် (၁၄) ရက်နေ့က အသိပေးထုတ်ပြန်ထားခဲ့သည်။

ယနေ့ ဩဂုတ်လ (၁၆)ရက်နေ့တွင် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီး ကြပ်ရေးကော်မတီ(PPRD)က (၉၂ ) တစ်လီတာ လျှင်(၂၇၄၈)ကျပ်နှင့်(၉၅)တစ်လီတာလျှင် (၂၈၈၈) ကျပ် သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်၌ ပေါက်ဈေးအဆမတန်မြင့်တက်နေကြောင်း သိရ သည်။ လက်ရှိတွင် PPRD အနေဖြင့် စက်သုံးဆီ များကို ပုံမှန်ဖြန့်ဖြူးပေးနေသည့်အပြင် လိုအပ်သည့် ဆိုင်များကိုလည်း အရေးပေါ်ထပ်မံတိုးမြှင့်ဖြည့်တင်း ဖြန့်ဖြူးပေးနေကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း စက်သုံးဆီ လက်ကျန် အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင် သင်္ဘောများ၏ အခြေအနေအရ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်နိုင်မည်ကို စိုးရိမ်ရန်မလို ကြောင်း နှင့် စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ(PPRD)က အသိပေး ထုတ်ပြန်ထားသည်။

Online Media များနှင့် ကောလာဟလ သတင်းများကြောင့် စိုးရိမ်ကြောင့်ကြမှုဖြင့် လိုအပ် သည် ထက် ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း၊ တစ်ဆင့် ပြန်လည်ရောင်းချရန်ဝယ်ယူခြင်းတို့ မပြုလုပ်ရန်၊ လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲရန်နှင့် အရောင်းဆိုင်အချို့တွင်သာ စုပြုံတန်းစီ ဝယ်ယူနေခြင်း အစား တန်းစီဝယ်ယူမှုနည်းပါးသည့် ပတ်ဝန်းကျင်ရှိ အခြားအရောင်းဆိုင်များသို့လည်း သွားရောက် ဝယ်ယူခြင်းဖြင့် ပြည်သူများအားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးရန်လည်း စက်သုံးဆီ တင်သွင်းသို လှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုက်တွန်းနှိုးဆော် ထားသည်။ လက်ရှိ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် စက်သုံးဆီနှင့်ပတ်သက်၍ ပြတ်လပ်မှုဖြစ်ပေါ်နေသည်ဆိုသည့်သတင်းများကို ဆန့်ကျင်ဘက်အဖွဲ့အစည်းများက ပြည်ပြေးမီဒီယာများ အားကိုးဖြင့် ဝါဒ ဖြန့် ထုတ်ပြန်ခြင်းများ မကြာခဏပြုလုပ်ခဲ့ကြဖူးသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ စက္သုံးဆီဆိုင္မ်ားပင္လွ်င္ ယခင္ထက္ပိုမိုကာ ဆီတန္းစီ ဝယ္ယူေနရၿပီး ေနရာေရာင္းခ်ျခင္းႏွင့္ ေမွာင္ခိုေရာင္းသည့္ ေဈးကြက္လည္းျဖစ္ေန
ယြန္း (NP News) - ဩဂုတ္ ၁၉

ရန္ကုန္ၿမိဳ႕ရွိ စက္သုံးဆီဆိုင္အခ်ိဳ႕တြင္ ယခင္ထက္ပိုမိုကာ ဆီတန္းစီဝယ္ယူေနရၿပီး ေနရာေရာင္းခ်ျခင္းႏွင့္ ေမွာင္ခိုေရာင္းသည့္ေဈးကြက္လည္း ျဖစ္ေနေၾကာင္း NP News က ဆီတန္းစီဝယ္ယူခဲ့ရသူမ်ားႏွင့္ ေမးျမန္းစုံစမ္းအခ်က္အလက္မ်ားအရ သိရသည္။

