တရုတ်အစိုးရ နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဆက်နွယ်မှုအကြောင်း AI ကို မေးကြည့်သောအခါ
16371
ဂျန်ဇက် (NP News) - ဩဂုတ် ၂၂
မြန်မာနိုင်ငံမှာ (၂၀၂၁) ခုနှစ်က နိုင်ငံရေးအာဏာအငြင်းပွားမှုတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားလာခဲ့ရာ သုံးနှစ် ကျော်လာပြီဖြစ်ပါတယ်။ အဲဒီလက်နက်ကိုင်ပဋိပက္ခတွေအတွင်း ပြည်ပနိုင်ငံတွေ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ပါဝင်ဆက်နွှယ်နေတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေကရေးသားဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေ တဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးနဲ့ ကစားနေ သလား။Is China Playing Both Sides in Myanmar? ဆိုပြီး ဖော်ရိန်းပေါ်လစီ သတင်းဌာနက မေးခွန်းထုတ်ရေးသားခဲ့ဖူးပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် သိမ်းပိုက်ခံလိုက်ရပြီးနောက်ပိုင်းမှာတော့ တရုတ်နိုင်ငံဟာ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့တွေကို ကူညီပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ဝေဖန် ချက်တွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ လက်နက်ကိုင်လမ်းစဉ်ကို နှစ်ပေါင်း (၇၀)ကျော်ကြာ လျှောက်လှမ်းနေသလို အင်အားအကောင်းဆုံးနဲ့ အတွေ့အကြုံအရင့် ကျက်ဆုံး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့တောင် အစိုးရရဲ့စစ်တိုင်းဌာနချုပ်ကို နှစ်ပေါင်း (၇၀)ကျော်အတွင်း သိမ်းပိုက်နိုင်တာမျိုးမရှိတဲ့အချိန်မှာ နောက်ပေါက်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက အစိုးရ စစ်တိုင်းဌာနချုပ်ကို တစ်လအတွင်းသိမ်းပိုက်နိုင်ခဲ့တာက မေးခွန်းထုတ်စရာဖြစ်လာစေခဲ့တာလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်မှုရှိတဲ့နိုင်ငံဖြစ်ပြီး လိုအပ်တာတွေကို ကူညီပေးနေတယ်လို့ အစောပိုင်း တည်းက သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ညီနောင်မဟာမိတ်အဖွဲ့တွေ အသုံးပြုနေတဲ့ လက်နက်တွေကလည်း တရုတ်နိုင်ငံထုတ် လက်နက်အများစုဖြစ်နေပြီး အဲဒီလက်နက်တွေကိုအသုံးပြုနေတာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက နှုတ်ဆိတ်နေခြင်းကလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
တရုတ်နိုင်ငံဟာ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တွေကို လျှို့ဝှက်ကူညီထောက်ပံ့ပေးမယ်ဆိုရင် ဘာကြောင့်ကူညီပေးရသလဲဆိုတဲ့ အချက်ကို အေအိုင်နည်းပညာသုံး ချက်ဂျီပီတီကလည်း မေးခွန်းထုတ်ဖြေဆိုမှုတွေရှိလာခဲ့ပါတယ်။ ချက်ဂျီပီတီရဲ့အဆိုအရ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့တွေကို တရုတ်နိုင်ငံက လျှို့ဝှက်ကူညီထောက်ပံ့ပေးနေခြင်းတွေဟာ မဟာဗျူဟာနဲ့ ပထဝီနိုင်ငံရေးအခြေနေတွေကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကူညီထောက်ပံ့ပေးမှုနဲ့အတူ တရုတ်နိုင်ငံဟာဒေသအတွင်းမှာ ဩဇာလွှမ်း မိုးမှုတွေကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာအစိုးရ၊ အပြင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရေးကိုထိန်းသိမ်းပြီး ဒေသအတွင်းမှာလည်း ဩဇာလွှမ်းမိုးလာနိုင်ဖွယ်ရှိ နေသလို မြန်မာအစိုးရနဲ့ လက်နက်ကိုင်အဖွဲ့ကြား ကြားဝင်စေ့စပ်ဆွေးနွေးသူအဖြစ် ချဉ်းကပ်နိုင်မှာ ဖြစ်ပြီး နှစ်ဖက်စလုံးအပေါ်မှာလည်း ဩဇာလွှမ်း မိုးမှုကို ထိန်းထားနိုင်ဖွယ်ရှိနေပါတယ်။
မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေကို ကူညီထောက်ပံ့ပေးခြင်းကြောင့် အရှေ့တောင်အာရှရှိ မဟာဗျူဟာမြောက်အကျိုးစီးပွားအတွက် မြန်မာနိုင်ငံရဲ့ပြည်တွင်း ရေးတွေမှာ တရုတ်နိုင်ငံကို ပါဝင်ပတ် သက်ခွင့်ရလာမှာလည်းဖြစ်ပါတယ်။ ဒါ့ပြင် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်အဖြစ် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ ဓာတ်ငွေ့ပိုက်လိုင်းနဲ့လမ်းတွေအပါအဝင် အဓိကအရေးကြီးတဲ့ စီးပွားရေးအကျိုးစီးပွားတွေရှိနေပါတယ်။ မြောက်ပိုင်းမဟာမိတ်လက်နက် ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေ တည်ငြိမ်မှုတွေရှိလာမယ်ဆိုရင် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ငန်းတွေနဲ့ ပိုမိုအဆင်ပြေလုပ်ကိုင်နိုင်မယ့်အပြင် ကာကွယ်ပေးနိုင်မှာလည်းဖြစ်ပါတယ်။
မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင်အဖွဲ့ တွေဟာ တရုတ်နဲ့ မြန်မာ နိုင်ငံနယ်စပ် ဒေသတစ်လျှောက်ကို ထိန်းချုပ်ထားပြီး အဲဒီနယ်စပ်ဒေသ တည်ငြိမ်ရေးက ပိုးလမ်းမရပ်ဝန်ကြီးလိုမျိုး အခြေခံအဆောက်အအုံ စီမံကိန်းတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ဘေးကင်းလုံခြုံစေဖို့ အဓိကအရေးကြီးနေပါတယ်။
မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့တွေက တရုတ်နယ်စပ်ဒေသအနီး နယ်မြေတွေကို ထိန်းချုပ်ထားရာ အဲဒီအဖွဲ့တွေကို ကူညီထောက်ပံ့ ပေးခြင်းနဲ့အတူ တရုတ်နိုင်ငံဟာ ၎င်းနိုင်ငံပိုင်နက် အတွင်းမတည်ငြိမ်မှုတွေ ပျံ့နှံ့လာမှုမဖြစ်စေဖို့နဲ့ ကြားခံဇုန်ဖန်တီးနိုင်ဖို့ လုပ်ဆောင်နိုင်ဖွယ်ရှိနေပါ တယ်။ ဒါ့ပြင် မြန်မာအစိုးရကို စိန်ခေါ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ကူညီထောက်ပံ့ပေးခြင်းဖြင့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ အနောက် အုပ်စုနိုင်ငံ တွေရဲ့ ပါဝင်ဆက်နွှယ်မှုတွေကိုလည်း အခက်အခဲ အရှုပ်ထွေးတွေဖြစ်အောင် ဖန်တီးနိုင်ဖွယ်ရှိနေပါတယ်။ အနောက်အုပ်စုနိုင်ငံတွေဟာ မြန်မာနိုင်ငံ အရေးနဲ့ပတ်သက်ပြီးလူအခွင့်ရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းနေပါတယ်။ မြောက်ပိုင်းမဟာ မိတ်လက်နက်ကိုင်အဖွဲ့တွေကို ကူညီထောက်ပံ့ပေး ခြင်းကြောင့် တရုတ်နိုင်ငံဟာ မြန်မာအစိုးရအပေါ် ဩဇာလွှမ်းမိုးမှုတွေရယူနိုင်မှာလည်းရှိနေပါတယ်။
