ထူးခြားဆန်းပြားတဲ့ ဗိသုကာပညာလက်ရာတွေနဲ့ မိုးမျှော်တိုက်တွေကြောင့် နာမည်ကြီးတဲ့ “ဒူဘိုင်းမြို့” အကြောင်း

788

Pika (NP News) - ဩဂုတ် ၂၅
ဒူဘိုင်းမြို့သည် ယူအေအီးနိုင်ငံတွင် လူဦးရေအများဆုံးမြို့ဖြစ်ပြီး ၎င်း၏ဗိသုကာ ပညာများ ၊ ဟိုတယ်များ၊ဈေးပွဲတော်များနှင့် ကြီးကျယ် ခမ်းနားသော မိုးမျှော်တိုက်များကြောင့် နာမည်ကျော်ကြားသည်။
(၁၈၀ဝ) ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သော ဒူဘိုင်းမြို့သည် တံငါရွာလေးတစ်ရွာဖြစ်ပြီး ခရီးသွားလုပ်ငန်းနှင့် ဇိမ်ခံလုပ်ငန်းများကို အဓိက ထားကာ (၂၀)ရာစုနှင့် (၂၁)ရာစုအစောပိုင်းတည်းက ဒေသတွင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှုအတွက် အဓိကအချက်အချာနေရာဖြစ်လာခဲ့ကြောင်း သိရသည်။
ဒူဘိုင်းမြို့သည် ကမ္ဘာပေါ်တွင် ကြယ်ငါးပွင့်ဟိုတယ် ဒုတိယအများဆုံးရှိသည့်မြို့တစ် မြို့ဖြစ်ပြီး အမြင့်(၈၂၈)မီတာရှိသည့် ကမ္ဘာ့အမြင့် ဆုံး အဆောက်အအုံ Burj Khalifa မိုးမျှော်တိုက်လည်းရှိ ကြောင်း သိရသည်။ ပါရှန်းပင်လယ်ကွေ့ ကမ်းရိုးတန်းတွင်ရှိသော ဒူဘိုင်းမြို့သည် ခရီးသွားသင်္ဘောများ နှင့် ကုန်တင်သင်္ဘောများအတွက် ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေး အချက်အချာနေရာတစ်ခုလည်း ဖြစ်သည်။
ရေနံမှရရှိသော ဝင်ငွေသည် အဓိက ကုန်သွယ်မှုအချက်အချာဖြစ်ပြီး ဒူဘိုင်း မြို့ ဖွံ့ဖြိုး တိုးတက် ရေးကို ပိုမိုအရှိန်မြှင့်တင် ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။ (၂၀)ရာစုနှစ်အစော ပိုင်းတည်းက ဒူဘိုင်းမြို့၏ နိုင်ငံတကာကုန်သွယ် မှုနှင့် စီးပွားရေးလုပ်ငန်းသည် ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်း၊ လေကြောင်း ခရီးသွားလုပ်ငန်း၊ အိမ်ခြံ မြေကဏ္ဍနှင့် ဘဏ္ဍာရေး ဝန်ဆောင် မှုတို့အပေါ် မှီခိုနေရကြောင်းသိရသည်။
(၂၀၁၈)ခုနှစ်တွင် ရေနံထုတ်လုပ်မှုသည် ဒူဘိုင်းမြို့၏ ဂျီဒီပီ၏ (၁)ရာခိုင်နှုန်းအောက်သာ ရှိခဲ့ကြောင်းလည်း သိရသည်။၂၀၂၂ ခုနှစ်တွင် ဒူ ဘိုင်းမြို့တွင် လူဦးရေ(၃ဒသမ၆၀)သန်းရှိပြီး လူဦးရေ ၏(၉၀)ရာခိုင်နှုန်းကျော်မှာ ပြည်ပမှလာသည့် နိုင်ငံသား ခံယူထားသူများဖြစ်ကြောင်းသိရသည်။
စီးပွားရေး
