Ferrari ကားတစ်စီးထက် ပိုတန်ဖိုးကြီးတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး မီးခြစ်
1314
Pika (NP News) - ဩဂုတ် ၂၄
ရွှေ(၄၀ဝ)ဂရမ်ဖြင့် ပြုလုပ်ထားပြီး နီလာ(၁၅၂)လုံးဖြင့် အလှဆင်ထားသော Louis XIII Fleur de Parme မီးခြစ်သည် ကမ္ဘာ့ဈေးအကြီးဆုံးဆေးပြင်းလိပ် မီးခြစ်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။
ပြင်သစ်ဇိမ်ခံအမှတ်တံဆိပ် S.T. Dupont ကုမ္ပဏီသည် ပြင်သစ်သမိုင်းကို စိတ်ဝင်စားသော ဟောင်ကောင် ဘီလျံနာ စတီဗင်ဟွန်း၏တောင်းဆိုချက်အရ Louis XIII Fleur de Parme ဆေးပြင်းလိပ်မီးခြစ်ကို စတင်ဖန်တီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ စတီဗင်ဟွန်းက အသေးစိတ်အချက်အလက်က အစ တိကျသည်ကိုလိုချင်သောကြောင့် အဆိုပါမီးခြစ်ကို ဖန်တီးရန်အတွက် ပြင်သစ်ယဉ်ကျေးမှုနှင့်သမိုင်းကို ရင်းနှီးကျွမ်းဝင်သော အထူးဒီဇိုင်နာတစ်ဦးက လုပ်ဆောင်ခဲ့ရကြောင်းလည်း သိရသည်။
ပြင်သစ်နာမည်ကြီး ဒီဇိုင်နာတစ်ဦးဖြစ်သူ Tania de Bourbon Parme သည် ကမ္ဘာ့ဈေးအကြီးဆုံးမီးခြစ်ကို ဖန်တီးရန်အတွက် လက်မှုပညာသည် (၈၀)ဦးပါဝင်သောအဖွဲ့နှင့်အတူ (၆)လကြာ အလုပ်လုပ်ခဲ့ရကြောင်းလည်းသိရသည်။ ပြင်သစ်ဘုရင် Louis XIII ခေတ်၏ စတိုင်ဖြင့် ဖန်တီးထားသော LOUIS XIII Fleur de Parme မီးခြစ်ကို အလှဆင်ထားသောခုံပေါ်တွင် တပ်ဆင်ထားသော တော်ဝင်ရွှေသရဖူအဖြစ် ဖန်တီးထားကြောင်းလည်း သိရသည်။ အဆိုပါ မီးခြစ်ကို ရွှေ (၄၀ဝ) ဂရမ်ဖြင့် ပြုလုပ်ထားပြီး စုစုပေါင်း (၄၁)ကရက်ရှိသော နီလာ(၁၅၂)လုံးဖြင့် အလှဆင်ထား သည်။
(၂၀၁၃) ခုနှစ်တွင် စတင်ထုတ်ဖော်ပြသခဲ့သော LOUIS XIII Fleur de Parme မီးခြစ်ကို ကမ္ဘာ့ဈေးအကြီးဆုံး ဆေးပြင်းလိပ်မီးခြစ်အဖြစ် ဂင်းနစ် စံချိန်မှတ်တမ်းအဖွဲ့က အသိအမှတ်ပြုခဲ့ပြီး ဝယ်ယူသူများက အမေရိကန်ဒေါ်လာ(၅)သိန်းထိ ဈေးပေးခဲ့ကြသည်။ ဆယ်စုနှစ်တစ်ခုကျော်ကြာပြီဖြစ်သော်လည်း LOUIS XIII Fleur de Parme မီးခြစ်သည် ကမ္ဘာ့ဈေးအကြီးဆုံးမီးခြစ်အဖြစ် ယနေ့အချိန်အထိ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
