ကမ္ဘာတစ်ဝန်းအထိပေါက်သွားခဲ့တဲ့ ထိုင်းဒရမ်မာဇာတ်ကား ‘How to Make Millions Before Grandma Dies’

 219

Pika (NP News) - ဩဂုတ် ၂၉

(၂၀၂၄) ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ အကောင်းဆုံးဇာတ်ကားဟုယူဆရသည့် How to Make Millions Before Grandma Dies ရုပ်ရှင်ဇာတ်ကားကို မကြာမီအချိန်အတွင်း ကမ္ဘာတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် စတင်ရုံတင်ပြသတော့ မည်ဖြစ်သည်။

ဘန်ကောက်မြို့အခြေစိုက် စတူဒီယို GDH က ထုတ်လုပ်သည့် How to Make Millions Before Grandma Dies ဇာတ်ကား သည် သေခါနီးအဘွားကို ဂရုစိုက်ရန်အတွက် အလုပ်မှ ထွက်လိုက်သည့် လူငယ်တစ်ဦး၏ ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်သည်။

အဆိုပါရုပ်ရှင်ဇာတ်ကားသည် အရှေ့ တောင်အာရှ၊ ဩစတြေးလျနှင့်နယူးဇီလန်တို့တွင် ရုံ တင်ပြသမှုမှဝင်ငွေ အမေရိကန်ဒေါ်လာ(၃၄)သန်း ရရှိထားပြီး အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်
ပိုင်၊ မြန်မာ၊ ဩစတြေးလျနှင့် နယူးဇီလန်တို့တွင် သ မိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံးထိုင်းဇာတ် ကား ဖြစ်လာခဲ့ကြောင်းသိရသည်။

How to Make Millions Before Grandma Dies ရုပ်ရှင်ဇာတ်ကားကို မြောက်အမေရိက တိုက်(စက်တင်ဘာလ(၁၃)ရက်)၊ တရုတ်နိုင်ငံ (ဩဂုတ် လ (၂၃)ရက်)၊ တောင်ကိုရီးယားနိုင်ငံ (အောက်တိုဘာလ)၊ ဗြိတိန်နှင့်အိုင်ယာလန်နိုင်ငံ (ဒီဇင်ဘာလ)၊ နယ်သာလန်နိုင်ငံ(အောက်တိုဘာလ (၁၀) ရက်)၊ ဘယ်လ်ဂျီယံနိုင်ငံ(နိုဝင်ဘာလ(၁၃) ရက်)၊ အိန္ဒိယနိုင်ငံတို့တွင် ရုံတင်ဖြန့်ချိတော့မည် ဖြစ်ကြောင်း ထုတ်လုပ်သူများက ဩဂုတ်လ(၁၉)ရက် နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

အဆိုပါဇာတ်ကားကို နိုင်ငံတကာဖြန့်ချိ မှုအား Mokster Films အမှုဆောင်အရာရှိချုပ် နယ်လ်ဆွန်မော့ခ်က ကိုင်တွယ်ကြောင်းလည်း သိရသည်။ နယ်လ်ဆွန်မော့ခ်က “ အရှေ့တောင်အာရှ ရုပ်ရှင်တွေက ထွန်း ပေါက်သွားတာမျိုး သိပ်မရှိသေးပေမယ့် ဖြန့်ချိသူတွေက ဒီဇာတ်ကားကို နိုင်ငံတကာမှာ ဖြန့်ချိဖို့ စိတ်အားထက်သန်နေတာကို တွေ့ မြင်ရတာဝမ်းသာစရာပါပဲ။ ဒီဇာတ်လမ်းက သူတို့ရဲ့ ရင်ထဲကို နက်နက်ရှိုင်းရှိုင်း ထိမိသွားစေတယ်ဆိုတာ ကတော့ သေချာပါတယ်” ဟုပြောဆိုခဲ့သည်။

zawgyi version
ကမာၻတစ္ဝန္းအထိေပါက္သြားခဲ့တဲ့ ထိုင္းဒရမ္မာဇာတ္ကား ‘How to Make Millions Before Grandma Dies’
Pika (NP News) - ဩဂုတ္ ၂၉

