နိုင်ငံကူးလက်မှတ် လုပ်လိုသူ များလာပြီး ဗဟုသုတ နည်းပါးသူများသည် Online အသုံးပြုလိမ်လည်သူများအတွက် သားကောင်ဖြစ်လာနေ

 2949

သန့်ဇင်(NP News) - ဩဂုတ် ၂၉

နိုင်ငံကူးလက်မှတ်လုပ်လိုသူ များပြားလာချိန်တွင် ဗဟုသုတ နည်းပါးသူများသည် Online အသုံးပြု လိမ်လည်သူများအတွက် သားကောင်ဖြစ်လာနေကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်၊ နေပြည် တော်နှင့် မြို့နယ် (၁၁) ခုတို့တွင် နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများကို Online Booking တင်၍ QR Code စနစ်ဖြင့် နိုင်ငံကူးလက်မှတ်များကို ပုံမှန် လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးနေပြီး ရန်ကုန် တိုင်းဒေသကြီးသည် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ အများဆုံးရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်းသိရသည်။

ပြည်ပသို့အလုပ်လုပ်ကိုင်ရန် သွားရောက်လိုသူ အရေအတွက် များပြားလာခြင်း၊ Online Booking တင်ခြင်းကို မကျွမ်းကျင်ခြင်း၊ အချိန်မစောင့်လိုခြင်း စသည်ဖြင့် အကြောင်းများစွာ တွေ့ကြုံရ သူများကို Online မှ တစ်ဆင့် လိမ်လည်သူများက ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း NP News က ရရှိ၊ စာရင်းပြုစု ကောက်ယူထားသော အချက်အလက်များအရ သိရသည်။

“Passport လုပ်ရတာ ခက်ခဲလေ လိမ်တဲ့သူတွေ အကြိုက်ဖြစ်လေပဲ။ Facebook မှာ အွန်လိုင်း Passport ရော Groupရောဖွဲ့ပြီး လိမ်နေတာ။ အခု နောက်ပိုင်းက TikTok မှာပါ လိုက်လိမ်နေပြီ။ အဖွဲ့ လိုက်တွေရော ရရင်ရသလိုလိမ်တဲ့သူတွေရောရှိ တယ်။ (တကယ်တရားဝင်အရ) အွန်လိုင်းမှာ QRတင်တဲ့ Page ကလွဲလို့ တခြားဘာမှမရှိဘူး။ သူတို့က ရုံးမှာ တာဝန်ကျဖူးတဲ့သူတွေရဲ့ပုံတွေနဲ့ လုပ်တာ။ လူကြီးပုံတောင် Viber တင်ထားပြီး လိမ်နေတာ တွေရှိတယ်” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

NP News က မြင်တွေ့ရသော အချက်အလက်များအရ Online ထက်တွင် လိမ်လည်ကြသူများ သည် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ဝန်ထမ်းအယောင်ဆောင်ခြင်း၊ ဝန်ထမ်းများနှင့် သိကျွမ်း သူ ယောင်ဆောင်ထားကြခြင်းဖြစ်ကာ သိရှိသူများအတွက် အလွယ်တကူ ခွဲခြားနိုင်သော်လည်း အင်တာနက် ဗဟုသုတ အားနည်းသူများ၊ အယုံလွယ်သူများ၊ ဗဟုသုတနည်းပါးသူများ အတွက်မူ အစစ်ဟု ထင်မှတ်ဖွယ်ရာ ရှိနေသည်။

နိုင်ငံကူးလက်မှတ်အမြန်ရရှိမည်ဟုဆိုကာ ပုံစံ မျိုးစုံဖြင့် ငွေကြေးလိမ်လည်မှုများဖြစ်ပေါ်နေရာ တွင် အကြမ်းဖျင်း ပမာဏအားဖြင့် တစ်ရက်လျှင် ပျမ်းမျှ (၃)ဦးထက်မနည်း အလိမ်ခံနေရကြောင်း အထက်ပါ နီးစပ်သူက သုံးသပ်သည်။ Passport ကို အမြန်ကြေးဖြင့် လုပ်ပေးမည်ဟု ဆိုကာ အလိမ်ခံခဲ့ရသော မိုးကုတ်မြို့မှ စစ်ဘေး ရှောင်လာသူ သားသမီး (၃) ဦး မိခင်တစ်ဦးနှင့် NP News က အဆက်အသွယ်ရရှိခဲ့ရာ ၎င်း ကို လူလိမ် က ငွေအဆင့်ဆင့်တောင်းကာ လိမ်လည်သွားခဲ့ခြင်းဖြစ်သည်။

