ရန်ကုန်မြို့တွင် နာရီပိုင်းသာခြား၍ ယာဉ်တိုက်မှု(၂)ကြိမ်ဖြစ်ပွားရာ အသက်ကြီးပိုင်းအမျိုးသားတစ်ဦး သေဆုံး၍ (၂)ဦး ထိခိုက်ဒဏ်ရာရ
1435
သန့်ဇင် (NP News) - ဩဂုတ်လ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် နှင့် သာကေတမြို့နယ်တို့တွင် နာရီပိုင်းသာခြား၍ ယာဉ်တိုက်မှု(၂)ကြိမ် ဖြစ်ပွားရာ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးသေဆုံး၍ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သွားရောက် ကူညီခဲ့သည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ဒဂုံမြို့နယ်၊ ပြည်လမ်းမပေါ်၊ လွတ်တော်ရှေ့တွင် ယမန်နေ့(ဩဂုတ်လ ၂၁ ရက်) ညသန်းခေါင်ယံ ၁၂ နာရီဝန်းကျင် အချိန်ခန့်က ပျံကျနေထိုင်သည့် အသက်ကြီးပိုင်းအမျိုးသားတစ်ဦးကို ကားတစ်စီးမှတိုက်မိ၍ မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ရောက်သွားတဲ့အချိန်မှာ လမ်းအလယ်တုံးတွေဘက်ကို ခေါင်းတည်ပြီး ခွေခွေလေးနဲ့ဆုံးနေတာ။ အနီး အနားမှာလည်း ကားရဲ့အပိုင်းအစတွေတွေ့ရတယ်။ ဘက်မှန်တို့ ဘာတို့ပေါ့။ အဲဒါတွေကြည့်ရတာတော့ ကားက အိမ်စီးကားအသေးလို့ ယူဆရတာပေါ့။ ကားက မြို့ထဲဘက်ကို ဟံသာဝတီဘက်ကလာပြီး မြေနီကုန်းဘက်ကို ဆင်းလာပြီး ဦးဝိစာရအဝိုင်းဘက်ကို ခေါင်းတည်ပြီးမောင်းလာတဲ့ပုံပါ။ တိုက်မိတဲ့အချိန်မှာ ကားကအရှိန် တော်တော်ပါတယ် ထင်တယ်” ဟု စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၆၀)နှစ်အရွယ် အမျိုးသားတွင် ထိခိုက်ဒဏ်ရာများ ပြင်ထန်စွာရရှိကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ပျံကျတွေက သွားချင်သွားဆိုတော့ ယာဉ်မောင်းတွေအနေနဲ့မတော်တဆတိုက်မိရင် တာဝန်ယူမှုတော့ရှိစေချင် တယ်။ ကားသမားတွေအနေနဲ့ ညဘက်တွေ သတိထားမောင်းစေချင်တယ်။ အခုနောက်ပိုင်း ညပိုင်း ကားမောင်းတဲ့ လူတွေက သောက်စားလာပြီး မောင်းလာတဲ့ပုံစံမျိုးတွေ ရှိလာတယ်” ဟု ၎င်းက အကြံပြုပြောကြားသည်။
အလားတူ ယမန်နေ့ ည ၁ဝ နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်ခန့်ကလည်း သာကေတမြို့နယ်၊ ရပ်ကွက် ကမာကြည် လမ်းမကြီး အဝိုင်းထိပ်အနီးတွင် လမ်းဖြတ်ကူးသူ(၂)ဦးကို HIJECT ကားတစ်စီးမှတိုက်မိ၍ မောင်းနှင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကျွန်တော်တို့ကြားရတာတော့ တိုက်သွားတဲ့ကားက HIJECT အမဲရောင်ကားပါ။ ကမာကြည်တံကားကနေ အဝိုင်း ဘက်ကိုလာတာ။ အဲဒီမှာ လူငယ်(၂)ယောက် လမ်းဖြတ်ကူးတာကို ဝင်တိုက်တာ။ ကားကတိုက်ပြီး တစ်ချက် တောင်လှည့်မကြည့်ပဲ မောင်းပြေးသွားတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၂၀)နှစ်ရွယ် အမျိုးသား(၂)ဦးအနက် တစ်ဦးတွင် ဦးခေါင်း နှင့် ခန္ဓာကိုယ်အနှံ့ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရှိကာသတိလစ်မေ့မျောသွားခဲ့ပြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ် သာရရှိခဲ့ကြောင်း သိရသည်။
အထက်ပါယာဉ်တိုက်မှုဖြစ်စဉ်များမှ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများကို မြေပြင်လူမှုကူညီရေးအသင်းများက ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Zawgyi Version;
