ချောင်ပိတ်မိနေတဲ့ မူဆယ်မြို့မှ ပြည်သူတွေရဲ့အသံ (အင်တာဗျူး)

 2165

သုတကျော် (NP News) - ဩဂုတ် ၂၂

မူဆယ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စီးပွားရေးကောင်း မွန်ရာ မြို့ကြီးတစ်မြို့ဖြစ်ပြီး လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ရာ မြို့တစ်မြို့ ဖြစ် ပါသည်။ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးသော မြို့ဖြစ်သည့်အားလျော်စွာ ရေကြည်ရာမြက်နုရာရှာသူများဖြင့်လည်း ပြည့်နှက်နေသည့် မြို့ဖြစ်သည်။

သို့သော် ယခုအခါ စစ်ဘေးသည် မူဆယ်မြို့သို့ ကူးစက်လာမည်လောဟု စိုးရိမ်မှုများရှိနေပြီး ပေါက်တော့မည့်ဗုံးကဲ့သို့ ဒေသခံအချို့ခံစားနေရ ပြီဖြစ်သည်။ ထိုသို့ ပူပန်မှုများကြောင့် ရှမ်းပြည်နယ်၏ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲကို မြို့ခံများက ပြု လုပ်ခဲ့ရာ လူအများအပြား စုပေါင်းပါဝင်ခဲ့ကြသည် ကိုလည်း တွေ့မြင်ရသည်။ အဆိုပါကိစ္စများနှင့် ပတ် သက်၍ မြို့ခံများ၏ သဘောထား၊စစ်ရိပ်၊ စစ်ငွေ့ အ ခြေအနေ၊ မြင်ကွင်းများနှင့်ပတ် သက်၍ မြို့ခံတစ်ဦးထံ The Statesman ဂျာနယ်က ဆက်သွယ်မေးမြန်းထားသည်များကို NP News က ထပ်ဆင့်ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - လက်ရှိ မူဆယ်မြို့မှာ စစ်ဘေးနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုက ဘယ်လိုရှိပါသလဲ။
ဖြေ - လက်ရှိ ဒီမှာကစိုးရိမ်တာပေါ့။ ဒီမှာက ထွက် ပေါက်ပိတ်နေပြီလေ။ ဖြစ်မှာ ကြောက်တာပေါ့။ တချို့ တွေက တရုတ်ထဲမှာ ရွှေ့ပြောင်းနေကြတာပေါ့။ သတင်းတွေကလည်း သို့လော သို့လောနဲ့ ဆိုတော့ လေ။

မေး - ရောင်းရေး ဝယ်တာ အခြေအနေတွေကကော ဘယ်လိုရှိပါသလဲ။ မြို့ကကော ပုံမှန်လည်ပတ်နေပါ သေးလား။
ဖြေ - ပုံမှန် လည်ပတ်နေသေးတယ် ခင်ဗျ။

မေး- မူဆယ်မြို့ကိုကော စစ်ဘေးရှောင်တွေ ဝင်တာ များပါသလား။ နောက်ပြီး မူဆယ်မြို့ကနေ တခြားမြို့ ကို ရှောင်ဖို့ကော သူတို့ပြင်ကြလား။
ဖြေ- အဲဒီလိုတော့ မရှောင်ဘူး။ တခြားမြို့ကို ပြေး ရင်လည်း သိန္နီတို့၊ ကွတ်ခိုင်တို့မှာ လေယာဉ်က ချ နေတာလေ။ တချို့ကလည်း မတိုက်နိုင်ဘူးပေါ့။ မဖြစ်နိုင်ဘူး ဆိုပြီးပြောကြတယ်။ တချို့ကလည်း စိုး ရိမ်စိတ်ကြီးပြီးတော့ ကြောက်လန့်နေကြတာပေါ့။ မြို့ ကတော့ ပုံမှန်လည်ပတ်နေတုန်းပဲ။

မေး - မြို့ခံတွေရဲ့ စိတ်ထဲမှာက ဘယ်လို ရှိနေကြ ပါသလဲ။
ဖြေ - အခုကတော့ လူတွေရဲ့ စိတ်က နေရာတိုင်းကို ကြည့်ပြီးတော့ ယုံကြည်စိတ်လည်း မရှိဘူးပေါ့ဗျာ။ (ရှောင်ဖို့၊ ပုန်းဖို့ကျတော့) ဒါလုပ်လည်း မထူးပါဘူး။ Negetive View တွေ ပိုများလာတာပေါ့။

မေး- မူဆယ်ကျတော့ အဓိကဘယ်တိုင်းရင်းသား တွေ ရှိကြပါသလဲ။
ဖြေ- လူမျိုးပေါင်းစုံပေါ့။ လူမျိုးကြီးအနေနဲ့ ရှမ်းရှိ မယ်၊ ကချင်ရှိမယ်၊ ခိုလုံလီရှော၊ ကိုးကန့်တို့ အဲဒီလို နေကြတာပေါ့။ ဗမာကတော့ လက်လုပ်လက်စားနဲ့ စီးပွားရေး လာလုပ်တာတော့ ရှိတာပေါ့။

မေး- အခုက ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဖြစ်လာပြီးတဲ့နောက် မြို့ခံတိုင်းရင်းသားတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုကော ရှိကြသေးရဲ့လား။
ဖြေ- ပြည်သူတွေကတော့ ခွဲခြားတာ မရှိဘူး။ တစ် သွေးတည်း တစ်သားတည်းပါပဲ။ အဓိက ဖြစ်နေတာ က လက်နက်ကိုင်အဖွဲ့တွေပါ။ ဒါကိုမကြိုက်တဲ့ ကိုး ကန့်တွေလည်း ရှိတယ်။ မကြိုက်တဲ့ တရုတ်တွေလည်း ရှိတယ်။