“ကျွန်မက လိုင်းပေါ်ကနေ Passport လုပ်ချင်လို့ လိုက်ရှာရင်းနဲ့ Facebook Page တစ်ခုတွေ့လို့ Service အပ်လိုက်တာ။ အဲဒီမှာ Service အပ်ရင် တစ်သိန်းခွဲ ပိုက်ဆံလွှဲပေးဆိုပြီး အကောင့်ပို့ပေးလိုက် တာ။ အဲဒီနောက်မှာ တစ်သိန်းခွဲ နှစ်ခါ၊ နှစ်သိန်း နှစ်ခါ၊ နောက်တော့ သုံးသိန်းခွဲ နှစ်ခါ၊ လေးသိန်း ကလည်း နှစ်ခါ။ အဲဒီလိုမျိုးတွေလွှဲခိုင်းပြီး အဲဒီလိုမျိုး နဲ့ သူတို့ရုံးက တံဆိပ်တုံးခဆိုပြီး သုံးသိန်း နှစ်ခါနဲ့ ပိုက်ဆံကလွှဲရတာ သိန်း(၃၀)လောက် ရှိသွားတယ်” ဟု ၎င်းကဆိုသည်။

အထက်ပါအတိုင်း ငွေအကြိမ်ကြိမ်လွှဲပေးပြီးနောက် Smart card လုပ်ရန်အတွက် ရန်ကင်း မြို့နယ် ရှိ ပန်းခြံသို့ချိန်းဆိုပြီး ပန်းခြံရောက်သောအခါ အချိန်ကြာကြာစောင့်ခိုင်းသည့်အပြင် ငွေထပ် လွှဲရန် ပြောလာခဲ့ကြောင်း ၎င်းကဆိုသည်။ “အဲဒါနဲ့ ကျွန်မကဖုန်းဆက်ပြီး ကျွန်မတို့ကို ဘယ်အချိန်လာခေါ်မလဲမေးတော့ စောင့်လိုက်ဦး၊ စောင့်လိုက်ဦးနဲ့ဆိုတော့ ကျွန်မတို့လည်း မစောင့်နိုင်တော့ ကလေးတစ်ဖက်နဲ့လို့ပြောလိုက်တာမှ ခင်ဗျား သတ္တိရှိရင်လာခဲ့လိုက်လို့ပြောတယ်။ အဲဒါနဲ့ ရုံးထဲ သွားပြီး ဦးစီးမှူးကိုပြောပြတော့ အလိမ်ခံရမှန်း တိတိ ကျကျသိရတာပေါ့။ အမှန်တိုင်းပြောရရင် ကျွန်မတို့က အဆင်ပြေတဲ့လူတွေမဟုတ်ဘူးလေ။ အဲဒီနေ့က ကလေးတွေပါ မနက်စာမစားရဘဲ (၈) နာရီ လောက်ကတည်းက စောင့်နေရင်းနဲ့ ညနေ (၃)နာရီကျော် လောက်မှ အလိမ်ခံရမှန်းသိခဲ့ရတာ” ဟု ၎င်းက ငိုသံစွက်သောအသံဖြင့် ပြောသည်။

အဆိုပါ အလိမ်ခံရသူအမျိုးသမီးက ကနဦး အနေဖြင့် အထက်ပါလူလိမ်နှင့် ချိတ်ဆက်မိခဲ့ခြင်း ဖြစ်ကာ ၎င်းနှင့်အတူ မိုးကုတ်မှ စစ်ဘေးရှောင်လာသော Passport လုပ်လိုသူ (၃) ဦးမှာမူ ကံကောင်း ထောက်မစွာဖြင့် ၎င်းအလိမ်ခံရသည်ကို သိသောကြောင့် ပိုက်ဆံမလွှဲဖြစ်လိုက်ပေ။ လူလိမ်အနေဖြင့် ဆက်လက်မှေးကာလိမ်နေပါက အခြားသူ (၃) ဦးပါ ဆက်လက် အလိမ်ခံရဖွယ်ရှိသည်။

