တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ အယောက် ၅ဝ ထက်မနည်း သေဆုံး

 563

ရောင်နီ (NP News) - သြဂုတ် ၂၁

ဇူလိုင်လနှောင်းပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရပြီး တနင်္လာနေ့ (သြဂုတ် ၁၉ ရက်) မှာတော့ အချက်အလက်တွေအရ လူ ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့ပါတယ်။

ဒါအပြင် တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ ကျီရှန်မြို့မှာ လူ ၁၅ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV မှာ ဖော်ပြခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ ကျီရှန်မှာရှိတဲ့ သဘာဝဘေးဒဏ်သင့်ဒေသတွေမှာ ကျေးရွာအားလုံး လမ်းများ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေးပြန်ရလာပြီဖြစ်တယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ် ကုန်းတွင်းပိုင်းကို ရွေ့လျားလာတဲ့ တိုင်ဖွန်းမုန်တိုင်း ဂါမီကြောင့် ဇူလိုင်လ နှောင်းပိုင်းက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် အာဏာပိုင်တွေက လူပေါင်း ၃၀၀,၀၀၀ နီးပါးကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ပြီး တရုတ်နိုင်ငံ အရှေ့ပိုင်းတလွှား အများပြည်သူ သယ်ယူပို့ဆောင် ရေးကို ပြီးခဲ့သည့်လက ရပ်ဆိုင်းစေခဲ့ရပါတယ်။

ပြီးခဲ့တဲ့လကပဲ မြောက်ပိုင်း ရှန်ဇီပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဝေးပြေးလမ်း တံတားပြိုကျခဲ့ ခြင်းကြောင့် အနည်းဆုံး လူ ၃၈ ဦး သေဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အများဆုံးနိုင်ငံဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုနဲ့ ပြင်းထန်တဲ့ရာသီဥတုကို မကြာခဏ ခံစားရလေ့ ရှိပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ ဟူနန္ျပည္နယ္မွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ လူ အေယာက္ ၅ဝ ထက္မနည္း ေသဆုံး
ေရာင္နီ (NP News) - ၾသဂုတ္ ၂၁

ဇူလိုင္လေႏွာင္းပိုင္းက တ႐ုတ္ႏိုင္ငံအလယ္ပိုင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးမႈေၾကာင့္ ရွာေဖြကယ္ဆယ္ ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ခဲ့ရၿပီး တနလၤာေန႔ (ၾသဂုတ္ ၁၉ ရက္) မွာေတာ့ အခ်က္အလက္ေတြအရ လူ ၅၀ ထက္မနည္း ေသဆုံးခဲ့တယ္လို႔ ႏိုင္ငံပိုင္မီဒီယာက ေျပာၾကားခဲ့ပါတယ္။

ဒါအျပင္ တ႐ုတ္ႏိုင္ငံ ဟူနန္ျပည္နယ္ရွိ က်ီရွန္ၿမိဳ႕မွာ လူ ၁၅ ဦး ေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ ႏိုင္ငံပိုင္႐ုပ္သံ CCTV မွာ ေဖာ္ျပခဲ့ပါတယ္။ လက္ရွိအခ်ိန္ထိေတာ့ က်ီရွန္မွာရွိတဲ့ သဘာဝေဘးဒဏ္သင့္ေဒသေတြမွာ ေက်း႐ြာအားလုံး လမ္းမ်ား၊ လွ်ပ္စစ္မီး၊ ဆက္သြယ္ေရးျပန္ရလာၿပီျဖစ္တယ္လို႔ သိရပါတယ္။ ဖိလစ္ပိုင္နဲ႔ ထိုင္ဝမ္ ကုန္းတြင္းပိုင္းကို ေ႐ြ႕လ်ားလာတဲ့ တိုင္ဖြန္းမုန္တိုင္း ဂါမီေၾကာင့္ ဇူလိုင္လ ေႏွာင္းပိုင္းက တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္မွာ မိုးသည္းထန္စြာ ႐ြာသြန္းခဲ့ၿပီး ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။ ဒါေၾကာင့္ အာဏာပိုင္ေတြက လူေပါင္း ၃၀၀,၀၀၀ နီးပါးကို ေဘးလြတ္ရာေ႐ႊ႕ေျပာင္းခဲ့ၿပီး တ႐ုတ္ႏိုင္ငံ အေရွ႕ပိုင္းတလႊား အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ ေရးကို ၿပီးခဲ့သည့္လက ရပ္ဆိုင္းေစခဲ့ရပါတယ္။

ၿပီးခဲ့တဲ့လကပဲ ေျမာက္ပိုင္း ရွန္ဇီျပည္နယ္မွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ အေဝးေျပးလမ္း တံတားၿပိဳက်ခဲ့ ျခင္းေၾကာင့္ အနည္းဆုံး လူ ၃၈ ဦး ေသဆုံးခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ကမာၻေပၚမွာ ဖန္လုံအိမ္ဓာတ္ေငြ႕ ထုတ္လႊတ္မႈ အမ်ားဆုံးႏိုင္ငံျဖစ္ၿပီး ရာသီဥတုေဖာက္ျပန္မႈနဲ႔ ျပင္းထန္တဲ့ရာသီဥတုကို မၾကာခဏ ခံစားရေလ့ ရွိပါတယ္။

Related news

© 2021. All rights reserved.