မေး- မူဆယ်မြို့ကို လက်နက်ကိုင် သောင်းကျန်းသူ တွေ စိမ့်ဝင်လာတာရှိလား။ ဘယ်လို မြင်ရပါသလဲ။
ဖြေ- အရင်တည်းက စိမ့်ဝင်နေကြတယ်။ အရင် တည်းကရှိပြီးသားပဲ။ ၁၀၂၇ မစခင်တည်းက စိမ့်ဝင် နေကြတာလေ။ TNLAဆို TNLA ၊MNDAA ဆိုMNDAA ၊ KIA ဆို KIA ပေါ့။ သူ့ဟာနဲ့သူ အရပ်ဝတ်နဲ့တော့ လှုပ်ရှားသွားလာနေကြတာပေါ့။

မေး- အစ်ကို တစ်ယောက်တည်းရဲ့ ပုဂ္ဂလိက အမြင် ပေါ့လေ။ မူဆယ်ကို လာတိုက်မယ်ထင်လား။
ဖြေ- ကျွန်တော့် အမြင်တော့ မလွယ်လောက်ဘူး။ သူတို့လည်း လုပ်မယ်ဆို တော်တော်စဉ်းစားယူရမယ်။ ထွက်ပေါက်က အကုန်ပိတ်နေပြီ။ ကုန်စည် အနေနဲ့၊ ရိက္ခာအနေနဲ့ ဆိုတာကလည်း ဒီဘက်က လမ်း ကြောင်း တစ်ကြောင်းပဲ ရှိတာလေ။ ဒီဘက်ကို တိုက် လိုက်လို့ ဂိတ်ပိတ်သွားရင် သူတို့ပဲထိမှာ။ ဒီဟာကို ထွက်ပေါက်တစ်ခုအနေနဲ့ထားမယ်လို့ ကျွန်တော် မြင်တာပဲ။ လုပ်မယ်လို့ မထင်ဘူး။

မေး- မူဆယ်မြို့ရဲ့ ကုန်သွယ်ရေးအခြေအနေက အခု လက်ရှိ ဘယ်လိုရှိပါသလဲ။
ဖြေ- ကုန်သွယ်ရေး အခြေအနေကတော့ ကားဂိတ် တွေက ပိတ်လိုက်တဲ့အတွက် ကုန်စည်စီးဆင်းမှုက မရှိတော့ဘူး။ ဒီဘက်က ပို့တဲ့ပစ္စည်းတွေပေါ့။ တရုတ် ဘက်ကနေ တစ်နိုင်တစ်ပိုင် ပို့တဲ့ပစ္စည်းတွေက မပို့နိုင်တော့ဘူးလေ။ ကုန်စည် စီးဆင်းရေးက ထိခိုက်တာပေါ့။

မေး- ခုနက အစ်ကို့အနေနဲ့ မူဆယ်မြို့က ထွက် ပေါက်ပိတ်နေတယ်လို့ ပြောတယ်ပေါ့လေ။ မူဆယ် မြို့မှာနေတဲ့ သူတစ်ယောက်အနေနဲ့ကော ကိုယ်တိုင် ထွက်ပေါက်ပိတ်နေတယ်လို့ ခံစားရလား။
ဖြေ- တစ်ခါတလေတော့ တွေးမိတာပေါ့။ တကယ်လို့ သာ ဖြစ်လာရင် တရုတ်ကလည်း ပိတ်လိုက်ရင် ငါတို့ ပြေးဖို့ မြေမရှိဘူးပေါ့။ သွားပြီပေါ့။ တိုက်ပွဲလာရင် တော်တော်ခံရမယ်လို့ အတွေးဖြစ်တယ်။ ဒါပေမဲ့ ဖြစ် ဖို့က ကျွန်တော့်အထင် ရာခိုင်နှုန်းနည်းပါတယ်။

မေး- လက်ရှိ မူဆယ်မြို့ခံတွေက ဗုံးခိုကျင်းတို့ ဘာ တို့ကော ပြင်လာတာ မြင်ရပါသလား။
ဖြေ - မရှိပါဘူး။ အဲဒီလို ပြင်ဆင်တာမျိုးတော့ မရှိ ကြဘူး။ သာမန်အတိုင်း သွားလာနေတာပါပဲ။

မေး- မူဆယ်မြို့မှာနေတဲ့ လူတွေရဲ့စီးပွားရေး အခြေ အနေကကော ဘယ်လို ဖြစ်သွားပါသလဲ။ ဒါက ထပ် ပြီးတော့ မေးတာပါ။
ဖြေ- အဲဒါကတော့ တော်တော်ထိခိုက်တာပေါ့။ ငွေ ဈေးကလည်း တအားထိုးကျသွားတယ်၊ အလုပ်က လည်း မည်မည်ရရ ဘာမှလုပ်လို့ကိုင်လို့က မရတော့ ဘူး။ တော်တော်တော့ ထိခိုက်တယ်။ ကုန်ဈေးနှုန်း ကလည်း ကြီးတယ်။ တစ်ဦးချင်းစီကတော့ တော် တော် ထိခိုက်တယ်။

မေး- မူဆယ်မှာရှိတဲ့ လူတွေက မျှော်လင့်ချက်က ဘာများဖြစ်မလဲ။
ဖြေ- အစ်ကိုကလည်း တပ်ကို အမြန်ဆုံး ပြန်သိမ်း စေချင်တာပေါ့။ ဘာလုပ်နေတာလဲပေါ့။ ပြောကြတာ ပေါ့။ တစ်ခါတလေ လက်ဖက်ရည်ဆိုင် သွားထိုင်တာတို့ ဘာတို့ဆို ကျွန်တော်ရယ်ချင်နေတာ။ တစ်အားကို တပ်ကို မျှော်လင့်နေကြတာ။ နိုင်ငံရေးကလည်း ရှုပ်တာကိုး။