ရန္ကုန္ၿမိဳ႕တြင္ နာရီပိုင္းသာျခား၍ ယာဥ္တိုက္မႈ(၂)ႀကိမ္ျဖစ္ပြားရာ အသက္ႀကီးပိုင္းအမ်ိဳးသားတစ္ဦး ေသဆုံး၍ (၂)ဦး ထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ဩဂုတ္လ ၂၂
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕နယ္ ႏွင့္ သာေကတၿမိဳ႕နယ္တို႔တြင္ နာရီပိုင္းသာျခား၍ ယာဥ္တိုက္မႈ(၂)ႀကိမ္ ျဖစ္ပြားရာ အသက္ႀကီးပိုင္း အမ်ိဳးသားတစ္ဦးေသဆုံး၍ (၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေျမျပင္သြားေရာက္ ကူညီခဲ့သည့္ လူမႈကူညီေရးအသင္းမ်ားထံမွ သိရသည္။
ဒဂုံၿမိဳ႕နယ္၊ ျပည္လမ္းမေပၚ၊ လြတ္ေတာ္ေရွ႕တြင္ ယမန္ေန႔(ဩဂုတ္လ ၂၁ ရက္) ညသန္းေခါင္ယံ ၁၂ နာရီဝန္းက်င္ အခ်ိန္ခန႔္က ပ်ံက်ေနထိုင္သည့္ အသက္ႀကီးပိုင္းအမ်ိဳးသားတစ္ဦးကို ကားတစ္စီးမွတိုက္မိ၍ ေမာင္းႏွင္ထြက္ေျပး သြားခဲ့ေၾကာင္း သိရသည္။
“ကြၽန္မတို႔ေရာက္သြားတဲ့အခ်ိန္မွာ လမ္းအလယ္တုံးေတြဘက္ကို ေခါင္းတည္ၿပီး ေခြေခြေလးနဲ႔ဆုံးေနတာ။ အနီး အနားမွာလည္း ကားရဲ႕အပိုင္းအစေတြေတြ႕ရတယ္။ ဘက္မွန္တို႔ ဘာတို႔ေပါ့။ အဲဒါေတြၾကည့္ရတာေတာ့ ကားက အိမ္စီးကားအေသးလို႔ ယူဆရတာေပါ့။ ကားက ၿမိဳ႕ထဲဘက္ကို ဟံသာဝတီဘက္ကလာၿပီး ေျမနီကုန္းဘက္ကို ဆင္းလာၿပီး ဦးဝိစာရအဝိုင္းဘက္ကို ေခါင္းတည္ၿပီးေမာင္းလာတဲ့ပုံပါ။ တိုက္မိတဲ့အခ်ိန္မွာ ကားကအရွိန္ ေတာ္ေတာ္ပါတယ္ ထင္တယ္” ဟု စမ္းေခ်ာင္းအရန္မီးသတ္တပ္ဖြဲ႕မွတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာ သည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အသက္(၆၀)ႏွစ္အ႐ြယ္ အမ်ိဳးသားတြင္ ထိခိုက္ဒဏ္ရာမ်ား ျပင္ထန္စြာရရွိကာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ပ်ံက်ေတြက သြားခ်င္သြားဆိုေတာ့ ယာဥ္ေမာင္းေတြအေနနဲ႔မေတာ္တဆတိုက္မိရင္ တာဝန္ယူမႈေတာ့ရွိေစခ်င္ တယ္။ ကားသမားေတြအေနနဲ႔ ညဘက္ေတြ သတိထားေမာင္းေစခ်င္တယ္။ အခုေနာက္ပိုင္း ညပိုင္း ကားေမာင္းတဲ့ လူေတြက ေသာက္စားလာၿပီး ေမာင္းလာတဲ့ပုံစံမ်ိဳးေတြ ရွိလာတယ္” ဟု ၎က အႀကံျပဳေျပာၾကားသည္။
အလားတူ ယမန္ေန႔ ည ၁ဝ နာရီ ၃ဝ မိနစ္ဝန္းက်င္အခ်ိန္ခန႔္ကလည္း သာေကတၿမိဳ႕နယ္၊ ရပ္ကြက္ ကမာၾကည္ လမ္းမႀကီး အဝိုင္းထိပ္အနီးတြင္ လမ္းျဖတ္ကူးသူ(၂)ဦးကို HIJECT ကားတစ္စီးမွတိုက္မိ၍ ေမာင္းႏွင္ထြက္ေျပးမႈ ျဖစ္ပြားခဲ့ေၾကာင္း သာေကတၿမိဳ႕နယ္ လူမႈကူညီေရးအသင္းထံမွ သိရသည္။
“ကြၽန္ေတာ္တို႔ၾကားရတာေတာ့ တိုက္သြားတဲ့ကားက HIJECT အမဲေရာင္ကားပါ။ ကမာၾကည္တံကားကေန အဝိုင္း ဘက္ကိုလာတာ။ အဲဒီမွာ လူငယ္(၂)ေယာက္ လမ္းျဖတ္ကူးတာကို ဝင္တိုက္တာ။ ကားကတိုက္ၿပီး တစ္ခ်က္ ေတာင္လွည့္မၾကည့္ပဲ ေမာင္းေျပးသြားတယ္လို႔ သိရတယ္” ဟု ၎က ဆိုသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အသက္(၂၀)ႏွစ္႐ြယ္ အမ်ိဳးသား(၂)ဦးအနက္ တစ္ဦးတြင္ ဦးေခါင္း ႏွင့္ ခႏၶာကိုယ္အႏွံ႔ထိခိုက္ဒဏ္ရာ ျပင္းထန္စြာရွိကာသတိလစ္ေမ့ေမ်ာသြားခဲ့ၿပီး တစ္ဦးမွာ ထိခိုက္ဒဏ္ရာ အနည္းငယ္ သာရရွိခဲ့ေၾကာင္း သိရသည္။
အထက္ပါယာဥ္တိုက္မႈျဖစ္စဥ္မ်ားမွ ေသဆုံး၊ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေျမျပင္လူမႈကူညီေရးအသင္းမ်ားက ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။