သက်ရှိခွေးကို ဝရံတာလက်ရန်းမှာ ချိတ်ဆွဲနှိပ်စက်ခဲ့တဲ့ စင်ကာပူရောက်မြန်မာအိမ်အကူအမျိုးသမီး တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့ တရားစွဲခံရ

 334

ရောင်နီ (NP News) - သြဂုတ် ၂၈

စင်ကာပူမှာ သက်ရှိခွေးကို လသာဆောင်လက်ရန်းမှာ တွဲလောင်းချိတ်ဆွဲပြီး နှိပ်စက်ခဲ့တဲ့ မြန်မာနိုင်ငံသား အိမ်အကူအမျိုးသမီး တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့အင်္ဂါနေ့ (သြဂုတ် ၂၇ ရက်) က တရားစွဲခံခဲ့ရပါတယ်။

အသက် ၂၅ နှစ်အရွယ် ဂျန်နီလဲအော်ဝ်ပိုင်အမည်ရှိ မြန်မာနိုင်ငံသား အိမ်အကူအမျိုးသမီးဟာ တိရစ္ဆာန်နဲ့ ငှက် အက်ဥပဒေအရ တိရစ္ဆာန်ရက်စက်ကြမ်းကြုတ်မှု လေးမှုနဲ့ အရေးယူခံခဲ့ရပါတယ်။ သူမဟာ ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်းက Fernvale တိုက်ခန်းမှာ အလုပ်ရှင်ရဲ့ "Boyboy" လို့ အမည်ရတဲ့ အညိုရောင်ခွေးကလေးကို ရက်ရက်စက်စက် လည်ဂုတ်ကို ကိုင်ကာ မြေကြီးပေါ် ကိုက်ပေါက်ခြင်း၊ လက်၊ စက္ကူလိပ်နဲ့ ရိုက်နှက်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် သူမက လသာဆောင်လက်ရန်းမှာ ခွေးကို ကြိုးနဲ့ချိတ်ဆွဲထားခဲ့ပြီး ခွေးကလည်း အဲဒီနေရာမှာ သေဆုံးသွားခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။ သူမကတော့ အလုပ်ရှင်က ခိုင်းစေခြင်းကြောင့်လို့ ပြောခဲ့ပေမယ့် သူမဘက်က ထောက်ခံပေးမယ့် ရှေ့နေ မရှိခဲ့ပါဘူး။ လက်ရှိအချိန်ထိတော့ ပြစ်မှုအတွက် တရားစီရင်ခြင်း မရှိသေးပါဘူး။ အမှုကို စက်တင်ဘာ ၅ ရက်မှာ ပြန်လည်စစ်ဆေးမယ်လို့ သိရပါတယ်။

စင်ကာပူမှာ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုအတွက် ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၈ လအထိ (သို့မဟုတ်) ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၅,၀၀၀ (အမေရိကန်ဒေါ်လာ ၁၁,၅၀၀) သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
သက္ရွိေခြးကို ဝရံတာလက္ရန္းမွာ ခ်ိတ္ဆြဲႏွိပ္စက္ခဲ့တဲ့ စင္ကာပူေရာက္ျမန္မာအိမ္အကူအမ်ိဳးသမီး တိရစာၦန္ ညႇင္းပန္းႏွိပ္စက္မႈနဲ႔တရားစြဲခံရ
ေရာင္နီ (NP News) - ၾသဂုတ္ ၂၈

စင္ကာပူမွာ သက္ရွိေခြးကို လသာေဆာင္လက္ရန္းမွာ တြဲေလာင္းခ်ိတ္ဆြဲၿပီး ႏွိပ္စက္ခဲ့တဲ့ ျမန္မာႏိုင္ငံသား အိမ္အကူအမ်ိဳးသမီး တိရစာၦန္ညႇင္းပန္းႏွိပ္စက္မႈနဲ႔အဂၤါေန႔ (ၾသဂုတ္ ၂၇ ရက္) က တရားစြဲခံခဲ့ရပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ဂ်န္နီလဲေအာ္ဝ္ပိုင္အမည္ရွိ ျမန္မာႏိုင္ငံသား အိမ္အကူအမ်ိဳးသမီးဟာ တိရစာၦန္နဲ႔ ငွက္ အက္ဥပေဒအရ တိရစာၦန္ရက္စက္ၾကမ္းၾကဳတ္မႈ ေလးမႈနဲ႔ အေရးယူခံခဲ့ရပါတယ္။ သူမဟာ ဇန္နဝါရီလ ၂၂ ရက္ နံနက္ပိုင္းက Fernvale တိုက္ခန္းမွာ အလုပ္ရွင္ရဲ႕ "Boyboy" လို႔ အမည္ရတဲ့ အညိဳေရာင္ေခြးကေလးကို ရက္ရက္စက္စက္ လည္ဂုတ္ကို ကိုင္ကာ ေျမႀကီးေပၚ ကိုက္ေပါက္ျခင္း၊ လက္၊ စကၠဴလိပ္နဲ႔ ႐ိုက္ႏွက္ျခင္းတို႔ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

အဲဒီေနာက္ သူမက လသာေဆာင္လက္ရန္းမွာ ေခြးကို ႀကိဳးနဲ႔ခ်ိတ္ဆြဲထားခဲ့ၿပီး ေခြးကလည္း အဲဒီေနရာမွာ ေသဆုံးသြားခဲ့တယ္လို႔ တရား႐ုံးက ဆိုပါတယ္။ သူမကေတာ့ အလုပ္ရွင္က ခိုင္းေစျခင္းေၾကာင့္လို႔ ေျပာခဲ့ေပမယ့္ သူမဘက္က ေထာက္ခံေပးမယ့္ ေရွ႕ေန မရွိခဲ့ပါဘူး။ လက္ရွိအခ်ိန္ထိေတာ့ ျပစ္မႈအတြက္ တရားစီရင္ျခင္း မရွိေသးပါဘူး။ အမႈကို စက္တင္ဘာ ၅ ရက္မွာ ျပန္လည္စစ္ေဆးမယ္လို႔ သိရပါတယ္။

စင္ကာပူမွာ တိရစာၦန္ညႇင္းပန္းႏွိပ္စက္မႈအတြက္ ျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္ ၁၈ လအထိ (သို႔မဟုတ္) ဒဏ္ေငြ စင္ကာပူေဒၚလာ ၁၅,၀၀၀ (အေမရိကန္ေဒၚလာ ၁၁,၅၀၀) သို႔မဟုတ္ ဒဏ္ႏွစ္ရပ္လုံး ခ်မွတ္ခံရႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.