အမြန်လမ်းအသုံးပြုနေသည့် ယာဉ်အချို့၌ မီးသတ်ဆေးဗူးဆောင်သည်ဟုဆိုသော်လည်း သတိပေါ့လျှော့ခြင်းများ ရှိနေ
351
သန့်ဇင် (NP News) - သြဂုတ် ၂၂
အမြန်လမ်းအသုံးပြုနေသည့် ယာဉ်အချို့တွင် မီးသတ်ဆေးဗူးဆောင်သည်ဟုဆိုသော်လည်း သတိပေါ့လျှော့ခြင်း များ ရှိနေကြောင်း ပလွေး အမြန်လမ်းမီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးက NP News မှတစ်ဆင့် အကြံပြု ပြောကြားသည်။
ယခုနှစ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကုန်တင်ကားတစ်စီးနှင့် ခရီးသည်တင်ယာဉ်တစ်စီးတို့ မီးလောင်မှုဖြစ်ပွားခဲ့ရာ စုစုပေါင်း ယာဉ်မီးလောင်မှု(၂)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“တချို့ကတော့လည်း သူတို့ကိုယ်တိုင်သတိမေ့လာကြတာလည်း ပါတာပေါ့။ အမြဲတမ်းလိုမျိုး စစ်ဖြစ်မှာ မဟုတ် တော့ ခေါင်းထဲမှာ သိပ်မထည့်ထားကြဘူး။ အဲဒီမှာဖြစ်တဲ့အချိန်မှာ သွားစစ်ကြည့်တော့ အားနည်းချက်တွေဖြစ် တာပါ။ အဓိကတော့ ပေါ့ဆမှုကြောင့် ဖြစ်တာပါ” ဟု အထက်ပါအမြန်လမ်းမီးသတ်စခန်းမှတာရှိသူက ပြောသည်။
အမြန်လမ်းကားမီးလောင်မှုဖြစ်စဉ်အများစုတွင် မီးသတ်ဆေးဗူးမဆောင်ထားခြင်း၊ ဆောင်ထားသည့် မီးသတ် ဆေးဗူးများတွင်လည်း သက်တမ်းကုန်နေခြင်းနှင့် မီးသတ်ဆေးဗူး pressure မရှိခြင်းများကြောင့် အချိန်မှီ မီးမငြှိမ်းသတ်နိုင်ခြင်းများရှိခဲ့ကြောင်း သိရသည်။
“ကား မီးလောင်မှုတွေမှာ မီးသတ်ဆေးဗူးပါလာရင် pressure ဇီးရိုးပါလာတွေတွေ့ပါတယ်။ အဲဒါတွေကလည်း ကျွန်တော်တို့ရောက်သွားတဲ့အခါမျိုးတွေမှာ မီးသတ်ဆေးဗူးနဲ့ ငြှိမ်းပါတယ်လို့တော့ပြောတာပဲ။ သူတို့ကားတွေက ဆောင်တော့ဆောင်တယ် ဒါပေမယ့် မီးသတ်ဆေးဗူးတွေက Update မမြှင့်တော့ တချိုဟာတွေက Date ကျော်နေပြီလေ။ pressure မရှိတာတွေလို့ ဘာတို့ပေါ့။ တကယ့် တကယ် သုံးမယ်ဆိုရင် သုံးမရတဲ့ဟာမျိုးတွေ လည်း ရှိတယ်” ဟု အထက်ပါအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူ ဆိုသည်။
အမြန်လမ်းအသုံးပြုသည့် ယာဉ်များတွင် မီးသတ်ဆေးဗူးများ မဆောင်မိသောကြောင့် မီးလောင်မှုဖြစ်ပွားပါက မဆုံးရှုံးသင့်သည်အထိ ဆုံးရှုံးနစ်နာရမှုများလည်းရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
“မီးသတ်ဆေးဗူးတစ်ဗူးရဲ့တန်ဖိုးက ဘာမှမရှိဘူး။ အဲဒါလေးလဲဖို့အရေးလေးကို တချို့က မလဲချင်ဘူး။ မီးသတ် ဆေးဗူးဆိုတာ အမြဲတမ်း သုံးနေတဲ့ကုန်ပစ္စည်းမှ မဟုတ်တာ။ ဆေးဝါးတွေလိုမျိုးပေါ့။ ကျန်းမာရေးမကောင်းတဲ့ အချိန်မှာ သုံးရတာအဲလိုမျိုးပေါ့။ မီးသတ်ဆေးဗူးဆိုတာ သူလိုတဲ့အချိန်မှာ မသုံးရတဲ့အချိန်မျိုးဆိုတော့ သူတို့ အဆင်သင့် မဆောင်ထားတဲ့ အကျိုးကျေးဇူးတွေပေါ့။ ဥပမာ ၄၊ ၅ သိန်းနဲ့ပြတ်မယ့်ကိစ္စကို သိန်းရာချီနဲ့ ကုန်သွားတဲ့ ဟာမျိုးတွေပေါ့” ဟု ၎င်းက ဆက်ပြောသည်။
အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်က ရန်ကုန်-နေပြည်တော် အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၃၄/၇)နှင့် (၁၄၃/၆) ကြားတွင် “တော်ဝင်ထွန်း” ခရီးသည်တင်ယာဉ်လိုင်းမှ ခရီးသည်တင်ကားတစ်စီး ဘရိတ်ရှူး နှင့် နောက်ဘီးငြိ၍ အပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခဲ့ရာ အခင်းစတင်ဖြစ်ပွားချိန်တွင် မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်ခဲ့သော်လည်း Pressure ဇီးရိုးဖြစ်နေသဖြင့် အချိန်မှီမီး မငြှိမ်းသတ်နိုင်ဖြစ်ကာ ကားတစ်စီးလုံး မီးလောင်ဆုံးရှုံးခဲ့ရဖူးသည်။
“ဒီမီးသတ်ဆေးဗူးလေးတစ်ဗူးကလည်း သူ့ဟာနဲ့သူ အင်အားတစ်ခုဖြစ်တယ်လေ။ တစ်စီးလုံးလောင်နေတဲ့ ဟာကြီးကို ဆေးဗူးလေး တစ်ဗူးနဲ့ နိုင်ချင်မှလည်းနိုင်မှာပေါ့။ ဒါပေမယ့် နည်းနည်းလေးလောင်နေတဲ့အချိန်မျိုး မီးသတ်ဆေးဗူးလေးနဲ့ ထိန်းထားလို့ရင် တော်ရုံတန်ရုံအများကြီးလောင်ရမှာက နည်းနည်းလေးနဲ့ပြီးရင်လည်း ပြီးသွားမှာပေါ့။ သိန်း(၃၀၀)ဖိုး လောက်ကုန်မယ့်ဟာက (၁၀)သိန်းလောက်နဲ့ ပြီးရင် ပြီးသွားမှာပေါ့” ဟု ၎င်းက အကြံပြုပြောသည်။
Zawgyi Version;
အျမန္လမ္းအသုံးျပဳေနသည့္ ယာဥ္အခ်ိဳ႕၌ မီးသတ္ေဆးဗူးေဆာင္သည္ဟုဆိုေသာ္လည္း သတိေပါ့ေလွ်ာ့ျခင္းမ်ား ရွိေန
သန႔္ဇင္ (NP News) - ၾသဂုတ္ ၂၂
အျမန္လမ္းအသုံးျပဳေနသည့္ ယာဥ္အခ်ိဳ႕တြင္ မီးသတ္ေဆးဗူးေဆာင္သည္ဟုဆိုေသာ္လည္း သတိေပါ့ေလွ်ာ့ျခင္း မ်ား ရွိေနေၾကာင္း ပေလြး အျမန္လမ္းမီးသတ္စခန္းမွတာဝန္ရွိသူတစ္ဦးက NP News မွတစ္ဆင့္ အႀကံျပဳ ေျပာၾကားသည္။
ယခုႏွစ္အတြင္း ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ကုန္တင္ကားတစ္စီးႏွင့္ ခရီးသည္တင္ယာဥ္တစ္စီးတို႔ မီးေလာင္မႈျဖစ္ပြားခဲ့ရာ စုစုေပါင္း ယာဥ္မီးေလာင္မႈ(၂)ႀကိမ္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“တခ်ိဳ႕ကေတာ့လည္း သူတို႔ကိုယ္တိုင္သတိေမ့လာၾကတာလည္း ပါတာေပါ့။ အၿမဲတမ္းလိုမ်ိဳး စစ္ျဖစ္မွာ မဟုတ္ ေတာ့ ေခါင္းထဲမွာ သိပ္မထည့္ထားၾကဘူး။ အဲဒီမွာျဖစ္တဲ့အခ်ိန္မွာ သြားစစ္ၾကည့္ေတာ့ အားနည္းခ်က္ေတြျဖစ္ တာပါ။ အဓိကေတာ့ ေပါ့ဆမႈေၾကာင့္ ျဖစ္တာပါ” ဟု အထက္ပါအျမန္လမ္းမီးသတ္စခန္းမွတာရွိသူက ေျပာသည္။
အျမန္လမ္းကားမီးေလာင္မႈျဖစ္စဥ္အမ်ားစုတြင္ မီးသတ္ေဆးဗူးမေဆာင္ထားျခင္း၊ ေဆာင္ထားသည့္ မီးသတ္ ေဆးဗူးမ်ားတြင္လည္း သက္တမ္းကုန္ေနျခင္းႏွင့္ မီးသတ္ေဆးဗူး pressure မရွိျခင္းမ်ားေၾကာင့္ အခ်ိန္မွီ မီးမျငႇိမ္းသတ္ႏိုင္ျခင္းမ်ားရွိခဲ့ေၾကာင္း သိရသည္။