မေး- မျှော်လင့်ချက်အကြောင်း မေးခွန်းပါပဲ။ မူဆယ် မှာရှိတဲ့သူတွေဟာ တိုက်ပွဲနဲ့ပတ်သက်ပြီး ရခဲ့တဲ့ သင်ခန်းစာတွေနောက်မှာ ဘယ်လို တွေးကြပါသလဲ။
ဖြေ- ရမခ ကိုပဲ ကြည့်လိုက်လေ။ ရမခ ကို ကြည့်၊ လားရှိုးမြို့ကို ကြည့်ပြီး ပြည်သူလူထုကလည်း ဒီမှာ ဖြစ်လာရင်လည်း ဒီလိုစွန့်ခွာပြေးရမယ်။ ဆုံးရှုံးရမယ် ပေါ့။ နဂိုတည်းက လုံခြုံမှုမရှိဘူးလေ။ အဖွဲ့ပေါင်းစုံနဲ့ ပြန်ပေးမှု၊ ပစ်ခတ်မှု၊ လုယက်မှု ခဏခဏ ဖြစ်နေတာ။ တကယ်ဖြစ်လာရင် လားရှိုးထက်တောင် ဆိုးဦးမယ်။

မေး- လက်ရှိ မြို့ပေါ်မှာကော လူတွေ နည်းသွားတာ မျိုးရှိပါသလား။
ဖြေ- လူက ရှိသေးတယ်။ လုပ်ငန်း လုပ်နေကြတုန်းပဲ။ ဝင်ထွက်နေတုန်းပဲ။ သွားလာလှုပ်ရှားနေတုန်းပဲ။ ဒါ ကြောင့် တိုက်ပွဲဖြစ်ဖို့ နည်းတယ်လို့ထင်တာပါ။ ဘယ် လိုတွေ ညှိနှိုင်းပြီး ဘယ်လိုတွေ ဆောင်ရွက်ကြမလဲ မသိဘူး။

မေး- စစ်ဘေးရှောင်တွေ ဝင်ရောက်မှုကကော ဘယ်လိုရှိပါသလဲ။
ဖြေ- စစ်ဘေးရှောင် ဝင်ရောက်မှုက များတယ်ခင်ဗျ။ အရင်တည်းက ဝင်ထားတာကို တော်တော်များများ ရှိသေးတယ်။ မြို့ရှောင်လမ်းမှာ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပြီး ထားထားတာ။

မေး- မူဆယ်ရဲ့ စီးပွားရေးအခြေအနေက ဘယ် လောက်တောင် ကောင်းခဲ့သလဲ။ အခုက အရင်နဲ့ ယှဉ်မယ်ဆို ဘယ်လောက် ကျသွားတယ်လို့ ပြောလို့ ရလဲ။
ဖြေ- ဘယ်လောက် ပမာဏအထိဆို တော်တော်ကျ သွားတယ်လို့ ပြောလို့ရတယ်။ ဘာမှသွားလာလှုပ်ရှား မှုမှ မရှိတော့တာ။ ထားပါ။ ကျွန်တော် ပြောပြမယ် ကုန်ပစ္စည်းသယ်တဲ့ အစီးရာချီရှိရင်အကုန် တစ် ဆယ်၊ နှစ်ဆယ်လောက်ပဲ ရှိတော့တယ်။ ဘာလို့လဲ ဆို ဟိုဘက်ကလည်း လမ်းမဖွင့်တော့ သယ်လို့ မရ တော့ဘူးလေ။

မေး- မူဆယ်မြို့က သာမန် လက်လုပ်လက်စားတွေ အနေနဲ့ တိုက်ပွဲတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ဘယ် လောက်အထိခံစားနေရပါသလဲ။
ဖြေ- တော်တော်ကို ဆိုးဆိုးရွားရွား ခံစားရတာပေါ့။ အခုဘယ်လိုပြောရမလဲဆို အခုဒီမှာ ကြုံတွေ့နေရ တာက စစ်ဘေးရှောင်တွေရယ်၊ လက်လုပ်လက်စား တွေရယ်၊ တရုတ်ထဲကနေ တရားမဝင် လုပ်ကိုင်နေတဲ့ သူတွေကိုဖမ်းပြီး ပြန်ပို့ထားတာတွေ ရှိတယ်။ အဲဒါ ကြောင့် ဒီမှာက ဒုက္ခတွေက ပေါင်းစုံဖြစ်နေတာ။ အလုပ်က မရှိဘူး။ ပြန်လို့ကမရဘူး။ သွားလို့က မရ ဘူး။ ဘာမှလုပ်လို့ မရတော့ခိုးတယ်၊ လုတယ်၊ နှိုက် တယ်ဆိုတာအထိ ဖြစ်လာတာပေါ့။ ဒေသ အာဏာပိုင် ကလည်း ထိန်းကျောင်းတာ တော်တော် ကောင်းတော့ အခုတစ်လောတော့ ငြိမ်သွားတယ်။ တော်တယ်လို့ ပြောရမယ်။ ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီက တော်တယ်လို့ ပြောရမယ်။

မေး- အစိုးရ ဝန်ထမ်းတွေအတွက်ကော စိုးရိမ်မှုက ဘယ်လို ရှိပါသလဲ။
ဖြေ- ခရိုင်စီမံဥက္ကဋ္ဌက စီမံပေးထားပါတယ်။ အကုန် စီမံပေးထားပါတယ်။ တော်တော် အလုပ်လုပ်ပါတယ်။

မေး- မူဆယ်မြို့ခံတွေရဲ့ ရှမ်းမြောက် တိုက်ပွဲ အပေါ် အမြင်က ဘယ်လိုရှိပါသလဲ။
ဖြေ - အခုလောလောဆယ်မှာ ဒါမျိုးဖြစ်နေတာကို တည်ငြိမ်အောင် ထိန်းသိမ်းစေချင်တယ်။ မြို့တွေကို အစိုးရရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်စေချင်တာ ပေါ့။ လုပ်မယ်ဆိုရင်လည်း ပြတ်ပြတ်သားသား လုပ် စေချင်တာပေါ့ အစ်ကိုရာ။ သူတို့က မြေကျန်ရင်ရပြီ ဒီလိုမျိုးစိတ်ဓာတ် ဖြစ်နေတာ။ အိမ်က အချိန်မရွေး ပြန်ဆောက်လို့ ရတယ်တဲ့။