“ တခြားနိုင်ငံသွားအလုပ်လုပ်မယ်ဆိုပြီး Passport လျှောက်ကြတာပေါ့။ အလိမ်ခံရတာသိပြီး တဲ့နောက်မှာ ငိုချပစ်လိုက်တယ်။ စဉ်းစားကြည့်လေ ကလေးတောင်ထမင်းမစားရဘူး။ ဒါက ကျွန်မ အသက်(၃၇)နှစ်မှာ ပထမဆုံးအကြိမ်အလိမ်ခံရဖူးတာပါပဲ။ သူများကိုလည်း မရိုးမဖြောင့် တစ်ခါမှ မလုပ် ဖူးပါဘူး” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

အလိမ်ခံရသူ ကလေးသုံးယောက်မိခင်၏ ဖြစ်စဉ်ကိုသိရှိပြီးနောက် စာနာသည့် အတွက် တာဝန်ရှိ သူများက ဖေးမကူညီမှုများ ပြုလုပ်ပေးခဲ့ကြကြောင်းလည်း သိရသည်။

zawgyi version
ႏိုင္ငံကူးလက္မွတ္ လုပ္လိုသူ မ်ားလာၿပီး ဗဟုသုတ နည္းပါးသူမ်ားသည္ Online အသုံးျပဳ လိမ္လည္သူမ်ားအတြက္ သားေကာင္ ျဖစ္လာေန
သန႔္ဇင္(NP News) - ဩဂုတ္ ၂၉

ႏိုင္ငံကူးလက္မွတ္လုပ္လိုသူ မ်ားျပားလာခ်ိန္တြင္ ဗဟုသုတ နည္းပါးသူမ်ားသည္ Online အသုံးျပဳ လိမ္လည္သူမ်ားအတြက္ သားေကာင္ျဖစ္လာေနေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။

ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕ အေနျဖင့္ ရန္ကုန္၊ မႏၲေလး၊ ပဲခူး၊ ပုသိမ္၊ ေနျပည္ ေတာ္ႏွင့္ ၿမိဳ႕နယ္ (၁၁) ခုတို႔တြင္ ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားမႈမ်ားကို Online Booking တင္၍ QR Code စနစ္ျဖင့္ ႏိုင္ငံကူးလက္မွတ္မ်ားကို ပုံမွန္ လုပ္ငန္းစဥ္အတိုင္း စိစစ္ထုတ္ေပးေနၿပီး ရန္ကုန္ တိုင္းေဒသႀကီးသည္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားသူ အမ်ားဆုံးရွိေသာ တိုင္းေဒသႀကီးတစ္ခုျဖစ္ေၾကာင္းသိရသည္။

ျပည္ပသို႔အလုပ္လုပ္ကိုင္ရန္ သြားေရာက္လိုသူ အေရအတြက္ မ်ားျပားလာျခင္း၊ Online Booking တင္ျခင္းကို မကြၽမ္းက်င္ျခင္း၊ အခ်ိန္မေစာင့္လိုျခင္း စသည္ျဖင့္ အေၾကာင္းမ်ားစြာ ေတြ႕ႀကဳံရ သူမ်ားကို Online မွ တစ္ဆင့္ လိမ္လည္သူမ်ားက ပစ္မွတ္ထားလာျခင္းျဖစ္ေၾကာင္း NP News က ရရွိ၊ စာရင္းျပဳစု ေကာက္ယူထားေသာ အခ်က္အလက္မ်ားအရ သိရသည္။

