ရှောင်လင်ကွန်ဖူးစတားဘွဲ့ကိုရရှိခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ အသက်(၉)နှစ်အရွယ် မိန်းကလေး

 9274

Pika (NP News) - ဩဂုတ် ၂၄

တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှ Zhang Sixuan အမည်ရှိသည့် အသက်(၉)နှစ်အရွယ် မိန်းကလေး သည် ယခုနှစ်တွင်ကျင်းပသော ကမ္ဘာ့ရှောင်လင်အားကစားပြိုင်ပွဲတွင် ရှောင်လင်ကွန်ဖူး စတားဘွဲ့ကို ရရှိခဲ့ကြောင်းသိရသည်။

ကမ္ဘာတစ်ဝန်းတွင် ရှောင်လင်ကွန်ဖူးလေ့ကျင့်သူသန်းချီရှိ ပြီး နှစ်စဉ်နှစ်တိုင်း သောင်းနှင့်ချီသော ကွန်ဖူး လေ့ကျင့်သူများသည် ကမ္ဘာ့ရှောင်လင် အားကစားပြိုင်ပွဲ ဖိုင်နယ်တွင် ပါဝင် ယှဉ်ပြိုင်ခွင့်ရရန်အတွက် ယှဉ်ပြိုင်မှုများလုပ်ဆောင်ကြသည်။ ယခုနှစ်တွင် နိုင်ငံတကာမှကွန်ဖူး လေ့ကျင့်သူ(၁၂၄)ဦးသည် ဟီနန်ပြည်နယ် ရှောင်လင်ဘုရားကျောင်းတွင် ကျင်းပသော ကွန်ဖူးပြိုင်ပွဲတွင် ကွန်ဖူးဆရာများနှင့် ကွန်ဖူးဝါသနာရှင်များ၏ရှေ့မှာ ၎င်းတို့၏ကျွမ်းကျင်မှုများကို ပြသရန်အတွက် ဖိတ်ခေါ်ခံခဲ့ရကြောင်း သိရသည်။ ၎င်းတို့အနက်မှ အသက်(၉)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် tong zi gong (ရှောင်လင်ကွန်ဖူးပုံစံ)ကို ကျွမ်းကျင်စွာ ပြသနိုင်ခဲ့ပြီးနောက် ရှောင်လင်ကွန်ဖူးစတားဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ကမ္ဘာ့ရှောင်လင်အားကစားပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီသော ရှောင်လင် ကွန်ဖူးလေ့ကျင့်သူ(၁၂၄)ဦးအနက် ရှောင်လင်ကွန်ဖူးစတားဘွဲ့ကို ရရှိသူ(၁၀)ဦးသာ ရှိခဲ့ကြောင်းလည်း သိရသည်။ Zhang Sixuan သည် ကွန်ဖူးပညာကို (၄)နှစ်ကြာ လေ့ကျင့်ခဲ့ပြီး လက်ရှိအချိန်တွင် ၎င်း ၏စွမ်းရည်များကို ပိုမိုတိုးတက်အောင်လုပ်ဆောင်နေကြောင်း ဟီနန်ပြည်နယ် Tangyin ကောင်တီရှိ Jingzhong ကိုယ်ခံပညာကျောင်းမှ ၎င်း၏နည်းပြ Zhao Zhenwu ကပြောကြားခဲ့သည်။

ထို့ပြင် Zhang Sixuan သည် ညဉ့်နက်သည်အထိ လေ့ကျင့်ခဲ့ရသော်လည်း ညည်းညူခြင်းမျိုး မရှိခဲ့ကြောင်း Zhao Zhenwu က ပြောကြားခဲ့သည်။ Zhao Zhenwu “ Zhang Sixuan ဟာ အလွန်သန်မာပြီး လေ့ကျင့်မှုတွေအတွင်း ငိုတာမျိုးတစ်ခါမှမရှိခဲ့ပါဘူး။ သူဟာ ပြိုင်ပွဲအတွက် ည(၁၁)နာရီအထိ လေ့ကျင့်ခဲ့ရရင်တောင် ပင်ပန်းတာမျိုး ဒါမှမဟုတ် လေ့ကျင့်မှုက အရမ်းခက်တယ်လို့ ညည်းညူတာမျိုး မရှိခဲ့ဖူးပါဘူး” ဟုပြောဆိုခဲ့သည်။

zawgyi version
ေရွာင္လင္ကြန္ဖူးစတားဘြဲ႕ကိုရရွိခဲ့ၿပီး ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့တဲ့ အသက္(၉)ႏွစ္အ႐ြယ္မိန္းကေလး
Pika (NP News) - ဩဂုတ္ ၂၄

