ထိုင်းနိုင်ငံ ဖူးခက်မှာ မြေပြိုကျမှု ဖြစ်စဉ်ကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၉ ဦး အပါအဝင် လူ ၁၃ ဦး သေဆုံး

 203

ရောင်နီ (NP News) - သြဂုတ် ၂၆

ထိုင်းနိုင်ငံ၊ ဖူးခက်မှာ မြေပြိုကျမှု ဖြစ်စဉ်ကြောင့် မြန်မာရွှေ့ပြောင်း မိုင်းတွင်း အလုပ်သမား ၉ ဦး အပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက တနင်္ဂနွေနေ့(ဩဂုတ်လ ၂၅ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံ၊ တောင်ပိုင်း၊ ဖူးခက်ရှိ နာမည်ကြီး ခရီးသွား လည်ပတ်ရာနေရာဖြစ်တဲ့ Big Buddha အနီးမှာ ရွှံ့မြေ ပြိုကျမှုဖြစ်ခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် ရုရှားနိုင်ငံသား ၂ ဦး၊ မြန်မာရွှေ့ပြောင်း မိုင်းတွင်း အလုပ်သမား ၉ ဦး အပါအဝင် စုစုပေါင်း လူ ၁၃ ဦး သေဆုံးခဲ့ပါ တယ်။ ဒါ့အပြင် မြေပြိုမှုကြောင့် လူ ၂၀ ခန့် ဒဏ်ရာရခဲ့ပြီး အိမ်ထောင်စု ၂၀၉ စု ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိတော့ အကြီးစားရှင်းလင်းမှုတွေ လုပ်ဆောင်နေပြီဖြစ်ပြီး သေဆုံးသူတွေရဲ့မိသားစုတွေကို သံရုံးမှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဒေသအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံ ဖူးခက္မွာ ေျမၿပိဳက်မႈျဖစ္စဥ္ေၾကာင့္ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမား ၉ ဦး အပါအဝင္ လူ ၁၃ ဦး ေသဆုံး
ေရာင္နီ (NP News) - ၾသဂုတ္ ၂၆

ထိုင္းႏိုင္ငံ၊ ဖူးခက္မွာ ေျမၿပိဳက်မႈ ျဖစ္စဥ္ေၾကာင့္ ျမန္မာေ႐ႊ႕ေျပာင္း မိုင္းတြင္း အလုပ္သမား ၉ ဦး အပါအဝင္ လူ ၁၃ ဦး ေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက တနဂၤေႏြေန႔(ဩဂုတ္လ ၂၅ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္က မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ထိုင္းႏိုင္ငံ၊ ေတာင္ပိုင္း၊ ဖူးခက္ရွိ နာမည္ႀကီး ခရီးသြား လည္ပတ္ရာေနရာျဖစ္တဲ့ Big Buddha အနီးမွာ ႐ႊံ႕ေျမ ၿပိဳက်မႈျဖစ္ခဲ့ပါတယ္။ အဆိုပါျဖစ္စဥ္ေၾကာင့္ ႐ုရွားႏိုင္ငံသား ၂ ဦး၊ ျမန္မာေ႐ႊ႕ေျပာင္း မိုင္းတြင္း အလုပ္သမား ၉ ဦး အပါအဝင္ စုစုေပါင္း လူ ၁၃ ဦး ေသဆုံးခဲ့ပါ တယ္။ ဒါ့အျပင္ ေျမၿပိဳမႈေၾကာင့္ လူ ၂၀ ခန႔္ ဒဏ္ရာရခဲ့ၿပီး အိမ္ေထာင္စု ၂၀၉ စု ထိခိုက္ခဲ့တယ္လို႔ သိရပါတယ္။
လက္ရွိအခ်ိန္ထိေတာ့ အႀကီးစားရွင္းလင္းမႈေတြ လုပ္ေဆာင္ေနၿပီျဖစ္ၿပီး ေသဆုံးသူေတြရဲ႕မိသားစုေတြကို သံ႐ုံးမွ တစ္ဆင့္ ဆက္သြယ္ေဆာင္႐ြက္ေနတယ္လို႔ ေဒသအုပ္ခ်ဳပ္ေရးမႉးက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.