တရုတ်နိုင်ငံဟာ မြောက်ပိုင်းလက်နက်ကိုင်အုပ်စုတွေကို ကူညီထောက်ပံ့ပေးနေတဲ့အတွက် မြန်မာအစိုးရနဲ့ စေ့စပ်ဆွေးနွေးရာမှာ ကြားဝင်စေ့ စပ်ပေးနိုင်မှာဖြစ်သလို မြန်မာနိုင်ငံရှိ တရုတ်ရဲ့စီမံ ကိန်းတွေကို အခွင့်ရေးရယူနိုင်အောင်မြန်မာအစိုးရရဲ့မူဝါဒတွေကိုလည်း ဩဇာလွှမ်းမိုးမှုဖြစ်လာဖွယ်ရှိနေပါတယ်။
တရုတ်နိုင်ငံဟာ မြောက်ပိုင်းလက်နက် ကိုင်အဖွဲ့တွေကို ကူညီပေးခြင်းကြောင့် အနောက် အုပ်စုနိုင်ငံတွေရဲ့ ဩဇာလွှမ်းမိုးမှုတွေကို တုံ့ပြန်နိုင်မှာဖြစ်သလို အရှေ့တောင်အာရှ ဒေသအတွင်းမှာလည်း ဩဇာလွှမ်းမိုးမှုတွေကို ဆက်လက်ထိန်းထားနိုင်ဖွယ်ရှိနေပါတယ်။
ချက်ဂျီပီတီက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး မြောက်ပိုင်း မဟာမိတ်အုပ်စုကို တရုတ်နိုင်ငံက ကူညီပေးနေတယ် ဆိုတဲ့အကြောင်းအရင်းတွေကို မေးခွန်းထုတ်ဖြေဆို ခဲ့ပေမယ့် တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တွေကို ကူညီထောက်ပံ့ပေးတာမျိုး မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံဟာဒေသအတွင်းမှာ ဩဇာလွှမ်းမိုးမှုတွေကို ချဲ့ထွင် နိုင်ဖို့အပြင် ၎င်းရဲ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့ တွက်ချက်ချဉ်းကပ်တာတွေ ရှိနေတယ်လို့ ချက်ဂျီပီတီအဖွဲ့ကထပ်မံဖော်ပြထားပါတယ်။
တရုတ်အစိုးရ ဟာ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တွေကို အမှန် တကယ် ကူညီထောက်ပံ့ပေးမယ်ဆိုရင် တရုတ်နဲ့မြန်မာနိုင်ငံကြား သံတမန်ဆက်ဆံရေးအပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း အပြန်အလှန်ဆက်ဆံရေး ထိခိုက်ဖွယ်ရှိနေပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေအဆုံးသတ်ဖို့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရကြား ကြားဝင်စေ့စပ်ပေးမှု လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်အထိ အပြီးတိုင် အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိဘဲ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဟာ အခက်အခဲ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် ကြားဝင် ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ရာ မြန်မာနိုင်ငံမှာ သုံးနှစ်ကျော် အတွင်း လူပေါင်း (၃)သန်းနီးပါး နေရပ်စွန့်ခွာခဲ့ရတယ် လို့ ကုလသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
zawgyi version
တ႐ုတ္အစိုးရ နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ ဆက္ႏြယ္မႈအေၾကာင္း AI ကို ေမးၾကည့္ေသာအခါ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂၂
