ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ တယ်လီဂရမ်ပိုင်ရှင်ကို ပြင်သစ်အာဏာပိုင်များစွဲချက်တင်

 1278

ဂျန်ဇက် (NP News) - ဩဂုတ် ၂၉

ပြင်သစ် အာဏာပိုင်တွေဟာ ရုရှားနိုင်ငံသားဖြစ်သကဲ့သို့ ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်သော တယ်လီဂရမ်ပိုင်ရှင်ဖြစ်သူ ဒူရောဗ့်ကို စွဲချက်တင်လိုက်ပြီး နိုင်ငံအတွင်းကနေ ထွက်ခွာခွင့်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ပြင်သစ်အာဏာပိုင်တွေက ဒူရော့ဗ်ရဲ့တယ်လီဂရမ် အက်ပလီကေးရှင်းဟာ ချိူးဖောက်မှုများစွာကျူးလွန်ခဲ့တဲ့အတွက် စွဲချက်တင်ခဲ့တာဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ ပြင်သစ်အာဏာပိုင်တွေဟာ ဒူရော့ဗ်ကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံ လီဘော့ဂတ်မြို့လေဆိပ်ကိုရောက်ရှိလာချိန်အတွင်းဖမ်းဆီးခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအရာရှိတွေက စစ်ဆေးခဲ့ပြီးနောက် စွဲချက်တင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဒူရောဗ့်ဟာယခင်က အကျဉ်းထောင်အတွင်းဖမ်းဆီးထိန်းသိမ်းခံခဲ့ရပေမယ့် လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာ (၅ ဒသမ ၅၆)သန်းနဲ့ အာမခံနဲ့နေထိုင်နေရပြီး တစ်ပတ်ကို နှစ်ကြိမ် ပြင်သစ်ရဲတပ်ဖွဲ့ထံသတင်းပို့ရမှာဖြစ်ပါတယ်။

ပဲရစ်မြို့အစိုးရရှေ့နေက ဒူရောဗ့်ဟာ အာဏာပိုင်တွေက တောင်းဆိုတဲ့ စာရွက်စာတမ်းတွေကို မျှဝေပေးဖို့ ငြင်းဆန်တာတွေလည်းရှိတဲ့အတွက် စွဲချက်တင်ခံရတယ်လို့ ဆိုပါတယ်။ ဒူရောဗ့်ဟာ လက်ရှိအချိန်မှာ ပြင်သစ်နိုင်ငံအတွင်းနေထိုင်နေရပြီး ငွေကြေးခဝါချမှု၊ မူးယစ်ကုန်ကူးမှု၊ အပြင် ကလေးငယ်တွေကိုလိင်ပိုင်းဆိုင်ရာခိုင်းစေတဲ့ ဂိုဏ်းများက တယ်လီဂရမ် လူမူကွန်ရက်ကိုအသုံးပြုပြီး ကိုယ်ကျိုးစီးပွားရှာနေခြင်းကိုမသိကျိုးကျွံ့ပြုနေခြင်းများလည်းရှိနေခဲ့ကြောင်း ပြင်သစ် အာဏာပိုင်များကဝေဖန်ပြစ်တင်ထားပါတယ်။

zawgyi version
ကမာၻေက်ာ္လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ တယ္လီဂရမ္ပိုင္ရွင္ကို ျပင္သစ္အာ ဏာပိုင္မ်ားစြဲခ်က္တင္
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂၉

ျပင္သစ္ အာဏာပိုင္ေတြဟာ ႐ုရွားႏိုင္ငံသားျဖစ္သကဲ့သို႔ ကမာၻေက်ာ္လူမႈကြန္ရက္တစ္ခုျဖစ္ေသာ တယ္လီဂရမ္ပိုင္ရွင္ျဖစ္သူ ဒူေရာဗ့္ကို စြဲခ်က္တင္လိုက္ၿပီး ႏိုင္ငံအတြင္းကေန ထြက္ခြာခြင့္ပိတ္ပင္လိုက္တယ္လို႔ သိရပါတယ္။

ျပင္သစ္အာဏာပိုင္ေတြက ဒူေရာ့ဗ္ရဲ႕တယ္လီဂရမ္ အက္ပလီေကးရွင္းဟာ ခ်ိဴးေဖာက္မႈမ်ားစြာက်ဴးလြန္ခဲ့တဲ့အတြက္ စြဲခ်က္တင္ခဲ့တာျဖစ္ေၾကာင္းသတင္းထုတ္ျပန္ထားပါတယ္။ ျပင္သစ္အာဏာပိုင္ေတြဟာ ဒူေရာ့ဗ္ကို ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ျပင္သစ္ႏိုင္ငံ လီေဘာ့ဂတ္ၿမိဳ႕ေလဆိပ္ကိုေရာက္ရွိလာခ်ိန္အတြင္းဖမ္းဆီးခဲ့တာျဖစ္ၿပီး စုံစမ္းစစ္ေဆးေရးအရာရွိေတြက စစ္ေဆးခဲ့ၿပီးေနာက္ စြဲခ်က္တင္ခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။ ဒူေရာဗ့္ဟာယခင္က အက်ဥ္းေထာင္အတြင္းဖမ္းဆီးထိန္းသိမ္းခံခဲ့ရေပမယ့္ လက္ရွိအခ်ိန္မွာ အေမရိကန္ေဒၚလာ (၅ ဒသမ ၅၆)သန္းနဲ႔ အာမခံနဲ႔ေနထိုင္ေနရၿပီး တစ္ပတ္ကို ႏွစ္ႀကိမ္ ျပင္သစ္ရဲတပ္ဖြဲ႕ထံသတင္းပို႔ရမွာျဖစ္ပါတယ္။

ပဲရစ္ၿမိဳ႕အစိုးရေရွ႕ေနက ဒူေရာဗ့္ဟာ အာဏာပိုင္ေတြက ေတာင္းဆိုတဲ့ စာ႐ြက္စာတမ္းေတြကို မွ်ေဝေပးဖို႔ ျငင္းဆန္တာေတြလည္းရွိတဲ့အတြက္ စြဲခ်က္တင္ခံရတယ္လို႔ ဆိုပါတယ္။ ဒူေရာဗ့္ဟာ လက္ရွိအခ်ိန္မွာ ျပင္သစ္ႏိုင္ငံအတြင္းေနထိုင္ေနရၿပီး ေငြေၾကးခဝါခ်မႈ၊ မူးယစ္ကုန္ကူးမႈ၊ အျပင္ ကေလးငယ္ေတြကိုလိင္ပိုင္းဆိုင္ရာခိုင္းေစတဲ့ ဂိုဏ္းမ်ားက တယ္လီဂရမ္ လူမူကြန္ရက္ကိုအသုံးျပဳၿပီး ကိုယ္က်ိဳးစီးပြားရွာေနျခင္းကိုမသိက်ိဳးကြၽံ႕ျပဳေနျခင္းမ်ားလည္းရွိေနခဲ့ေၾကာင္း ျပင္သစ္ အာဏာပိုင္မ်ားကေဝဖန္ျပစ္တင္ထားပါတယ္။

Related news

© 2021. All rights reserved.