တရုတ်-မြန်မာနယ်စပ်တွင် ကင်းလှည့်ခြင်း နှင့် စစ်ရေးလေ့ကျင့်ခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်အစိုးရပြော
3086
ALynn (NP News) - ဩဂုတ် ၂၆
မြန်မာအစိုးရနှင့် လက်နက်ကိုင်များအကြား တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် မြန်မာနယ်စပ်အနီးတွင် စစ်တပ်နှင့် လေကြောင်း ရဲတပ်ဖွဲ့များ ပူးတွဲကင်းလှည့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်စစ်တပ်က တနင်္လာနေ့ (သြဂုတ်လ ၂၆ ရက်)တွင် ပြောကြားခဲ့သည်။
ကင်းလှည့်မှုများသည် ရွှေလီ၊ ကျယ်ခေါင် နှင့် အခြားသော ရှေ့တန်းစခန်းများ အနီးတဝိုက်ရှိ နယ်မြေများကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ် ကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ လက်နက်ကြီး ကျည်ကျလို့ လူတွေကို ထိခိုက်ဒဏ်ရာရပြီး တရုတ်ဘက်ခြမ်းရှိ ပိုင်ဆိုင်မှုတွေကို ထိခိုက်စေတဲ့အပြင် တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံ စီမံကိန်းများကိုလည်း ခြိမ်းခြောက်မှုတွေ ဖြစ်ပွားနေပါတယ်”ဟု တရုတ်စစ်တပ်က ပြောကြားခဲ့သည်။
တောင်ပိုင်းရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်က "လျင်မြန်စွာ ရွှေ့ပြောင်းခြင်း၊ ပိတ်ဆို့ ထိန်းချုပ်နိုင်ခြင်း၊ ပေါင်းစည်းတိုက်ခိုက်ခြင်းနှင့် နယ်စပ်ဒေသများတွင် လုံခြုံရေးနှင့် တည်ငြိမ်ရေး တို့ကို ထိန်းသိမ်းရန်" စသည်တို့အတွက်ရည်ရွယ်၍ တပ်ဖွဲ့များ၏ စွမ်းရည်ကို စမ်းသပ်ရန် တပ်ခွဲများကို ဖွဲ့စည်းထားကြောင်း စစ်တပ်က ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မှ တပ်စိတ်တစ်ခုသည် သြဂုတ်လ ၂၇ ရက်မှ ၂၉ ရက်အထိ တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းတွင် တိုက် ရိုက်ပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း တရုတ်စစ်တပ်၏ သီးခြားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လေ့ကျင့်မှုများကို ရွှေလီတောင်ဘက်ပိုင်း၊ ကျယ်ခေါင်ဧရိယာ တစ်ဝိုက်၊ ယူနန်ပြည်နယ် အနောက်ဘက်ရှိ Gengma Dai နှင့် Va ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်တဝိုက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ပဋိပက္ခသည် တရုတ်-မြန်မာနယ်စပ်ရှိ တည်ငြိမ်ရေးနှင့် လူမှုစည်းလုံးညီညွတ်ရေးအပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှုများ ရှိနေ သည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ထူထောင်ရေးဆိုင်ရာ ကတိကဝတ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။
zawgyi version
တ႐ုတ္-ျမန္မာနယ္စပ္တြင္ ကင္းလွည့္ျခင္း ႏွင့္ စစ္ေရးေလ့က်င့္ျခင္းမ်ား လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း တ႐ုတ္အစိုးရေျပာ
