ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဥ်ကျော်တက်မှုကြောင့် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဥ်မောင်း ပွဲချင်းပြီး သေဆုံး

 7337

ချယ်ရီ (NP News) - ဩဂုတ်လ ၂၉

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကုန်တင်ယာဥ်တစ်စီးက ရှေ့ယာဥ်နောက်ပိုင်းကို တိုက်မိခဲ့ရာ ယာဉ်မောင်းဖြစ်သူ ခေါင်းခန်းတွင် ညပ်ကာပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မြို့ချောင်းအမြန်လမ်း မီးသတ်စခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၈ ရက် နံနက် ၅ နာရီ ၅ဝ မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ် (၉၂/ဝ) နှင့် (၉၂/၁) ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လမ်းက တစ်လမ်းတည်း ရှေ့ကားကို နောက်ကားက ကျော်တက်လိုက်တာဗျ။ ကျော်တက်လိုက်တာ မလွတ်တော့ အရှေ့ကားရဲ့ ဝဲဘက်နောက်ခြမ်းကို တိုက်မိလိုက်တာပေါ့” ဟု မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Nissan Condor (၆)ဘီးကုန်တင်ယာဥ်မောင်းဖြစ်သူ အသက်(၃ဝ)နှစ်အရွယ် မှာ ယာဥ်ခေါင်းအတွင်းညပ်မိ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

“Nissan Condor ကားက စပယ်ယာကတော့ ထိခိုက်ဒဏ်ရာ နည်းနည်းလောက်တော့ ရှိတယ်။ ရင်ဘတ်က အောင့် တယ်လို့တော့ ပြောတယ်။ ရှေ့က ဝင်တိုက်ခံရတဲ့ Hino Ranger ကုန်တင်ကားက ယာဉ်မောင်းနဲ့ စပယ်ယာ ကတော့ ဘာမှမဖြစ်ပါဘူး” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုသား နှင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို အမြန်လမ်းရဲတပ်ဖွဲ့လူနာတင်ယာဉ်ဖြင့် မြို့ချောင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ယာဥ္ေက်ာ္တက္မႈေၾကာင့္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ ယာဥ္ေမာင္း ပြဲခ်င္းၿပီး ေသဆုံး
ခ်ယ္ရီ (NP News) - ဩဂုတ္လ ၂၉

ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ကုန္တင္ယာဥ္တစ္စီးက ေရွ႕ယာဥ္ေနာက္ပိုင္းကို တိုက္မိခဲ့ရာ ယာဥ္ေမာင္းျဖစ္သူ ေခါင္းခန္းတြင္ ညပ္ကာပြဲခ်င္းၿပီးေသဆုံးခဲ့ေၾကာင္း ၿမိဳ႕ေခ်ာင္းအျမန္လမ္း မီးသတ္စခန္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ဩဂုတ္လ ၂၈ ရက္ နံနက္ ၅ နာရီ ၅ဝ မိနစ္အခ်ိန္ခန႔္က ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ မိုင္တိုင္ အမွတ္ (၉၂/ဝ) ႏွင့္ (၉၂/၁) ၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“လမ္းက တစ္လမ္းတည္း ေရွ႕ကားကို ေနာက္ကားက ေက်ာ္တက္လိုက္တာဗ်။ ေက်ာ္တက္လိုက္တာ မလြတ္ေတာ့ အေရွ႕ကားရဲ႕ ဝဲဘက္ေနာက္ျခမ္းကို တိုက္မိလိုက္တာေပါ့” ဟု ၿမိဳ႕ေခ်ာင္းအျမန္လမ္းမီးသတ္စခန္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ Nissan Condor (၆)ဘီးကုန္တင္ယာဥ္ေမာင္းျဖစ္သူ အသက္(၃ဝ)ႏွစ္အ႐ြယ္ မွာ ယာဥ္ေခါင္းအတြင္းညပ္မိ၍ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“Nissan Condor ကားက စပယ္ယာကေတာ့ ထိခိုက္ဒဏ္ရာ နည္းနည္းေလာက္ေတာ့ ရွိတယ္။ ရင္ဘတ္က ေအာင့္ တယ္လို႔ေတာ့ ေျပာတယ္။ ေရွ႕က ဝင္တိုက္ခံရတဲ့ Hino Ranger ကုန္တင္ကားက ယာဥ္ေမာင္းနဲ႔ စပယ္ယာ ကေတာ့ ဘာမွမျဖစ္ပါဘူး” ဟု ၎က ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳသား ႏွင့္ ထိခိုက္ဒဏ္ရာရရွိသူတို႔ကို အျမန္လမ္းရဲတပ္ဖြဲ႕လူနာတင္ယာဥ္ျဖင့္ ၿမိဳ႕ေခ်ာင္း တိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.