လွိုင်လင်မြို့တွင် (၁၂)ဘီးကားပေါ်မှ ငွေကျပ်သိန်းပေါင်း (၆၀၀၀)နီးပါးတန်ဖိုးရှိ အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိ

 584

သန့်ဇင် (NP News) - ဩဂုတ် ၂၀

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့တွင် MITSUBISHI FUSO ၁၂ ဘီးကားပေါ်မှ ငွေကျပ်သိန်းပေါင်း (၆၀၀၀)နီးပါးတန်ဖိုးရှိ အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က သြဂုတ်လ ၁၇ ရက်၊ ည ၇နာရီအချိန်တွင် လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်း၊ “နေမင်းရောင်”တိုးဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုးဂိတ်အနီးအတွင် လွိုင်လင်မြို့မှ တောင်ကြီးမြို့ဘက်သို့ စိုင်းမိုင်းခွန်း မောင်းနှင်လာသော MITSUBISHI FUSO (၁၂) ဘီးကားကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့ဝင်များက စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သယ်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ငွေကျပ်သိန်း(၅၉၀၀)တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းဖြစ်သော အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လွိုင်လင်အထွက်မှာ တိုးဂိတ်ရှိတယ်။ အဲဒီမှာ လွိုင်လင်ဘက်ကနေ တောင်ကြီးဘက်ကိုသွားတဲ့ (၁၂)ဘီးကားကို ရှာတဲ့အချိန် တွေ့တာလို့ သိရတယ်”ဟု လွိုင်လင်မြို့ခံတစ်ဦးက NP News ကို ပြောသည်။

ဖမ်းဆီးရမိသည့် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်များအား လင်း ခေးမြို့မှ ဟိုပုန်းမြို့သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းမြစ်က ဆိုသည်။

အလားတူ ယမန်နေ့(ဩဂုတ်လ ၁၉ရက်)၊ ညနေ ၅နာရီအချိန်ကလည်း လွိုင် လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ “နေမင်းရောင်”တိုးဂိတ်အနီးတွင် စိုင်းဆိုင်စင်မောင်းနင်လာသည့် ဆိုင်ကယ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စစ်ဆေးရှာဖွေခဲ့ရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ “ခြူးကမ္ဘာလုံး”တံဆိပ်ပါ အကြည်ရောင်ပလပ်စတစ်၊ မှိုင်းကိုင်စက္ကူတို့ဖြင့်ပတ်လျက် အလေးချိန်(၆၇၀)ဂရမ်ခန့်ရှိ ဘိန်းဖြူများ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စိုင်းမိုင်းခွန်း(၄၁)နှစ်နှင့် စိုင်းဆိုင်စင်တို့(၂)ဦအား လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

zawgyi version
လြိဳင္လင္ၿမိဳ႕တြင္ (၁၂)ဘီးကားေပၚမွ ေငြက်ပ္သိန္းေပါင္း (၆၀၀၀)နီးပါးတန္ဖိုးရွိ အမိုနီယမ္ႏိုက္ထရိတ္မ်ား ဖမ္းဆီးရမိ

သန႔္ဇင္ (NP News) - ဩဂုတ္ ၂၀

ရွမ္းျပည္နယ္၊ လြိဳင္လင္ၿမိဳ႕တြင္ MITSUBISHI FUSO ၁၂ ဘီးကားေပၚမွ ေငြက်ပ္သိန္းေပါင္း (၆၀၀၀)နီးပါးတန္ဖိုးရွိ အမိုနီယမ္ႏိုက္ထရိတ္မ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕က ၾသဂုတ္လ ၁၇ ရက္၊ ည ၇နာရီအခ်ိန္တြင္ လြိဳင္လင္ၿမိဳ႕နယ္၊ လြိဳင္လင္-ေတာင္ႀကီးသြား ကားလမ္း၊ “ေနမင္းေရာင္”တိုးဂိတ္တြင္ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ တိုးဂိတ္အနီးအတြင္ လြိဳင္လင္ၿမိဳ႕မွ ေတာင္ႀကီးၿမိဳ႕ဘက္သို႔ စိုင္းမိုင္းခြန္း ေမာင္းႏွင္လာေသာ MITSUBISHI FUSO (၁၂) ဘီးကားကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္းအဖြဲ႕ဝင္မ်ားက စစ္ေဆးရွာေဖြရာ ယာဥ္ေပၚတြင္ သယ္ေဆာင္လာေသာ ဆာလာအိတ္မ်ားအတြင္းမွ ေငြက်ပ္သိန္း(၅၉၀၀)တန္ဖိုးရွိ ထိန္းခ်ဳပ္ဓာတုပစၥည္းျဖစ္ေသာ အမိုနီယမ္ႏိုက္ထရိတ္မ်ား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“လြိဳင္လင္အထြက္မွာ တိုးဂိတ္ရွိတယ္။ အဲဒီမွာ လြိဳင္လင္ဘက္ကေန ေတာင္ႀကီးဘက္ကိုသြားတဲ့ (၁၂)ဘီးကားကို ရွာတဲ့အခ်ိန္ ေတြ႕တာလို႔ သိရတယ္”ဟု လြိဳင္လင္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

ဖမ္းဆီးရမိသည့္ ထိန္းခ်ဳပ္ဓာတုပစၥည္း အမိုနီယမ္ႏိုက္ထရိတ္မ်ားအား လင္း ေခးၿမိဳ႕မွ ဟိုပုန္းၿမိဳ႕သို႔ သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း အထက္ပါသတင္းအရင္းျမစ္က ဆိုသည္။

အလားတူ ယမန္ေန႔(ဩဂုတ္လ ၁၉ရက္)၊ ညေန ၅နာရီအခ်ိန္ကလည္း လြိဳင္ လင္ၿမိဳ႕နယ္၊ လြိဳင္လင္-ေတာင္ႀကီးသြားကားလမ္း၊ “ေနမင္းေရာင္”တိုးဂိတ္အနီးတြင္ စိုင္းဆိုင္စင္ေမာင္းနင္လာသည့္ ဆိုင္ကယ္အား မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က စစ္ေဆးရွာေဖြခဲ့ရာ ဆိုင္ကယ္တူးေဘာက္အတြင္းမွ “ျခဴးကမာၻလုံး”တံဆိပ္ပါ အၾကည္ေရာင္ပလပ္စတစ္၊ မႈိင္းကိုင္စကၠဴတို႔ျဖင့္ပတ္လ်က္ အေလးခ်ိန္(၆၇၀)ဂရမ္ခန႔္ရွိ ဘိန္းျဖဴမ်ား ဆက္လက္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ စိုင္းမိုင္းခြန္း(၄၁)ႏွစ္ႏွင့္ စိုင္းဆိုင္စင္တို႔(၂)ဦအား လြိဳင္လင္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူထားရွိၿပီး ကြင္းဆက္မ်ား စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.