မေး- မူဆယ်အထိ တိုက်ပွဲဟာ ရောက်လာခဲ့မယ်ဆို ရင် ပြည်သူတွေအတွက် ဘယ်လောက်ခက်ခဲသွား မယ်ထင်လဲ။
ဖြေ- လမ်းစပျောက်သွားတာပေါ့ဗျာ။ လမ်းပျောက် သွားတာပေါ့။ ဘာမှကိုလုပ်လို့ မရလောက်အောင် လမ်းစပျောက်သွားတယ်။ ပြေးပေါက် ပိတ်သွားတယ်။ ဘာမှလည်းလုပ်လို့မရတော့ဘူးလေ။ မထူးဇာတ်ခင်း ရုံပဲ ကျန်တော့တယ် ဖြစ်သွားမှာ။

မေး- မူဆယ်ကလူတွေက တခြားမြို့တွေသွားရင် ကော ဘယ်လို သွားနေကြပါသလဲ။
ဖြေ- အခု ပြည်ထောင်စုလမ်းမကြီး ဖွင့်ထားပေး တယ်။ အဲဒီလမ်းကနေ လားရှိုးအထိတော့ သွားနေကြ တာပေါ့။ ဗမာတွေပါတယ်ဆိုရင်တော့ ပိုစစ်ဆေးတာ ပေါ့။ အသေစစ်တာပေါ့။ တော်ရုံ တန်ရုံ မသွားရဲဘူး။ ဒီကောင်တွေက လူမျိုးရေးမုန်းတီးမှုက ပိုဆိုးနေတာ။

မေး - လူမျိုးရေးမုန်းတီးမှုနဲ့ ပတ်သက်ပြီးတော့ အဲ ဒီဘက်မှာဖြစ်နေတဲ့ ပုံစံကောပြောလို့ ရမလား။ မူ ဆယ်ပတ်ချာလည် လက်နက်ကိုင်တွေ ထိန်းချုပ်ထား တဲ့ ဘက်မှာပေါ့။
ဖြေ- ဘယ်လိုပြောရမလဲ ဗမာဆိုရင် အောက်တန်း ကျတဲ့ လူမျိုး၊ မျိုးရိုးမသန့်တဲ့ လူမျိုးပေါ့။ အပြောအဆို ကအစ တော်တော်ရင်နာဖို့ကောင်းပါတယ်။ ကျွန် တော်လည်း ဘာမှမလုပ်ခဲ့ဖူးပါဘူးဗျာ။ ပြည်မကို လာ တယ်ဆိုရင် ကျွန်တော်တို့မှာ ချစ်လိုက်ရတာလေ။

မေး - ဒေသခံတစ်ယောက်အနေနဲ့ပေါ့နော်။ MNDAA တို့၊TNLA တို့နဲ့အတူ PDF တွေ လည်း ပူးပေါင်းပါဝင်နေတယ်လို့ သိရတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်လဲ။
ဖြေ- သဘောတစ်ခုက ဘယ်လိုပြောချင်လဲဆိုရင် နိုင်ငံရေးကို လက်နက်ကိုင်ပြီး တိုက်ယူမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရေးဆိုင်ရာကို အသေအချာ နား လည်အောင် လုပ်ပြီးတော့မှ နိုင်ငံရေးကိုလုပ်လို့ ပြော ချင်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပထဝီနိုင်ငံရေးကို လည်း နားမလည်ဘူး။ နိုင်ငံရဲ့ သမိုင်းကိုလည်း နားမ လည်ဘဲ သူများရဲ့အသုံးချခံလုပ်ပြီး ဗမာချင်း ပြန် သတ်နေတာ တော်တော်ဆိုးတယ်။ သူများ အသုံးချခံ ဖြစ်နေတာ။ သူများပေးတာယူ၊ ကျွေးတာစားပြီး သူ များခိုင်းတာကို မျက်စိစုံမှိတ်ပြီး လုပ်နေတာ။ ကျွန်တော့်အမြင်ပေါ့။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

zawgyi version
ေခ်ာင္ပိတ္မိေနတဲ့ မူဆယ္ၿမိဳ႕မွ ျပည္သူေတြရဲ႕အသံ (အင္တာဗ်ဴး)

သုတေက်ာ္ (NP News) - ဩဂုတ္ ၂၂

မူဆယ္ၿမိဳ႕သည္ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ စီးပြားေရးေကာင္း မြန္ရာ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္ၿပီး လူမ်ိဳးေပါင္းစုံ မွီတင္းေနထိုင္ရာ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ ပါသည္။ နယ္စပ္ကုန္သြယ္ေရး ဖြံ႕ၿဖိဳးေသာ ၿမိဳ႕ျဖစ္သည့္အားေလ်ာ္စြာ ေရၾကည္ရာျမက္ႏုရာရွာသူမ်ားျဖင့္လည္း ျပည့္ႏွက္ေနသည့္ ၿမိဳ႕ျဖစ္သည္။