zawgyi version
Ferrari ကားတစ္စီးထက္ ပိုတန္ဖိုးႀကီးတဲ့ ကမာၻ႔ေဈးအႀကီးဆုံး မီးျခစ္
Pika (NP News) - ဩဂုတ္ ၂၄
ေ႐ႊ(၄၀ဝ)ဂရမ္ျဖင့္ ျပဳလုပ္ထားၿပီး နီလာ(၁၅၂)လုံးျဖင့္ အလွဆင္ထားေသာ Louis XIII Fleur de Parme မီးျခစ္သည္ ကမာၻ႔ေဈးအႀကီးဆုံးေဆးျပင္းလိပ္ မီးျခစ္အျဖစ္ အသိအမွတ္ျပဳခံခဲ့ရသည္။
ျပင္သစ္ဇိမ္ခံအမွတ္တံဆိပ္ S.T. Dupont ကုမၸဏီသည္ ျပင္သစ္သမိုင္းကို စိတ္ဝင္စားေသာ ေဟာင္ေကာင္ ဘီလ်ံနာ စတီဗင္ဟြန္း၏ေတာင္းဆိုခ်က္အရ Louis XIII Fleur de Parme ေဆးျပင္းလိပ္မီးျခစ္ကို စတင္ဖန္တီးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ စတီဗင္ဟြန္းက အေသးစိတ္အခ်က္အလက္က အစ တိက်သည္ကိုလိုခ်င္ေသာေၾကာင့္ အဆိုပါမီးျခစ္ကို ဖန္တီးရန္အတြက္ ျပင္သစ္ယဥ္ေက်းမႈႏွင့္သမိုင္းကို ရင္းႏွီးကြၽမ္းဝင္ေသာ အထူးဒီဇိုင္နာတစ္ဦးက လုပ္ေဆာင္ခဲ့ရေၾကာင္းလည္း သိရသည္။
ျပင္သစ္နာမည္ႀကီး ဒီဇိုင္နာတစ္ဦးျဖစ္သူ Tania de Bourbon Parme သည္ ကမာၻ႔ေဈးအႀကီးဆုံးမီးျခစ္ကို ဖန္တီးရန္အတြက္ လက္မႈပညာသည္ (၈၀)ဦးပါဝင္ေသာအဖြဲ႕ႏွင့္အတူ (၆)လၾကာ အလုပ္လုပ္ခဲ့ရေၾကာင္းလည္းသိရသည္။ ျပင္သစ္ဘုရင္ Louis XIII ေခတ္၏ စတိုင္ျဖင့္ ဖန္တီးထားေသာ LOUIS XIII Fleur de Parme မီးျခစ္ကို အလွဆင္ထားေသာခုံေပၚတြင္ တပ္ဆင္ထားေသာ ေတာ္ဝင္ေ႐ႊသရဖူအျဖစ္ ဖန္တီးထားေၾကာင္းလည္း သိရသည္။ အဆိုပါ မီးျခစ္ကို ေ႐ႊ (၄၀ဝ) ဂရမ္ျဖင့္ ျပဳလုပ္ထားၿပီး စုစုေပါင္း (၄၁)ကရက္ရွိေသာ နီလာ(၁၅၂)လုံးျဖင့္ အလွဆင္ထား သည္။
(၂၀၁၃) ခုႏွစ္တြင္ စတင္ထုတ္ေဖာ္ျပသခဲ့ေသာ LOUIS XIII Fleur de Parme မီးျခစ္ကို ကမာၻ႔ေဈးအႀကီးဆုံး ေဆးျပင္းလိပ္မီးျခစ္အျဖစ္ ဂင္းနစ္ စံခ်ိန္မွတ္တမ္းအဖြဲ႕က အသိအမွတ္ျပဳခဲ့ၿပီး ဝယ္ယူသူမ်ားက အေမရိကန္ေဒၚလာ(၅)သိန္းထိ ေဈးေပးခဲ့ၾကသည္။ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာၿပီျဖစ္ေသာ္လည္း LOUIS XIII Fleur de Parme မီးျခစ္သည္ ကမာၻ႔ေဈးအႀကီးဆုံးမီးျခစ္အျဖစ္ ယေန႔အခ်ိန္အထိ ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။