ယခုရက္ပိုင္းတြင္ ပုံမွန္ကာလမ်ားထက္ စက္သုံးဆီမ်ားကို ပိုမိုဝယ္ယူမႈမ်ားရွိေနၿပီး ေနျပည္ ေတာ္၊ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕ အပါအဝင္ ျမန္မာႏိုင္ငံရွိ ၿမိဳ႕အခ်ိဳ႕က စက္သုံးဆီအေရာင္းဆိုင္မ်ားတြင္ တန္းစီဝယ္ယူမႈမ်ားျပားေနကာ ဆီသယ္ယာဥ္ မေရာက္မီ ကာလအတြင္း စက္သုံးဆီအမယ္အခ်ိဳ႕ ျပတ္လပ္မႈမ်ား ျဖစ္ေပၚလ်က္ရွိသည္။

အဆိုပါ စက္သုံးဆီတန္းစီဝယ္ယူမႈသည္ ၿပီးခဲ့သည့္ရက္ပိုင္းမွစ၍ ပိုမိုဆိုး႐ြာလာခဲ့ၿပီး လက္ရွိ တြင္ တကၠစီမ်ား အပါအဝင္ ေက်ာင္းကားဖယ္ရီမ်ားတြင္လည္း စက္သုံးဆီမရရွိသည့္အတြက္ အခက္အခဲမ်ားႏွင့္ရင္ဆိုင္ေနရေၾကာင္း သိရသည္။

“အခုတစ္ေခါက္ဆီတန္းစီရတာ အရင္ထက္ ပိုဆိုးတယ္။ အရင္က တစ္ပတ္၊ ႏွစ္ပတ္ ဆီ တန္းစီ ရတယ္ဆို အခုက သုံးေလးပတ္ေလာက္ထိ ဆီတန္းစီရတာ။ ကြၽန္ေတာ္ အခ်ိန္အၾကာႀကီး ႏွစ္ ရက္ ေလာက္ ဆီတန္းစီၿပီးတဲ့ေနာက္မွာ (၅၀ဝဝဝ)ဖိုးပဲရတယ္။ ဆီကို ေမွာင္ခိုေရာင္းတာလည္း ရွိေနတယ္။ အၾကမ္းဖ်င္းေပါ့ေနာ္ တစ္လီတာကို က်ပ္ (၇၅၀ဝ)(၈၀ဝဝ)ေလာက္အထိ အျမင့္ဆုံးေပါက္ေဈး ျဖစ္ေန တယ္။ ယုဇနဘက္မွာဆိုရင္ေတာ့ (၆၅၀ဝ)ေလာက္နဲ႔ ရတယ္။ တြံေတး ဘက္မွာေတာ့ (၆၀ဝဝ)ေလာက္ ေတာ့ရွိတယ္” ဟု ဆီတန္းစီဝယ္ယူခဲ့သူ အငွားယာဥ္ေမာင္းတစ္ဦးက ေျပာသည္။ ထို႔ျပင္ ဆီတန္းစီသည့္ အခါ ေနရာေရာင္းစားမႈအခ်ိဳ႕လည္းရွိေနေၾကာင္း လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ ထက္တြင္ NP News က ျမင္ေတြ႕ရသည္။