သို႔ေသာ္ ယခုအခါ စစ္ေဘးသည္ မူဆယ္ၿမိဳ႕သို႔ ကူးစက္လာမည္ေလာဟု စိုးရိမ္မႈမ်ားရွိေနၿပီး ေပါက္ေတာ့မည့္ဗုံးကဲ့သို႔ ေဒသခံအခ်ိဳ႕ခံစားေနရ ၿပီျဖစ္သည္။ ထိုသို႔ ပူပန္မႈမ်ားေၾကာင့္ ရွမ္းျပည္နယ္၏ ၿငိမ္းခ်မ္းေရးအတြက္ ဆုေတာင္းပြဲကို ၿမိဳ႕ခံမ်ားက ျပဳ လုပ္ခဲ့ရာ လူအမ်ားအျပား စုေပါင္းပါဝင္ခဲ့ၾကသည္ ကိုလည္း ေတြ႕ျမင္ရသည္။ အဆိုပါကိစၥမ်ားႏွင့္ ပတ္ သက္၍ ၿမိဳ႕ခံမ်ား၏ သေဘာထား၊စစ္ရိပ္၊ စစ္ေငြ႕ အ ေျခအေန၊ ျမင္ကြင္းမ်ားႏွင့္ပတ္ သက္၍ ၿမိဳ႕ခံတစ္ဦးထံ The Statesman ဂ်ာနယ္က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို NP News က ထပ္ဆင့္ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - လက္ရွိ မူဆယ္ၿမိဳ႕မွာ စစ္ေဘးနဲ႔ ပတ္သက္လို႔ စိုးရိမ္ပူပန္မႈက ဘယ္လိုရွိပါသလဲ။
ေျဖ - လက္ရွိ ဒီမွာကစိုးရိမ္တာေပါ့။ ဒီမွာက ထြက္ ေပါက္ပိတ္ေနၿပီေလ။ ျဖစ္မွာ ေၾကာက္တာေပါ့။ တခ်ိဳ႕ ေတြက တ႐ုတ္ထဲမွာ ေ႐ႊ႕ေျပာင္းေနၾကတာေပါ့။ သတင္းေတြကလည္း သို႔ေလာ သို႔ေလာနဲ႔ ဆိုေတာ့ ေလ။

ေမး - ေရာင္းေရး ဝယ္တာ အေျခအေနေတြကေကာ ဘယ္လိုရွိပါသလဲ။ ၿမိဳ႕ကေကာ ပုံမွန္လည္ပတ္ေနပါ ေသးလား။
ေျဖ - ပုံမွန္ လည္ပတ္ေနေသးတယ္ ခင္ဗ်။

ေမး- မူဆယ္ၿမိဳ႕ကိုေကာ စစ္ေဘးေရွာင္ေတြ ဝင္တာ မ်ားပါသလား။ ေနာက္ၿပီး မူဆယ္ၿမိဳ႕ကေန တျခားၿမိဳ႕ ကို ေရွာင္ဖို႔ေကာ သူတို႔ျပင္ၾကလား။
ေျဖ- အဲဒီလိုေတာ့ မေရွာင္ဘူး။ တျခားၿမိဳ႕ကို ေျပး ရင္လည္း သိႏၷီတို႔၊ ကြတ္ခိုင္တို႔မွာ ေလယာဥ္က ခ် ေနတာေလ။ တခ်ိဳ႕ကလည္း မတိုက္ႏိုင္ဘူးေပါ့။ မျဖစ္ႏိုင္ဘူး ဆိုၿပီးေျပာၾကတယ္။ တခ်ိဳ႕ကလည္း စိုး ရိမ္စိတ္ႀကီးၿပီးေတာ့ ေၾကာက္လန႔္ေနၾကတာေပါ့။ ၿမိဳ႕ ကေတာ့ ပုံမွန္လည္ပတ္ေနတုန္းပဲ။

ေမး - ၿမိဳ႕ခံေတြရဲ႕ စိတ္ထဲမွာက ဘယ္လို ရွိေနၾက ပါသလဲ။
ေျဖ - အခုကေတာ့ လူေတြရဲ႕ စိတ္က ေနရာတိုင္းကို ၾကည့္ၿပီးေတာ့ ယုံၾကည္စိတ္လည္း မရွိဘူးေပါ့ဗ်ာ။ (ေရွာင္ဖို႔၊ ပုန္းဖို႔က်ေတာ့) ဒါလုပ္လည္း မထူးပါဘူး။ Negetive View ေတြ ပိုမ်ားလာတာေပါ့။

ေမး- မူဆယ္က်ေတာ့ အဓိကဘယ္တိုင္းရင္းသား ေတြ ရွိၾကပါသလဲ။
ေျဖ- လူမ်ိဳးေပါင္းစုံေပါ့။ လူမ်ိဳးႀကီးအေနနဲ႔ ရွမ္းရွိ မယ္၊ ကခ်င္ရွိမယ္၊ ခိုလုံလီေရွာ၊ ကိုးကန႔္တို႔ အဲဒီလို ေနၾကတာေပါ့။ ဗမာကေတာ့ လက္လုပ္လက္စားနဲ႔ စီးပြားေရး လာလုပ္တာေတာ့ ရွိတာေပါ့။

ေမး- အခုက ရွမ္းေျမာက္မွာ တိုက္ပြဲေတြ ျဖစ္လာၿပီးတဲ့ေနာက္ ၿမိဳ႕ခံတိုင္းရင္းသားေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ယုံၾကည္မႈေကာ ရွိၾကေသးရဲ႕လား။
ေျဖ- ျပည္သူေတြကေတာ့ ခြဲျခားတာ မရွိဘူး။ တစ္ ေသြးတည္း တစ္သားတည္းပါပဲ။ အဓိက ျဖစ္ေနတာ က လက္နက္ကိုင္အဖြဲ႕ေတြပါ။ ဒါကိုမႀကိဳက္တဲ့ ကိုး ကန႔္ေတြလည္း ရွိတယ္။ မႀကိဳက္တဲ့ တ႐ုတ္ေတြလည္း ရွိတယ္။

ေမး- မူဆယ္ၿမိဳ႕ကို လက္နက္ကိုင္ ေသာင္းက်န္းသူ ေတြ စိမ့္ဝင္လာတာရွိလား။ ဘယ္လို ျမင္ရပါသလဲ။
ေျဖ- အရင္တည္းက စိမ့္ဝင္ေနၾကတယ္။ အရင္ တည္းကရွိၿပီးသားပဲ။ ၁၀၂၇ မစခင္တည္းက စိမ့္ဝင္ ေနၾကတာေလ။ TNLAဆို TNLA ၊MNDAA ဆိုMNDAA ၊ KIA ဆို KIA ေပါ့။ သူ႔ဟာနဲ႔သူ အရပ္ဝတ္နဲ႔ေတာ့ လႈပ္ရွားသြားလာေနၾကတာေပါ့။

