အရာဝတ္ထုတွေကို အမည်ဖော်ထုတ်ပြနိုင်တဲ့ TikTok နာမည်ကြီး ကြက်တူရွေးလေး

 828

Pika (NP News) - ဩဂုတ် ၂၄

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှ TikTok နာမည်ကြီးကြက်တူရွေးတစ်ကောင်သည် အရာဝတ္ထုပစ္စည်း (၁၂)ခုကို အချိန်(၃)မိနစ်အတွင်း အောင်မြင်စွာဖော်ထုတ်ပြနိုင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

Dalton နှင့် Victoria "Tori" Mason တို့ပိုင်ဆိုင်သည့် အသက်(၄)နှစ်အရွယ် အာဖရိက မီးခိုးရောင်ကြက်တူရွေးအပိုလိုသည် ပိုးကောင်၊ စာအုပ်တစ်အုပ်နှင့် ခြေအိတ်များအပါအဝင် အခြားအရာဝတ္ထုပစ္စည်းများ၏ အမည်များကို ဖော်ထုတ်ပြနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အပိုလိုကို လေ့ကျင့်ပေးမှုများလုပ်ဆောင်ရန်အတွက် အဲလက်စ်အမည်ရှိ ကြက်တူရွေးနှင့် နှစ်(၃၀)ကြာအတူရှိခဲ့သော တိရိစ္ဆာန်စိတ်ပညာရှင် Irene Pepperberg က ပုံဖော်ခဲ့သော နည်းလမ်းများကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း Masons ကပြောကြားခဲ့သည်။

Masons က ‘‘အပိုလိုက ပထမဆုံးအရာ ဝတ္ထုတံဆိပ်တွေ၊ အရောင်တွေနဲ့ ပစ္စည်းတွေကို စတင်လေ့လာပြီးတဲ့နောက်မှာတော့ ကြက်တူရွေး အဲလက်စ်လုပ်ခဲ့တဲ့ မယုံနိုင်လောက်စရာအရာတွေ အများကြီးကို အပိုလိုလုပ်နိုင်မယ်ဆိုတာ ကျွန်တော် တို့သိခဲ့ပါတယ်”ဟု ပြောဆိုခဲ့သည်။ အပိုလိုသည် ဆိုရှယ်မီဒီယာကြယ်ပွင့်ကြက်တူရွေးတစ်ကောင်ဖြစ်ပြီး TikTok တွင် ဖော်လိုဝါ (၂ ဒသမ ၈)သန်းရှိကာ YouTube တွင် ဖော်လိုဝါ (၁ ဒသမ ၃၇)သန်းရှိကြောင်း သိရသည်။

ထို့ပြင် ငှက်များသည် တိရစ္ဆာန်များအတွက် သံတမန်ဖြစ်ကြောင်း Masons ကပြော ကြားခဲ့သည်။ ၎င်းတို့က ‘‘ကျွန်တော်တို့ရဲ့ တာဝန်ကတော့ တိရစ္ဆာန်တွေမှာတွေ့ရတဲ့ သဘာဝဉာဏ်ရည်ဉာဏ်သွေးကို ဖြန့်ဝေပေးနိုင်ဖို့ပဲဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။

zawgyi version
အရာဝတၳဳေတြကို အမည္ေဖာ္ထုတ္ျပႏိုင္တဲ့ TikTok နာမည္ႀကီး ၾကက္တူ ေ႐ြးေလး
Pika (NP News) - ဩဂုတ္ ၂၄

အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္မွ TikTok နာမည္ႀကီးၾကက္တူေ႐ြးတစ္ေကာင္သည္ အရာဝတၳဳပစၥည္း (၁၂)ခုကို အခ်ိန္(၃)မိနစ္အတြင္း ေအာင္ျမင္စြာေဖာ္ထုတ္ျပႏိုင္ခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။

Dalton ႏွင့္ Victoria "Tori" Mason တို႔ပိုင္ဆိုင္သည့္ အသက္(၄)ႏွစ္အ႐ြယ္ အာဖရိက မီးခိုးေရာင္ၾကက္တူေ႐ြးအပိုလိုသည္ ပိုးေကာင္၊ စာအုပ္တစ္အုပ္ႏွင့္ ေျခအိတ္မ်ားအပါအဝင္ အျခားအရာဝတၳဳပစၥည္းမ်ား၏ အမည္မ်ားကို ေဖာ္ထုတ္ျပႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အပိုလိုကို ေလ့က်င့္ေပးမႈမ်ားလုပ္ေဆာင္ရန္အတြက္ အဲလက္စ္အမည္ရွိ ၾကက္တူေ႐ြးႏွင့္ ႏွစ္(၃၀)ၾကာအတူရွိခဲ့ေသာ တိရိစာၦန္စိတ္ပညာရွင္ Irene Pepperberg က ပုံေဖာ္ခဲ့ေသာ နည္းလမ္းမ်ားကို အသုံးျပဳခဲ့ျခင္းျဖစ္ေၾကာင္း Masons ကေျပာၾကားခဲ့သည္။

Masons က ‘‘အပိုလိုက ပထမဆုံးအရာ ဝတၳဳတံဆိပ္ေတြ၊ အေရာင္ေတြနဲ႔ ပစၥည္းေတြကို စတင္ေလ့လာၿပီးတဲ့ေနာက္မွာေတာ့ ၾကက္တူေ႐ြး အဲလက္စ္လုပ္ခဲ့တဲ့ မယုံႏိုင္ေလာက္စရာအရာေတြ အမ်ားႀကီးကို အပိုလိုလုပ္ႏိုင္မယ္ဆိုတာ ကြၽန္ေတာ္ တို႔သိခဲ့ပါတယ္”ဟု ေျပာဆိုခဲ့သည္။ အပိုလိုသည္ ဆိုရွယ္မီဒီယာၾကယ္ပြင့္ၾကက္တူေ႐ြးတစ္ေကာင္ျဖစ္ၿပီး TikTok တြင္ ေဖာ္လိုဝါ (၂ ဒသမ ၈)သန္းရွိကာ YouTube တြင္ ေဖာ္လိုဝါ (၁ ဒသမ ၃၇)သန္းရွိေၾကာင္း သိရသည္။

ထို႔ျပင္ ငွက္မ်ားသည္ တိရစာၦန္မ်ားအတြက္ သံတမန္ျဖစ္ေၾကာင္း Masons ကေျပာ ၾကားခဲ့သည္။ ၎တို႔က ‘‘ကြၽန္ေတာ္တို႔ရဲ႕ တာဝန္ကေတာ့ တိရစာၦန္ေတြမွာေတြ႕ရတဲ့ သဘာဝဉာဏ္ရည္ဉာဏ္ေသြးကို ျဖန႔္ေဝေပးႏိုင္ဖို႔ပဲျဖစ္ပါတယ္”ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.