“စက္သုံးဆီကလုံးဝအဆင္မေျပဘူး။ တစ္ပတ္ေက်ာ္ၿပီ အဆင္မေျပတာ။ ပထမဆုံး စျဖစ္တုန္း ကေတာ့ ဒီေလာက္မဆိုးေသးဘူး။ ပထမ တစ္ေခါက္က သြားစီေတာ့ ၄၅ မိနစ္ေလာက္ပဲၾကာတယ္။ ဟိုေန႔က တန္းစီတာ မနက္(၅)နာရီခြဲေလာက္ထဲကသြားတာ (၂)နာရီေက်ာ္ၾကာတယ္။ အခုေနာက္ပိုင္း ဆို ဆီတစ္ခါ ရဖို႔(၄)နာရီေလာက္အထိကို ၾကာတယ္။ ဆီမရတဲ့အတြက္ အခုဒုကၡေရာက္ေနတာက ေက်ာင္းကားေတြ။ ဖယ္ရီကားေတြက ႏွစ္ေၾကာင္းဆြဲရတယ္။ တစ္ေၾကာင္းတည္းဆြဲရင္ သူတို႔အတြက္ အဆင္မေျပဘူး။ အရင္တုန္းကလိုသာ ၂၄ နာရီေပးလိုက္မယ္ဆိုရင္ ညဘက္ေတြပါ တန္းစီလို႔ရတယ္။ အခုက ညဘက္ေတြ တန္းစီလို႔မရေတာ့ မနက္မွလာထည့္ရတယ္။ ၄ နာရီေလာက္တန္းစီရေတာ့ ေက်ာင္းပို႔ခ်ိန္မမွီဘူး။ ၁၂ နာရီထည့္ရင္လည္း (၂)နာရီခြဲဆိုကားထိုးရၿပီ ေက်ာင္းမမီေတာ့ျပန္ဘူး။ အဲဒီမွာအကုန္လုံး ဒုကၡေရာက္တယ္” ဟု စက္သုံးဆီတန္းစီဝယ္ယူသူ တစ္ဦးက ဆိုသည္။

စက္သုံးဆီျပႆနာေၾကာင့္ ေက်ာင္း ဖယ္ရီကား အခ်ိဳ႕လည္း ယာယီ ရပ္ဆိုင္းမႈမ်ားရွိေနကာ လူမႈကူညီေရးအသင္းအဖြဲ႕အခ်ိဳ႕လည္း အခက္အခဲ ျဖစ္ေပၚေနေၾကာင္း သိရသည္။ “ ပရဟိတကားေတြကို တန္းမစီရဘူး ဦးစားေပးတယ္ဆိုေပမယ့္ ဆီဆိုင္မွာ ဆီမရွိဘူးဆိုရင္ ဦးစားေပးလည္းထည့္လို႔ မရပါ ဘူး။ ရွိတဲ့ဆီနဲ႔ လူနာကို အဆင့္ေတြ ခြဲလိုက္ပါတယ္။ အနက္ေရာင္အဆင့္နဲ႔ အနီေရာင္အဆင့္ဆိုမွ ကား လႊတ္ပါတယ္။ ဆီဆိုင္မွာလည္းဆီမရွိေတာ့ ဆီ ထည့္လို႔ကလည္းမလြယ္ဘူး။ အဲဒီေတာ့ ရွိတဲ့ဆီနဲ႔ လိုအပ္တဲ့ လူေတြကို အတတ္ႏိုင္ဆုံးကယ္မယ္။ ဆီဆိုင္ေတြက ဦးစားေပးၿပီးထည့္ေပးခ်င္ေပမယ့္လည္း တန္းစီေနတဲ့ ကားတန္းေတြက အျမင္တစ္မ်ိဳးရွိပါတယ္။ လူ႔ အခြင့္အေရးသမားေတြ၊ အခြင့္ထူးခံ လူတန္း စားေတြ ဆိုၿပီး ျပႆနာရွာတာေတြရွိတယ္” ဟု လူမႈကူညီေရး အသင္းတစ္သင္းမွ တာဝန္ရွိသူ တစ္ဦးက ဆိုသည္။

ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ အေနျဖင့္ ႏိုင္ငံျခားေငြေၾကးေဈးကြက္တြင္ စက္သုံးဆီ လုပ္ငန္းရွင္ မ်ားကို အေမရိကန္ေဒၚလာ သန္း(၁၀ဝ) ပံ့ပိုး ေပးရန္ စီစဥ္ထားေၾကာင္း ၿပီးခဲ့သည့္ ဩဂုတ္ (၁၄) ရက္ေန႔က အသိေပးထုတ္ျပန္ထားခဲ့သည္။