ျမန္မာႏိုင္ငံမွာ (၂၀၂၁) ခုႏွစ္က ႏိုင္ငံေရးအာဏာအျငင္းပြားမႈေတြျဖစ္လာခဲ့ၿပီးေနာက္ပိုင္း လက္နက္ကိုင္ပဋိပကၡေတြျဖစ္ပြားလာခဲ့ရာ သုံးႏွစ္ ေက်ာ္လာၿပီျဖစ္ပါတယ္။ အဲဒီလက္နက္ကိုင္ပဋိပကၡေတြအတြင္း ျပည္ပႏိုင္ငံေတြ တိုက္႐ိုက္ သို႔မဟုတ္ သြယ္ဝိုက္ၿပီး ပါဝင္ဆက္ႏႊယ္ေနတယ္လို႔ ႏိုင္ငံတကာ သတင္းမီဒီယာေတြကေရးသားေဖာ္ျပခဲ့ပါတယ္။ အထူးသျဖင့္ တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံမွာျဖစ္ပြားေန တဲ့ စစ္ပြဲေတြနဲ႔ပတ္သက္ၿပီး ႏွစ္ဖက္စလုံးနဲ႔ ကစားေန သလား။Is China Playing Both Sides in Myanmar? ဆိုၿပီး ေဖာ္ရိန္းေပၚလစီ သတင္းဌာနက ေမးခြန္းထုတ္ေရးသားခဲ့ဖူးပါတယ္။
ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ အေရွ႕ေျမာက္ပိုင္း စစ္ဌာနခ်ဳပ္ သိမ္းပိုက္ခံလိုက္ရၿပီးေနာက္ပိုင္းမွာေတာ့ တ႐ုတ္ႏိုင္ငံဟာ ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္အဖြဲ႕ေတြကို ကူညီေပးေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ၊ ေဝဖန္ ခ်က္ေတြ က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚလာခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ျမန္မာႏိုင္ငံမွာ လက္နက္ကိုင္လမ္းစဥ္ကို ႏွစ္ေပါင္း (၇၀)ေက်ာ္ၾကာ ေလွ်ာက္လွမ္းေနသလို အင္အားအေကာင္းဆုံးနဲ႔ အေတြ႕အႀကဳံအရင့္ က်က္ဆုံး လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ ကရင္လက္နက္ကိုင္အဖြဲ႕ေတာင္ အစိုးရရဲ႕စစ္တိုင္းဌာနခ်ဳပ္ကို ႏွစ္ေပါင္း (၇၀)ေက်ာ္အတြင္း သိမ္းပိုက္ႏိုင္တာမ်ိဳးမရွိတဲ့အခ်ိန္မွာ ေနာက္ေပါက္လက္နက္ကိုင္အဖြဲ႕ေတြျဖစ္တဲ့ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြက အစိုးရ စစ္တိုင္းဌာနခ်ဳပ္ကို တစ္လအတြင္းသိမ္းပိုက္ႏိုင္ခဲ့တာက ေမးခြန္းထုတ္စရာျဖစ္လာေစခဲ့တာလည္းျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ေျမာက္ပိုင္းမဟာမိတ္ လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ နီးစပ္မႈရွိတဲ့ႏိုင္ငံျဖစ္ၿပီး လိုအပ္တာေတြကို ကူညီေပးေနတယ္လို႔ အေစာပိုင္း တည္းက သတင္းေတြထြက္ေပၚခဲ့ဖူးပါတယ္။ ျမန္မာႏိုင္ငံေျမာက္ပိုင္းမွာျဖစ္ပြားတဲ့ တိုက္ပြဲေတြအတြင္း ညီေနာင္မဟာမိတ္အဖြဲ႕ေတြ အသုံးျပဳေနတဲ့ လက္နက္ေတြကလည္း တ႐ုတ္ႏိုင္ငံထုတ္ လက္နက္အမ်ားစုျဖစ္ေနၿပီး အဲဒီလက္နက္ေတြကိုအသုံးျပဳေနတာနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံက ႏႈတ္ဆိတ္ေနျခင္းကလည္း ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ေျမာက္ပိုင္းမဟာမိတ္ လက္နက္ကိုင္အဖြဲ႕ေတြကို လွ်ိဳ႕ဝွက္ကူညီေထာက္ပံ့ေပးမယ္ဆိုရင္ ဘာေၾကာင့္ကူညီေပးရသလဲဆိုတဲ့ အခ်က္ကို ေအအိုင္နည္းပညာသုံး ခ်က္ဂ်ီပီတီကလည္း ေမးခြန္းထုတ္ေျဖဆိုမႈေတြရွိလာခဲ့ပါတယ္။ ခ်က္ဂ်ီပီတီရဲ႕အဆိုအရ ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္အဖြဲ႕ေတြကို တ႐ုတ္ႏိုင္ငံက လွ်ိဳ႕ဝွက္ကူညီေထာက္ပံ့ေပးေနျခင္းေတြဟာ မဟာဗ်ဴဟာနဲ႔ ပထဝီႏိုင္ငံေရးအေျခေနေတြေၾကာင့္ျဖစ္တယ္လို႔ ဆိုထားပါတယ္။ ျမန္မာႏိုင္ငံရွိ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြကို ကူညီေထာက္ပံ့ေပးမႈနဲ႔အတူ တ႐ုတ္ႏိုင္ငံဟာေဒသအတြင္းမွာ ဩဇာလႊမ္း မိုးမႈေတြကို ထိန္းသိမ္းႏိုင္မွာျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ျမန္မာအစိုးရ၊ အျပင္တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ဆက္ဆံေရးကိုထိန္းသိမ္းၿပီး ေဒသအတြင္းမွာလည္း ဩဇာလႊမ္းမိုးလာႏိုင္ဖြယ္ရွိ ေနသလို ျမန္မာအစိုးရနဲ႔ လက္နက္ကိုင္အဖြဲ႕ၾကား ၾကားဝင္ေစ့စပ္ေဆြးေႏြးသူအျဖစ္ ခ်ဥ္းကပ္ႏိုင္မွာ ျဖစ္ၿပီး ႏွစ္ဖက္စလုံးအေပၚမွာလည္း ဩဇာလႊမ္း မိုးမႈကို ထိန္းထားႏိုင္ဖြယ္ရွိေနပါတယ္။
ေျမာက္ပိုင္း မဟာမိတ္လက္နက္ကိုင္အဖြဲ႕ေတြကို ကူညီေထာက္ပံ့ေပးျခင္းေၾကာင့္ အေရွ႕ေတာင္အာရွရွိ မဟာဗ်ဴဟာေျမာက္အက်ိဳးစီးပြားအတြက္ ျမန္မာႏိုင္ငံရဲ႕ျပည္တြင္း ေရးေတြမွာ တ႐ုတ္ႏိုင္ငံကို ပါဝင္ပတ္ သက္ခြင့္ရလာမွာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ စီးပြားေရးဆိုင္ရာ အက်ိဳးအျမတ္အျဖစ္ တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံမွာ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း၊ ဓာတ္ေငြ႕ပိုက္လိုင္းနဲ႔လမ္းေတြအပါအဝင္ အဓိကအေရးႀကီးတဲ့ စီးပြားေရးအက်ိဳးစီးပြားေတြရွိေနပါတယ္။ ေျမာက္ပိုင္းမဟာမိတ္လက္နက္ ကိုင္အဖြဲ႕ေတြ ထိန္းခ်ဳပ္ထားတဲ့ေနရာေတြ တည္ၿငိမ္မႈေတြရွိလာမယ္ဆိုရင္ ျမန္မာႏိုင္ငံအတြင္း တ႐ုတ္ႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြလုပ္ငန္းေတြနဲ႔ ပိုမိုအဆင္ေျပလုပ္ကိုင္ႏိုင္မယ့္အျပင္ ကာကြယ္ေပးႏိုင္မွာလည္းျဖစ္ပါတယ္။
ေျမာက္ပိုင္း မဟာမိတ္လက္နက္ကိုင္အဖြဲ႕ ေတြဟာ တ႐ုတ္နဲ႔ ျမန္မာ ႏိုင္ငံနယ္စပ္ ေဒသတစ္ေလွ်ာက္ကို ထိန္းခ်ဳပ္ထားၿပီး အဲဒီနယ္စပ္ေဒသ တည္ၿငိမ္ေရးက ပိုးလမ္းမရပ္ဝန္ႀကီးလိုမ်ိဳး အေျခခံအေဆာက္အအုံ စီမံကိန္းေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ေဘးကင္းလုံၿခဳံေစဖို႔ အဓိကအေရးႀကီးေနပါတယ္။
ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္အဖြဲ႕ေတြက တ႐ုတ္နယ္စပ္ေဒသအနီး နယ္ေျမေတြကို ထိန္းခ်ဳပ္ထားရာ အဲဒီအဖြဲ႕ေတြကို ကူညီေထာက္ပံ့ ေပးျခင္းနဲ႔အတူ တ႐ုတ္ႏိုင္ငံဟာ ၎ႏိုင္ငံပိုင္နက္ အတြင္းမတည္ၿငိမ္မႈေတြ ပ်ံ႕ႏွံ႔လာမႈမျဖစ္ေစဖို႔နဲ႔ ၾကားခံဇုန္ဖန္တီးႏိုင္ဖို႔ လုပ္ေဆာင္ႏိုင္ဖြယ္ရွိေနပါ တယ္။ ဒါ့ျပင္ ျမန္မာအစိုးရကို စိန္ေခၚေနတဲ့ လက္နက္ကိုင္အဖြဲ႕ေတြကို ကူညီေထာက္ပံ့ေပးျခင္းျဖင့္ တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံမွာ အေနာက္ အုပ္စုႏိုင္ငံ ေတြရဲ႕ ပါဝင္ဆက္ႏႊယ္မႈေတြကိုလည္း အခက္အခဲ အရႈပ္ေထြးေတြျဖစ္ေအာင္ ဖန္တီးႏိုင္ဖြယ္ရွိေနပါတယ္။ အေနာက္အုပ္စုႏိုင္ငံေတြဟာ ျမန္မာႏိုင္ငံ အေရးနဲ႔ပတ္သက္ၿပီးလူအခြင့္ေရး၊ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲဖို႔ ႀကိဳးပမ္းေနပါတယ္။ ေျမာက္ပိုင္းမဟာ မိတ္လက္နက္ကိုင္အဖြဲ႕ေတြကို