Suga ကို BTS အဖွဲ့မှထွက်သွားရန်တောင်းဆိုသည့် ပန်းခွေချဆန္ဒပြပွဲတွေဖြစ်ပွားနေ
2060
Pika (NP News) - ဩဂုတ် ၂၄
မကြာသေးမီကဖြစ်ပွားခဲ့သော အရက်သောက် လျှပ်စစ်စကူတာစီးသည့်ကိစ္စနှင့်ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ပွားခဲ့သော BTS အဖွဲ့ဝင် Suga ကို အဖွဲ့မှ နုတ်ထွက်ပေးရန် တောင်းဆိုသည့် ပန်းခွေချဆန္ဒပြပွဲများဖြစ်ပွားခဲ့ကြောင်းသိရသည်။
Suga ကို BTS အဖွဲ့မှ နုတ်ထွက်ပေးရန်တောင်းဆိုသည့် ပန်းခွေချဆန္ဒပြပွဲသည် ဆိုးလ်မြို့ Yongsan ခရိုင်ရှိ HYBE ဖျော်ဖြေရေးကုမ္ပဏီအဆောက် အအုံရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဆန္ဒပြသူများသည် “မင်ယွန်းဂီ BTS အဖွဲ့ကနေ ထွက်သွားပါ၊ ကျွန်တော်တို့ရဲ့လက်ကို လွှတ်ခဲ့တဲ့ လူက မင်ယွန်းဂီပဲ”ဆိုသည့် စာတန်းများပါဝင်သော ပန်းခွေများကို ပြသကာဆန္ဒပြခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကိုစီစဉ်သည့် အမည်မဖော်လိုသော ARMY (BTS fandom name) က “ ဒီပန်းကုံးတွေကို လူတစ်ဦးချင်းစီက ပို့ပေးထားတာကြောင့် ဒါဟာ ပရိသတ်တွေအားလုံးရဲ့ ညှိနှိုင်းဆောင်ရွက်မှုတစ်ခုမဟုတ်ပါဘူး။ HYBE၊ Big Hit Music နဲ့ Suga တို့ဟာ မှားယွင်းတဲ့ ထုတ်ပြန်ချက်တွေကို ထုတ် ပြန်ခဲ့ပြီး ဘာအရေးယူဆောင်ရွက်မှုမှ မရှိတာကြောင့် ဒီဆန္ဒပြပွဲတွေကို ကျွန်တော်တို့လုပ်ရတာပါ” ဟု ပြောဆိုခဲ့သည်။
Suga သည် ပြီးခဲ့သည့် ဩဂုတ်လ (၆)ရက်နေ့က အရက်သောက်ကာ လျှပ်စစ်စကူတာစီးခဲ့မိခြင်းကြောင့် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် အများပြည်သူထံမှ ထင်မြင်ယူဆချက်များ ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး Big Hit Music နှင့် Suga တို့က ထုတ်ပြန်ချက်အမှားများကို ထုတ်ပြန်ခဲ့ပြီးနောက် ပရိသတ်များထံမှ စိတ်ပျက်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။ Suga ကိုအဖွဲ့မှထွက်သွားရန် တောင်းဆိုနေကြသည့် ပရိသတ်များရှိသလို ၎င်းကို ဆက်လက်ထောက်ခံနေသည့် ပရိသတ်များလည်းရှိနေပြီး fandom အတွင်း အပြင်းအထန် ငြင်းခုံမှုများ လည်း ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ Big Hit Music က နောက်ထပ်ထုတ်ပြန်ချက်များ မထုတ်ပြန်ဘူးဆိုပါက ထရပ်ကားများဖြင့် ဆန္ဒပြကာ ဆန္ဒပြပွဲကို အရှိန်မြှင့်ရန် စဉ်းစားသွားမည်ဖြစ်ကြောင်း စီစဉ်သူ တစ်ဦးကပြောကြားခဲ့သည်။
