ကမ္ဘာကျော်ဘီလျံနာအီလွန်မတ်ရဲ့ Tesla ကုမ္ပဏီကို စိန်ခေါ်လိုက်တဲ့ အိန္ဒိယဘီလျံနာ Bhavish Aggarwal

 2103

Pika (NP News) - သြဂုတ် ၂၄

အိန္ဒိယနိုင်ငံရှိ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်သော Ola ၏ တည်ထောင်သူနှင့် စီအီးအိုဖြစ်သူ အိန္ဒိယ ဘီလျံနာ Bhavish Aggarwal သည် ကမ္ဘာ့တောင်ဘက်ခြမ်းသို့ လျှပ်စစ်ကားများ(EVs) ကို တတ်နိုင်သမျှ မိတ်ဆက် သွားမည်ဖြစ်ကြောင်း ကတိပြုကာ ကမ္ဘာကျော်ဘီလျံနာအီလွန်မတ်၏ Tesla ကုမ္ပဏီကို စိန်ခေါ်ခဲ့ကြောင်း သိရသည်။

အီလွန်မတ်၏ကုမ္ပဏီ Tesla က ချမ်းသာသူများအတွက် မော်တော်ယာဉ်များ တည်ဆောက်နေချိန်တွင် Ola ကုမ္ပဏီက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရည်ရွယ်ထားသည့် ရည်မှန်းချက်များရှိကြောင်း Bhavish Aggarwal က ပြောကြားခဲ့သည်။ Bhavish Aggarwal က “Tesla ကုမ္ပဏီက အနောက်နိုင်ငံတွေအတွက်ဖြစ်ပြီး Ola ကုမ္ပဏီ ကတော့ ကျန်ရှိနေတဲ့နိုင်ငံတွေအားလုံးအတွက်ပဲဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာ့တောင်ဘက်ခြမ်းကို ချဲ့ထွင်တာဟာ Ola ကုမ္ပဏီရဲ့အဓိကမဟာဗျူဟာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ထို့ပြင် Ola ကုမ္ပဏီရဲ့အဓိကရည်မှန်းချက်မှာ အိန္ဒိယနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ(EVs) အချက်အချာနေရာတစ်ခု အဖြစ် သတ်မှတ်စေရန်ဖြစ်ကြောင်း Bhavish Aggarwal က ပြောကြားခဲ့သည်။ Bhavish Aggarwal သည် အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့တွင်ကျင်းပသော စီးပွားရေးပွဲတစ်ခုတွင် ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Ola Electric ကုမ္ပဏီသည် လျှပ်စစ်ဆိုင်ကယ်များကို အဓိကထုတ်လုပ်သည့်ကုမ္ပဏီဖြစ်ပြီး ဘထ္တရီဆဲလ် များ အပါအဝင် လျှပ်စစ်ကားအစိတ်အပိုင်းများကို အိန္ဒိယမီဒီယာများသည် ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ (၁ ဒသမ ၄) ဘီလျံဝန်းကျင်ရှိသော Bhavish Aggarwal နှင့် ခန့်မှန်းခြေကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ (၂၂၈) ဘီလျံရှိသောအီလွန်မတ်ကို မကြာခဏ နှိုင်းယှဉ်မှုများလုပ်ဆောင်လေ့ရှိကြောင်းလည်း သိရသည်။

ထို့ပြင် အီလွန်မတ်အနေဖြင့် နောက်ထပ်စွန့်စားမှုအသစ်များကို ရှာဖွေသင့်သည်ဟု Bhavish Aggarwal က အကြံပြုပြောကြားခဲ့ကြောင်းလည်း သိရသည်။ Bhavish Aggarwal က “ကျွန်တော်က အီလွန်မတ်ထက် အများကြီး အသက်ငယ်ပါတယ်။ သူက ကျွန်တော်တို့အားလုံး လေးစားရတဲ့ လူတစ်ယောက်ပါ။ ရိုးရိုးသားသား ပြောရရင် သူနဲ့တူတဲ့စီးပွားရေးလုပ်ငန်းကို ဘာကြောင့်စွန့်စားရသလဲဆိုတာ ကျွန်တော်သေချာ မသိပါဘူး။ အပြောင်းအလဲတွေအတွက် မတူတဲ့အရာတွေကို ကြိုးစားသင့်ပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version;
ကမာၻေက်ာ္ဘီလ်ံနာအီလြန္မတ္ရဲ႕ Tesla ကုမၸဏီကို စိန္ေခၚလိုက္တဲ့ အိႏၵိယဘီလ်ံနာ Bhavish Aggarwal
Pika (NP News) - ၾသဂုတ္ ၂၄