“Passport လုပ္ရတာ ခက္ခဲေလ လိမ္တဲ့သူေတြ အႀကိဳက္ျဖစ္ေလပဲ။ Facebook မွာ အြန္လိုင္း Passport ေရာ Groupေရာဖြဲ႕ၿပီး လိမ္ေနတာ။ အခု ေနာက္ပိုင္းက TikTok မွာပါ လိုက္လိမ္ေနၿပီ။ အဖြဲ႕ လိုက္ေတြေရာ ရရင္ရသလိုလိမ္တဲ့သူေတြေရာရွိ တယ္။ (တကယ္တရားဝင္အရ) အြန္လိုင္းမွာ QRတင္တဲ့ Page ကလြဲလို႔ တျခားဘာမွမရွိဘူး။ သူတို႔က ႐ုံးမွာ တာဝန္က်ဖူးတဲ့သူေတြရဲ႕ပုံေတြနဲ႔ လုပ္တာ။ လူႀကီးပုံေတာင္ Viber တင္ထားၿပီး လိမ္ေနတာ ေတြရွိတယ္” ဟု အထက္ပါတာဝန္ရွိသူကေျပာသည္။

NP News က ျမင္ေတြ႕ရေသာ အခ်က္အလက္မ်ားအရ Online ထက္တြင္ လိမ္လည္ၾကသူမ်ား သည္ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး ဝန္ထမ္းအေယာင္ေဆာင္ျခင္း၊ ဝန္ထမ္းမ်ားႏွင့္ သိကြၽမ္း သူ ေယာင္ေဆာင္ထားၾကျခင္းျဖစ္ကာ သိရွိသူမ်ားအတြက္ အလြယ္တကူ ခြဲျခားႏိုင္ေသာ္လည္း အင္တာနက္ ဗဟုသုတ အားနည္းသူမ်ား၊ အယုံလြယ္သူမ်ား၊ ဗဟုသုတနည္းပါးသူမ်ား အတြက္မူ အစစ္ဟု ထင္မွတ္ဖြယ္ရာ ရွိေနသည္။

ႏိုင္ငံကူးလက္မွတ္အျမန္ရရွိမည္ဟုဆိုကာ ပုံစံ မ်ိဳးစုံျဖင့္ ေငြေၾကးလိမ္လည္မႈမ်ားျဖစ္ေပၚေနရာ တြင္ အၾကမ္းဖ်င္း ပမာဏအားျဖင့္ တစ္ရက္လွ်င္ ပ်မ္းမွ် (၃)ဦးထက္မနည္း အလိမ္ခံေနရေၾကာင္း အထက္ပါ နီးစပ္သူက သုံးသပ္သည္။ Passport ကို အျမန္ေၾကးျဖင့္ လုပ္ေပးမည္ဟု ဆိုကာ အလိမ္ခံခဲ့ရေသာ မိုးကုတ္ၿမိဳ႕မွ စစ္ေဘး ေရွာင္လာသူ သားသမီး (၃) ဦး မိခင္တစ္ဦးႏွင့္ NP News က အဆက္အသြယ္ရရွိခဲ့ရာ ၎ ကို လူလိမ္ က ေငြအဆင့္ဆင့္ေတာင္းကာ လိမ္လည္သြားခဲ့ျခင္းျဖစ္သည္။

“ကြၽန္မက လိုင္းေပၚကေန Passport လုပ္ခ်င္လို႔ လိုက္ရွာရင္းနဲ႔ Facebook Page တစ္ခုေတြ႕လို႔ Service အပ္လိုက္တာ။ အဲဒီမွာ Service အပ္ရင္ တစ္သိန္းခြဲ ပိုက္ဆံလႊဲေပးဆိုၿပီး အေကာင့္ပို႔ေပးလိုက္ တာ။ အဲဒီေနာက္မွာ တစ္သိန္းခြဲ ႏွစ္ခါ၊ ႏွစ္သိန္း ႏွစ္ခါ၊ ေနာက္ေတာ့ သုံးသိန္းခြဲ ႏွစ္ခါ၊ ေလးသိန္း ကလည္း ႏွစ္ခါ။ အဲဒီလိုမ်ိဳးေတြလႊဲခိုင္းၿပီး အဲဒီလိုမ်ိဳး နဲ႔ သူတို႔႐ုံးက တံဆိပ္တုံးခဆိုၿပီး သုံးသိန္း ႏွစ္ခါနဲ႔ ပိုက္ဆံကလႊဲရတာ သိန္း(၃၀)ေလာက္ ရွိသြားတယ္” ဟု ၎ကဆိုသည္။