zawgyi version
Suga ကို BTS အဖြဲ႕မွထြက္သြားရန္ေတာင္းဆိုသည့္ ပန္းေခြခ်ဆႏၵျပပြဲေတြျဖစ္ပြားေန
Pika (NP News) - ဩဂုတ္ ၂၄
မၾကာေသးမီကျဖစ္ပြားခဲ့ေသာ အရက္ေသာက္ လွ်ပ္စစ္စကူတာစီးသည့္ကိစၥႏွင့္ပတ္သက္ၿပီး အျငင္းပြားမႈမ်ားျဖစ္ပြားခဲ့ေသာ BTS အဖြဲ႕ဝင္ Suga ကို အဖြဲ႕မွ ႏုတ္ထြက္ေပးရန္ ေတာင္းဆိုသည့္ ပန္းေခြခ်ဆႏၵျပပြဲမ်ားျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
Suga ကို BTS အဖြဲ႕မွ ႏုတ္ထြက္ေပးရန္ေတာင္းဆိုသည့္ ပန္းေခြခ်ဆႏၵျပပြဲသည္ ဆိုးလ္ၿမိဳ႕ Yongsan ခ႐ိုင္ရွိ HYBE ေဖ်ာ္ေျဖေရးကုမၸဏီအေဆာက္ အအုံေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ဆႏၵျပသူမ်ားသည္ “မင္ယြန္းဂီ BTS အဖြဲ႕ကေန ထြက္သြားပါ၊ ကြၽန္ေတာ္တို႔ရဲ႕လက္ကို လႊတ္ခဲ့တဲ့ လူက မင္ယြန္းဂီပဲ”ဆိုသည့္ စာတန္းမ်ားပါဝင္ေသာ ပန္းေခြမ်ားကို ျပသကာဆႏၵျပခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါ ဆႏၵျပပြဲကိုစီစဥ္သည့္ အမည္မေဖာ္လိုေသာ ARMY (BTS fandom name) က “ ဒီပန္းကုံးေတြကို လူတစ္ဦးခ်င္းစီက ပို႔ေပးထားတာေၾကာင့္ ဒါဟာ ပရိသတ္ေတြအားလုံးရဲ႕ ညႇိႏႈိင္းေဆာင္႐ြက္မႈတစ္ခုမဟုတ္ပါဘူး။ HYBE၊ Big Hit Music နဲ႔ Suga တို႔ဟာ မွားယြင္းတဲ့ ထုတ္ျပန္ခ်က္ေတြကို ထုတ္ ျပန္ခဲ့ၿပီး ဘာအေရးယူေဆာင္႐ြက္မႈမွ မရွိတာေၾကာင့္ ဒီဆႏၵျပပြဲေတြကို ကြၽန္ေတာ္တို႔လုပ္ရတာပါ” ဟု ေျပာဆိုခဲ့သည္။
Suga သည္ ၿပီးခဲ့သည့္ ဩဂုတ္လ (၆)ရက္ေန႔က အရက္ေသာက္ကာ လွ်ပ္စစ္စကူတာစီးခဲ့မိျခင္းေၾကာင့္ ရဲတပ္ဖြဲ႕၏ဖမ္းဆီးျခင္းကိုခံခဲ့ရၿပီးေနာက္ အမ်ားျပည္သူထံမွ ထင္ျမင္ယူဆခ်က္မ်ား ပိုမိုဆိုး႐ြားလာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါ ကိစၥႏွင့္ပတ္သက္ၿပီး Big Hit Music ႏွင့္ Suga တို႔က ထုတ္ျပန္ခ်က္အမွားမ်ားကို ထုတ္ျပန္ခဲ့ၿပီးေနာက္ ပရိသတ္မ်ားထံမွ စိတ္ပ်က္မႈမ်ားထြက္ေပၚလာျခင္းျဖစ္သည္။ Suga ကိုအဖြဲ႕မွထြက္သြားရန္ ေတာင္းဆိုေနၾကသည့္ ပရိသတ္မ်ားရွိသလို ၎ကို ဆက္လက္ေထာက္ခံေနသည့္ ပရိသတ္မ်ားလည္းရွိေနၿပီး fandom အတြင္း အျပင္းအထန္ ျငင္းခုံမႈမ်ား လည္း ျဖစ္ေပၚခဲ့ေၾကာင္းသိရသည္။ Big Hit Music က ေနာက္ထပ္ထုတ္ျပန္ခ်က္မ်ား မထုတ္ျပန္ဘူးဆိုပါက ထရပ္ကားမ်ားျဖင့္ ဆႏၵျပကာ ဆႏၵျပပြဲကို အရွိန္ျမႇင့္ရန္ စဥ္းစားသြားမည္ျဖစ္ေၾကာင္း စီစဥ္သူ တစ္ဦးကေျပာၾကားခဲ့သည္။