ကမ္ဘာပေါ်တွင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးမြို့များထဲမှ တစ်မြို့ဖြစ်သော ဒူဘိုင်း မြို့၏ ဂျီဒီပီသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ (၁၁၆)ဘီလျံကျော်ရှိခဲ့ကြောင်းသိရသည်။ ဒူဘိုင်းမြို့၏ ကုန်သွယ်ရေး အခြေခံ အဆောက်အဦး၏အစိတ်အပိုင်းအများအပြားကို ရေနံလုပ်ငန်း နောက်ကွယ်တွင် တည်ဆောက်ထားသော်လည်း ရေနံနှင့်သဘာဝဓာတ်ငွေ့မှ ရရှိသောဝင်ငွေများသည် ဒူဘိုင်းမြို့ ၏ဝင်ငွေ၏(၅)ရာခိုင်နှုန်း အောက်သာရှိကြောင်း သိရသည်။
ဒူဘိုင်းမြို့သည် တစ်နေ့လျှင် ရေနံစည် ပေါင်း(၅)သောင်းမှ(၇)သောင်းကြား ထုတ်လုပ်နေပြီး ကမ်းလွန်ပင်လယ်ပြင်များမှ သဘာဝဓာတ် ငွေ့ပမဏပေါင်းများစွာ ထုတ်လုပ်နေကြောင်း ခန့်မှန်းချက်များအရသိရသည်။
ဒူဘိုင်းမြို့၏ရှယ်ယာသည် ယူအေအီး နိုင်ငံ၏ စုစုပေါင်းဓာတ်ငွေ့ဝင်ငွေ၏(၂)ရာခိုင်နှုန်းခန့်သာရှိကြောင်းလည်းသိရသည်။ သို့သော်လည်း ဒူဘိုင်းမြို့၏ရေနံသိုလှောင်မှုမှာ တဖြည်းဖြည်း လျော့ နည်းလာနေပြီး လာမည့်နှစ်ပေါင်း(၂၀)အတွင်း ကုန်ခမ်းသွားနိုင်ဖွယ်ရှိနေသည်။ အိမ်ခြံမြေနှင့် ဆောက် လုပ်ရေး လုပ်ငန်း(၂၂ဒသမ၆)ရာခိုင်နှုန်း၊ ကုန်သွယ်မှု(၁၆) ရာခိုင် နှုန်း၊ ဆိပ်ကမ်းပို့ကုန် ထွက်ကုန်လုပ်ငန်း (၁၅) ရာခိုင်နှုန်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှု(၁၁)ရာခိုင်နှုန်းတို့သည် ဒူဘိုင်းမြို့၏စီးပွားရေးအတွက် အကြီးဆုံး ကူညီပံ့ပိုးပေးသည့် လုပ်ငန်းများဖြစ်သည်။
ဒူဘိုင်းမြို့၏ ရေနံမဟုတ်သော နိုင်ငံခြား ကုန်သွယ်မှုသည် (၂၀၁၄) ခုနှစ်တွင် အမေရိကန်ဒေါ် လာ(၃၆၂)ဘီလျံခန့်ရှိခဲ့ကြောင်းလည်းသိရသည်။ ဒူဘိုင်းမြို့၏ စုစုပေါင်းကုန်သွယ်မှုပမာဏတွင် သွင်း ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၂၃၀)ဘီလျံရှိ ခဲ့ပြီး ပို့ကုန်မှာအမေရိကန်ဒေါ်လာ(၃၁)ဘီလျံခန့် ရှိခဲ့ ကာ ပို့ကုန်ကို ပြန်လည်တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ(၁၀၁)ဘီလျံရှိခဲ့ကြောင်းသိရသည်။
ဒူဘိုင်းမြို့သည် ၎င်း၏စီးပွားရေးကို ကူညီ ပံ့ပိုးပေးရန်နှင့် မတူညီသောကဏ္ဍများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အဓိကပရောဂျက်အများအပြားကို စတင်ခဲ့ကြောင်းလည်းသိရသည်။ အဆိုပါ ပရောဂျက် များထဲတွင် ဒူဘိုင်းဖက်ရှင်၊ ဒူဘိုင်းဒီဇိုင်းခရိုင်တို့ဖြစ်ပြီး ဒေသတွင်းနှင့်နိုင်ငံတကာဒီဇိုင်နာများ၏ အခြေ စိုက်နေရာဖြစ်လာနိုင်မည်ဟု ခန့်မှန်းထားကြသည်။