ယေန႔ ဩဂုတ္လ (၁၆)ရက္ေန႔တြင္ စက္သုံးဆီ တင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီး ၾကပ္ေရးေကာ္မတီ(PPRD)က (၉၂ ) တစ္လီတာ လွ်င္(၂၇၄၈)က်ပ္ႏွင့္(၉၅)တစ္လီတာလွ်င္ (၂၈၈၈) က်ပ္ သတ္မွတ္ထားေသာ္လည္း ျပင္ပေဈးကြက္၌ ေပါက္ေဈးအဆမတန္ျမင့္တက္ေနေၾကာင္း သိရ သည္။ လက္ရွိတြင္ PPRD အေနျဖင့္ စက္သုံးဆီ မ်ားကို ပုံမွန္ျဖန႔္ျဖဴးေပးေနသည့္အျပင္ လိုအပ္သည့္ ဆိုင္မ်ားကိုလည္း အေရးေပၚထပ္မံတိုးျမႇင့္ျဖည့္တင္း ျဖန႔္ျဖဴးေပးေနေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္တြင္း စက္သုံးဆီ လက္က်န္ အေျခအေနႏွင့္ ျပည္ပမွဝင္ေရာက္လာမည့္ ဆီတင္ သေဘၤာမ်ား၏ အေျခအေနအရ ျပည္သူမ်ားအေနျဖင့္ စက္သုံးဆီျပတ္လပ္ႏိုင္မည္ကို စိုးရိမ္ရန္မလို ေၾကာင္း ႏွင့္ စက္သုံးဆီျပတ္လပ္ႏိုင္ျခင္းမရွိေၾကာင္း စက္သုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီ(PPRD)က အသိေပး ထုတ္ျပန္ထားသည္။

Online Media မ်ားႏွင့္ ေကာလာဟလ သတင္းမ်ားေၾကာင့္ စိုးရိမ္ေၾကာင့္ၾကမႈျဖင့္ လိုအပ္ သည္ ထက္ ပိုမိုဝယ္ယူျခင္း၊ သိုေလွာင္ထားရွိျခင္း၊ တစ္ဆင့္ ျပန္လည္ေရာင္းခ်ရန္ဝယ္ယူျခင္းတို႔ မျပဳလုပ္ရန္၊ လိုအပ္သေလာက္သာ ဝယ္ယူသုံးစြဲရန္ႏွင့္ အေရာင္းဆိုင္အခ်ိဳ႕တြင္သာ စုၿပဳံတန္းစီ ဝယ္ယူေနျခင္း အစား တန္းစီဝယ္ယူမႈနည္းပါးသည့္ ပတ္ဝန္းက်င္ရွိ အျခားအေရာင္းဆိုင္မ်ားသို႔လည္း သြားေရာက္ ဝယ္ယူျခင္းျဖင့္ ျပည္သူမ်ားအားလုံး ဝိုင္းဝန္း ပူးေပါင္းေဆာင္႐ြက္ေပးရန္လည္း စက္သုံးဆီ တင္သြင္းသို ေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီက တိုက္တြန္းႏႈိးေဆာ္ ထားသည္။ လက္ရွိ ႏိုင္ငံ ေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစိုးရလက္ထက္တြင္ စက္သုံးဆီႏွင့္ပတ္သက္၍ ျပတ္လပ္မႈျဖစ္ေပၚေနသည္ဆိုသည့္သတင္းမ်ားကို ဆန႔္က်င္ဘက္အဖြဲ႕အစည္းမ်ားက ျပည္ေျပးမီဒီယာမ်ား အားကိုးျဖင့္ ဝါဒ ျဖန႔္ ထုတ္ျပန္ျခင္းမ်ား မၾကာခဏျပဳလုပ္ခဲ့ၾကဖူးသည္။

Related news

© 2021. All rights reserved.