အိႏၵိယႏိုင္ငံရွိ သယ္ယူပို႔ေဆာင္ေရးကုမၸဏီတစ္ခုျဖစ္ေသာ Ola ၏ တည္ေထာင္သူႏွင့္ စီအီးအိုျဖစ္သူ အိႏၵိယ ဘီလ်ံနာ Bhavish Aggarwal သည္ ကမာၻ႔ေတာင္ဘက္ျခမ္းသို႔ လွ်ပ္စစ္ကားမ်ား(EVs) ကို တတ္ႏိုင္သမွ် မိတ္ဆက္ သြားမည္ျဖစ္ေၾကာင္း ကတိျပဳကာ ကမာၻေက်ာ္ဘီလ်ံနာအီလြန္မတ္၏ Tesla ကုမၸဏီကို စိန္ေခၚခဲ့ေၾကာင္း သိရသည္။

အီလြန္မတ္၏ကုမၸဏီ Tesla က ခ်မ္းသာသူမ်ားအတြက္ ေမာ္ေတာ္ယာဥ္မ်ား တည္ေဆာက္ေနခ်ိန္တြင္ Ola ကုမၸဏီက ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားအတြက္ ရည္႐ြယ္ထားသည့္ ရည္မွန္းခ်က္မ်ားရွိေၾကာင္း Bhavish Aggarwal က ေျပာၾကားခဲ့သည္။ Bhavish Aggarwal က “Tesla ကုမၸဏီက အေနာက္ႏိုင္ငံေတြအတြက္ျဖစ္ၿပီး Ola ကုမၸဏီ ကေတာ့ က်န္ရွိေနတဲ့ႏိုင္ငံေတြအားလုံးအတြက္ပဲျဖစ္ပါတယ္။ ၿပီးေတာ့ ကမာၻ႔ေတာင္ဘက္ျခမ္းကို ခ်ဲ႕ထြင္တာဟာ Ola ကုမၸဏီရဲ႕အဓိကမဟာဗ်ဴဟာျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ထို႔ျပင္ Ola ကုမၸဏီရဲ႕အဓိကရည္မွန္းခ်က္မွာ အိႏၵိယႏိုင္ငံကို ကမာၻလုံးဆိုင္ရာ(EVs) အခ်က္အခ်ာေနရာတစ္ခု အျဖစ္ သတ္မွတ္ေစရန္ျဖစ္ေၾကာင္း Bhavish Aggarwal က ေျပာၾကားခဲ့သည္။ Bhavish Aggarwal သည္ အိႏၵိယ ႏိုင္ငံ နယူးေဒလီၿမိဳ႕တြင္က်င္းပေသာ စီးပြားေရးပြဲတစ္ခုတြင္ ယခုကဲ့သို႔မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Ola Electric ကုမၸဏီသည္ လွ်ပ္စစ္ဆိုင္ကယ္မ်ားကို အဓိကထုတ္လုပ္သည့္ကုမၸဏီျဖစ္ၿပီး ဘထၱရီဆဲလ္ မ်ား အပါအဝင္ လွ်ပ္စစ္ကားအစိတ္အပိုင္းမ်ားကို အိႏၵိယမီဒီယာမ်ားသည္ ႂကြယ္ဝခ်မ္းသာမႈ အေမရိကန္ေဒၚလာ (၁ ဒသမ ၄) ဘီလ်ံဝန္းက်င္ရွိေသာ Bhavish Aggarwal ႏွင့္ ခန႔္မွန္းေျခႂကြယ္ဝခ်မ္းသာမႈ အေမရိကန္ေဒၚလာ (၂၂၈) ဘီလ်ံရွိေသာအီလြန္မတ္ကို မၾကာခဏ ႏႈိင္းယွဥ္မႈမ်ားလုပ္ေဆာင္ေလ့ရွိေၾကာင္းလည္း သိရသည္။

ထို႔ျပင္ အီလြန္မတ္အေနျဖင့္ ေနာက္ထပ္စြန႔္စားမႈအသစ္မ်ားကို ရွာေဖြသင့္သည္ဟု Bhavish Aggarwal က အႀကံျပဳေျပာၾကားခဲ့ေၾကာင္းလည္း သိရသည္။ Bhavish Aggarwal က “ကြၽန္ေတာ္က အီလြန္မတ္ထက္ အမ်ားႀကီး အသက္ငယ္ပါတယ္။ သူက ကြၽန္ေတာ္တို႔အားလုံး ေလးစားရတဲ့ လူတစ္ေယာက္ပါ။ ႐ိုး႐ိုးသားသား ေျပာရရင္ သူနဲ႔တူတဲ့စီးပြားေရးလုပ္ငန္းကို ဘာေၾကာင့္စြန႔္စားရသလဲဆိုတာ ကြၽန္ေတာ္ေသခ်ာ မသိပါဘူး။ အေျပာင္းအလဲေတြအတြက္ မတူတဲ့အရာေတြကို ႀကိဳးစားသင့္ပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.