၂၀၂၄ ခုနှစ် မတ်လတွင် ဒူဘိုင်းမြို့သည် နေအိမ်ပေါင်း(၁၃၅၀ဝဝ)ကို စွမ်းအင်ပေးမည့် ကမ္ဘာ့ အကြီးဆုံးအမှိုက်မှ စွမ်းအင်သုံးစက်ရုံ စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။၂၀၂၄ခုနှစ်ဇူလိုင်လတွင် ဒူဘိုင်းမြို့သည် ကမ္ဘာပေါ်တွင်အကြီးဆုံးဖြစ်လာမည့် အစားအစာ၊သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များအတွက် သယ်ယူပို့ဆောင်ရေးအချက်အချာနေရာတစ်ခုတည်ဆောက်ရန် သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့သည်။ အဆိုပါလက်မှတ်ရေးထိုးပွဲကို ယူအေအီးဘဏ္ဍာရေးဝန်ကြီး Sheikh Maktoum bin Mohammed က တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
ခရီးသွားလုပ်ငန်း
ခရီးသွားလုပ်ငန်းသည် နိုင်ငံခြားဝင်ငွေ စီးဆင်းမှုကို ထိန်းသိမ်းရန်အတွက် ဒူဘိုင်းမြို့၏ မဟာ ဗျူဟာမြောက် အရေးပါသော လုပ်ငန်းတစ်ခုဖြစ်သည်။ခရီးသွားများအတွက် ဒူဘိုင်းမြို့၏ အဓိကဆွဲ ဆောင်မှုသည် ဈေးဝယ်ထွက်ခြင်းအပေါ် အဓိကအားဖြင့် အခြေခံထားခြင်းဖြစ်ပြီး အခြားရှေးဟောင်း နှင့် ခေတ်မီဆွဲဆောင်မှုများကိုပါ ပိုင်ဆိုင်ထားသည့် မြို့လည်းဖြစ်သည်။ (၂၀၁၈)ခုနှစ်အထိ ခရီးသွားအရေ အတွက်အပေါ် အခြေခံပြီး ဒူဘိုင်းမြို့သည် ကမ္ဘာပေါ်တွင် စတုတ္တမြောက် လာရောက်လည်ပတ်မှု အများ ဆုံးမြို့ဖြစ်ပြီး (၂၀၁၆) ခုနှစ်တွင် ဒူဘိုင်းမြို့မှာ ညအိပ်ခရီးသွား(၁၄ ဒသမ၉)သန်းရှိခဲ့ကြောင်းလည်း သိရသည်။
ဒူဘိုင်းမြို့ရှိ ခရီးသွားဆွဲဆောင်မှုကြီး တစ်ခုမှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်သည့် Burj Khalifa မိုးမျှော်တိုက်ဖြစ်သည်။ ထို့ပြင် ဒူဘိုင်းမြို့ကို အရှေ့အလယ်ပိုင်းဒေသ၏ ဈေးဝယ်မြို့တော်ဟု ခေါ်ဆိုကြ ပြီး ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးဈေးဝယ် စင်တာဖြစ်သည့် The Dubai Mall အပါအဝင် ဈေးဝယ် စင်တာ(၇၀)ကျော်ရှိကြောင်းလည်း သိရသည်။
(၂၀၂၄) ခုနှစ်ဇွန်လတွင် ဒူဘိုင်းမြို့အိမ်ခြံမြေ အကျိုးဆောင် Emaar Properties ကုမ္ပဏီသည် အမေရိကန်ဒေါ်လာ(၄၀၈)သန်းအကုန်ကျခံပြီး စတု ရန်းပေ(၁၂)သန်းအကျယ်ရှိကာ ဇိမ်ခံစတိုး(၂၄၀)နှင့် စားသောက်ဆိုင်အသစ်များပါဝင်လာမည့် ကုန်တိုက်ကို တိုးချဲ့ရန်စီစဉ်နေကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
Dubai Creek&Sd Dubai Creek ပန်းခြံသည် Dolphinarium ၊ Cable Car ၊ Camel Ride ၊ Horse Carriage နှင့် Exotic Birds Shows တို့ကဲ့သို့သော ခရီးသွားဆွဲဆောင်မှုအများဆုံး နေရာများ ပါဝင်သောကြောင့် ဒူဘိုင်းမြို့၏ ခရီးသွားလုပ်ငန်းအတွက် အရေးပါသောအခန်း ကဏ္ဍမှပါဝင်နေကြောင်း သိရသည်။
