ထိုင်းနိုင်ငံမှာ လမ်းဘေးအရက်ပုန်းသောက်သုံးမှုကြောင့် အနည်းဆုံးလူ(၆) ဦးသေဆုံး
441
Pika (NP News) - ဩဂုတ် ၂၉
ထိုင်းနိုင်ငံမှာ methanol ပါဝင်တဲ့အရက်ပုန်းသောက်သုံးမှုကြောင့် အနည်းဆုံးလူ(၆)ဦးသေဆုံးခဲ့ပြီး အခြားလူ(၂၀)ကျော်ကို ဆေးရုံတင်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ဩဂုတ်လ(၂၈)ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အရက်ပုန်းသောက်သုံးမှုကြောင့် သေဆုံးမှုတွေဟာ ဘန်ကောက်မြို့အနောက်မြောက်ဘက် Khlong Sam Wa ခရိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အာဏာပိုင်တွေဟာ တရားမဝင်လမ်းဘေးအရက်ဆိုင်(၁၉)ဆိုင်ကို တွေ့ရှိခဲ့တယ်လို့သိရပါတယ်။ ဒီဖြစ်ရပ်ကြောင့် အနည်းဆုံးလူ(၆)ဦးသေဆုံးခဲ့ပြီး အခြားလူ(၂၀)ကျော်ဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
အရက်ပုန်းသောက်သုံးမိသူတစ်ဦးရဲ့ သားဖြစ်သူက 'ကျွန်တော့်အဖေက ဒီအရက်ပုန်းကိုသောက်သုံးပြီးနောက်မှာတော့ လက္ခဏာတွေချက်ချင်းပြလာခဲ့တာပါ။ ပြီးတော့ သူသတိပြန်လည်လာတဲ့အချိန်မှာ ဆေးရုံပေါ်ကို ရောက်နေပါပြီ'လို့ ပြောဆိုခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံမှာ တင်းကျပ်တဲ့အရက်ဥပဒေတွေရှိတယ်လို့လည်း သိရပါတယ်။ ဒီလိုဖြစ်ရပ်တွေဖြစ်ပွားပြီးနောက် အာဏာပိုင်တွေဟာ အဲဒီဧရိယာအတွင်းမှာရှိတဲ့ တရားမဝင်လမ်းဘေးအရက်ဆိုင်တွေ အားလုံးကို ဖယ်ရှားနှိမ်နှင်းပစ်ခဲ့တယ်လို့ Khlong Sam Wa ခရိုင်ထိပ်တန်းအရာရှိ Somwang Chaiprakraiwan ကပြောကြားခဲ့ပါတယ်။
၎င်းက 'ရဲတပ်ဖွဲ့တွေနဲ့ သက်ဆိုင်ရာဌာနတွေက တရားမဝင်လမ်းဘေးအရက်ဆိုင်တွေ ဖွင့်နေတဲ့လူတွေအားလုံးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်' လို့ပြောဆိုခဲ့ပါတယ်။
zawgyi version
ထိုင္းႏိုင္ငံမွာ လမ္းေဘးအရက္ပုန္းေသာက္သုံးမႈေၾကာင့္ အနည္းဆုံးလူ(၆) ဦးေသဆုံး
Pika (NP News) - ဩဂုတ္ ၂၉
ထိုင္းႏိုင္ငံမွာ methanol ပါဝင္တဲ့အရက္ပုန္းေသာက္သုံးမႈေၾကာင့္ အနည္းဆုံးလူ(၆)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၂၀)ေက်ာ္ကို ေဆး႐ုံတင္ခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ဩဂုတ္လ(၂၈)ရက္ေန႔မွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
အရက္ပုန္းေသာက္သုံးမႈေၾကာင့္ ေသဆုံးမႈေတြဟာ ဘန္ေကာက္ၿမိဳ႕အေနာက္ေျမာက္ဘက္ Khlong Sam Wa ခ႐ိုင္မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး အာဏာပိုင္ေတြဟာ တရားမဝင္လမ္းေဘးအရက္ဆိုင္(၁၉)ဆိုင္ကို ေတြ႕ရွိခဲ့တယ္လို႔သိရပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ အနည္းဆုံးလူ(၆)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၂၀)ေက်ာ္ဟာ စိုးရိမ္ရတဲ့အေျခအေနမွာရွိေနတယ္လို႔ ဘန္ေကာက္ၿမိဳ႕ျပအုပ္ခ်ဳပ္ေရးအဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
အရက္ပုန္းေသာက္သုံးမိသူတစ္ဦးရဲ႕ သားျဖစ္သူက 'ကြၽန္ေတာ့္အေဖက ဒီအရက္ပုန္းကိုေသာက္သုံးၿပီးေနာက္မွာေတာ့ လကၡဏာေတြခ်က္ခ်င္းျပလာခဲ့တာပါ။ ၿပီးေတာ့ သူသတိျပန္လည္လာတဲ့အခ်ိန္မွာ ေဆး႐ုံေပၚကို ေရာက္ေနပါၿပီ'လို႔ ေျပာဆိုခဲ့ပါတယ္။ ဗုဒၶဘာသာဝင္အမ်ားစုေနထိုင္တဲ့ ထိုင္းႏိုင္ငံမွာ တင္းက်ပ္တဲ့အရက္ဥပေဒေတြရွိတယ္လို႔လည္း သိရပါတယ္။ ဒီလိုျဖစ္ရပ္ေတြျဖစ္ပြားၿပီးေနာက္ အာဏာပိုင္ေတြဟာ အဲဒီဧရိယာအတြင္းမွာရွိတဲ့ တရားမဝင္လမ္းေဘးအရက္ဆိုင္ေတြ အားလုံးကို ဖယ္ရွားႏွိမ္ႏွင္းပစ္ခဲ့တယ္လို႔ Khlong Sam Wa ခ႐ိုင္ထိပ္တန္းအရာရွိ Somwang Chaiprakraiwan ကေျပာၾကားခဲ့ပါတယ္။
၎က 'ရဲတပ္ဖြဲ႕ေတြနဲ႔ သက္ဆိုင္ရာဌာနေတြက တရားမဝင္လမ္းေဘးအရက္ဆိုင္ေတြ ဖြင့္ေနတဲ့လူေတြအားလုံးကို ဖမ္းဆီးထိန္းသိမ္းထားပါတယ္' လို႔ေျပာဆိုခဲ့ပါတယ္။