(၂၀၂၄) ခုႏွစ္အတြက္ ထိုင္းႏိုင္ငံ၏ အေကာင္းဆုံးဇာတ္ကားဟုယူဆရသည့္ How to Make Millions Before Grandma Dies ႐ုပ္ရွင္ဇာတ္ကားကို မၾကာမီအခ်ိန္အတြင္း ကမာၻတစ္ဝန္းရွိ ႐ုပ္ရွင္႐ုံမ်ားတြင္ စတင္႐ုံတင္ျပသေတာ့ မည္ျဖစ္သည္။

ဘန္ေကာက္ၿမိဳ႕အေျခစိုက္ စတူဒီယို GDH က ထုတ္လုပ္သည့္ How to Make Millions Before Grandma Dies ဇာတ္ကား သည္ ေသခါနီးအဘြားကို ဂ႐ုစိုက္ရန္အတြက္ အလုပ္မွ ထြက္လိုက္သည့္ လူငယ္တစ္ဦး၏ ဇာတ္လမ္းကို ပုံေဖာ္႐ိုက္ကူးထားျခင္းျဖစ္သည္။

အဆိုပါ႐ုပ္ရွင္ဇာတ္ကားသည္ အေရွ႕ ေတာင္အာရွ၊ ဩစေၾတးလ်ႏွင့္နယူးဇီလန္တို႔တြင္ ႐ုံ တင္ျပသမႈမွဝင္ေငြ အေမရိကန္ေဒၚလာ(၃၄)သန္း ရရွိထားၿပီး အင္ဒိုနီးရွား၊ မေလးရွား၊ စင္ကာပူ၊ ဖိလစ္
ပိုင္၊ ျမန္မာ၊ ဩစေၾတးလ်ႏွင့္ နယူးဇီလန္တို႔တြင္ သ မိုင္းတစ္ေလွ်ာက္ ဝင္ေငြအေကာင္းဆုံးထိုင္းဇာတ္ ကား ျဖစ္လာခဲ့ေၾကာင္းသိရသည္။

How to Make Millions Before Grandma Dies ႐ုပ္ရွင္ဇာတ္ကားကို ေျမာက္အေမရိက တိုက္(စက္တင္ဘာလ(၁၃)ရက္)၊ တ႐ုတ္ႏိုင္ငံ (ဩဂုတ္ လ (၂၃)ရက္)၊ ေတာင္ကိုရီးယားႏိုင္ငံ (ေအာက္တိုဘာလ)၊ ၿဗိတိန္ႏွင့္အိုင္ယာလန္ႏိုင္ငံ (ဒီဇင္ဘာလ)၊ နယ္သာလန္ႏိုင္ငံ(ေအာက္တိုဘာလ (၁၀) ရက္)၊ ဘယ္လ္ဂ်ီယံႏိုင္ငံ(ႏိုဝင္ဘာလ(၁၃) ရက္)၊ အိႏၵိယႏိုင္ငံတို႔တြင္ ႐ုံတင္ျဖန႔္ခ်ိေတာ့မည္ ျဖစ္ေၾကာင္း ထုတ္လုပ္သူမ်ားက ဩဂုတ္လ(၁၉)ရက္ ေန႔တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

အဆိုပါဇာတ္ကားကို ႏိုင္ငံတကာျဖန႔္ခ်ိ မႈအား Mokster Films အမႈေဆာင္အရာရွိခ်ဳပ္ နယ္လ္ဆြန္ေမာ့ခ္က ကိုင္တြယ္ေၾကာင္းလည္း သိရသည္။ နယ္လ္ဆြန္ေမာ့ခ္က “ အေရွ႕ေတာင္အာရွ ႐ုပ္ရွင္ေတြက ထြန္း ေပါက္သြားတာမ်ိဳး သိပ္မရွိေသးေပမယ့္ ျဖန႔္ခ်ိသူေတြက ဒီဇာတ္ကားကို ႏိုင္ငံတကာမွာ ျဖန႔္ခ်ိဖို႔ စိတ္အားထက္သန္ေနတာကို ေတြ႕ ျမင္ရတာဝမ္းသာစရာပါပဲ။ ဒီဇာတ္လမ္းက သူတို႔ရဲ႕ ရင္ထဲကို နက္နက္ရႈိင္းရႈိင္း ထိမိသြားေစတယ္ဆိုတာ ကေတာ့ ေသခ်ာပါတယ္” ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.