ကူညီေထာက္ပံ့ေပး ျခင္းေၾကာင့္ တ႐ုတ္ႏိုင္ငံဟာ ျမန္မာအစိုးရအေပၚ ဩဇာလႊမ္းမိုးမႈေတြရယူႏိုင္မွာလည္းရွိေနပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ေျမာက္ပိုင္းလက္နက္ကိုင္အုပ္စုေတြကို ကူညီေထာက္ပံ့ေပးေနတဲ့အတြက္ ျမန္မာအစိုးရနဲ႔ ေစ့စပ္ေဆြးေႏြးရာမွာ ၾကားဝင္ေစ့ စပ္ေပးႏိုင္မွာျဖစ္သလို ျမန္မာႏိုင္ငံရွိ တ႐ုတ္ရဲ႕စီမံ ကိန္းေတြကို အခြင့္ေရးရယူႏိုင္ေအာင္ျမန္မာအစိုးရရဲ႕မူဝါဒေတြကိုလည္း ဩဇာလႊမ္းမိုးမႈျဖစ္လာဖြယ္ရွိေနပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ေျမာက္ပိုင္းလက္နက္ ကိုင္အဖြဲ႕ေတြကို ကူညီေပးျခင္းေၾကာင့္ အေနာက္ အုပ္စုႏိုင္ငံေတြရဲ႕ ဩဇာလႊမ္းမိုးမႈေတြကို တုံ႔ျပန္ႏိုင္မွာျဖစ္သလို အေရွ႕ေတာင္အာရွ ေဒသအတြင္းမွာလည္း ဩဇာလႊမ္းမိုးမႈေတြကို ဆက္လက္ထိန္းထားႏိုင္ဖြယ္ရွိေနပါတယ္။
ခ်က္ဂ်ီပီတီက ျမန္မာႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ စစ္ပြဲေတြနဲ႔ပတ္သက္ၿပီး ေျမာက္ပိုင္း မဟာမိတ္အုပ္စုကို တ႐ုတ္ႏိုင္ငံက ကူညီေပးေနတယ္ ဆိုတဲ့အေၾကာင္းအရင္းေတြကို ေမးခြန္းထုတ္ေျဖဆို ခဲ့ေပမယ့္ တ႐ုတ္ႏိုင္ငံကေတာ့ ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႕ေတြကို ကူညီေထာက္ပံ့ေပးတာမ်ိဳး မရွိဘူးလို႔ ျငင္းဆန္ထားပါတယ္။ ဒါေပမဲ့ တ႐ုတ္ႏိုင္ငံဟာေဒသအတြင္းမွာ ဩဇာလႊမ္းမိုးမႈေတြကို ခ်ဲ႕ထြင္ ႏိုင္ဖို႔အျပင္ ၎ရဲ႕အက်ိဳးစီးပြားေတြကို ကာကြယ္ဖို႔ တြက္ခ်က္ခ်ဥ္းကပ္တာေတြ ရွိေနတယ္လို႔ ခ်က္ဂ်ီပီတီအဖြဲ႕ကထပ္မံေဖာ္ျပထားပါတယ္။
တ႐ုတ္အစိုးရ ဟာ ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႕ေတြကို အမွန္ တကယ္ ကူညီေထာက္ပံ့ေပးမယ္ဆိုရင္ တ႐ုတ္နဲ႔ျမန္မာႏိုင္ငံၾကား သံတမန္ဆက္ဆံေရးအျပင္ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြနဲ႔လည္း အျပန္အလွန္ဆက္ဆံေရး ထိခိုက္ဖြယ္ရွိေနပါတယ္။ ဒါေပမဲ့ တ႐ုတ္အစိုးရဟာ ျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့ စစ္ပြဲေတြအဆုံးသတ္ဖို႔ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ျမန္မာအစိုးရၾကား ၾကားဝင္ေစ့စပ္ေပးမႈ လုပ္ေဆာင္ေနေပမယ့္ လက္ရွိအခ်ိန္အထိ အၿပီးတိုင္ အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ျခင္းမရွိဘဲ ရွမ္းျပည္နယ္မွာ တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနဆဲ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာလက္နက္ကိုင္ ပဋိပကၡေတြ ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အာဆီယံအဖြဲ႕ဟာ အခက္အခဲ ျပႆနာေတြကို ေျဖရွင္းႏိုင္ေအာင္ ၾကားဝင္ ႀကိဳးပမ္းေနေပမယ့္ လက္ရွိအခ်ိန္အထိ တိုက္ပြဲေတြ ျဖစ္ပြားေနဆဲျဖစ္ရာ ျမန္မာႏိုင္ငံမွာ သုံးႏွစ္ေက်ာ္ အတြင္း လူေပါင္း (၃)သန္းနီးပါး ေနရပ္စြန႔္ခြာခဲ့ရတယ္ လို႔ ကုလသမဂၢအဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။