ဒူဘိုင်းမြို့တွင် Safa ပန်းခြံ၊ Mushrif ပန်းခြံ နှင့် Hamriya ပန်းခြံတို့ကဲ့သို့သော ပန်းခြံများ စွာရှိပြီး ပန်းခြံတစ်ခုစီတိုင်းသည် အခြားပန်းခြံများ နှင့်မတူဘဲ ကွဲပြားမှုများရှိကြောင်းသိရသည်။ Mushrif ပန်းခြံသည် ကမ္ဘာတစ်ဝန်းရှိ မတူညီသော နေအိမ်များကို ပြသထားပြီး လာရောက်လည်ပတ် သူများ အနေဖြင့် အဆိုပါနေအိမ်တစ်ခုချင်းစီ၏ အတွင်းပိုင်းနှင့်အပြင်ပိုင်း ဗိသုကာပညာ လက်ရာများကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်းသိရသည်။
ဒူဘိုင်းမြို့ရှိ လူကြိုက်အများဆုံး ကမ်းခြေများထဲမှ အချို့မှာ Umm Suqeim ကမ်းခြေ၊ Al Mamzar ကမ်းခြေပန်းခြံ၊ JBR Open ကမ်းခြေ၊ Kite ကမ်းခြေ၊ Black Palace ကမ်းခြေနှင့် Royal Island ကမ်းခြေကလပ်တို့ဖြစ်ကြောင်း သိရသည်။
(၂၀၁၉) ခုနှစ် အောက်တိုဘာလတွင် ဒူဘိုင်းမြို့အာဏာပိုင်များသည် အရက်ဥပဒေကို ပထမဆုံး အကြိမ် ဖြေလျှော့ပေးခဲ့ပြီး ခရီးသွားများကို နိုင်ငံပိုင်စတိုးများမှ အရက်ဝယ်ယူခွင့်ပြုခဲ့ကြောင်းသိရသည်။ ၂၀၂၁ ခုနှစ်တွင် ယူအေအီးနိုင်ငံသည် LGBT ခရီးသွားများလာရောက်လည်ပတ်ရန် အန္တရာယ်အရှိဆုံး နေရာ အခု(၂၀)တွင် ပါဝင်ခဲ့ကြောင်း သိရသည်။
၂၀၂၂ခုနှစ်တွင် ဒူဘိုင်းမြို့သည် လာရောက်လည်ပတ်ခဲ့သည့် LGBT ခရီးသွား အများအပြား သည် ပြဿနာပေါင်းများစွာကို ကြုံတွေ့ခဲ့ရပြီး ပြည်နှင်ဒဏ်ခံခဲ့ရသည့် ဖြစ်ရပ်များရှိခဲ့ဖူး ကြောင်းလည်းသိရသည်။
ဗိသုကာပညာ
ဒူဘိုင်းမြို့တွင် ဗိသုကာပုံစံ အမျိုးမျိုးရှိသော အဆောက်အအုံများနှင့် ဖွဲ့စည်းတည်ဆောက်ပုံ များ စွာ ရှိသည်။ အထူးသဖြင့် ခေတ်မီသော အစ္စလာမ္မစ်ဗိသုကာပညာလက်ရာများကို ဒူဘိုင်း မြို့တွင် တွေ့ နိုင်သည်။ လက်ရှိအချိန်တွင် ဒူဘိုင်း မြို့တွင် အခြားမြို့များထက် ၂/၃ကီလိုမီတာ၊ ၁/၃ ကီလိုမီတာ သို့ မဟုတ် ၁/၄ကီလိုမီတာ ပိုမြင့်သော မိုးမျှော်တိုက်များ ရှိနေပြီလည်းဖြစ်သည်။
ဒူဘိုင်းမြို့ရှိ Burj Khalifa မိုးမျှော်တိုက်သည် အမြင့်(၈၂၉ဒသ မ၈)မီတာဖြင့် ကမ္ဘာ ပေါ်တွင် အမြင့်ဆုံးအဆောက်အအုံအဖြစ်ရှိနေပြီး ၎င်း၏ဒီဇိုင်းမှာ အစ္စလာမ္မစ်ဗိသုကာပညာ လက်ရာများကို ပုံဖော်ထားသောပုံစံများမှ ဆင်းသက်လာခြင်း ဖြစ်ကြောင်းသိရသည်။ ဒူဘိုင်းမြို့ရှိ နာမည်ကြီး နေရာ များမှာ Burj Al Arab ဟိုတယ်၊ Burj Khalifa မိုးမျှော်တိုက်၊ Palm Jumeirah ကျွန်း၊ The World Islands ကျွန်းစု၊ Dubai Miracle ဥယျာဉ်၊ The Aeternitas တာဝါ၊ Dubai Marina ခရိုင်၊ Address Beach Resort and Address Beach Residences ဟိုတယ် တို့ ဖြစ်ကြောင်းသိရသည်။