“ကား မီးေလာင္မႈေတြမွာ မီးသတ္ေဆးဗူးပါလာရင္ pressure ဇီး႐ိုးပါလာေတြေတြ႕ပါတယ္။ အဲဒါေတြကလည္း ကြၽန္ေတာ္တို႔ေရာက္သြားတဲ့အခါမ်ိဳးေတြမွာ မီးသတ္ေဆးဗူးနဲ႔ ျငႇိမ္းပါတယ္လို႔ေတာ့ေျပာတာပဲ။ သူတို႔ကားေတြက ေဆာင္ေတာ့ေဆာင္တယ္ ဒါေပမယ့္ မီးသတ္ေဆးဗူးေတြက Update မျမႇင့္ေတာ့ တခ်ိဳဟာေတြက Date ေက်ာ္ေနၿပီေလ။ pressure မရွိတာေတြလို႔ ဘာတို႔ေပါ့။ တကယ့္ တကယ္ သုံးမယ္ဆိုရင္ သုံးမရတဲ့ဟာမ်ိဳးေတြ လည္း ရွိတယ္” ဟု အထက္ပါအျမန္လမ္းမီးသတ္စခန္းမွ တာဝန္ရွိသူ ဆိုသည္။
အျမန္လမ္းအသုံးျပဳသည့္ ယာဥ္မ်ားတြင္ မီးသတ္ေဆးဗူးမ်ား မေဆာင္မိေသာေၾကာင့္ မီးေလာင္မႈျဖစ္ပြားပါက မဆုံးရႈံးသင့္သည္အထိ ဆုံးရႈံးနစ္နာရမႈမ်ားလည္းရွိခဲ့ေၾကာင္း အထက္ပါတာဝန္ရွိသူက ဆိုသည္။
“မီးသတ္ေဆးဗူးတစ္ဗူးရဲ႕တန္ဖိုးက ဘာမွမရွိဘူး။ အဲဒါေလးလဲဖို႔အေရးေလးကို တခ်ိဳ႕က မလဲခ်င္ဘူး။ မီးသတ္ ေဆးဗူးဆိုတာ အၿမဲတမ္း သုံးေနတဲ့ကုန္ပစၥည္းမွ မဟုတ္တာ။ ေဆးဝါးေတြလိုမ်ိဳးေပါ့။ က်န္းမာေရးမေကာင္းတဲ့ အခ်ိန္မွာ သုံးရတာအဲလိုမ်ိဳးေပါ့။ မီးသတ္ေဆးဗူးဆိုတာ သူလိုတဲ့အခ်ိန္မွာ မသုံးရတဲ့အခ်ိန္မ်ိဳးဆိုေတာ့ သူတို႔ အဆင္သင့္ မေဆာင္ထားတဲ့ အက်ိဳးေက်းဇူးေတြေပါ့။ ဥပမာ ၄၊ ၅ သိန္းနဲ႔ျပတ္မယ့္ကိစၥကို သိန္းရာခ်ီနဲ႔ ကုန္သြားတဲ့ ဟာမ်ိဳးေတြေပါ့” ဟု ၎က ဆက္ေျပာသည္။
အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ ဩဂုတ္လ ၁၇ ရက္က ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္း၊ မိုင္တိုင္အမွတ္ (၁၃၄/၇)ႏွင့္ (၁၄၃/၆) ၾကားတြင္ “ေတာ္ဝင္ထြန္း” ခရီးသည္တင္ယာဥ္လိုင္းမွ ခရီးသည္တင္ကားတစ္စီး ဘရိတ္ရႉး ႏွင့္ ေနာက္ဘီးၿငိ၍ အပူလြန္ကဲရာမွ မီးစတင္ ေလာင္ကြၽမ္းခဲ့ရာ အခင္းစတင္ျဖစ္ပြားခ်ိန္တြင္ မီးသတ္ေဆးဗူးျဖင့္ မီးျငႇိမ္းသတ္ခဲ့ေသာ္လည္း Pressure ဇီး႐ိုးျဖစ္ေနသျဖင့္ အခ်ိန္မွီမီး မျငႇိမ္းသတ္ႏိုင္ျဖစ္ကာ ကားတစ္စီးလုံး မီးေလာင္ဆုံးရႈံးခဲ့ရဖူးသည္။
“ဒီမီးသတ္ေဆးဗူးေလးတစ္ဗူးကလည္း သူ႔ဟာနဲ႔သူ အင္အားတစ္ခုျဖစ္တယ္ေလ။ တစ္စီးလုံးေလာင္ေနတဲ့ ဟာႀကီးကို ေဆးဗူးေလး တစ္ဗူးနဲ႔ ႏိုင္ခ်င္မွလည္းႏိုင္မွာေပါ့။ ဒါေပမယ့္ နည္းနည္းေလးေလာင္ေနတဲ့အခ်ိန္မ်ိဳး မီးသတ္ေဆးဗူးေလးနဲ႔ ထိန္းထားလို႔ရင္ ေတာ္႐ုံတန္႐ုံအမ်ားႀကီးေလာင္ရမွာက နည္းနည္းေလးနဲ႔ၿပီးရင္လည္း ၿပီးသြားမွာေပါ့။ သိန္း(၃၀၀)ဖိုး ေလာက္ကုန္မယ့္ဟာက (၁၀)သိန္းေလာက္နဲ႔ ၿပီးရင္ ၿပီးသြားမွာေပါ့” ဟု ၎က အႀကံျပဳေျပာသည္။