ေမး- အစ္ကို တစ္ေယာက္တည္းရဲ႕ ပုဂၢလိက အျမင္ ေပါ့ေလ။ မူဆယ္ကို လာတိုက္မယ္ထင္လား။
ေျဖ- ကြၽန္ေတာ့္ အျမင္ေတာ့ မလြယ္ေလာက္ဘူး။ သူတို႔လည္း လုပ္မယ္ဆို ေတာ္ေတာ္စဥ္းစားယူရမယ္။ ထြက္ေပါက္က အကုန္ပိတ္ေနၿပီ။ ကုန္စည္ အေနနဲ႔၊ ရိကၡာအေနနဲ႔ ဆိုတာကလည္း ဒီဘက္က လမ္း ေၾကာင္း တစ္ေၾကာင္းပဲ ရွိတာေလ။ ဒီဘက္ကို တိုက္ လိုက္လို႔ ဂိတ္ပိတ္သြားရင္ သူတို႔ပဲထိမွာ။ ဒီဟာကို ထြက္ေပါက္တစ္ခုအေနနဲ႔ထားမယ္လို႔ ကြၽန္ေတာ္ ျမင္တာပဲ။ လုပ္မယ္လို႔ မထင္ဘူး။

ေမး- မူဆယ္ၿမိဳ႕ရဲ႕ ကုန္သြယ္ေရးအေျခအေနက အခု လက္ရွိ ဘယ္လိုရွိပါသလဲ။
ေျဖ- ကုန္သြယ္ေရး အေျခအေနကေတာ့ ကားဂိတ္ ေတြက ပိတ္လိုက္တဲ့အတြက္ ကုန္စည္စီးဆင္းမႈက မရွိေတာ့ဘူး။ ဒီဘက္က ပို႔တဲ့ပစၥည္းေတြေပါ့။ တ႐ုတ္ ဘက္ကေန တစ္ႏိုင္တစ္ပိုင္ ပို႔တဲ့ပစၥည္းေတြက မပို႔ႏိုင္ေတာ့ဘူးေလ။ ကုန္စည္ စီးဆင္းေရးက ထိခိုက္တာေပါ့။

ေမး- ခုနက အစ္ကို႔အေနနဲ႔ မူဆယ္ၿမိဳ႕က ထြက္ ေပါက္ပိတ္ေနတယ္လို႔ ေျပာတယ္ေပါ့ေလ။ မူဆယ္ ၿမိဳ႕မွာေနတဲ့ သူတစ္ေယာက္အေနနဲ႔ေကာ ကိုယ္တိုင္ ထြက္ေပါက္ပိတ္ေနတယ္လို႔ ခံစားရလား။
ေျဖ- တစ္ခါတေလေတာ့ ေတြးမိတာေပါ့။ တကယ္လို႔ သာ ျဖစ္လာရင္ တ႐ုတ္ကလည္း ပိတ္လိုက္ရင္ ငါတို႔ ေျပးဖို႔ ေျမမရွိဘူးေပါ့။ သြားၿပီေပါ့။ တိုက္ပြဲလာရင္ ေတာ္ေတာ္ခံရမယ္လို႔ အေတြးျဖစ္တယ္။ ဒါေပမဲ့ ျဖစ္ ဖို႔က ကြၽန္ေတာ့္အထင္ ရာခိုင္ႏႈန္းနည္းပါတယ္။

ေမး- လက္ရွိ မူဆယ္ၿမိဳ႕ခံေတြက ဗုံးခိုက်င္းတို႔ ဘာ တို႔ေကာ ျပင္လာတာ ျမင္ရပါသလား။
ေျဖ - မရွိပါဘူး။ အဲဒီလို ျပင္ဆင္တာမ်ိဳးေတာ့ မရွိ ၾကဘူး။ သာမန္အတိုင္း သြားလာေနတာပါပဲ။

ေမး- မူဆယ္ၿမိဳ႕မွာေနတဲ့ လူေတြရဲ႕စီးပြားေရး အေျခ အေနကေကာ ဘယ္လို ျဖစ္သြားပါသလဲ။ ဒါက ထပ္ ၿပီးေတာ့ ေမးတာပါ။
ေျဖ- အဲဒါကေတာ့ ေတာ္ေတာ္ထိခိုက္တာေပါ့။ ေငြ ေဈးကလည္း တအားထိုးက်သြားတယ္၊ အလုပ္က လည္း မည္မည္ရရ ဘာမွလုပ္လို႔ကိုင္လို႔က မရေတာ့ ဘူး။ ေတာ္ေတာ္ေတာ့ ထိခိုက္တယ္။ ကုန္ေဈးႏႈန္း ကလည္း ႀကီးတယ္။ တစ္ဦးခ်င္းစီကေတာ့ ေတာ္ ေတာ္ ထိခိုက္တယ္။

ေမး- မူဆယ္မွာရွိတဲ့ လူေတြက ေမွ်ာ္လင့္ခ်က္က ဘာမ်ားျဖစ္မလဲ။
ေျဖ- အစ္ကိုကလည္း တပ္ကို အျမန္ဆုံး ျပန္သိမ္း ေစခ်င္တာေပါ့။ ဘာလုပ္ေနတာလဲေပါ့။ ေျပာၾကတာ ေပါ့။ တစ္ခါတေလ လက္ဖက္ရည္ဆိုင္ သြားထိုင္တာတို႔ ဘာတို႔ဆို ကြၽန္ေတာ္ရယ္ခ်င္ေနတာ။ တစ္အားကို တပ္ကို ေမွ်ာ္လင့္ေနၾကတာ။ ႏိုင္ငံေရးကလည္း ရႈပ္တာကိုး။