zawgyi version
ထူးျခားဆန္းျပားတဲ့ ဗိသုကာပညာလက္ရာေတြနဲ႔ မိုးေမွ်ာ္တိုက္ေတြေၾကာင့္ နာမည္ႀကီးတဲ့ “ဒူဘိုင္းၿမိဳ႕” အေၾကာင္း
Pika (NP News) - ဩဂုတ္ ၂၅
ဒူဘိုင္းၿမိဳ႕သည္ ယူေအအီးႏိုင္ငံတြင္ လူဦးေရအမ်ားဆုံးၿမိဳ႕ျဖစ္ၿပီး ၎၏ဗိသုကာ ပညာမ်ား ၊ ဟိုတယ္မ်ား၊ေဈးပြဲေတာ္မ်ားႏွင့္ ႀကီးက်ယ္ ခမ္းနားေသာ မိုးေမွ်ာ္တိုက္မ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည္။
(၁၈၀ဝ) ျပည့္ႏွစ္တြင္ စတင္တည္ေထာင္ခဲ့ေသာ ဒူဘိုင္းၿမိဳ႕သည္ တံငါ႐ြာေလးတစ္႐ြာျဖစ္ၿပီး ခရီးသြားလုပ္ငန္းႏွင့္ ဇိမ္ခံလုပ္ငန္းမ်ားကို အဓိက ထားကာ (၂၀)ရာစုႏွင့္ (၂၁)ရာစုအေစာပိုင္းတည္းက ေဒသတြင္းႏွင့္ ႏိုင္ငံတကာ ကုန္သြယ္မႈအတြက္ အဓိကအခ်က္အခ်ာေနရာျဖစ္လာခဲ့ေၾကာင္း သိရသည္။
ဒူဘိုင္းၿမိဳ႕သည္ ကမာၻေပၚတြင္ ၾကယ္ငါးပြင့္ဟိုတယ္ ဒုတိယအမ်ားဆုံးရွိသည့္ၿမိဳ႕တစ္ ၿမိဳ႕ျဖစ္ၿပီး အျမင့္(၈၂၈)မီတာရွိသည့္ ကမာၻ႔အျမင့္ ဆုံး အေဆာက္အအုံ Burj Khalifa မိုးေမွ်ာ္တိုက္လည္းရွိ ေၾကာင္း သိရသည္။ ပါရွန္းပင္လယ္ေကြ႕ ကမ္း႐ိုးတန္းတြင္ရွိေသာ ဒူဘိုင္းၿမိဳ႕သည္ ခရီးသြားသေဘၤာမ်ား ႏွင့္ ကုန္တင္သေဘၤာမ်ားအတြက္ ကမာၻလုံးဆိုင္ရာ သယ္ယူပို႔ေဆာင္ေရး အခ်က္အခ်ာေနရာတစ္ခုလည္း ျဖစ္သည္။
ေရနံမွရရွိေသာ ဝင္ေငြသည္ အဓိက ကုန္သြယ္မႈအခ်က္အခ်ာျဖစ္ၿပီး ဒူဘိုင္း ၿမိဳ႕ ဖြံ႕ၿဖိဳး တိုးတက္ ေရးကို ပိုမိုအရွိန္ျမႇင့္တင္ ေပးႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။ (၂၀)ရာစုႏွစ္အေစာ ပိုင္းတည္းက ဒူဘိုင္းၿမိဳ႕၏ ႏိုင္ငံတကာကုန္သြယ္ မႈႏွင့္ စီးပြားေရးလုပ္ငန္းသည္ ကုန္သြယ္မႈ၊ ခရီးသြားလုပ္ငန္း၊ ေလေၾကာင္း ခရီးသြားလုပ္ငန္း၊ အိမ္ၿခံ ေျမက႑ႏွင့္ ဘ႑ာေရး ဝန္ေဆာင္ မႈတို႔အေပၚ မွီခိုေနရေၾကာင္းသိရသည္။
(၂၀၁၈)ခုႏွစ္တြင္ ေရနံထုတ္လုပ္မႈသည္ ဒူဘိုင္းၿမိဳ႕၏ ဂ်ီဒီပီ၏ (၁)ရာခိုင္ႏႈန္းေအာက္သာ ရွိခဲ့ေၾကာင္းလည္း သိရသည္။၂၀၂၂ ခုႏွစ္တြင္ ဒူ ဘိုင္းၿမိဳ႕တြင္ လူဦးေရ(၃ဒသမ၆၀)သန္းရွိၿပီး လူဦးေရ ၏(၉၀)ရာခိုင္ႏႈန္းေက်ာ္မွာ ျပည္ပမွလာသည့္ ႏိုင္ငံသား ခံယူထားသူမ်ားျဖစ္ေၾကာင္းသိရသည္။
စီးပြားေရး
