သားဦးလေး မွေးဖွားပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာတဲ့ ဂျက်စတင်ဘီဘာ

 438

ရောင်နီ (NP News) - သြဂုတ် ၂၅

အမေရိကန် ပေါ့ပ်စူပါစတား ဂျက်စတင်ဘီဘာ ဟာ သူတို့မိသားစုရဲ့ ပထမဆုံး၊ သားဦးလေးဖြစ်တဲ့ ဂျက်ခ်ဘလူးကို အောင်အောင်မြင်မြင်နဲ့ မွေးဖွားခဲ့ပြီဖြစ်တယ်လို့ ဩဂုတ်လ ၂၃ ရက်က အင်စတာဂရမ်မှာ မွေးကင်းစ ရင်သွေးလေးရဲ့ခြေထောက်တစ်ဖက်ကိုတင်ကာ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။

"Wellcome home JACK BLUES BIEBER” လို့ ခပ်တိုတို caption နဲ့ တင်ထားတဲ့ အဲဒီပိုစ့်ဟာ လိုက်ခ် ၇ သန်း ကျော်အထိ ရရှိထားပါတယ်။ အဲဒီ အင်စတာဂရမ်ပိုစ့်ကို ပရိသတ်တွေကလည်း ချီးကျူးဂုဏ်ပြုခဲ့ကြပြီး “ဒီအချိန် ဟာ ဘီဘာရဲ့ `Baby’ သီချင်းကို နောက်တစ်ကြိမ် ထပ်ဆိုရမယ့် အချိန်" ဆိုပြီး မှတ်ချက်ပေးထားကြပါတယ်။ ဘီဘာတို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့မေလကမှ သားဦး ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့အကြောင်း ပရိသတ်ကို အသိပေးခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ နှစ်အရွယ် ဂျက်စတင်ဘီဘာဟာ ၂ဝဝ၉ ခုနှစ်ကစ ပေါ့ပ်ဂီတ အဆိုတော် ဆယ်ကျော်သက်အဖြစ် ကမ္ဘာကျော်ခဲ့တာဖြစ်ပြီး ၂ဝ၁၈ ခုနှစ်မှာတော့ ဇနီးသည် ဟေလီဘီဘာနဲ့ လက်ထပ်ခဲ့ပါတယ်။

Zawgyi Version;
သားဦးေလး ေမြးဖြားၿပီျဖစ္ေၾကာင္း ပရိသတ္ေတြကို အသိေပးလာတဲ့ ဂ်က္စတင္ဘီဘာ
ေရာင္နီ (NP News) - ၾသဂုတ္ ၂၅

အေမရိကန္ ေပါ့ပ္စူပါစတား ဂ်က္စတင္ဘီဘာ ဟာ သူတို႔မိသားစုရဲ႕ ပထမဆုံး၊ သားဦးေလးျဖစ္တဲ့ ဂ်က္ခ္ဘလူးကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ေမြးဖြားခဲ့ၿပီျဖစ္တယ္လို႔ ဩဂုတ္လ ၂၃ ရက္က အင္စတာဂရမ္မွာ ေမြးကင္းစ ရင္ေသြးေလးရဲ႕ေျခေထာက္တစ္ဖက္ကိုတင္ကာ ပရိသတ္ေတြကို အသိေပးလာခဲ့ပါတယ္။

"Wellcome home JACK BLUES BIEBER” လို႔ ခပ္တိုတို caption နဲ႔ တင္ထားတဲ့ အဲဒီပိုစ့္ဟာ လိုက္ခ္ ၇ သန္း ေက်ာ္အထိ ရရွိထားပါတယ္။ အဲဒီ အင္စတာဂရမ္ပိုစ့္ကို ပရိသတ္ေတြကလည္း ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကၿပီး “ဒီအခ်ိန္ ဟာ ဘီဘာရဲ႕ `Baby’ သီခ်င္းကို ေနာက္တစ္ႀကိမ္ ထပ္ဆိုရမယ့္ အခ်ိန္" ဆိုၿပီး မွတ္ခ်က္ေပးထားၾကပါတယ္။ ဘီဘာတို႔ ဇနီးေမာင္ႏွံဟာ ၿပီးခဲ့တဲ့ေမလကမွ သားဦး ကိုယ္ဝန္လြယ္ထားရၿပီဆိုတဲ့အေၾကာင္း ပရိသတ္ကို အသိေပးခဲ့တာျဖစ္ပါတယ္။

အသက္ ၃၀ ႏွစ္အ႐ြယ္ ဂ်က္စတင္ဘီဘာဟာ ၂ဝဝ၉ ခုႏွစ္ကစ ေပါ့ပ္ဂီတ အဆိုေတာ္ ဆယ္ေက်ာ္သက္အျဖစ္ ကမာၻေက်ာ္ခဲ့တာျဖစ္ၿပီး ၂ဝ၁၈ ခုႏွစ္မွာေတာ့ ဇနီးသည္ ေဟလီဘီဘာနဲ႔ လက္ထပ္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.