ကနေဒါသတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုက သမိုင်းတစ်လျှောက် ဒုတိယအကြီးဆုံးစိန်တုံးကို ရှာဖွေတွေ့ရှိ

 4616

Pika (NP News) - သြဂုတ် ၂၄

ကမ္ဘာပေါ်တွင် ရှာဖွေတွေ့ရှိဖူးသမျှသမိုင်းတစ်လျှောက် ဒုတိယအကြီးဆုံးဖြစ်သော စိန်တုံးကို ရှာဖွေတွေ့ရှိခဲ့ ကြောင်း ကနေဒါ သတ္တုတူးဖော်ရေးကုမ္ပဏီ Lucara Diamond က ထုတ်ပြန်ပြောကြားခဲ့သည်။ အဆိုပါ စိန်တုံး သည် အလေးချိန်(၂၄၉၂)ကာရက်ရှိကြောင်း Lucara Diamond ကုမ္ပဏီက ၎င်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။

ယင်းစိန်တုံးကို အာဖရိကတိုက်တောင်ပိုင်း ဘော့ဆွာနာနိုင်ငံရှိ Karowe Diamond မိုင်းတွင်းတွင် ရှာဖွေတွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း Lucara Diamond ကုမ္ပဏီက ပြောကြားခဲ့သည်။ ကုမ္ပဏီ၏ Mega Diamond Recovery X-ray Transmission (XRT) နည်းပညာဖြင့် အဆိုပါစိန်တုံးကို ခြေရာခံရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနည်းပညာကို ကြီးမားပြီးတန်ဖိုးကြီးသော စိန်တုံးများကို ရှာဖွေရန်အတွက် ၂၀၁၇ ခုနှစ်ကတည်းက အသုံးပြုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ Lucara Diamond ကုမ္ပဏီ ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်သူ ဝီလျံလမ့်ဘ်က "ဒီလိုထူးခြားပြီး အလေးချိန်(၂၄၉၂)ကာရက်ရှိတဲ့စိန်တုံးကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာမိပါ တယ်။ ဒီရှာဖွေတွေ့ရှိမှုဟာ ကျွန်တော်တို့ Karowe Diamond မိုင်းတွင်းရဲ့ထူးခြားတဲ့အလားအလာတွေကို ပြသရုံသာမက XRT နည်းပညာအပေါ် ကျွန်တော်တို့ရဲ့မဟာဗျူဟာမြောက်ရင်းနှီးမြှုပ်နှံမှုကို အတည်ပြုပေးနိုင်ခဲ့ ပါတယ်။ ဒီလိုကြီးမားပြီး အရည်အသွေးမြင်တဲ့စိန်တုံးကို ရှာဖွေတွေ့ရှိမှုက ကျွန်တော်တို့ရဲ့ အကောင်းဆုံး လုပ်နိုင်စွမ်းကိုပြသနေတာလည်းဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

Lucara Diamond ကုမ္ပဏီသည် အလားတူမိုင်းတွင်းတွင် အလေးချိန်(၁၁၀၉)ကာရက်ရှိသော Lesedi La Rona စိန်တုံးကို ၂၀၁၅ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အလေးချိန်(၁၇၅၈)ကာရက်ရှိသော Sewelo စိန်တုံး ကို ရှာဖွေတွေ့ရှိခဲ့ ဖူးကြောင်း သိရသည်။ သမိုင်းတစ်လျှောက်တွေ့ရှိခဲ့ဖူးသော စိန်တုံးများထဲတွင် အကြီးဆုံး စိန်တုံးမှာ အလေးချိန်(၃၁၀၆)ကာရက်ရှိသော Cullinan စိန်တုံးဖြစ်ပြီး ၁၉၀၂ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
ကေနဒါသတၱဳတူးေဖာ္ေရးကုမၸဏီတစ္ခုက သမိုင္းတစ္ေလွ်ာက္ ဒုတိယအႀကီးဆုံးစိန္တုံးကို ရွာေဖြေတြ႕ရွိ
Pika (NP News) - ၾသဂုတ္ ၂၄