ကမာၻေပၚတြင္စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ အျမန္ဆုံးၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕ျဖစ္ေသာ ဒူဘိုင္း ၿမိဳ႕၏ ဂ်ီဒီပီသည္ ၂၀၂၃ ခုႏွစ္တြင္ အေမရိကန္ ေဒၚလာ (၁၁၆)ဘီလ်ံေက်ာ္ရွိခဲ့ေၾကာင္းသိရသည္။ ဒူဘိုင္းၿမိဳ႕၏ ကုန္သြယ္ေရး အေျခခံ အေဆာက္အဦး၏အစိတ္အပိုင္းအမ်ားအျပားကို ေရနံလုပ္ငန္း ေနာက္ကြယ္တြင္ တည္ေဆာက္ထားေသာ္လည္း ေရနံႏွင့္သဘာဝဓာတ္ေငြ႕မွ ရရွိေသာဝင္ေငြမ်ားသည္ ဒူဘိုင္းၿမိဳ႕ ၏ဝင္ေငြ၏(၅)ရာခိုင္ႏႈန္း ေအာက္သာရွိေၾကာင္း သိရသည္။
ဒူဘိုင္းၿမိဳ႕သည္ တစ္ေန႔လွ်င္ ေရနံစည္ ေပါင္း(၅)ေသာင္းမွ(၇)ေသာင္းၾကား ထုတ္လုပ္ေနၿပီး ကမ္းလြန္ပင္လယ္ျပင္မ်ားမွ သဘာဝဓာတ္ ေငြ႕ပမဏေပါင္းမ်ားစြာ ထုတ္လုပ္ေနေၾကာင္း ခန႔္မွန္းခ်က္မ်ားအရသိရသည္။
ဒူဘိုင္းၿမိဳ႕၏ရွယ္ယာသည္ ယူေအအီး ႏိုင္ငံ၏ စုစုေပါင္းဓာတ္ေငြ႕ဝင္ေငြ၏(၂)ရာခိုင္ႏႈန္းခန႔္သာရွိေၾကာင္းလည္းသိရသည္။ သို႔ေသာ္လည္း ဒူဘိုင္းၿမိဳ႕၏ေရနံသိုေလွာင္မႈမွာ တျဖည္းျဖည္း ေလ်ာ့ နည္းလာေနၿပီး လာမည့္ႏွစ္ေပါင္း(၂၀)အတြင္း ကုန္ခမ္းသြားႏိုင္ဖြယ္ရွိေနသည္။ အိမ္ၿခံေျမႏွင့္ ေဆာက္ လုပ္ေရး လုပ္ငန္း(၂၂ဒသမ၆)ရာခိုင္ႏႈန္း၊ ကုန္သြယ္မႈ(၁၆) ရာခိုင္ ႏႈန္း၊ ဆိပ္ကမ္းပို႔ကုန္ ထြက္ကုန္လုပ္ငန္း (၁၅) ရာခိုင္ႏႈန္းႏွင့္ ဘ႑ာေရးဝန္ေဆာင္မႈ(၁၁)ရာခိုင္ႏႈန္းတို႔သည္ ဒူဘိုင္းၿမိဳ႕၏စီးပြားေရးအတြက္ အႀကီးဆုံး ကူညီပံ့ပိုးေပးသည့္ လုပ္ငန္းမ်ားျဖစ္သည္။
ဒူဘိုင္းၿမိဳ႕၏ ေရနံမဟုတ္ေသာ ႏိုင္ငံျခား ကုန္သြယ္မႈသည္ (၂၀၁၄) ခုႏွစ္တြင္ အေမရိကန္ေဒၚ လာ(၃၆၂)ဘီလ်ံခန႔္ရွိခဲ့ေၾကာင္းလည္းသိရသည္။ ဒူဘိုင္းၿမိဳ႕၏ စုစုေပါင္းကုန္သြယ္မႈပမာဏတြင္ သြင္း ကုန္တန္ဖိုးမွာ အေမရိကန္ေဒၚလာ(၂၃၀)ဘီလ်ံရွိ ခဲ့ၿပီး ပို႔ကုန္မွာအေမရိကန္ေဒၚလာ(၃၁)ဘီလ်ံခန႔္ ရွိခဲ့ ကာ ပို႔ကုန္ကို ျပန္လည္တင္ပို႔မႈမွာ အေမရိကန္ ေဒၚလာ(၁၀၁)ဘီလ်ံရွိခဲ့ေၾကာင္းသိရသည္။
ဒူဘိုင္းၿမိဳ႕သည္ ၎၏စီးပြားေရးကို ကူညီ ပံ့ပိုးေပးရန္ႏွင့္ မတူညီေသာက႑မ်ား ဖြံ႕ၿဖိဳးတိုးတက္ ေရးအတြက္ အဓိကပေရာဂ်က္အမ်ားအျပားကို စတင္ခဲ့ေၾကာင္းလည္းသိရသည္။ အဆိုပါ ပေရာဂ်က္ မ်ားထဲတြင္ ဒူဘိုင္းဖက္ရွင္၊ ဒူဘိုင္းဒီဇိုင္းခ႐ိုင္တို႔ျဖစ္ၿပီး ေဒသတြင္းႏွင့္ႏိုင္ငံတကာဒီဇိုင္နာမ်ား၏ အေျခ စိုက္ေနရာျဖစ္လာႏိုင္မည္ဟု ခန႔္မွန္းထားၾကသည္။