ေမး- ေမွ်ာ္လင့္ခ်က္အေၾကာင္း ေမးခြန္းပါပဲ။ မူဆယ္ မွာရွိတဲ့သူေတြဟာ တိုက္ပြဲနဲ႔ပတ္သက္ၿပီး ရခဲ့တဲ့ သင္ခန္းစာေတြေနာက္မွာ ဘယ္လို ေတြးၾကပါသလဲ။
ေျဖ- ရမခ ကိုပဲ ၾကည့္လိုက္ေလ။ ရမခ ကို ၾကည့္၊ လားရႈိးၿမိဳ႕ကို ၾကည့္ၿပီး ျပည္သူလူထုကလည္း ဒီမွာ ျဖစ္လာရင္လည္း ဒီလိုစြန႔္ခြာေျပးရမယ္။ ဆုံးရႈံးရမယ္ ေပါ့။ နဂိုတည္းက လုံၿခဳံမႈမရွိဘူးေလ။ အဖြဲ႕ေပါင္းစုံနဲ႔ ျပန္ေပးမႈ၊ ပစ္ခတ္မႈ၊ လုယက္မႈ ခဏခဏ ျဖစ္ေနတာ။ တကယ္ျဖစ္လာရင္ လားရႈိးထက္ေတာင္ ဆိုးဦးမယ္။

ေမး- လက္ရွိ ၿမိဳ႕ေပၚမွာေကာ လူေတြ နည္းသြားတာ မ်ိဳးရွိပါသလား။
ေျဖ- လူက ရွိေသးတယ္။ လုပ္ငန္း လုပ္ေနၾကတုန္းပဲ။ ဝင္ထြက္ေနတုန္းပဲ။ သြားလာလႈပ္ရွားေနတုန္းပဲ။ ဒါ ေၾကာင့္ တိုက္ပြဲျဖစ္ဖို႔ နည္းတယ္လို႔ထင္တာပါ။ ဘယ္ လိုေတြ ညႇိႏႈိင္းၿပီး ဘယ္လိုေတြ ေဆာင္႐ြက္ၾကမလဲ မသိဘူး။

ေမး- စစ္ေဘးေရွာင္ေတြ ဝင္ေရာက္မႈကေကာ ဘယ္လိုရွိပါသလဲ။
ေျဖ- စစ္ေဘးေရွာင္ ဝင္ေရာက္မႈက မ်ားတယ္ခင္ဗ်။ အရင္တည္းက ဝင္ထားတာကို ေတာ္ေတာ္မ်ားမ်ား ရွိေသးတယ္။ ၿမိဳ႕ေရွာင္လမ္းမွာ လုပ္ငန္းရွင္ေတြနဲ႔ ညႇိႏႈိင္းၿပီး ထားထားတာ။

ေမး- မူဆယ္ရဲ႕ စီးပြားေရးအေျခအေနက ဘယ္ ေလာက္ေတာင္ ေကာင္းခဲ့သလဲ။ အခုက အရင္နဲ႔ ယွဥ္မယ္ဆို ဘယ္ေလာက္ က်သြားတယ္လို႔ ေျပာလို႔ ရလဲ။
ေျဖ- ဘယ္ေလာက္ ပမာဏအထိဆို ေတာ္ေတာ္က် သြားတယ္လို႔ ေျပာလို႔ရတယ္။ ဘာမွသြားလာလႈပ္ရွား မႈမွ မရွိေတာ့တာ။ ထားပါ။ ကြၽန္ေတာ္ ေျပာျပမယ္ ကုန္ပစၥည္းသယ္တဲ့ အစီးရာခ်ီရွိရင္အကုန္ တစ္ ဆယ္၊ ႏွစ္ဆယ္ေလာက္ပဲ ရွိေတာ့တယ္။ ဘာလို႔လဲ ဆို ဟိုဘက္ကလည္း လမ္းမဖြင့္ေတာ့ သယ္လို႔ မရ ေတာ့ဘူးေလ။

ေမး- မူဆယ္ၿမိဳ႕က သာမန္ လက္လုပ္လက္စားေတြ အေနနဲ႔ တိုက္ပြဲေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးကို ဘယ္ ေလာက္အထိခံစားေနရပါသလဲ။
ေျဖ- ေတာ္ေတာ္ကို ဆိုးဆိုး႐ြား႐ြား ခံစားရတာေပါ့။ အခုဘယ္လိုေျပာရမလဲဆို အခုဒီမွာ ႀကဳံေတြ႕ေနရ တာက စစ္ေဘးေရွာင္ေတြရယ္၊ လက္လုပ္လက္စား ေတြရယ္၊ တ႐ုတ္ထဲကေန တရားမဝင္ လုပ္ကိုင္ေနတဲ့ သူေတြကိုဖမ္းၿပီး ျပန္ပို႔ထားတာေတြ ရွိတယ္။ အဲဒါ ေၾကာင့္ ဒီမွာက ဒုကၡေတြက ေပါင္းစုံျဖစ္ေနတာ။ အလုပ္က မရွိဘူး။ ျပန္လို႔ကမရဘူး။ သြားလို႔က မရ ဘူး။ ဘာမွလုပ္လို႔ မရေတာ့ခိုးတယ္၊ လုတယ္၊ ႏႈိက္ တယ္ဆိုတာအထိ ျဖစ္လာတာေပါ့။ ေဒသ အာဏာပိုင္ ကလည္း ထိန္းေက်ာင္းတာ ေတာ္ေတာ္ ေကာင္းေတာ့ အခုတစ္ေလာေတာ့ ၿငိမ္သြားတယ္။ ေတာ္တယ္လို႔ ေျပာရမယ္။ ခ႐ိုင္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီက ေတာ္တယ္လို႔ ေျပာရမယ္။

