မန္တလေးတွင် အမျိုးသမီး(၂)ဦးပါဝင်သောအဖွဲ့က ဆိုင်အတွင်းဝင်ရောက်ကာ တစ်ဦးတည်းရှိနေသော အမျိုးသမီးကြီးကို လည်ပင်းညှစ်သတ်ပြီး ပစ္စည်းများ လုယက်မှုဖြစ်ပွား
9454
NP News - ဩဂုတ် ၂၀
မန္တလေးမြို့တွင် အမျိုးသမီး(၂)ဦးပါဝင်သော ၆ ဦးအဖွဲ့က ဆိုင်အတွင်းဝင်ရောက်ကာ တစ်ဦးတည်းရှိနေသော အမျိုးသမီးကြီးကို လည်ပင်းညှစ်သတ်ပြီး ပစ္စည်းလုယက်သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ (ဩဂုတ်လ ၁၉ ရက်) က ဖြစ်ပွားခဲ့ကြောင်း မြင့်မြတ်ရတနာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ယင်းနေ့ ညနေ ၅ နာရီ ၁၀ မိနစ် ဝန်းကျင်အချိန်ခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်းနှင့် ၁၉ လမ်းကြား၊ ၈၆ F လမ်းက နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးသူမှာ အသက် ၇၂ နှစ်အရွယ် အသက်ကြီးပိုင်း အမျိုးသမီးဖြစ်ပြီး အသက် ၆၀ အရွယ် ဝန်းကျင်ရှိသော မောင်တစ်ဦးနှင့်အတူ နေထိုင်ခြင်းဖြစ်ကာ မန္တလေးမြို့ရှိ အခြားနေရာတွင် စာရေးကိရိယာ ဆိုင်ဖွင့်လှစ်ရောင်းချသူဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ချိန်တွင် သေဆုံးသူ တစ်ဦးတည်း ရှိနေချိန် နေအိမ်သို့ အသက် ၂၀ နှစ်ဝန်းကျင်ခန့်ရှိ အမျိုးသမီး ၂ ဦးပါဝင်သော လူ ၆ ဦး အဖွဲ့က စာချုပ်ဝယ်မည်ဟုဆိုကာ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူက စာချုပ်နှင့် တံဆိပ်ခေါင်းများအား ပြသနေစဉ် ဝင်ရောက်လာသူများက လည်ပင်းညှစ်သတ်ကာ အိမ်ရှိအတွင်းပစ္စည်းအချို့ကို လုယက်ယူဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း အခင်းဖြစ်နေရာတွင် တွေ့ရှိရသော အချက်အလက်များနှင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများကို မေးမြန်းထားသည့် အချက်အလက်များကို ကိုးကားကာ ၎င်းက ပြောသည်။
“(ဓားဒဏ်ရာ ရှိပေမယ့်) အဲဒီ ဒဏ်ရာကြောင့် သေတာ မဖြစ်နိုင်ဘူး။ အဲဒီ ဒဏ်ရာက လက်မောင်းမှာ မဖြစ်စလောက်ကလေးရယ်။ ပါးပါးလေးပဲ။ သေလောက်တဲ့ ဒဏ်ရာမဟုတ်ဘူး။ သာမန် ခိုက်မိတာပါပဲ။ သူက သေလောက်တဲ့ ဒဏ်ရာက လက်နှစ်ဖက်ကို ခါးပတ်ကြိုးနဲ့ လက်နှစ်ဖက် နောက်ပြန် ချည်ထားပြီးတော့ သူက လည်ပင်ကို ညှစ်သတ်တဲ့ ပုံစံပေါ့။ ဝါယာ ကေဘယ်နဲ့လေ။ ပြီးတော့ ရေစိုခံတိတ်နဲ့ ခေါင်းကနေ ပါးစပ်အထိ ကပ်ပိတ်ပလိုက်တာ။ အသက်ရှူကြပ်ပြီး သေဆုံးတာပေါ့” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ထို့နောက် သေဆုံးသူ ဝတ်ဆင်ထားသော ရွှေဆွဲကြိုး၊ ရွှေနားကပ်တစ်ရံ အပါအဝင် အိမ်တွင်ရှိသော ငါးမူးသားခန့် ရွှေလက်စွပ် တစ်ကွင်း၊ သုံးကျပ်ခွဲသားခန့် လက်ကောက်တစ်ကွင်း၊ တစ်ကျပ်ခွဲသားခန့် ဟန်းချိန်တစ်ခုကို ယူဆောင် ထွက်ပြေးသွားကြကြောင်း သိရသည်။ “ဓားပြတိုက် လူသတ်ဆိုတော့ ကျွန်တော်တို့တောင် အံ့ဩသေးတယ်။ ဒီနားလေးမှာ အဲဒီလို ဖြစ်စရာ အကြောင်းမရှိဘူးလေ”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ ကျူးလွန်သူများကို ဖမ်းမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