၂၀၂၄ ခုႏွစ္ မတ္လတြင္ ဒူဘိုင္းၿမိဳ႕သည္ ေနအိမ္ေပါင္း(၁၃၅၀ဝဝ)ကို စြမ္းအင္ေပးမည့္ ကမာၻ႔ အႀကီးဆုံးအမႈိက္မွ စြမ္းအင္သုံးစက္႐ုံ စတင္လည္ပတ္ခဲ့ေၾကာင္း သိရသည္။၂၀၂၄ခုႏွစ္ဇူလိုင္လတြင္ ဒူဘိုင္းၿမိဳ႕သည္ ကမာၻေပၚတြင္အႀကီးဆုံးျဖစ္လာမည့္ အစားအစာ၊သစ္သီးဝလံႏွင့္ ဟင္းသီး ဟင္း႐ြက္မ်ားအတြက္ သယ္ယူပို႔ေဆာင္ေရးအခ်က္အခ်ာေနရာတစ္ခုတည္ေဆာက္ရန္ သေဘာတူညီခ်က္ကို လက္မွတ္ ေရးထိုးခဲ့သည္။ အဆိုပါလက္မွတ္ေရးထိုးပြဲကို ယူေအအီးဘ႑ာေရးဝန္ႀကီး Sheikh Maktoum bin Mohammed က တက္ေရာက္ခဲ့ေၾကာင္းလည္း သိရသည္။
ခရီးသြားလုပ္ငန္း
ခရီးသြားလုပ္ငန္းသည္ ႏိုင္ငံျခားဝင္ေငြ စီးဆင္းမႈကို ထိန္းသိမ္းရန္အတြက္ ဒူဘိုင္းၿမိဳ႕၏ မဟာ ဗ်ဴဟာေျမာက္ အေရးပါေသာ လုပ္ငန္းတစ္ခုျဖစ္သည္။ခရီးသြားမ်ားအတြက္ ဒူဘိုင္းၿမိဳ႕၏ အဓိကဆြဲ ေဆာင္မႈသည္ ေဈးဝယ္ထြက္ျခင္းအေပၚ အဓိကအားျဖင့္ အေျခခံထားျခင္းျဖစ္ၿပီး အျခားေရွးေဟာင္း ႏွင့္ ေခတ္မီဆြဲေဆာင္မႈမ်ားကိုပါ ပိုင္ဆိုင္ထားသည့္ ၿမိဳ႕လည္းျဖစ္သည္။ (၂၀၁၈)ခုႏွစ္အထိ ခရီးသြားအေရ အတြက္အေပၚ အေျခခံၿပီး ဒူဘိုင္းၿမိဳ႕သည္ ကမာၻေပၚတြင္ စတုတၱေျမာက္ လာေရာက္လည္ပတ္မႈ အမ်ား ဆုံးၿမိဳ႕ျဖစ္ၿပီး (၂၀၁၆) ခုႏွစ္တြင္ ဒူဘိုင္းၿမိဳ႕မွာ ညအိပ္ခရီးသြား(၁၄ ဒသမ၉)သန္းရွိခဲ့ေၾကာင္းလည္း သိရသည္။
ဒူဘိုင္းၿမိဳ႕ရွိ ခရီးသြားဆြဲေဆာင္မႈႀကီး တစ္ခုမွာ ကမာၻေပၚတြင္ အျမင့္ဆုံးျဖစ္သည့္ Burj Khalifa မိုးေမွ်ာ္တိုက္ျဖစ္သည္။ ထို႔ျပင္ ဒူဘိုင္းၿမိဳ႕ကို အေရွ႕အလယ္ပိုင္းေဒသ၏ ေဈးဝယ္ၿမိဳ႕ေတာ္ဟု ေခၚဆိုၾက ၿပီး ကမာၻေပၚတြင္ ဒုတိယအႀကီးဆုံးေဈးဝယ္ စင္တာျဖစ္သည့္ The Dubai Mall အပါအဝင္ ေဈးဝယ္ စင္တာ(၇၀)ေက်ာ္ရွိေၾကာင္းလည္း သိရသည္။
(၂၀၂၄) ခုႏွစ္ဇြန္လတြင္ ဒူဘိုင္းၿမိဳ႕အိမ္ၿခံေျမ အက်ိဳးေဆာင္ Emaar Properties ကုမၸဏီသည္ အေမရိကန္ေဒၚလာ(၄၀၈)သန္းအကုန္က်ခံၿပီး စတု ရန္းေပ(၁၂)သန္းအက်ယ္ရွိကာ ဇိမ္ခံစတိုး(၂၄၀)ႏွင့္ စားေသာက္ဆိုင္အသစ္မ်ားပါဝင္လာမည့္ ကုန္တိုက္ကို တိုးခ်ဲ႕ရန္စီစဥ္ေနေၾကာင္း ထုတ္ျပန္ ေၾကညာခဲ့သည္။
Dubai Creek&Sd Dubai Creek ပန္းၿခံသည္ Dolphinarium ၊ Cable Car ၊ Camel Ride ၊ Horse Carriage ႏွင့္ Exotic Birds Shows တို႔ကဲ့သို႔ေသာ ခရီးသြားဆြဲေဆာင္မႈအမ်ားဆုံး ေနရာမ်ား ပါဝင္ေသာေၾကာင့္ ဒူဘိုင္းၿမိဳ႕၏ ခရီးသြားလုပ္ငန္းအတြက္ အေရးပါေသာအခန္း က႑မွပါဝင္ေနေၾကာင္း သိရသည္။
