မြန်မာမှုရိုးရာပွဲတော် အခမ်းအနားသုံးပစ္စည်းများကို စိတ်ဝင်စားမှု များပြားလာသော်လည်း ကုန်းကြမ်းရှားပါးမှု ဖြစ်ပေါ်နေ
276
စော (NP News) - ဩဂုတ် ၂၂
မြန်မာမှုရိုးရာ ပွဲတော်အခမ်းအနားသုံးပစ္စည်းများကို လူစိတ်ဝင်စားမှုများပြားလာသော်လည်း ကုန်ကြမ်းရှားပါးမှုဖြစ်ပေါ်နေကြောင်း ကိုထွဋ် မြန်မာမှုလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ယခုနောက်ပိုင်းကျင်းပသော အလှမယ်ပြိုင်ပွဲများတွင် မြန်မာရိုးရာဓလေ့ထုံးတမ်း အငွေ့အသက် များစွာပါဝင်သော ဝတ်စုံများ၊ ဒီဇိုင်းများကို ဝတ်ဆင်မှုများပြားလာပြီး Miss Grand Myanmar အလှမယ်ပြိုင်ပွဲ၏ The National Costume ပြိုင်ပွဲတွင် အလှမယ်ဝင်းသော်တာအောင် ဝတ်ဆင်ယှဉ်ပြိုင်ခဲ့သော နံကရိုင်းမယ်တော်ဝတ်စုံမှာ ထင်ရှားခဲ့ သည်။
ထို့ပြင် နတ်ပွဲများနှင့်ပတ်သက်သော အသုံးအဆောင်ပစ္စည်းအပ်ထည်အော်ဒါမှာယူမှုများသည်လည်း ပုံမှန် အတိုင်းရှိနေကြောင်းနှင့် နတ်ပွဲနှင့်ပတ်သက်သော အဝတ်အဝတ်အသုံးအဆောင် အသစ်များကိုလည်း စိတ်ဝင်စားမှု ရှိနေကြောင်း ၎င်းက ဆိုသည်။
‘လူစိတ်ဝင်စားမှုကတော့ များတာပေါ့။ အရင်ထက် ပိုပြီးအားကောင်းလာတာပေါ့။ အသစ်သစ် တင် လိုက်တိုင်း၊ ပုံမှန်အသစ်လေးလုပ်လိုက်တိုင်း လူကြိုက်များတယ်။ ဈေးမေးတယ်။ တချို့ကျတော့လည်း ဓာတ်ပုံတွေ Save ကြ တယ်။ ကျွန်တော့်ဆီမှာက အများကြီးပဲ။ ကျွန်တော်လုပ်တိုင်း အကုန်စိတ်ဝင်စားတယ်။ အခုမော်ဒယ်တွေနဲ့ပတ်သက် တဲ့ဟာတွေလည်း စိတ်ဝင်စားတယ်ပေါ့။ နားစွင့်ကြတယ်။ ဘာတွေလုပ်နေလဲပေါ့။ တခြား ဒီနတ်ဘက် ပိုင်းမှာလည်း ဘာတွေလုပ်နေလဲ ထွက်သမျှ ဓာတ်ပုံလေးတွေတိုင်းမှာ စိတ်ဝင်စားကြတယ်။ ဈေးတွေ ဘာတွေလာမေးတယ်’ဟု ကိုထွဋ် မြန်မာမှုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့ပြင် ဒီဇိုင်နာများကလည်း မြန်မာ့ရိုးရာနှင့်ပတ်သက်သော အဆင်ဒီဇိုင်းအသစ်များကို ချုပ်လုပ်ပေးရန် အတွက် လုပ်ငန်းအပ်နှံခြင်းများရှိကြောင်း ၎င်းကဆိုသည်။ အနယ်နယ်အရပ်ရပ်မှ လုပ်ငန်းအပ်နှံသူများကလည်း နတ် ရုပ်ပုံများ၊ ခေါင်းဆောင်းများကို စိတ်ကြိုက်ဒီဇိုင်းဖြင့် ပြုလုပ်ပေးရန်အတွက် အပ်နှံခြင်းများရှိနေကြောင်း အထက်ပါ တာဝန်ရှိသူကပြောသည်။
‘အခက်အခဲကတော့ ဈေးတွေတက်တယ်။ ကုန်ကြမ်းတွေ၊ လမ်းကြောင်းတွေ ကြန့်ကြာတယ်။ Deli ပို့ရတာတွေ အဆင်မပြေဘူး။ လမ်းခရီး အစစ် အဆေးတွေကြောင့် လမ်းတွေပိတ်တယ်၊ ကျပ်တယ်။ ပြီးတော့ ကုန်ကြမ်းမရဘူးပေါ့။ ဒီအခြေအနေနဲ့ အဆင်ပြေအောင်တော့ လုပ်ရတာ ပေါ့’ဟု ၎င်းက ဆက်လက်ပြောသည်။