zawgyi version
မႏၲေလးတြင္ အမ်ိဳးသမီး(၂)ဦးပါဝင္ေသာအဖြဲ႕က ဆိုင္အတြင္းဝင္ေရာက္ကာ တစ္ဦးတည္းရွိေနေသာ အမ်ိဳးသမီးႀကီးကို လည္ပင္းညႇစ္သတ္ၿပီး ပစၥည္းမ်ား လုယက္မႈျဖစ္ပြား
NP News - ဩဂုတ္ ၂၀
မႏၲေလးၿမိဳ႕တြင္ အမ်ိဳးသမီး(၂)ဦးပါဝင္ေသာ ၆ ဦးအဖြဲ႕က ဆိုင္အတြင္းဝင္ေရာက္ကာ တစ္ဦးတည္းရွိေနေသာ အမ်ိဳးသမီးႀကီးကို လည္ပင္းညႇစ္သတ္ၿပီး ပစၥည္းလုယက္သည့္ ျဖစ္စဥ္တစ္ခု ယမန္ေန႔ (ဩဂုတ္လ ၁၉ ရက္) က ျဖစ္ပြားခဲ့ေၾကာင္း ျမင့္ျမတ္ရတနာ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ျဖစ္စဥ္မွာ ယင္းေန႔ ညေန ၅ နာရီ ၁၀ မိနစ္ ဝန္းက်င္အခ်ိန္ခန႔္က မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၈၆ လမ္းႏွင့္ ၁၉ လမ္းၾကား၊ ၈၆ F လမ္းက ေနအိမ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေသဆုံးသူမွာ အသက္ ၇၂ ႏွစ္အ႐ြယ္ အသက္ႀကီးပိုင္း အမ်ိဳးသမီးျဖစ္ၿပီး အသက္ ၆၀ အ႐ြယ္ ဝန္းက်င္ရွိေသာ ေမာင္တစ္ဦးႏွင့္အတူ ေနထိုင္ျခင္းျဖစ္ကာ မႏၲေလးၿမိဳ႕ရွိ အျခားေနရာတြင္ စာေရးကိရိယာ ဆိုင္ဖြင့္လွစ္ေရာင္းခ်သူျဖစ္ေၾကာင္း သိရသည္။ အခင္းျဖစ္ခ်ိန္တြင္ ေသဆုံးသူ တစ္ဦးတည္း ရွိေနခ်ိန္ ေနအိမ္သို႔ အသက္ ၂၀ ႏွစ္ဝန္းက်င္ခန႔္ရွိ အမ်ိဳးသမီး ၂ ဦးပါဝင္ေသာ လူ ၆ ဦး အဖြဲ႕က စာခ်ဳပ္ဝယ္မည္ဟုဆိုကာ ဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေသဆုံးသူက စာခ်ဳပ္ႏွင့္ တံဆိပ္ေခါင္းမ်ားအား ျပသေနစဥ္ ဝင္ေရာက္လာသူမ်ားက လည္ပင္းညႇစ္သတ္ကာ အိမ္ရွိအတြင္းပစၥည္းအခ်ိဳ႕ကို လုယက္ယူေဆာင္သြားခဲ့ျခင္း ျဖစ္ေၾကာင္း အခင္းျဖစ္ေနရာတြင္ ေတြ႕ရွိရေသာ အခ်က္အလက္မ်ားႏွင့္ ပတ္ဝန္းက်င္ရွိ ေနထိုင္သူမ်ားကို ေမးျမန္းထားသည့္ အခ်က္အလက္မ်ားကို ကိုးကားကာ ၎က ေျပာသည္။
“(ဓားဒဏ္ရာ ရွိေပမယ့္) အဲဒီ ဒဏ္ရာေၾကာင့္ ေသတာ မျဖစ္ႏိုင္ဘူး။ အဲဒီ ဒဏ္ရာက လက္ေမာင္းမွာ မျဖစ္စေလာက္ကေလးရယ္။ ပါးပါးေလးပဲ။ ေသေလာက္တဲ့ ဒဏ္ရာမဟုတ္ဘူး။ သာမန္ ခိုက္မိတာပါပဲ။ သူက ေသေလာက္တဲ့ ဒဏ္ရာက လက္ႏွစ္ဖက္ကို ခါးပတ္ႀကိဳးနဲ႔ လက္ႏွစ္ဖက္ ေနာက္ျပန္ ခ်ည္ထားၿပီးေတာ့ သူက လည္ပင္ကို ညႇစ္သတ္တဲ့ ပုံစံေပါ့။ ဝါယာ ေကဘယ္နဲ႔ေလ။ ၿပီးေတာ့ ေရစိုခံတိတ္နဲ႔ ေခါင္းကေန ပါးစပ္အထိ ကပ္ပိတ္ပလိုက္တာ။ အသက္ရႉၾကပ္ၿပီး ေသဆုံးတာေပါ့” ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။
ထို႔ေနာက္ ေသဆုံးသူ ဝတ္ဆင္ထားေသာ ေ႐ႊဆြဲႀကိဳး၊ ေ႐ႊနားကပ္တစ္ရံ အပါအဝင္ အိမ္တြင္ရွိေသာ ငါးမူးသားခန႔္ ေ႐ႊလက္စြပ္ တစ္ကြင္း၊ သုံးက်ပ္ခြဲသားခန႔္ လက္ေကာက္တစ္ကြင္း၊ တစ္က်ပ္ခြဲသားခန႔္ ဟန္းခ်ိန္တစ္ခုကို ယူေဆာင္ ထြက္ေျပးသြားၾကေၾကာင္း သိရသည္။ “ဓားျပတိုက္ လူသတ္ဆိုေတာ့ ကြၽန္ေတာ္တို႔ေတာင္ အံ့ဩေသးတယ္။ ဒီနားေလးမွာ အဲဒီလို ျဖစ္စရာ အေၾကာင္းမရွိဘူးေလ”ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။
အေလာင္းကို မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားကာ က်ဴးလြန္သူမ်ားကို ဖမ္းမိေရး ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။