ဒူဘိုင္းၿမိဳ႕တြင္ Safa ပန္းၿခံ၊ Mushrif ပန္းၿခံ ႏွင့္ Hamriya ပန္းၿခံတို႔ကဲ့သို႔ေသာ ပန္းၿခံမ်ား စြာရွိၿပီး ပန္းၿခံတစ္ခုစီတိုင္းသည္ အျခားပန္းၿခံမ်ား ႏွင့္မတူဘဲ ကြဲျပားမႈမ်ားရွိေၾကာင္းသိရသည္။ Mushrif ပန္းၿခံသည္ ကမာၻတစ္ဝန္းရွိ မတူညီေသာ ေနအိမ္မ်ားကို ျပသထားၿပီး လာေရာက္လည္ပတ္ သူမ်ား အေနျဖင့္ အဆိုပါေနအိမ္တစ္ခုခ်င္းစီ၏ အတြင္းပိုင္းႏွင့္အျပင္ပိုင္း ဗိသုကာပညာ လက္ရာမ်ားကို ဝင္ေရာက္ၾကည့္ရႈေလ့လာႏိုင္ေၾကာင္းသိရသည္။
ဒူဘိုင္းၿမိဳ႕ရွိ လူႀကိဳက္အမ်ားဆုံး ကမ္းေျခမ်ားထဲမွ အခ်ိဳ႕မွာ Umm Suqeim ကမ္းေျခ၊ Al Mamzar ကမ္းေျခပန္းၿခံ၊ JBR Open ကမ္းေျခ၊ Kite ကမ္းေျခ၊ Black Palace ကမ္းေျခႏွင့္ Royal Island ကမ္းေျခကလပ္တို႔ျဖစ္ေၾကာင္း သိရသည္။
(၂၀၁၉) ခုႏွစ္ ေအာက္တိုဘာလတြင္ ဒူဘိုင္းၿမိဳ႕အာဏာပိုင္မ်ားသည္ အရက္ဥပေဒကို ပထမဆုံး အႀကိမ္ ေျဖေလွ်ာ့ေပးခဲ့ၿပီး ခရီးသြားမ်ားကို ႏိုင္ငံပိုင္စတိုးမ်ားမွ အရက္ဝယ္ယူခြင့္ျပဳခဲ့ေၾကာင္းသိရသည္။ ၂၀၂၁ ခုႏွစ္တြင္ ယူေအအီးႏိုင္ငံသည္ LGBT ခရီးသြားမ်ားလာေရာက္လည္ပတ္ရန္ အႏၲရာယ္အရွိဆုံး ေနရာ အခု(၂၀)တြင္ ပါဝင္ခဲ့ေၾကာင္း သိရသည္။
၂၀၂၂ခုႏွစ္တြင္ ဒူဘိုင္းၿမိဳ႕သည္ လာေရာက္လည္ပတ္ခဲ့သည့္ LGBT ခရီးသြား အမ်ားအျပား သည္ ျပႆနာေပါင္းမ်ားစြာကို ႀကဳံေတြ႕ခဲ့ရၿပီး ျပည္ႏွင္ဒဏ္ခံခဲ့ရသည့္ ျဖစ္ရပ္မ်ားရွိခဲ့ဖူး ေၾကာင္းလည္းသိရသည္။
ဗိသုကာပညာ
ဒူဘိုင္းၿမိဳ႕တြင္ ဗိသုကာပုံစံ အမ်ိဳးမ်ိဳးရွိေသာ အေဆာက္အအုံမ်ားႏွင့္ ဖြဲ႕စည္းတည္ေဆာက္ပုံ မ်ား စြာ ရွိသည္။ အထူးသျဖင့္ ေခတ္မီေသာ အစၥလာမၼစ္ဗိသုကာပညာလက္ရာမ်ားကို ဒူဘိုင္း ၿမိဳ႕တြင္ ေတြ႕ ႏိုင္သည္။ လက္ရွိအခ်ိန္တြင္ ဒူဘိုင္း ၿမိဳ႕တြင္ အျခားၿမိဳ႕မ်ားထက္ ၂/၃ကီလိုမီတာ၊ ၁/၃ ကီလိုမီတာ သို႔ မဟုတ္ ၁/၄ကီလိုမီတာ ပိုျမင့္ေသာ မိုးေမွ်ာ္တိုက္မ်ား ရွိေနၿပီလည္းျဖစ္သည္။
ဒူဘိုင္းၿမိဳ႕ရွိ Burj Khalifa မိုးေမွ်ာ္တိုက္သည္ အျမင့္(၈၂၉ဒသ မ၈)မီတာျဖင့္ ကမာၻ ေပၚတြင္ အျမင့္ဆုံးအေဆာက္အအုံအျဖစ္ရွိေနၿပီး ၎၏ဒီဇိုင္းမွာ အစၥလာမၼစ္ဗိသုကာပညာ လက္ရာမ်ားကို ပုံေဖာ္ထားေသာပုံစံမ်ားမွ ဆင္းသက္လာျခင္း ျဖစ္ေၾကာင္းသိရသည္။ ဒူဘိုင္းၿမိဳ႕ရွိ နာမည္ႀကီး ေနရာ မ်ားမွာ Burj Al Arab ဟိုတယ္၊ Burj Khalifa မိုးေမွ်ာ္တိုက္၊ Palm Jumeirah ကြၽန္း၊ The World Islands ကြၽန္းစု၊ Dubai Miracle ဥယ်ာဥ္၊ The Aeternitas တာဝါ၊ Dubai Marina ခ႐ိုင္၊ Address Beach Resort and Address Beach Residences ဟိုတယ္ တို႔ ျဖစ္ေၾကာင္းသိရသည္။