ေမး- အစိုးရ ဝန္ထမ္းေတြအတြက္ေကာ စိုးရိမ္မႈက ဘယ္လို ရွိပါသလဲ။
ေျဖ- ခ႐ိုင္စီမံဥကၠ႒က စီမံေပးထားပါတယ္။ အကုန္ စီမံေပးထားပါတယ္။ ေတာ္ေတာ္ အလုပ္လုပ္ပါတယ္။

ေမး- မူဆယ္ၿမိဳ႕ခံေတြရဲ႕ ရွမ္းေျမာက္ တိုက္ပြဲ အေပၚ အျမင္က ဘယ္လိုရွိပါသလဲ။
ေျဖ - အခုေလာေလာဆယ္မွာ ဒါမ်ိဳးျဖစ္ေနတာကို တည္ၿငိမ္ေအာင္ ထိန္းသိမ္းေစခ်င္တယ္။ ၿမိဳ႕ေတြကို အစိုးရရဲ႕ ထိန္းခ်ဳပ္မႈေအာက္ ျပန္ေရာက္ေစခ်င္တာ ေပါ့။ လုပ္မယ္ဆိုရင္လည္း ျပတ္ျပတ္သားသား လုပ္ ေစခ်င္တာေပါ့ အစ္ကိုရာ။ သူတို႔က ေျမက်န္ရင္ရၿပီ ဒီလိုမ်ိဳးစိတ္ဓာတ္ ျဖစ္ေနတာ။ အိမ္က အခ်ိန္မေ႐ြး ျပန္ေဆာက္လို႔ ရတယ္တဲ့။

ေမး- မူဆယ္အထိ တိုက္ပြဲဟာ ေရာက္လာခဲ့မယ္ဆို ရင္ ျပည္သူေတြအတြက္ ဘယ္ေလာက္ခက္ခဲသြား မယ္ထင္လဲ။
ေျဖ- လမ္းစေပ်ာက္သြားတာေပါ့ဗ်ာ။ လမ္းေပ်ာက္ သြားတာေပါ့။ ဘာမွကိုလုပ္လို႔ မရေလာက္ေအာင္ လမ္းစေပ်ာက္သြားတယ္။ ေျပးေပါက္ ပိတ္သြားတယ္။ ဘာမွလည္းလုပ္လို႔မရေတာ့ဘူးေလ။ မထူးဇာတ္ခင္း ႐ုံပဲ က်န္ေတာ့တယ္ ျဖစ္သြားမွာ။

ေမး- မူဆယ္ကလူေတြက တျခားၿမိဳ႕ေတြသြားရင္ ေကာ ဘယ္လို သြားေနၾကပါသလဲ။
ေျဖ- အခု ျပည္ေထာင္စုလမ္းမႀကီး ဖြင့္ထားေပး တယ္။ အဲဒီလမ္းကေန လားရႈိးအထိေတာ့ သြားေနၾက တာေပါ့။ ဗမာေတြပါတယ္ဆိုရင္ေတာ့ ပိုစစ္ေဆးတာ ေပါ့။ အေသစစ္တာေပါ့။ ေတာ္႐ုံ တန္႐ုံ မသြားရဲဘူး။ ဒီေကာင္ေတြက လူမ်ိဳးေရးမုန္းတီးမႈက ပိုဆိုးေနတာ။

ေမး - လူမ်ိဳးေရးမုန္းတီးမႈနဲ႔ ပတ္သက္ၿပီးေတာ့ အဲ ဒီဘက္မွာျဖစ္ေနတဲ့ ပုံစံေကာေျပာလို႔ ရမလား။ မူ ဆယ္ပတ္ခ်ာလည္ လက္နက္ကိုင္ေတြ ထိန္းခ်ဳပ္ထား တဲ့ ဘက္မွာေပါ့။
ေျဖ- ဘယ္လိုေျပာရမလဲ ဗမာဆိုရင္ ေအာက္တန္း က်တဲ့ လူမ်ိဳး၊ မ်ိဳး႐ိုးမသန႔္တဲ့ လူမ်ိဳးေပါ့။ အေျပာအဆို ကအစ ေတာ္ေတာ္ရင္နာဖို႔ေကာင္းပါတယ္။ ကြၽန္ ေတာ္လည္း ဘာမွမလုပ္ခဲ့ဖူးပါဘူးဗ်ာ။ ျပည္မကို လာ တယ္ဆိုရင္ ကြၽန္ေတာ္တို႔မွာ ခ်စ္လိုက္ရတာေလ။

ေမး - ေဒသခံတစ္ေယာက္အေနနဲ႔ေပါ့ေနာ္။ MNDAA တို႔၊TNLA တို႔နဲ႔အတူ PDF ေတြ လည္း ပူးေပါင္းပါဝင္ေနတယ္လို႔ သိရတယ္။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုျမင္လဲ။
ေျဖ- သေဘာတစ္ခုက ဘယ္လိုေျပာခ်င္လဲဆိုရင္ ႏိုင္ငံေရးကို လက္နက္ကိုင္ၿပီး တိုက္ယူမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးဆိုင္ရာကို အေသအခ်ာ နား လည္ေအာင္ လုပ္ၿပီးေတာ့မွ ႏိုင္ငံေရးကိုလုပ္လို႔ ေျပာ ခ်င္တယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ပထဝီႏိုင္ငံေရးကို လည္း နားမလည္ဘူး။ ႏိုင္ငံရဲ႕ သမိုင္းကိုလည္း နားမ လည္ဘဲ သူမ်ားရဲ႕အသုံးခ်ခံလုပ္ၿပီး ဗမာခ်င္း ျပန္ သတ္ေနတာ ေတာ္ေတာ္ဆိုးတယ္။ သူမ်ား အသုံးခ်ခံ ျဖစ္ေနတာ။ သူမ်ားေပးတာယူ၊ ေကြၽးတာစားၿပီး သူ မ်ားခိုင္းတာကို မ်က္စိစုံမွိတ္ၿပီး လုပ္ေနတာ။ ကြၽန္ေတာ့္အျမင္ေပါ့။

ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.