zawgyi version
ျမန္မာမႈ႐ိုးရာပြဲေတာ္ အခမ္းအနားသုံးပစၥည္းမ်ားကို စိတ္ဝင္စားမႈ မ်ားျပားလာေသာ္လည္း ကုန္းၾကမ္းရွားပါးမႈ ျဖစ္ေပၚေန
ေစာ (NP News) - ဩဂုတ္ ၂၂
ျမန္မာမႈ႐ိုးရာ ပြဲေတာ္အခမ္းအနားသုံးပစၥည္းမ်ားကို လူစိတ္ဝင္စားမႈမ်ားျပားလာေသာ္လည္း ကုန္ၾကမ္းရွားပါးမႈျဖစ္ေပၚေနေၾကာင္း ကိုထြဋ္ ျမန္မာမႈလုပ္ငန္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ယခုေနာက္ပိုင္းက်င္းပေသာ အလွမယ္ၿပိဳင္ပြဲမ်ားတြင္ ျမန္မာ႐ိုးရာဓေလ့ထုံးတမ္း အေငြ႕အသက္ မ်ားစြာပါဝင္ေသာ ဝတ္စုံမ်ား၊ ဒီဇိုင္းမ်ားကို ဝတ္ဆင္မႈမ်ားျပားလာၿပီး Miss Grand Myanmar အလွမယ္ၿပိဳင္ပြဲ၏ The National Costume ၿပိဳင္ပြဲတြင္ အလွမယ္ဝင္းေသာ္တာေအာင္ ဝတ္ဆင္ယွဥ္ၿပိဳင္ခဲ့ေသာ နံက႐ိုင္းမယ္ေတာ္ဝတ္စုံမွာ ထင္ရွားခဲ့ သည္။
ထို႔ျပင္ နတ္ပြဲမ်ားႏွင့္ပတ္သက္ေသာ အသုံးအေဆာင္ပစၥည္းအပ္ထည္ေအာ္ဒါမွာယူမႈမ်ားသည္လည္း ပုံမွန္ အတိုင္းရွိေနေၾကာင္းႏွင့္ နတ္ပြဲႏွင့္ပတ္သက္ေသာ အဝတ္အဝတ္အသုံးအေဆာင္ အသစ္မ်ားကိုလည္း စိတ္ဝင္စားမႈ ရွိေနေၾကာင္း ၎က ဆိုသည္။
‘လူစိတ္ဝင္စားမႈကေတာ့ မ်ားတာေပါ့။ အရင္ထက္ ပိုၿပီးအားေကာင္းလာတာေပါ့။ အသစ္သစ္ တင္ လိုက္တိုင္း၊ ပုံမွန္အသစ္ေလးလုပ္လိုက္တိုင္း လူႀကိဳက္မ်ားတယ္။ ေဈးေမးတယ္။ တခ်ိဳ႕က်ေတာ့လည္း ဓာတ္ပုံေတြ Save ၾက တယ္။ ကြၽန္ေတာ့္ဆီမွာက အမ်ားႀကီးပဲ။ ကြၽန္ေတာ္လုပ္တိုင္း အကုန္စိတ္ဝင္စားတယ္။ အခုေမာ္ဒယ္ေတြနဲ႔ပတ္သက္ တဲ့ဟာေတြလည္း စိတ္ဝင္စားတယ္ေပါ့။ နားစြင့္ၾကတယ္။ ဘာေတြလုပ္ေနလဲေပါ့။ တျခား ဒီနတ္ဘက္ ပိုင္းမွာလည္း ဘာေတြလုပ္ေနလဲ ထြက္သမွ် ဓာတ္ပုံေလးေတြတိုင္းမွာ စိတ္ဝင္စားၾကတယ္။ ေဈးေတြ ဘာေတြလာေမးတယ္’ဟု ကိုထြဋ္ ျမန္မာမႈမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။
ထို႔ျပင္ ဒီဇိုင္နာမ်ားကလည္း ျမန္မာ့႐ိုးရာႏွင့္ပတ္သက္ေသာ အဆင္ဒီဇိုင္းအသစ္မ်ားကို ခ်ဳပ္လုပ္ေပးရန္ အတြက္ လုပ္ငန္းအပ္ႏွံျခင္းမ်ားရွိေၾကာင္း ၎ကဆိုသည္။ အနယ္နယ္အရပ္ရပ္မွ လုပ္ငန္းအပ္ႏွံသူမ်ားကလည္း နတ္ ႐ုပ္ပုံမ်ား၊ ေခါင္းေဆာင္းမ်ားကို စိတ္ႀကိဳက္ဒီဇိုင္းျဖင့္ ျပဳလုပ္ေပးရန္အတြက္ အပ္ႏွံျခင္းမ်ားရွိေနေၾကာင္း အထက္ပါ တာဝန္ရွိသူကေျပာသည္။
‘အခက္အခဲကေတာ့ ေဈးေတြတက္တယ္။ ကုန္ၾကမ္းေတြ၊ လမ္းေၾကာင္းေတြ ၾကန႔္ၾကာတယ္။ Deli ပို႔ရတာေတြ အဆင္မေျပဘူး။ လမ္းခရီး အစစ္ အေဆးေတြေၾကာင့္ လမ္းေတြပိတ္တယ္၊ က်ပ္တယ္။ ၿပီးေတာ့ ကုန္ၾကမ္းမရဘူးေပါ့။ ဒီအေျခအေနနဲ႔ အဆင္ေျပေအာင္ေတာ့ လုပ္ရတာ ေပါ့’ဟု ၎က ဆက္လက္ေျပာသည္။