တ႐ုတ္ႏိုင္ငံ ဟီနန္ျပည္နယ္မွ Zhang Sixuan အမည္ရွိသည့္ အသက္(၉)ႏွစ္အ႐ြယ္ မိန္းကေလး သည္ ယခုႏွစ္တြင္က်င္းပေသာ ကမာၻ႔ ေရွာင္လင္အားကစားၿပိဳင္ပြဲတြင္ ေရွာင္လင္ကြန္ဖူး စတားဘြဲ႕ကို ရရွိခဲ့ေၾကာင္းသိရသည္။

ကမာၻတစ္ဝန္းတြင္ ေရွာင္လင္ကြန္ဖူးေလ့က်င့္သူသန္းခ်ီရွိ ၿပီး ႏွစ္စဥ္ႏွစ္တိုင္း ေသာင္းႏွင့္ခ်ီေသာ ကြန္ဖူး ေလ့က်င့္သူမ်ားသည္ ကမာၻ႔ေရွာင္လင္ အားကစားၿပိဳင္ပြဲ ဖိုင္နယ္တြင္ ပါဝင္ ယွဥ္ၿပိဳင္ခြင့္ရရန္အတြက္ ယွဥ္ၿပိဳင္မႈမ်ားလုပ္ေဆာင္ၾကသည္။ ယခုႏွစ္တြင္ ႏိုင္ငံတကာမွကြန္ဖူး ေလ့က်င့္သူ(၁၂၄)ဦးသည္ ဟီနန္ျပည္နယ္ ေရွာင္လင္ဘုရားေက်ာင္းတြင္ က်င္းပေသာ ကြန္ဖူးၿပိဳင္ပြဲတြင္ ကြန္ဖူးဆရာမ်ားႏွင့္ ကြန္ဖူးဝါသနာရွင္မ်ား၏ေရွ႕မွာ ၎တို႔၏ကြၽမ္းက်င္မႈမ်ားကို ျပသရန္အတြက္ ဖိတ္ေခၚခံခဲ့ရေၾကာင္း သိရသည္။ ၎တို႔အနက္မွ အသက္(၉)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္ tong zi gong (ေရွာင္လင္ကြန္ဖူးပုံစံ)ကို ကြၽမ္းက်င္စြာ ျပသႏိုင္ခဲ့ၿပီးေနာက္ ေရွာင္လင္ကြန္ဖူးစတားဘြဲ႕ကို ရရွိခဲ့ျခင္းျဖစ္သည္။

ယခုႏွစ္ကမာၻ႔ေရွာင္လင္အားကစားၿပိဳင္ပြဲအတြက္ အရည္အခ်င္းျပည့္မီေသာ ေရွာင္လင္ ကြန္ဖူးေလ့က်င့္သူ(၁၂၄)ဦးအနက္ ေရွာင္လင္ကြန္ဖူးစတားဘြဲ႕ကို ရရွိသူ(၁၀)ဦးသာ ရွိခဲ့ေၾကာင္းလည္း သိရသည္။ Zhang Sixuan သည္ ကြန္ဖူးပညာကို (၄)ႏွစ္ၾကာ ေလ့က်င့္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ၎ ၏စြမ္းရည္မ်ားကို ပိုမိုတိုးတက္ေအာင္လုပ္ေဆာင္ေနေၾကာင္း ဟီနန္ျပည္နယ္ Tangyin ေကာင္တီရွိ Jingzhong ကိုယ္ခံပညာေက်ာင္းမွ ၎၏နည္းျပ Zhao Zhenwu ကေျပာၾကားခဲ့သည္။

ထို႔ျပင္ Zhang Sixuan သည္ ညဥ့္နက္သည္အထိ ေလ့က်င့္ခဲ့ရေသာ္လည္း ညည္းညဴျခင္းမ်ိဳး မရွိခဲ့ေၾကာင္း Zhao Zhenwu က ေျပာၾကားခဲ့သည္။ Zhao Zhenwu “ Zhang Sixuan ဟာ အလြန္သန္မာၿပီး ေလ့က်င့္မႈေတြအတြင္း ငိုတာမ်ိဳးတစ္ခါမွမရွိခဲ့ပါဘူး။ သူဟာ ၿပိဳင္ပြဲအတြက္ ည(၁၁)နာရီအထိ ေလ့က်င့္ခဲ့ရရင္ေတာင္ ပင္ပန္းတာမ်ိဳး ဒါမွမဟုတ္ ေလ့က်င့္မႈက အရမ္းခက္တယ္လို႔ ညည္းညဴတာမ်ိဳး မရွိခဲ့ဖူးပါဘူး” ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.