အထက္ပါအတိုင္း ေငြအႀကိမ္ႀကိမ္လႊဲေပးၿပီးေနာက္ Smart card လုပ္ရန္အတြက္ ရန္ကင္း ၿမိဳ႕နယ္ ရွိ ပန္းၿခံသို႔ခ်ိန္းဆိုၿပီး ပန္းၿခံေရာက္ေသာအခါ အခ်ိန္ၾကာၾကာေစာင့္ခိုင္းသည့္အျပင္ ေငြထပ္ လႊဲရန္ ေျပာလာခဲ့ေၾကာင္း ၎ကဆိုသည္။ “အဲဒါနဲ႔ ကြၽန္မကဖုန္းဆက္ၿပီး ကြၽန္မတို႔ကို ဘယ္အခ်ိန္လာေခၚမလဲေမးေတာ့ ေစာင့္လိုက္ဦး၊ ေစာင့္လိုက္ဦးနဲ႔ဆိုေတာ့ ကြၽန္မတို႔လည္း မေစာင့္ႏိုင္ေတာ့ ကေလးတစ္ဖက္နဲ႔လို႔ေျပာလိုက္တာမွ ခင္ဗ်ား သတၱိရွိရင္လာခဲ့လိုက္လို႔ေျပာတယ္။ အဲဒါနဲ႔ ႐ုံးထဲ သြားၿပီး ဦးစီးမႉးကိုေျပာျပေတာ့ အလိမ္ခံရမွန္း တိတိ က်က်သိရတာေပါ့။ အမွန္တိုင္းေျပာရရင္ ကြၽန္မတို႔က အဆင္ေျပတဲ့လူေတြမဟုတ္ဘူးေလ။ အဲဒီေန႔က ကေလးေတြပါ မနက္စာမစားရဘဲ (၈) နာရီ ေလာက္ကတည္းက ေစာင့္ေနရင္းနဲ႔ ညေန (၃)နာရီေက်ာ္ ေလာက္မွ အလိမ္ခံရမွန္းသိခဲ့ရတာ” ဟု ၎က ငိုသံစြက္ေသာအသံျဖင့္ ေျပာသည္။

အဆိုပါ အလိမ္ခံရသူအမ်ိဳးသမီးက ကနဦး အေနျဖင့္ အထက္ပါလူလိမ္ႏွင့္ ခ်ိတ္ဆက္မိခဲ့ျခင္း ျဖစ္ကာ ၎ႏွင့္အတူ မိုးကုတ္မွ စစ္ေဘးေရွာင္လာေသာ Passport လုပ္လိုသူ (၃) ဦးမွာမူ ကံေကာင္း ေထာက္မစြာျဖင့္ ၎အလိမ္ခံရသည္ကို သိေသာေၾကာင့္ ပိုက္ဆံမလႊဲျဖစ္လိုက္ေပ။ လူလိမ္အေနျဖင့္ ဆက္လက္ေမွးကာလိမ္ေနပါက အျခားသူ (၃) ဦးပါ ဆက္လက္ အလိမ္ခံရဖြယ္ရွိသည္။

“ တျခားႏိုင္ငံသြားအလုပ္လုပ္မယ္ဆိုၿပီး Passport ေလွ်ာက္ၾကတာေပါ့။ အလိမ္ခံရတာသိၿပီး တဲ့ေနာက္မွာ ငိုခ်ပစ္လိုက္တယ္။ စဥ္းစားၾကည့္ေလ ကေလးေတာင္ထမင္းမစားရဘူး။ ဒါက ကြၽန္မ အသက္(၃၇)ႏွစ္မွာ ပထမဆုံးအႀကိမ္အလိမ္ခံရဖူးတာပါပဲ။ သူမ်ားကိုလည္း မ႐ိုးမေျဖာင့္ တစ္ခါမွ မလုပ္ ဖူးပါဘူး” ဟု အထက္ပါအမ်ိဳးသမီးက ဆိုသည္။

အလိမ္ခံရသူ ကေလးသုံးေယာက္မိခင္၏ ျဖစ္စဥ္ကိုသိရွိၿပီးေနာက္ စာနာသည့္အတြက္ တာဝန္ရွိ သူမ်ားက ေဖးမကူညီမႈမ်ား ျပဳလုပ္ေပးခဲ့ၾကေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.