ALynn (NP News) - ဩဂုတ္ ၂၆
ျမန္မာအစိုးရႏွင့္ လက္နက္ကိုင္မ်ားအၾကား တိုက္ပြဲမ်ား ျပင္းထန္လာျခင္းေၾကာင့္ လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေရးကို ထိန္းသိမ္းရန္ ျမန္မာနယ္စပ္အနီးတြင္ စစ္တပ္ႏွင့္ ေလေၾကာင္း ရဲတပ္ဖြဲ႕မ်ား ပူးတြဲကင္းလွည့္မႈမ်ား ျပဳလုပ္မည္ျဖစ္ေၾကာင္း တ႐ုတ္စစ္တပ္က တနလၤာေန႔ (ၾသဂုတ္လ ၂၆ ရက္)တြင္ ေျပာၾကားခဲ့သည္။
ကင္းလွည့္မႈမ်ားသည္ ေ႐ႊလီ၊ က်ယ္ေခါင္ ႏွင့္ အျခားေသာ ေရွ႕တန္းစခန္းမ်ား အနီးတဝိုက္ရွိ နယ္ေျမမ်ားကို အဓိကထား လုပ္ေဆာင္သြားမည္ျဖစ္ ေၾကာင္း တ႐ုတ္စစ္တပ္က ထုတ္ျပန္ခဲ့သည္။ ျမန္မာႏိုင္ငံ ေျမာက္ပိုင္း ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ေတြမွာ လက္နက္ႀကီး က်ည္က်လို႔ လူေတြကို ထိခိုက္ဒဏ္ရာရၿပီး တ႐ုတ္ဘက္ျခမ္းရွိ ပိုင္ဆိုင္မႈေတြကို ထိခိုက္ေစတဲ့အျပင္ တ႐ုတ္ႏိုင္ငံ၏ အေျခခံအေဆာက္အအုံ စီမံကိန္းမ်ားကိုလည္း ၿခိမ္းေျခာက္မႈေတြ ျဖစ္ပြားေနပါတယ္”ဟု တ႐ုတ္စစ္တပ္က ေျပာၾကားခဲ့သည္။
ေတာင္ပိုင္းရွိ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္က "လ်င္ျမန္စြာ ေ႐ႊ႕ေျပာင္းျခင္း၊ ပိတ္ဆို႔ ထိန္းခ်ဳပ္ႏိုင္ျခင္း၊ ေပါင္းစည္းတိုက္ခိုက္ျခင္းႏွင့္ နယ္စပ္ေဒသမ်ားတြင္ လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေရး တို႔ကို ထိန္းသိမ္းရန္" စသည္တို႔အတြက္ရည္႐ြယ္၍ တပ္ဖြဲ႕မ်ား၏ စြမ္းရည္ကို စမ္းသပ္ရန္ တပ္ခြဲမ်ားကို ဖြဲ႕စည္းထားေၾကာင္း စစ္တပ္က ေျပာၾကားခဲ့သည္။
တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မွ တပ္စိတ္တစ္ခုသည္ ၾသဂုတ္လ ၂၇ ရက္မွ ၂၉ ရက္အထိ တ႐ုတ္-ျမန္မာနယ္စပ္ တ႐ုတ္ဘက္ျခမ္းတြင္ တိုက္ ႐ိုက္ပစ္ခတ္ေလ့က်င့္မႈမ်ား ျပဳလုပ္ရန္ စီစဥ္ထားေၾကာင္း တ႐ုတ္စစ္တပ္၏ သီးျခားထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ေလ့က်င့္မႈမ်ားကို ေ႐ႊလီေတာင္ဘက္ပိုင္း၊ က်ယ္ေခါင္ဧရိယာ တစ္ဝိုက္၊ ယူနန္ျပည္နယ္ အေနာက္ဘက္ရွိ Gengma Dai ႏွင့္ Va ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ခ႐ိုင္တဝိုက္တြင္ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာ့ပဋိပကၡသည္ တ႐ုတ္-ျမန္မာနယ္စပ္ရွိ တည္ၿငိမ္ေရးႏွင့္ လူမႈစည္းလုံးညီၫြတ္ေရးအေပၚ အပ်က္သေဘာေဆာင္သည့္ သက္ေရာက္မႈမ်ား ရွိေန သည္ဟု တ႐ုတ္ႏိုင္ငံက ေျပာၾကားခဲ့သည္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိကလည္း ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရး ျပန္လည္ထူေထာင္ေရးဆိုင္ရာ ကတိကဝတ္မ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ ေၾကာင္း မၾကာေသးမီက ေျပာၾကားခဲ့သည္။