ကမာၻေပၚတြင္ ရွာေဖြေတြ႕ရွိဖူးသမွ်သမိုင္းတစ္ေလွ်ာက္ ဒုတိယအႀကီးဆုံးျဖစ္ေသာ စိန္တုံးကို ရွာေဖြေတြ႕ရွိခဲ့ ေၾကာင္း ကေနဒါ သတၱဳတူးေဖာ္ေရးကုမၸဏီ Lucara Diamond က ထုတ္ျပန္ေျပာၾကားခဲ့သည္။ အဆိုပါ စိန္တုံး သည္ အေလးခ်ိန္(၂၄၉၂)ကာရက္ရွိေၾကာင္း Lucara Diamond ကုမၸဏီက ၎၏ တရားဝင္ဝက္ဘ္ဆိုက္တြင္ ေရးသားေဖာ္ျပခဲ့သည္။

ယင္းစိန္တုံးကို အာဖရိကတိုက္ေတာင္ပိုင္း ေဘာ့ဆြာနာႏိုင္ငံရွိ Karowe Diamond မိုင္းတြင္းတြင္ ရွာေဖြေတြ႕ရွိခဲ့ ျခင္းျဖစ္ေၾကာင္း Lucara Diamond ကုမၸဏီက ေျပာၾကားခဲ့သည္။ ကုမၸဏီ၏ Mega Diamond Recovery X-ray Transmission (XRT) နည္းပညာျဖင့္ အဆိုပါစိန္တုံးကို ေျခရာခံရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါနည္းပညာကို ႀကီးမားၿပီးတန္ဖိုးႀကီးေသာ စိန္တုံးမ်ားကို ရွာေဖြရန္အတြက္ ၂၀၁၇ ခုႏွစ္ကတည္းက အသုံးျပဳခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ Lucara Diamond ကုမၸဏီ ဥကၠ႒ႏွင့္ စီအီးအိုျဖစ္သူ ဝီလ်ံလမ့္ဘ္က "ဒီလိုထူးျခားၿပီး အေလးခ်ိန္(၂၄၉၂)ကာရက္ရွိတဲ့စိန္တုံးကို ရွာေဖြေတြ႕ရွိခဲ့တဲ့အတြက္ တကယ္ကို ဝမ္းသာမိပါ တယ္။ ဒီရွာေဖြေတြ႕ရွိမႈဟာ ကြၽန္ေတာ္တို႔ Karowe Diamond မိုင္းတြင္းရဲ႕ထူးျခားတဲ့အလားအလာေတြကို ျပသ႐ုံသာမက XRT နည္းပညာအေပၚ ကြၽန္ေတာ္တို႔ရဲ႕မဟာဗ်ဴဟာေျမာက္ရင္းႏွီးျမႇဳပ္ႏွံမႈကို အတည္ျပဳေပးႏိုင္ခဲ့ ပါတယ္။ ဒီလိုႀကီးမားၿပီး အရည္အေသြးျမင္တဲ့စိန္တုံးကို ရွာေဖြေတြ႕ရွိမႈက ကြၽန္ေတာ္တို႔ရဲ႕ အေကာင္းဆုံး လုပ္ႏိုင္စြမ္းကိုျပသေနတာလည္းျဖစ္ပါတယ္” ဟု ေျပာခဲ့သည္။

Lucara Diamond ကုမၸဏီသည္ အလားတူမိုင္းတြင္းတြင္ အေလးခ်ိန္(၁၁၀၉)ကာရက္ရွိေသာ Lesedi La Rona စိန္တုံးကို ၂၀၁၅ ခုႏွစ္တြင္ ရွာေဖြေတြ႕ရွိခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္ အေလးခ်ိန္(၁၇၅၈)ကာရက္ရွိေသာ Sewelo စိန္တုံး ကို ရွာေဖြေတြ႕ရွိခဲ့ ဖူးေၾကာင္း သိရသည္။ သမိုင္းတစ္ေလွ်ာက္ေတြ႕ရွိခဲ့ဖူးေသာ စိန္တုံးမ်ားထဲတြင္ အႀကီးဆုံး စိန္တုံးမွာ အေလးခ်ိန္(၃၁၀၆)ကာရက္ရွိေသာ Cullinan စိန္တုံးျဖစ္ၿပီး ၁၉၀၂ ခုႏွစ္တြင္ ေတာင္အာဖရိကႏိုင္ငံမွာ ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.